မလေးရှားတွင် ထုတ်ကာ စင်္ကာပူတွင်တည်ဆောက်မည့် ကမ္ဘာ့အမြင့်မားဆုံး အသင့်ဆောက်လုပ်ပြီး မိုးမျှော်တိုက်ကြီးများ

မလေးရှားတွင် ထုတ်ကာ စင်္ကာပူတွင်တည်ဆောက်မည့် ကမ္ဘာ့အမြင့်မားဆုံး အသင့်ဆောက်လုပ်ပြီး မိုးမျှော်တိုက်ကြီးများ - Property News in Myanmar from iMyanmarHouse.com
11 Aug 2020 1:38 pm တွင် တင်ခဲ့သည်
883 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူတွင် မိုးမျှော်တိုက်ကြီး ၂ လုံး မကြာမီ ထပ်မံပေါ်ပေါက်လာတော့မည်ဖြစ်ရာ ကမ္ဘာပေါ်တွင် အမြင့်မားဆုံး အသင့်ဆောက်လုပ်ပြီး အဆောက်အအုံများ ဖြစ်လာမည် ဖြစ်သည်။

အဆိုပါ မိုးမျှော်တိုက်ကြီး ၂ လုံး၏အမြင့်မှာ ၁၉၂ မီတာ ( ပေ ၆၃၀ ) ရှိမည်ဖြစ်ပြီး ကြီးမားသည့်အစိတ်အပိုင်းကြီးများကို မလေးရှားနယ်စပ်တွင် ထုတ်လုပ်နေခြင်း ဖြစ်သည်။

Avenue South Residences ဟု အမည်ပေးထားသော လူနေအိမ်ရာစီမံကိန်းတွင် အခန်းပေါင်း ၉၈၈ ခန်း ပါဝင်မည်ဖြစ်ကာ ဒေါင်လိုက် ဖွဲ့စီထားသည့် modules အခန်းပေါင်း ၃၀၀၀ ခန့်ဖြင့် ဆောက်လုပ်ဖွဲ့စည်းမည် ဖြစ်သည်။

စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ပါဝင်သည့် ADDP Architects က ပြောကြားရာတွင် ယခုမိုးမျှော်တိုက်ကြီးများကို ဆောက်လုပ်သည့်နည်းလမ်းကို Prefabricated Prefinished Volumetric Construction (PPVC) ဟု ခေါ်ဆိုပြီး လုပ်သား ပါဝင်ရမှု နည်းပါးကာ အမှိုက်နှင့် ဆူညံသံများ လျှော့ချပေးနိုင်ကြောင်း ပြောကြားသည်။

မိုးမျှော်တိုက်ကြီးတွင် ဖွဲ့စည်းပါဝင်မည့် modules ခန်းများမှာ စက်ရုံထုတ်ဖြစ်ပြီး မလေးရှားနိုင်ငံ၊ Senai တွင် ထုတ်လုပ်ခြင်းဖြစ်ကာ မျက်နှာစာ ၆ ခုပါ သေတ္တာပုံးများအသွင် ကွန်ကရစ်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ ကွန်ကရစ်သေတ္တာပုံးအသွင်များကို စင်္ကာပူရှိ စက်ရုံတစ်ခုသို့ သယ်ဆောင်ပြီး လူနေခန်းတစ်ခုအဖြစ် ပြုပြင်မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သယ်ယူလာခြင်း ဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိချိန်တွင် ကွန်ကရစ်သေတ္တာပုံးအသွင် အခန်းများမှာ ၈၀ ရာခိုင်နှုန်း အချောသတ်ပြီးစီးနေသော လူနေခန်းများ ဖြစ်နေလေပြီ။ ယင်းနောက်တွင် ကရိန်းဖြင့်မယူကာ ထားရှိမည့်အထပ်နေရာသို့ ပို့ဆောင်ပြီး ဝန်ခံနိုင်စွမ်းရှိသည့် ဘောင်ဖရိန်အတွင်း ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။

နောက်ဆုံး အချောသတ်မွမ်းမံမှုအနေဖြင့် တံခါးများတပ်ဆင်ရန်သာ ကျန်ရှိတော့သည်။

“ဒါက မော်တော်ကား ထုတ်လုပ်တဲ့ သဘောတရားအတိုင်းပါပဲ။ ဒါကို ဆောက်လုပ်ရေးလုပ်ငန်းမှာ ယူသုံးလိုက်တာ ဖြစ်ပါတယ်” ADDP Architects မှ မားကပ်စ် ချန်း သူယန် ဟန်းက ပြောကြားသည်။

