ကမ္ဘာကျော်ဓားပြကြီး ဂျက်ဆီဂျိန်း ပုန်းအောင်းနေထိုင်ဖူးသော ဧကပေါင်း ၁၅၀၀၀ ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီးကို ကန်ဒေါ်လာ ၃၈ သန်းဖြင့် ရောင်းချမည်

ကမ္ဘာကျော်ဓားပြကြီး ဂျက်ဆီဂျိန်း ပုန်းအောင်းနေထိုင်ဖူးသော ဧကပေါင်း ၁၅၀၀၀ ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီးကို ကန်ဒေါ်လာ ၃၈ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
10 Aug 2020 12:28 pm တွင် တင်ခဲ့သည်
1007 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ မာဂရီတာမြို့တွင် ဧကပေါင်း ၁၅၀၀၀ နီးပါး ကျယ်ဝန်းသည့် La Panza အမည်ရှိ ကျွဲနွားနှင့် စိုက်ပျိုးရေးဆိုင်ရာ မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၃၈ သန်းဖြင့် အရောင်းဈေးကွက်ရောက်လာသည်။

အဆိုပါ မွေးမြူရေးနှင့် စိုက်ပျိုးရေးခြံကြီးတွင် ဆုတံဆိပ်များရရှိထားသော ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် သံလွင်ဆီလည်း ထုတ်လုပ်ပြီး တချိန်က ကမ္ဘာကျော် တောပုန်းဓားပြကြီးဖြစ်သော ဂျက်ဆီဂျိန်းနှင့် ဖရန့်ခ်ဂျိန်းတို့ ညီအစ်ကို ပုန်းခိုခဲ့သည့်နေရာ ဖြစ်ခဲ့ဖူးသည်။

ဂျက်ဆီဂျိန်း (၁၈၄၇-၁၈၈၂) သည် အမေရိကန်ပြည်တွင်းစစ်ကာလအတွင်း နာမည်ကျော်ခဲ့သည့် ဓားပြကြီးဖြစ်သည်။ ချမ်းသာသူများကို ဓားပြတိုက်ကာ ဆင်းရဲသူများထံ ဝေငှပေးဝေသည့် ရော်ဘင်ဟုနှင့် ခိုင်းနှိုုင်းပြောဆိုမှုများရှိသော်လည်း ဂျက်ဆီဂျိန်းတို့ ညီအစ်ကို ဓားပြတိုက်ရာမှ ရရှိလာသည်များကို အခြားသူများထံ ပေးဝေသည့် မှတ်တမ်းကား မရှိချေ။

မွေးမြူရေးခြံများ ပေါများသော ဆန် လူးဝစ် အိုဘစ္စပိုခရိုင်တွင် တည်ရှိပြီး California Outdoor Properties မှ အကျိုးဆောင် လန့်စ် ဒိုရီနှင့် CBRE Capital Markets မှ မက်ထ်နှင့် ဒိုင်လန် မားစ်ချယ်တို့က အရောင်းဈေးကွက်တင်ပေးခဲ့ခြင်း ဖြစ်သည်။

ယခုရောင်းချသူက ပင်မ ယာတောအိမ်ကိုဆောက်လုပ်ကာ အဆောက်အအုံများစွာ ပါဝင်သည့် မွေးမြူရေးခြံကြီးကို တည်ထောင်ခဲ့သူဖြစ်ကြောင်း မစ္စတာဒိုရီက ပြောကြားသည်။

“ဧကပေါင်း ၁၄၇၅၀ ကျယ်ဝန်းတဲ့ ခြံကြီးဟာ အမေရိကန် အနောက်ပိုင်းတခွင်လုံးမှာ အကျယ်ဝန်းဆုံးခြံကြီး ဖြစ်ပါတယ်” ဟု မစ္စတာ ဒိုရီက ဆိုသည်။

