နေပြည်တော်စည်ပင်ဘဏ်ကို နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်အဖြစ်ပြောင်း၍ မြို့ကြီးများတွင် ဘဏ်ခွဲများဖွင့်လှစ်မည်

နေပြည်တော်စည်ပင်ဘဏ်ကို နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်အဖြစ်ပြောင်း၍ မြို့ကြီးများတွင် ဘဏ်ခွဲများဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
12 Aug 2020 12:02 pm တွင် တင်ခဲ့သည်
2421 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နေပြည်တော်စည်ပင်ဘဏ်ကို နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်အဖြစ်ပြောင်းလဲပြီး သုံးလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ ဘဏ်ခွဲတွေဖွင့်ရန် စီစဉ်နေသည်ဟု နေပြည်တော် ဒုတိယ မြို့တော်ဝန်ဦးရဲမင်းဦးကပြောသည်။

နေပြည်တော်စည်ပင်ဘဏ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် နာမည်ပြောင်းခွင့်တင်ပြခဲ့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်အဖြစ် ၂၀၂၀ ဇန်နဝါရီ ၃ ရက် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“မြန်ဆန်မှု၊ သွက်လက်မှု၊ သေချာမှု၊ ခိုင်မာမှုနှင့် နည်းပညာအသုံးပြုမှုတွေကို မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်များနှင့်အတူ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်က ပြည်သူလူထုအတွက် ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။” ဟု နေပြည်တော် ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးက ၎င်း၏ လူမူကွန်ယက်တွင်ရေးသားခဲ့သည်။

ဦးရဲမင်းဦးသည် နေပြည်တော်စည်ပင်ဘဏ်က ၏ ဥက္ကဌလည်းဖြစ်သည်။ ဦးရဲမင်းဦးသည် AGB ပုဂ္ဂလိကဘဏ်တွင် အကြံပေးအဖြစ်လည်း တာဝန်ယူခဲ့ဖူးပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ စီးပွားရေးကော်မတီနှင့် ပြန် ကြားရေး ကော်မတီတွင် ပါဝင်သူ တစ်ဦးလည်း ဖြစ်သည်။

နေပြည်တော်စည်ပင်ဘဏ်လီမိတက်အနေဖြင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းသာမက ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်းကိုပါ တိုးချဲ့ဆောင်ရွက်ရန်အတွက် ဖြစ်သည်ဟုဆိုသည်။

ထိုဘဏ်ကို တိုးတက်ပြောင်းလဲလာသော Digital Banking ကို IT နည်းပညာကျွမ်းကျင်မှုများဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ခိုင်မာစိတ်ချရသော ဘဏ်ဖြစ်အောင် မတည်ရင်းနှီးငွေများကို နှစ်စဉ်တိုးမြှင့်ထည့်ဝင် ဆောင်ရွက်သွားရမည်ဟု နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် နေပြည်တော်စည်ပင်ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာမျိုးအောင်ကပြောထားသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက ရာနှုန်းပြည့်ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

နေပြည်တော်စည်ပင်ဘဏ်လီမိတက်ကို ၂၀၁၃ တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၃ မေလ၁၂ရက် တွင် ဥတ္တရသီရိဘဏ်ခွဲကို ပထမဦးဆုံးဘဏ်ခွဲအဖြစ် ဖွင့်လှစ်ခဲ့သည်။ ၂၀၁၄ ဖေဖော်ဝါရီလ ၁၇ ရက် တွင် ဇမ္ဗူသီရိဘဏ်ခွဲကြီးကို ထပ်မံဖွင့်လှစ်ခဲ့သည်။ ယခုအခါ ဘဏ်ခွဲငယ်သုံးခုကိုလည်း ဖွင့်လှစ်ထားသည်။

ခွင့်ပြုငွေရင်း (Authorized Capital)သည် ကျပ်သန်း(၅,၀၀၀)ဖြစ်ပြီး ၂၀၁၃တွင် မတည်ရင်းနှီးငွေ ကျပ် ၂ ဘီလီယံဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုနောက် ခွင့်ပြုမတည်ငွေရင်း ကျပ် ဘီလီယံ ၅၀ အထိ တိုးမြှင့်ခဲ့သည်။ ဘဏ်၏ ထည့်ဝင်မတည်ငွေရင်းသည် ကျပ် ဘီလီယံ ၂၀ ဖြစ်လာသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 

ေနျပည္ေတာ္စည္ပင္ဘဏ္ကို ေနျပည္ေတာ္ဖြံ႕ျဖိဳးေရးဘဏ္အျဖစ္ေျပာင္း၍ ၿမိဳ႕ႀကီးမ်ားတြင္ ဘဏ္ခြဲမ်ားဖြင့္လွစ္မည္

ေနျပည္ေတာ္စည္ပင္ဘဏ္ကို ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္အျဖစ္ေျပာင္းလဲၿပီး သုံးလအတြင္း ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕ႀကီးမ်ား ဘဏ္ခြဲေတြဖြင့္ရန္ စီစဥ္ေနသည္ဟု ေနျပည္ေတာ္ ဒုတိယ ၿမိဳ႕ေတာ္ဝန္ဦးရဲမင္းဦးကေျပာသည္။