စင်္ကာပူ၏ Bukit Merah ခရိုင်ကဲ့သို့ လူနေဒေသမျိုးတွင် တည်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ငန်းလုပ်ဆောင်ရမှုများကို ကြီးမားစွာလျှော့ချပေးနိုင်ကာ အနီးဝန်းကျင်တွင် နေထိုင်သူတို့ကို အနှောင့်အယှက်ဖြစ်စေမည့် နည်းပါးသွားစေမည်ဖြစ်ကြောင်း မားကပ်စ်က ပြောကြားသည်။ ကြိုတင်မသိနိုင်ခဲ့သော အကျိုးတရားတစ်ခုအနေဖြင့် covid 19 ပေါ်ပေါက်လာမှုကြောင့် လူမှုအလှမ်းခွာရေးအတွက်လည်း အကျိုးရှိလာစေကြောင်း၊ အသင့်ဆောက်လုပ်ပြီး မိုးမျှော်တိုက်ကြီးကို တပ်ဆင်ဆောက်လုပ်ရာတွင် လုပ်ငန်းခွင်တွင် လူအနည်းငယ်သာ လိုအပ်ပြီး သမားရိုးကျကဲ့သို့ လုပ်သားအင်အားအပြည့်ရှိရန်မလိုအပ်ကြောင်း မားကပ်စ်က ထောက်ပြသည်။

PPVC နည်းလမ်းကို စတင်ကျင့်သုံးသည်မှာ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ဥရောပနှင့် အမေရိကတို့တွင်ဖြစ်ပြီး မြို့ပြစီမံကိန်း ရေးဆွဲသူတို့က လူနေအိမ်များစွာလိုအပ်နေချိန်တွင် ဈေးသက်သာစွာဖြင့် လျင်မြန်စွာရရှိနိုင်စေရန် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ယခုနောက်ပိုင်းတွင်မူ PPVC နည်းလမ်း များစွာထွန်းကားနေသည်မှာ အာရှ-ပစိဖိတ်ဒေသကြီးတွင် ဖြစ်လာသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World's tallest prefab skyscrapers will rise in Singapore -- but they're being built in Malaysia (CNN)

[Zawgyi]

မေလးရွားတြင္ ထုတ္ကာ စကၤာပူတြင္တည္ေဆာက္မည့္ ကမၻာ့အျမင့္မားဆံုး အသင့္ေဆာက္လုပ္ျပီး မိုးေမွ်ာ္တိုက္ၾကီးမ်ား

စကၤာပူတြင္ မိုးေမွ်ာ္တိုက္ၾကီး ၂ လံုး မၾကာမီ ထပ္မံေပၚေပါက္လာေတာ့မည္ျဖစ္ရာ ကမၻာေပၚတြင္ အျမင့္မားဆံုး အသင့္ေဆာက္လုပ္ျပီး အေဆာက္အအံုမ်ား ျဖစ္လာမည္ ျဖစ္သည္။

အဆိုပါ မိုးေမွ်ာ္တိုက္ၾကီး ၂ လံုး၏အျမင့္မွာ ၁၉၂ မီတာ ( ေပ ၆၃၀ ) ရွိမည္ျဖစ္ျပီး ၾကီးမားသည့္အစိတ္အပိုင္းၾကီးမ်ားကို မေလးရွားနယ္စပ္တြင္ ထုတ္လုပ္ေနျခင္း ျဖစ္သည္။

Avenue South Residences ဟု အမည္ေပးထားေသာ လူေနအိမ္ရာစီမံကိန္းတြင္ အခန္းေပါင္း ၉၈၈ ခန္း ပါဝင္မည္ျဖစ္ကာ ေဒါင္လိုက္ ဖြဲ႔စီထားသည့္ modules အခန္းေပါင္း ၃၀၀၀ ခန္႔ျဖင့္ ေဆာက္လုပ္ဖြဲ႔စည္းမည္ ျဖစ္သည္။

စီမံကိန္းကို အေကာင္အထည္ေဖာ္ရာတြင္ ပါဝင္သည့္ ADDP Architects က ေျပာၾကားရာတြင္ ယခုမိုးေမွ်ာ္တိုက္ၾကီးမ်ားကို ေဆာက္လုပ္သည့္နည္းလမ္းကို Prefabricated Prefinished Volumetric Construction (PPVC) ဟု ေခၚဆိုျပီး လုပ္သား ပါဝင္ရမႈ နည္းပါးကာ အမႈိက္ႏွင့္ ဆူညံသံမ်ား ေလွ်ာ့ခ်ေပးႏိုင္ေၾကာင္း ေျပာၾကားသည္။

မိုးေမွ်ာ္တိုက္ၾကီးတြင္ ဖြဲ႔စည္းပါဝင္မည့္ modules ခန္းမ်ားမွာ စက္ရံုထုတ္ျဖစ္ျပီး မေလးရွားႏိုင္ငံ၊ Senai တြင္ ထုတ္လုပ္ျခင္းျဖစ္ကာ မ်က္ႏွာစာ ၆ ခုပါ ေသတၱာပံုးမ်ားအသြင္ ကြန္ကရစ္ျဖင့္ ျပဳလုပ္ျခင္း ျဖစ္သည္။