ရောင်းချသူမည်သူဖြစ်သည်ကို ထုတ်ဖော်ပြောကြားရန် အကျိုးဆောင်တို့က ငြင်းပယ်ထားသည်။ အိမ်ခြံမြေမှတ်တမ်းများအရ ဒင်ဗာမြို့ အခြေစိုက် ကုမ္ပဏီတစ်ခုအဖြစ်ဖော်ပြထားပြီး လိပ်စာပါနေရာသည် မိသားစုကုမ္ပဏီတစ်ခုဖြစ်သော Leprino Foods ၏ ရုံးချုပ် တည်နေရာလည်း ဖြစ်နေသည်။

မှတ်တမ်းများအရ ဒင်ဗာအခြေစိုက် ကုမ္ပဏီသည် မွေးမြူရေးခြံကြီး ၂၀၁၉ ခုနှစ်မှ စတင်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး Leprino Foods သည် ကမ္ဘာ့အကြီးမားဆုံး Mozzarella cheese များ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။

Leprino သည် Pizza Hut, Papa John’s, Little Caesars နှင့် Domino’s pizza ကုမ္ပဏီများသို့ cheese များ တင်ပို့ပေးနေသည့် ကုမ္ပဏီလည်းဖြစ်ကာ ၁၉၅၀ ပြည့်နှစ်တွင် မိုက်ခ် လီပရီနို စီနီယာက တည်ထောင်ခဲ့ခြင်းဖြစ်သည်။

၁၉၇၂ ခုနှစ်တွင် မိုက်ခ် လီပရီနို ကွယ်လွန်သောအခါ အငယ်ဆုံးသားဖြစ်သူ ဂျိမ်းစ်က ကုမ္ပဏီဥက္ကဌ၊ အမှုဆောင်အရာရှိချုပ် ဖြစ်လာသည်။

La Panza သံလွင်ဆီ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ မိုက်ခ်၏ သားတစ်ဦးဖြစ်သော မိုက်ခ် လီပရီနို ဂျူနီယာနှင့် သူ၏သမီးများက မွေးမြူရေးခြံကြီးကို ၂၀၀၃ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၏ အကောင်းဆုံး သံလွင်ဆီကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းခဲ့သည်။

မိုက်ခ် လီပရီနို ဂျူနီယာသည် ၂၀၁၈ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီ ဖြစ်သည်။ သူကွယ်လွန်သောနှစ် အတွင်းတွင်ပင် အဆိုပါခြံကြီးကို ကန်ဒေါ်လာ ၄၃ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သေးသည်။

ခြံဝန်းကြီးအတွင်း စတုရန်းပေ ၅၅၀၀ ကျယ်ဝန်းသော ပင်မယာတောအိမ်အပြင် စတုရန်းပေ ၄၄၀၀ ရှိသည့် အလုပ်သမားတန်းလျား၊ စတုရန်းပေ ၂၀၀၀ ရှိသည့် ဧည့်ဂေဟာအိမ်၊ စတုရန်းပေ ၁၈၀၀ ရှိသည့် အလုပ်သမားခေါင်းဆောင်ရုံးခန်း၊ စတုရန်းပေ ၁၆၀၀ ရှိသည့် ယာတောခြံ ရုံးခန်း၊ စတုရန်းပေ ၁၂၅၀၀ ရှိသည့် သံလွင်ဆီစက်ရုံနှင့် ကောက်ရိုးဂိုဒေါင် များစွာပါဝင်ပြီး ကောက်ရိုးဂိုဒေါင်များ၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းပေ ၁၂၅၀၀ ရှိသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 15,000-Acre California Ranch Asks $38 Million (barrons)

 

[Zawgyi]

ကမၻာေက်ာ္ဓားျပၾကီး ဂ်က္ဆီဂ်ိန္း ပုန္းေအာင္းေနထိုင္ဖူးေသာ ဧကေပါင္း ၁၅၀၀၀ က်ယ္ဝန္းသည့္ ေမြးျမဴေရးျခံၾကီးကို ကန္ေဒၚလာ ၃၈ သန္းျဖင့္ ေရာင္းခ်မည္

