မဖယ်ပေးတဲ့အိမ်ရှင်ကြောင့် အိမ်ကိုဝိုက်ဆောက်ထားတဲ့တံတားသစ် ကွမ်တုံးတွင် ဖွင့်လှစ်

မဖယ်ပေးတဲ့အိမ်ရှင်ကြောင့် အိမ်ကိုဝိုက်ဆောက်ထားတဲ့တံတားသစ် ကွမ်တုံးတွင် ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
12 Aug 2020 12:17 pm တွင် တင်ခဲ့သည်
47417 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ်မှာ မကြာသေးခင်ကမှ အသစ်ဖွင့်လှစ်လိုက်တဲ့ လမ်းမကြီးတစ်ခုဟာ ထူးခြားတဲ့အကြောင်းရင်းတစ်ခုနဲ့ သတင်းစာမျက်နှာတွေ ထက်မှာ နေရာယူလို့လာပါတယ်။

တရုတ်နိုင်ငံဟာ ‌အိမ်ခြံမြေဆောက်လုပ်ရေးရောင်းချသူ developer ဆီကနေ ‌လျော်ကြေးကို ငြင်းပြီး အဖျက်မခံတဲ့အိမ်တွေနဲ့ပတ်သက်ပြီး လူသိများပါတယ်။

ဒါပေမဲ့လည်း nail house လို့ ခေါ်တဲ့ အဆိုပါအိမ်တွေကို လူနေအိမ်ရာဝန်းတွေထဲမှာပဲ အများဆုံးတွေ့လာခဲ့ရတာပါ။

အခုတင်ဆက်ပေးတဲ့အိမ်ကတော့ ကားလမ်းမခုံးတံတားကြီးရဲ့ အလယ်မှာ တည်ရှိနေတာပဲ ဖြစ်ပါတယ်။

တရုတ်မီဒီယာတွေမှာ ပြတဲ့ ဗီဒီယိုမှတ်တမ်းက ၎င်းအိမ်ဟာ တစ်ချိန်က ကန်တုံလို့ခေါ်ခဲ့တဲ့ ကွမ်ကျိုးမြို့မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ Haizhuyong တံတားရဲ့ လမ်းကြောနှစ်ခုအကြား ကျပ်ကျပ်တည်းတည်း ဖျစ်ညှစ်တည်ရှိနေတာကို ပြနေပါတယ်။

တိတိကျကျဆိုရရင် ၎င်းအိမ်ဟာ လေးလမ်းသွားတံတားရဲ့ အလယ်ခေါင်မှာရှိတဲ့ ချိုင့်ထဲမှာ တည်ရှိနေပြီး စိတ်ဝင်တစားလာရောက်ကြည့်ရှုတဲ့ ဒေသခံတွေကိုလည်း အိမ်ဝင်းနံဘေးတွေ့ရမှာပဲ ဖြစ်ပါတယ်။

၎င်းအိမ်ဟာ အကျယ်အဝန်းအားဖြင့် ၄၀ စတုန်ရန်းမီတာ ရှိပြီး တစ်ထပ်အိမ်ဖြစ်ပါတယ်။

ပိုင်ရှင်ဖြစ်သူ မစ္စလျန်က အစိုးရဟာ သူမကို သူလိုချင်တဲ့နေရာမှာ အစားထိုးအိမ်မပေးခဲ့ကြောင်း၊ ရင်ခွဲရုံတစ်ခုနားက တိုက်ခန်းတစ်ခုကိုသာ ပေးရန်ကမ်းလှမ်းလာခဲ့ကြောင်း၊ သူမအနေဖြင့် ထိုကမ်းလှမ်းချက်ကို လက်မခံနိုင်ခဲ့ကြောင်း သတင်း‌ထောက်တွေကို ပြောပြခဲ့ပါတယ်။

တံတားတည်ဆောက်မယ့်နေရာမှာ ယခင်က နေအိမ် ၄၇ လုံးနဲ့ လုပ်ငန်း ၇ ခု ရှိခဲ့ကာ သူမတစ်ဦးတည်းသာ နေအိမ်ဖျက်ခွင့်မပေးခဲ့ဘဲ နေမြဲတိုင်းဆက်နေနေသူဖြစ်ပါတယ်။