အဆိုပါ ကြန္ကရစ္ေသတၱာပံုးအသြင္မ်ားကို စကၤာပူရွိ စက္ရံုတစ္ခုသို႔ သယ္ေဆာင္ျပီး လူေနခန္းတစ္ခုအျဖစ္ ျပဳျပင္မြမ္းမံျပင္ဆင္ျခင္းမ်ား ျပဳလုပ္ျပီး ေဆာက္လုပ္ေရးလုပ္ငန္းခြင္သို႔ သယ္ယူလာျခင္း ျဖစ္သည္။

ေဆာက္လုပ္ေရးလုပ္ငန္းခြင္သို႔ ေရာက္ရွိခ်ိန္တြင္ ကြန္ကရစ္ေသတၱာပံုးအသြင္ အခန္းမ်ားမွာ ၈၀ ရာခိုင္ႏႈန္း အေခ်ာသတ္ျပီးစီးေနေသာ လူေနခန္းမ်ား ျဖစ္ေနေလျပီ။ ယင္းေနာက္တြင္ ကရိန္းျဖင့္မယူကာ ထားရွိမည့္အထပ္ေနရာသို႔ ပို႔ေဆာင္ျပီး ဝန္ခံႏိုင္စြမ္းရွိသည့္ ေဘာင္ဖရိန္အတြင္း ထည့္သြင္းလိုက္ျခင္း ျဖစ္သည္။

ေနာက္ဆံုး အေခ်ာသတ္မြမ္းမံမႈအေနျဖင့္ တံခါးမ်ားတပ္ဆင္ရန္သာ က်န္ရွိေတာ့သည္။

“ဒါက ေမာ္ေတာ္ကား ထုတ္လုပ္တဲ့ သေဘာတရားအတိုင္းပါပဲ။ ဒါကို ေဆာက္လုပ္ေရးလုပ္ငန္းမွာ ယူသံုးလုိက္တာ ျဖစ္ပါတယ္” ADDP Architects မွ မားကပ္စ္ ခ်န္း သူယန္ ဟန္းက ေျပာၾကားသည္။

စကၤာပူ၏ Bukit Merah ခရိုင္ကဲ့သို႔ လူေနေဒသမ်ဳိးတြင္ တည္ရွိေသာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ လုပ္ငန္းလုပ္ေဆာင္ရမႈမ်ားကို ၾကီးမားစြာေလွ်ာ့ခ်ေပးႏိုင္ကာ အနီးဝန္းက်င္တြင္ ေနထုိင္သူတို႔ကို အေႏွာင့္အယွက္ျဖစ္ေစမည့္ နည္းပါးသြားေစမည္ျဖစ္ေၾကာင္း မားကပ္စ္က ေျပာၾကားသည္။ ၾကိဳတင္မသိႏိုင္ခဲ့ေသာ အက်ဳိးတရားတစ္ခုအေနျဖင့္ covid 19 ေပၚေပါက္လာမႈေၾကာင့္ လူမႈအလွမ္းခြာေရးအတြက္လည္း အက်ဳိးရွိလာေစေၾကာင္း၊ အသင့္ေဆာက္လုပ္ျပီး မိုးေမွ်ာ္တိုက္ၾကီးကို တပ္ဆင္ေဆာက္လုပ္ရာတြင္ လုပ္ငန္းခြင္တြင္ လူအနည္းငယ္သာ လိုအပ္ျပီး သမားရိုးက်ကဲ့သို႔ လုပ္သားအင္အားအျပည့္ရွိရန္မလိုအပ္ေၾကာင္း မားကပ္စ္က ေထာက္ျပသည္။

PPVC နည္းလမ္းကို စတင္က်င့္သံုးသည္မွာ ဒုတိယကမၻာစစ္ၾကီးေနာက္ပိုင္း ဥေရာပႏွင့္ အေမရိကတို႔တြင္ျဖစ္ျပီး ျမိဳ ႔ျပစီမံကိန္း ေရးဆြဲသူတို႔က လူေနအိမ္မ်ားစြာလိုအပ္ေနခ်ိန္တြင္ ေစ်းသက္သာစြာျဖင့္ လ်င္ျမန္စြာရရွိႏိုင္ေစရန္ အသံုးျပဳခဲ့ျခင္းျဖစ္သည္။

ယခုေနာက္ပိုင္းတြင္မူ PPVC နည္းလမ္း မ်ားစြာထြန္းကားေနသည္မွာ အာရွ-ပစိဖိတ္ေဒသၾကီးတြင္ ျဖစ္လာသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: World's tallest prefab skyscrapers will rise in Singapore -- but they're being built in Malaysia (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service