ေနျပည္ေတာ္စည္ပင္ဘဏ္ကို တစ္ႏိုင္ငံလုံးအတိုင္းအတာႏွင့္ လုပ္ငန္းမ်ား တိုးခ်ဲ႕ေဆာင္႐ြက္ရန္ နာမည္ေျပာင္းခြင့္တင္ျပခဲ့ရာတြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္အျဖစ္ ၂၀၂၀ ဇန္နဝါရီ ၃ ရက္ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

“ျမန္ဆန္မႈ၊ သြက္လက္မႈ၊ ေသခ်ာမႈ၊ ခိုင္မာမႈႏွင့္ နည္းပညာအသုံးျပဳမႈေတြကို ျမန္မာႏိုင္ငံမွ ပုဂၢလိကဘဏ္မ်ားႏွင့္အတူ ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္က ျပည္သူလူထုအတြက္ ေဆာင္႐ြက္ေပးေနၿပီျဖစ္ပါတယ္။” ဟု ေနျပည္ေတာ္ ဒုတိယၿမိဳ႕ေတာ္ဝန္ဦးရဲမင္းဦးက ၎၏ လူမူကြန္ယက္တြင္ေရးသားခဲ့သည္။

ဦးရဲမင္းဦးသည္ ေနျပည္ေတာ္စည္ပင္ဘဏ္က ၏ ဥကၠဌလည္းျဖစ္သည္။ ဦးရဲမင္းဦးသည္ AGB ပုဂၢလိကဘဏ္တြင္ အၾကံေပးအျဖစ္လည္း တာဝန္ယူခဲ့ဖူးၿပီး အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ၏ စီးပြားေရးေကာ္မတီႏွင့္ ျပန္ ၾကားေရး ေကာ္မတီတြင္ ပါဝင္သူ တစ္ဦးလည္း ျဖစ္သည္။

ေနျပည္ေတာ္စည္ပင္ဘဏ္လီမိတက္အေနျဖင့္ ကူးသန္းေရာင္းဝယ္ေရး ဘဏ္လုပ္ငန္းသာမက ဖြံ႕ၿဖိဳးေရးဘဏ္လုပ္ငန္းကိုပါ တိုးခ်ဲ႕ေဆာင္႐ြက္ရန္အတြက္ ျဖစ္သည္ဟုဆိုသည္။

ထိုဘဏ္ကို တိုးတက္ေျပာင္းလဲလာေသာ Digital Banking ကို IT နည္းပညာကြၽမ္းက်င္မႈမ်ားျဖင့္ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ၿပီး ခိုင္မာစိတ္ခ်ရေသာ ဘဏ္ျဖစ္ေအာင္ မတည္ရင္းႏွီးေငြမ်ားကို ႏွစ္စဥ္တိုးျမႇင့္ထည့္ဝင္ ေဆာင္႐ြက္သြားရမည္ဟု ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ၿမိဳ႕ေတာ္ဝန္ႏွင့္ ေနျပည္ေတာ္စည္ပင္ဘဏ္လီမိတက္ ဒါ႐ိုက္တာအဖြဲ႕နာယက ေဒါက္တာမ်ိဳးေအာင္ကေျပာထားသည္။

ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္ကို ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီက ရာႏႈန္းျပည့္ပိုင္ဆိုင္ထားျခင္း ျဖစ္သည္။

ေနျပည္ေတာ္စည္ပင္ဘဏ္လီမိတက္ကို ၂၀၁၃ တြင္ စတင္တည္ေထာင္ခဲ့ၿပီး ၂၀၁၃ ေမလ၁၂ရက္ တြင္ ဥတၱရသီရိဘဏ္ခြဲကို ပထမဦးဆုံးဘဏ္ခြဲအျဖစ္ ဖြင့္လွစ္ခဲ့သည္။ ၂၀၁၄ ေဖေဖာ္ဝါရီလ ၁၇ ရက္ တြင္ ဇမၺဴသီရိဘဏ္ခြဲႀကီးကို ထပ္မံဖြင့္လွစ္ခဲ့သည္။ ယခုအခါ ဘဏ္ခြဲငယ္သုံးခုကိုလည္း ဖြင့္လွစ္ထားသည္။

ခြင့္ျပဳေငြရင္း (Authorized Capital)သည္ က်ပ္သန္း(၅,၀၀၀)ျဖစ္ၿပီး ၂၀၁၃တြင္ မတည္ရင္းႏွီးေငြ က်ပ္ ၂ ဘီလီယံျဖင့္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။ ထိုေနာက္ ခြင့္ျပဳမတည္ေငြရင္း က်ပ္ ဘီလီယံ ၅၀ အထိ တိုးျမႇင့္ခဲ့သည္။ ဘဏ္၏ ထည့္ဝင္မတည္ေငြရင္းသည္ က်ပ္ ဘီလီယံ ၂၀ ျဖစ္လာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service