ကမ္ဘာ့ခြောက်ခြားဖွယ်အကောင်းဆုံး သရဲခြောက်သည့်ကားလမ်းနေရာများ

ကမ္ဘာ့ခြောက်ခြားဖွယ်အကောင်းဆုံး သရဲခြောက်သည့်ကားလမ်းနေရာများ - Property News in Myanmar from iMyanmarHouse.com
10 Aug 2020 12:10 pm တွင် တင်ခဲ့သည်
9191 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာပေါ်ရှိ ကားလမ်းများတွင် သမိုင်းကြောင်း အမျိုးမျိုးရှိကြသည်။ အချို့သော ကားလမ်းများတွင်ကား ကျောချမ်းဖွယ်ရာ အတိတ်သမိုင်းကြောင်းများ ရှိကြ၏။

အောက်ဖော်ပြပါ ကားလမ်းတို့မှာ ကမ္ဘာပေါ်တွင် ခြောက်ခြားဖွယ်အကောင်းဆုံး ကားလမ်းများ ဖြစ်ကြသည်။

(၁) စကော့တလန်နိုင်ငံ အနောက်တောင်ပိုင်းရှိ A75 Kinmont Straight ကားလမ်း

A75 Kinmont Straight ကားလမ်းသည် နှစ်ပေါင်းများစွာ ကာလတစ်လျှောက်လုံး တစ္ဆေသရဲများ မကြာခဏတွေ့ရသည်ဟူသော ကျောချမ်းဖွယ် ကျော်ကြားသည့် လမ်းကြောင်းဖြစ်သည်။

သိပ္ပံနည်းအရ အဖြေမထုတ်နိုင်သည့် ပရလောကဖြစ်ရပ်ဆန်းများ၊ တစ္ဆေသရဲ ခြောက်လန့်မှုများမှာ အဆိုပါလမ်းတစ်လျှောက်တွင် ရင်ဆိုင်ရလေ့ရှိသည်။

သို့ကြောင့်ပင် အဆိုပါကားလမ်းကို တစ္ဆေလမ်းမဟုလည်း အမည်ပေးထားကြသည်။

စူးစမ်းလိုသူများစွာသည် အဆိုပါလမ်းပေါ်တွင် မတူညီသောဖြစ်ရပ်အမျိုးမျိုးဖြင့် သရဲခြောက်ခံရလေ့ ရှိသည်။

(၂) ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ အိုဟိုင်းအိုး ဗီးလ်မြို့၊ ကယ်လီ လမ်းမ (Kelly Road, Ohioville)

အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ အိုဟိုင်းအိုးဗီးလ်မြို့၊ ကယ်လီ လမ်းမ၏ တစ်ခုသော လမ်းပိုင်းနေရာသည် လမ်းဘေးဝဲယာတွင် ထူထပ်လှသော တောအုပ်ကြီးရှိ၏။

ထိုလမ်းပိုင်းနေရာတွင် သရဲခြောက်ခံရသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားခဲ့သည်။

ဒေသခံတို့၏ ပြောကြားချက်များအရ ထိုလမ်းနေရာသည် တိရ စ္ဆာန်များအပေါ် ဆန်းကြယ်သည့် သက်ရောက်မှုတစ်မျိုးရှိနေကြောင်း ပြောကြသည်။

ထိုလမ်းပိုင်းနေရာအတွင်းသို့ ဝင်မိပြီဆိုသည်နှင့် တိရ စ္ဆာန်များမှာ ဒေါသကြီးလာကြကာ လူများနှင့် အခြားတိရ စ္ဆာန်အချင်းချင်းကို လိုက်လံ ရန်ပြုတော့သည်ဟု ဆိုသည်။

ထိုနေရာကို ကားဖြတ်မောင်းဖူးသူတို့၏ ပြောကြားချက်အရ မဲမဲအရိပ်သဏ္ဍာန်ကြီးများ တွေ့ရခြင်း၊ တောအုပ်တွင်းမှ အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး စိုက်ကြည့်နေခြင်းများကို ရင်ဆိုင်ကြရကြောင်း ပြောကြသည်။