အခြားသူတွေက အစိုးရရဲ့ကမ်းလှမ်းချက်တွေကို လက်သင့်ခံကာ ပြီးခဲ့တဲ့ စက်တင်ဘာမကုန်မီ နေရာမှ ဖယ်ပေးခဲ့ကြပါတယ်။

ဟောင်ကောင်အခြေစိုက်သတင်းဌာန South China Morning Post ကမူ အစိုးရက မစ္စလျန်အား ကမ်းလှမ်းမှုများစွာ ပြုလုပ်ခဲ့ပေမဲ့လည်း မစ္စလန်က အကုန်လုံးကို ပယ်ချခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ကမ်းလှမ်းမှုတွေအနက် အခြားတိုက်ခန်းနှစ်ခန်းနဲ့ လျော်ကြေးငွေ ယွမ် ၁ ဒသမ ၃ သန်း (ဒေါ်လာ ၁၈၆,၅၀၀) လည်း ပါဝင်ခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

မစ္စလျန်ဘက်မှ တိုက်ခန်းလေးခန်းနဲ့ ယွမ် ၂ သန်း (ဒေါ်လာ ၂၈၇,၀၀၀) တောင်းဆိုခဲ့တယ်လို့လည်း သတင်းတွေ ထွက်ရှိနေပါတယ်။

အဲဒီလို အိမ်ပိုင်ရှင်နဲ့ သဘောတူညီမှုမရပေမဲ့လည်း အစိုးရက ၎င်းအိမ်ကိုဝိုက်ပြီး တံတားဆောက်ခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမဲလည်း ထိုအိမ်ပိုင်ရှင်အမျိုးသမီးနဲ့ ထပ်ဆွေး‌နွေးဦးမယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Massive Road Bridge Built Around Tiny House of Very Stubborn Owner (OC)

 

[Zawgyi]

မဖယ္ေပးတဲ့အိမ္႐ွင္ေၾကာင့္ အိမ္ကိုဝိုက္ေဆာက္ထားတဲ့တံတားသစ္ ကြမ္တုံးတြင္ ဖြင့္လွစ္

တ႐ုတ္ႏိုင္ငံ ကြမ္တုံးျပည္နယ္မွာ မၾကာေသးခင္ကမွ အသစ္ဖြင့္လွစ္လိုက္တဲ့ လမ္းမႀကီးတစ္ခုဟာ ထူးျခားတဲ့အေၾကာင္းရင္းတစ္ခုနဲ႔ သတင္းစာမ်က္ႏွာေတြ ထက္မွာ ေနရာယူလို႔လာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ‌အိမ္ျခံေျမေဆာက္လုပ္ေရးေရာင္းခ်သူ developer ဆီကေန ‌ေလ်ာ္ေၾကးကို ျငင္းၿပီး အဖ်က္မခံတဲ့အိမ္ေတြနဲ႔ပတ္သက္ၿပီး လူသိမ်ားပါတယ္။

ဒါေပမဲ့လည္း nail house လို႔ ေခၚတဲ့ အဆိုပါအိမ္ေတြကို လူေနအိမ္ရာဝန္းေတြထဲမွာပဲ အမ်ားဆုံးေတြ႕လာခဲ့ရတာပါ။

အခုတင္ဆက္ေပးတဲ့အိမ္ကေတာ့ ကားလမ္းမခုံးတံတားႀကီးရဲ႕ အလယ္မွာ တည္႐ွိေနတာပဲ ျဖစ္ပါတယ္။

တ႐ုတ္မီဒီယာေတြမွာ ျပတဲ့ ဗီဒီယိုမွတ္တမ္းက ၎အိမ္ဟာ တစ္ခ်ိန္က ကန္တုံလို႔ေခၚခဲ့တဲ့ ကြမ္က်ိဳးၿမိဳ႕မွာ အသစ္ဖြင့္လွစ္လိုက္တဲ့ Haizhuyong တံတားရဲ႕ လမ္းေၾကာႏွစ္ခုအၾကား က်ပ္က်ပ္တည္းတည္း ဖ်စ္ညႇစ္တည္႐ွိေနတာကို ျပေနပါတယ္။