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္တာ မာဂရီတာျမိဳ ႔တြင္ ဧကေပါင္း ၁၅၀၀၀ နီးပါး က်ယ္ဝန္းသည့္ La Panza အမည္ရွိ ကၽြဲႏြားႏွင့္ စိုက္ပ်ဳိးေရးဆိုင္ရာ ေမြးျမဴေရးျခံၾကီး ကန္ေဒၚလာ ၃၈ သန္းျဖင့္ အေရာင္းေစ်းကြက္ေရာက္လာသည္။

အဆိုပါ ေမြးျမဴေရးႏွင့္ စိုက္ပ်ဳိးေရးျခံၾကီးတြင္ ဆုတံဆိပ္မ်ားရရွိထားေသာ ကိုယ္ပိုင္အမွတ္တံဆိပ္ျဖင့္ ထုတ္လုပ္သည့္ သံလြင္ဆီလည္း ထုတ္လုပ္ျပီး တခ်ိန္က ကမၻာေက်ာ္ ေတာပုန္းဓားျပၾကီးျဖစ္ေသာ ဂ်က္ဆီဂ်ိန္းႏွင့္ ဖရန္႔ခ္ဂ်ိန္းတို႔ ညီအစ္ကို ပုန္းခိုခဲ့သည့္ေနရာ ျဖစ္ခဲ့ဖူးသည္။

ဂ်က္ဆီဂ်ိန္း (၁၈၄၇-၁၈၈၂) သည္ အေမရိကန္ျပည္တြင္းစစ္ကာလအတြင္း နာမည္ေက်ာ္ခဲ့သည့္ ဓားျပၾကီးျဖစ္သည္။ ခ်မ္းသာသူမ်ားကို ဓားျပတိုက္ကာ ဆင္းရဲသူမ်ားထံ ေဝငွေပးေဝသည့္ ေရာ္ဘင္ဟုႏွင့္ ခိုင္းႏႈိုင္းေျပာဆိုမႈမ်ားရွိေသာ္လည္း ဂ်က္ဆီဂ်ိန္းတို႔ ညီအစ္ကို ဓားျပတိုက္ရာမွ ရရွိလာသည္မ်ားကို အျခားသူမ်ားထံ ေပးေဝသည့္ မွတ္တမ္းကား မရွိေခ်။

ေမြးျမဴေရးျခံမ်ား ေပါမ်ားေသာ ဆန္ လူးဝစ္ အိုဘစၥပိုခရိုင္တြင္ တည္ရွိျပီး California Outdoor Properties မွ အက်ဳိးေဆာင္ လန္႔စ္ ဒိုရီႏွင့္ CBRE Capital Markets မွ မက္ထ္ႏွင့္ ဒိုင္လန္ မားစ္ခ်ယ္တို႔က အေရာင္းေစ်းကြက္တင္ေပးခဲ့ျခင္း ျဖစ္သည္။

ယခုေရာင္းခ်သူက ပင္မ ယာေတာအိမ္ကိုေဆာက္လုပ္ကာ အေဆာက္အအံုမ်ားစြာ ပါဝင္သည့္ ေမြးျမဴေရးျခံၾကီးကို တည္ေထာင္ခဲ့သူျဖစ္ေၾကာင္း မစၥတာဒိုရီက ေျပာၾကားသည္။

“ဧကေပါင္း ၁၄၇၅၀ က်ယ္ဝန္းတဲ့ ျခံၾကီးဟာ အေမရိကန္ အေနာက္ပိုင္းတခြင္လံုးမွာ အက်ယ္ဝန္းဆံုးျခံၾကီး ျဖစ္ပါတယ္” ဟု မစၥတာ ဒုိရီက ဆိုသည္။

ေရာင္းခ်သူမည္သူျဖစ္သည္ကို ထုတ္ေဖာ္ေျပာၾကားရန္ အက်ဳိးေဆာင္တို႔က ျငင္းပယ္ထားသည္။ အိမ္ျခံေျမမွတ္တမ္းမ်ားအရ ဒင္ဗာျမိဳ ႔ အေျခစိုက္ ကုမၸဏီတစ္ခုအျဖစ္ေဖာ္ျပထားျပီး လိပ္စာပါေနရာသည္ မိသားစုကုမၸဏီတစ္ခုျဖစ္ေသာ Leprino Foods ၏ ရံုးခ်ဳပ္ တည္ေနရာလည္း ျဖစ္ေနသည္။