ဒေသခံတို့က ယုံကြည်သည်မှာ အဆိုပါ တောအုပ်အတွင်း ရှေးယခင်က ကျိန်စာများတိုက်ခဲ့ခြင်း၊ အောက်လမ်းပစ္စည်းများ ချန်ထားခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ယုံကြည်ကြသည်။

(၃) အိုဟိုင်းအိုးပြည်နယ်၊ ကလဲမောင့်ထ်ခရိုင်၊ သူသေကောင်ကွေ့

အမှတ် ၂၂၂ လမ်းမနှင့် ပြည်ထောင်စုလမ်းမကြီး (SR) ၁၂၅ တို့ ဆုံရာ လမ်းဆုံတွင် သရဲအလွန်ခြောက်သော လမ်းကွေ့တစ်နေရာ ရှိနေသည်။

ထိုနေရာတွင် ကြောက်မက်ဖွယ် ယာဉ်တိုက်မှုကြီးတစ်ခုဖြစ်ပွားပြီးနောက်ပိုင်း နှစ်ပေါင်းများစွာ ကာလတစ်လျှောက် ခြောက်လှန့်မှုများ မကြာခဏ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်တွင် အဆိုပါလမ်းကွေ့နေရာ၌ ၁၉၆၈ ခုနှစ်ထုတ် 68 Impala ချက်ဗလက် ကားတစ်စီးနှင့် ၁၉၆၉ ခုနှစ်ထုတ် 69 Impala ချက်ဗလက်ကားတို့ မျက်နှာချင်းဆိုင် တိုက်မိရာ ၅ ဦးသေဆုံးပြီး ၁ ဦးသာ အသက်ရှင်ခဲ့သည်။

ကြေကွဲဖွယ်ရာ ယာဉ်တိုက်မှုဖြစ်ရပ်ကြီးနောက်ပိုင်း ထိုနေရာကို ဖြတ်သန်းသွားလာသူတို့သည် ခေါင်းပြတ်တစ္ဆေကို မကြာခဏ တွေ့မြင်ရခြင်းများ ဖြစ်လာသည်။

မျက်မြင်ကြုံတွေ့ခဲ့သူတို့၏ ပြောကြားချက်အရ လူငယ်တစ်ဦးသည် ကားကြုံစီးရန် လမ်းဘေးမှ လက်ပြနေခြင်းကို တွေ့ရလေ့ရှိသည်ဟု ဆိုသည်။ အများအားဖြင့် အကာလ ညအခါများတွင် ဖြစ်သည်။ သူ၏ အနီးတွင် ကားရပ်ပေးလိုက်ချိန်တွင်ကား မျက်နှာမရှိသည်ကို တုန်လှုပ်ဖွယ်ရာ တွေ့ကြရသည်ဟု ဆို၏။

(၄) Bloods Point လမ်း

သူသေကောင်ကွေ့နှင့် များစွာအလားတူသည့် အခြားနေရာတစ်ခုမှာ အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ဘူနီခရိုင်တွင်ရှိသော လမ်းဆုံတစ်ခု ဖြစ်သည်။

ခြောက်လှန့်မှုများနှင့် ရင်ဆိုင်ရမည့်နေရာကား Bloods Point လမ်းမတွင် ဖြစ်သည်။

မျက်မြင်ကြုံတွေ့ရသူတို့၏ ပြောကြားချက်အရ ပရလောကဖြစ်ရပ်ဆန်း များစွာတွေ့ကြုံခဲ့ရသည်ဟု ဆိုသည်။

အနီးဝန်းကျင်မြို့များတွင် နေထိုင်သောဒေသခံတို့က ပြောကြားရာတွင် ထိုနေရာတွင် ယခင်က ဖြစ်ပေါ်ခဲ့ဖူးသော အကြောင်းရပ်များစွာကြောင့် ယခုကဲ့သို့ ဖြစ်ရပ်များ ပေါ်ပေါက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

မိမိကိုယ်ကိုယ် အဆုံးစီရင်မှုများ၊ လက်စားချေကာ ကြိုးဆွဲချသတ်ဖြတ်ခြင်းများ၊ လူသတ်မှုများ ထိုဒေသတွင်ဖြစ်ပွားခဲ့သည်။ ထို့အပြင် လမ်းဆုံအနီးတွင် စုံးမတစ်ဦးနေထိုင်ခဲ့ပြီး ထိုနေရာကို ကျိန်စာတိုက်ထားခဲ့သည်ဟု ဆိုသည်။