တိတိက်က်ဆိုရရင္ ၎အိမ္ဟာ ေလးလမ္းသြားတံတားရဲ႕ အလယ္ေခါင္မွာ႐ွိတဲ့ ခ်ိဳင့္ထဲမွာ တည္႐ွိေနၿပီး စိတ္ဝင္တစားလာေရာက္ၾကည့္႐ႈတဲ့ ေဒသခံေတြကိုလည္း အိမ္ဝင္းနံေဘးေတြ႕ရမွာပဲ ျဖစ္ပါတယ္။

၎အိမ္ဟာ အက်ယ္အဝန္းအားျဖင့္ ၄၀ စတုန္ရန္းမီတာ ႐ွိၿပီး တစ္ထပ္အိမ္ျဖစ္ပါတယ္။

ပိုင္႐ွင္ျဖစ္သူ မစၥလ်န္က အစိုးရဟာ သူမကို သူလိုခ်င္တဲ့ေနရာမွာ အစားထိုးအိမ္မေပးခဲ့ေၾကာင္း၊ ရင္ခြဲ႐ုံတစ္ခုနားက တိုက္ခန္းတစ္ခုကိုသာ ေပးရန္ကမ္းလွမ္းလာခဲ့ေၾကာင္း၊ သူမအေနျဖင့္ ထိုကမ္းလွမ္းခ်က္ကို လက္မခံႏိုင္ခဲ့ေၾကာင္း သတင္း‌ေထာက္ေတြကို ေျပာျပခဲ့ပါတယ္။

တံတားတည္ေဆာက္မယ့္ေနရာမွာ ယခင္က ေနအိမ္ ၄၇ လုံးနဲ႔ လုပ္ငန္း ၇ ခု ႐ွိခဲ့ကာ သူမတစ္ဦးတည္းသာ ေနအိမ္ဖ်က္ခြင့္မေပးခဲ့ဘဲ ေနၿမဲတိုင္းဆက္ေနေနသူျဖစ္ပါတယ္။

အျခားသူေတြက အစိုးရရဲ႕ကမ္းလွမ္းခ်က္ေတြကို လက္သင့္ခံကာ ၿပီးခဲ့တဲ့ စက္တင္ဘာမကုန္မီ ေနရာမွ ဖယ္ေပးခဲ့ၾကပါတယ္။

ေဟာင္ေကာင္အေျခစိုက္သတင္းဌာန South China Morning Post ကမူ အစိုးရက မစၥလ်န္အား ကမ္းလွမ္းမႈမ်ားစြာ ျပဳလုပ္ခဲ့ေပမဲ့လည္း မစၥလန္က အကုန္လုံးကို ပယ္ခ်ခဲ့တာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ကမ္းလွမ္းမႈေတြအနက္ အျခားတိုက္ခန္းႏွစ္ခန္းနဲ႔ ေလ်ာ္ေၾကးေငြ ယြမ္ ၁ ဒသမ ၃ သန္း (ေဒၚလာ ၁၈၆,၅၀၀) လည္း ပါဝင္ခဲ့တယ္လို႔လည္း ေဖာ္ျပခဲ့ပါတယ္။

မစၥလ်န္ဘက္မွ တိုက္ခန္းေလးခန္းနဲ႔ ယြမ္ ၂ သန္း (ေဒၚလာ ၂၈၇,၀၀၀) ေတာင္းဆိုခဲ့တယ္လို႔လည္း သတင္းေတြ ထြက္႐ွိေနပါတယ္။

အဲဒီလို အိမ္ပိုင္႐ွင္နဲ႔ သေဘာတူညီမႈမရေပမဲ့လည္း အစိုးရက ၎အိမ္ကိုဝိုက္ၿပီး တံတားေဆာက္ခဲ့တာပဲျဖစ္ပါတယ္။

ဒါေပမဲလည္း ထိုအိမ္ပိုင္႐ွင္အမ်ိဳးသမီးနဲ႔ ထပ္ေဆြး‌ေႏြးဦးမယ္လို႔ ေျပာခြင့္ရပုဂၢိဳလ္တစ္ဦးက ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Massive Road Bridge Built Around Tiny House of Very Stubborn Owner (OC)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service