မွတ္တမ္းမ်ားအရ ဒင္ဗာအေျခစိုက္ ကုမၸဏီသည္ ေမြးျမဴေရးျခံၾကီး ၂၀၁၉ ခုႏွစ္မွ စတင္ပိုင္ဆိုင္ခဲ့ျခင္းျဖစ္ျပီး Leprino Foods သည္ ကမၻာ့အၾကီးမားဆံုး Mozzarella cheese မ်ား ထုတ္လုပ္သည့္ ကုမၸဏီျဖစ္သည္ဟု ဆိုသည္။

Leprino သည္ Pizza Hut, Papa John’s, Little Caesars ႏွင့္ Domino’s pizza ကုမၸဏီမ်ားသို႔ cheese မ်ား တင္ပို႔ေပးေနသည့္ ကုမၸဏီလည္းျဖစ္ကာ ၁၉၅၀ ျပည့္ႏွစ္တြင္ မိုက္ခ္ လီပရီႏို စီနီယာက တည္ေထာင္ခဲ့ျခင္းျဖစ္သည္။

၁၉၇၂ ခုႏွစ္တြင္ မိုက္ခ္ လီပရီႏို ကြယ္လြန္ေသာအခါ အငယ္ဆံုးသားျဖစ္သူ ဂ်ိမ္းစ္က ကုမၸဏီဥကၠဌ၊ အမႈေဆာင္အရာရွိခ်ဳပ္ ျဖစ္လာသည္။

La Panza သံလြင္ဆီ၏ တရားဝင္ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားခ်က္အရ မိုက္ခ္၏ သားတစ္ဦးျဖစ္ေသာ မိုက္ခ္ လီပရီႏို ဂ်ဴနီယာႏွင့္ သူ၏သမီးမ်ားက ေမြးျမဴေရးျခံၾကီးကို ၂၀၀၃ ခုႏွစ္တြင္ ဝယ္ယူခဲ့ျပီး ကယ္လီဖိုးနီးယားျပည္နယ္၏ အေကာင္းဆံုး သံလြင္ဆီကို ထုတ္လုပ္ႏိုင္ရန္ ၾကိဳးပမ္းခဲ့သည္။

မိုက္ခ္ လီပရီႏို ဂ်ဴနီယာသည္ ၂၀၁၈ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၉၀ ရွိျပီ ျဖစ္သည္။ သူကြယ္လြန္ေသာႏွစ္ အတြင္းတြင္ပင္ အဆိုပါျခံၾကီးကို ကန္ေဒၚလာ ၄၃ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ေသးသည္။

ျခံဝန္းၾကီးအတြင္း စတုရန္းေပ ၅၅၀၀ က်ယ္ဝန္းေသာ ပင္မယာေတာအိမ္အျပင္ စတုရန္းေပ ၄၄၀၀ ရွိသည့္ အလုပ္သမားတန္းလ်ား၊ စတုရန္းေပ ၂၀၀၀ ရွိသည့္ ဧည့္ေဂဟာအိမ္၊ စတုရန္းေပ ၁၈၀၀ ရွိသည့္ အလုပ္သမားေခါင္းေဆာင္ရံုးခန္း၊ စတုရန္းေပ ၁၆၀၀ ရွိသည့္ ယာေတာျခံ ရံုးခန္း၊ စတုရန္းေပ ၁၂၅၀၀ ရွိသည့္ သံလြင္ဆီစက္ရံုႏွင့္ ေကာက္ရိုးဂိုေဒါင္ မ်ားစြာပါဝင္ျပီး ေကာက္ရိုးဂိုေဒါင္မ်ား၏ စုစုေပါင္း အက်ယ္အဝန္းမွာ စတုရန္းေပ ၁၂၅၀၀ ရွိသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 15,000-Acre California Ranch Asks $38 Million (barrons)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service