(၅) Stocksbridge မြို့ရှောင်လမ်း၊ အင်္ဂလန်

အင်္ဂလန်ရှိ Stocksbridge မြို့ရှောင်လမ်းသည် နှစ်ပေါင်းများစွာကာလအတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။

ယခင်က ထိုလမ်းသည် အင်္ဂလန်၏နာမည်ကျော် M67 အဝေးပြေးလမ်းမကြီး၏ လမ်းပိုင်းတစ်ခု ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်ကား နှစ်လမ်းသွား ကားလမ်းအဖြစ် အဆင့်လျှော့ချလိုက်ပြီး ထိုနောက်တဖန် နှစ်အနည်းငယ်အကြာတွင် တစ်လမ်းသွားလမ်းအဖြစ်သာ တည်ရှိနေတော့သည်။

အဆိုပါလမ်းပိုင်းကို ၁၉၈၉ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး Stocksbridge ၏ မြောက်ဘက်စွန်းပိုင်းတွင် တည်ရှိကာ တိတ်ဆိတ်လှသော တောင်ကြားတစ်ခုတွင် တည်ရှိသည်။

ဒေသခံတို့၏ ပြောကြားချက်အရ ထိုနေရာတွင် ပရလောကဖြစ်ရပ်ဆန်းများစွာ တွေ့ကြုံရသည်ဟု ဆိုသည်။

ညဉ့်သန်းခေါင်အချိန်ကြီးတွင် လမ်းမပေါ် ၌ အလွန်ငယ်ရွယ်လှသော ကလေးငယ်များ ဆော့ကစားနေသည်ကို တွေ့ရလေ့ရှိသည်။

အဆိုပါနေရာရှိ တံတားတစ်ခုပေါ်တွင် ဘုန်းတော်ကြီးတစ်ပါး မတ်တပ်ရပ်နေကာ လူတို့အားစိုက်ကြည့်နေသည်ကို တွေ့ခဲ့ရကြောင်း သတင်းများပေါ်ပေါက်လာအပြီး ထိုနေရာ၏ ပရလောကဖြစ်ရပ်များကို ပထမဆုံး တရားဝင်စုံစမ်းစစ်ဆေးလေ့လာမှုများ ပေါ်ပေါက်ခဲ့သည်။

ခြောက်ခြားဖွယ်အကောင်းဆုံးဖြစ်ရပ်ကား လူအချို့၏ ပြောကြားချက်အရ အဆိုပါဘုန်းတော်ကြီးသည် ထိုလမ်းနေရာကို ကားဖြတ်သန်းနေစဉ်အတွင်း ၎င်းတို့၏ ကားပေါ်တွင် ထိုင်လျက်ပါလာသည်ကို တွေ့ကြုံရင်ဆိုင်ကြရခြင်းဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Most haunted roads in the world (Outdoorrevival)

 

[Zawgyi]

ကမၻာ့ေျခာက္ျခားဖြယ္အေကာင္းဆံုး သရဲေျခာက္သည့္ကားလမ္းေနရာမ်ား

ကမၻာေပၚရွိ ကားလမ္းမ်ားတြင္ သမိုင္းေၾကာင္း အမ်ဳိးမ်ဳိးရွိၾကသည္။ အခ်ဳိ ႔ေသာ ကားလမ္းမ်ားတြင္ကား ေက်ာခ်မ္းဖြယ္ရာ အတိတ္သမိုင္းေၾကာင္းမ်ား ရွိၾက၏။

ေအာက္ေဖာ္ျပပါ ကားလမ္းတို႔မွာ ကမၻာေပၚတြင္ ေျခာက္ျခားဖြယ္အေကာင္းဆံုး ကားလမ္းမ်ား ျဖစ္ၾကသည္။

(၁) စေကာ့တလန္ႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ A75 Kinmont Straight ကားလမ္း

A75 Kinmont Straight ကားလမ္းသည္ ႏွစ္ေပါင္းမ်ားစြာ ကာလတစ္ေလွ်ာက္လံုး တေစၦသရဲမ်ား မၾကာခဏေတြ႔ရသည္ဟူေသာ ေက်ာခ်မ္းဖြယ္ ေက်ာ္ၾကားသည့္ လမ္းေၾကာင္းျဖစ္သည္။

သိပံၸနည္းအရ အေျဖမထုတ္ႏိုင္သည့္ ပရေလာကျဖစ္ရပ္ဆန္းမ်ား၊ တေစၦသရဲ ေျခာက္လန္႔မႈမ်ားမွာ အဆိုပါလမ္းတစ္ေလွ်ာက္တြင္ ရင္ဆိုင္ရေလ့ရွိသည္။

သို႔ေၾကာင့္ပင္ အဆိုပါကားလမ္းကို တေစၦလမ္းမဟုလည္း အမည္ေပးထားၾကသည္။

စူးစမ္းလိုသူမ်ားစြာသည္ အဆိုပါလမ္းေပၚတြင္ မတူညီေသာျဖစ္ရပ္အမ်ဳိးမ်ဳိးျဖင့္ သရဲေျခာက္ခံရေလ့ ရွိသည္။

(၂) ပန္ဆယ္လ္ေဗးနီးယားျပည္နယ္၊ အိုဟိုင္းအိုး ဗီးလ္ျမိဳ ႔၊ ကယ္လီ လမ္းမ (Kelly Road, Ohioville)

အေမရိကန္ျပည္ေထာင္စု၊ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္၊ အိုဟိုင္းအိုးဗီးလ္ျမိဳ ႔၊ ကယ္လီ လမ္းမ၏ တစ္ခုေသာ လမ္းပိုင္းေနရာသည္ လမ္းေဘးဝဲယာတြင္ ထူထပ္လွေသာ ေတာအုပ္ၾကီးရွိ၏။

ထိုလမ္းပိုင္းေနရာတြင္ သရဲေျခာက္ခံရသည့္ ျဖစ္ရပ္မ်ား မၾကာခဏ ျဖစ္ပြားခဲ့သည္။

ေဒသခံတို႔၏ ေျပာၾကားခ်က္မ်ားအရ ထိုလမ္းေနရာသည္ တိရ စၦာန္မ်ားအေပၚ ဆန္းၾကယ္သည့္ သက္ေရာက္မႈတစ္မ်ဳိးရွိေနေၾကာင္း ေျပာၾကသည္။

ထိုလမ္းပိုင္းေနရာအတြင္းသို႔ ဝင္မိျပီဆိုသည္ႏွင့္ တိရ စၦာန္မ်ားမွာ ေဒါသၾကီးလာၾကကာ လူမ်ားႏွင့္ အျခားတိရ စၦာန္အခ်င္းခ်င္းကို လိုက္လံ ရန္ျပဳေတာ့သည္ဟု ဆိုသည္။

ထိုေနရာကို ကားျဖတ္ေမာင္းဖူးသူတို႔၏ ေျပာၾကားခ်က္အရ မဲမဲအရိပ္သ႑ာန္ၾကီးမ်ား ေတြ႔ရျခင္း၊ ေတာအုပ္တြင္းမွ အျဖဴေရာင္ ဝတ္စံုဝတ္ဆင္ထားသည့္ အမ်ဳိးသမီးတစ္ဦး စိုက္ၾကည့္ေနျခင္းမ်ားကို ရင္ဆိုင္ၾကရေၾကာင္း ေျပာၾကသည္။

ေဒသခံတို႔က ယံုၾကည္သည္မွာ အဆိုပါ ေတာအုပ္အတြင္း ေရွးယခင္က က်ိန္စာမ်ားတိုက္ခဲ့ျခင္း၊ ေအာက္လမ္းပစၥည္းမ်ား ခ်န္ထားခဲ့ျခင္းတို႔ေၾကာင့္ ယခုကဲ့သို႔ အျဖစ္အပ်က္မ်ား ျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း ယံုၾကည္ၾကသည္။

(၃) အိုဟိုင္းအိုးျပည္နယ္၊ ကလဲေမာင့္ထ္ခရိုင္၊ သူေသေကာင္ေကြ႔

အမွတ္ ၂၂၂ လမ္းမႏွင့္ ျပည္ေထာင္စုလမ္းမၾကီး (SR) ၁၂၅ တို႔ ဆံုရာ လမ္းဆံုတြင္ သရဲအလြန္ေျခာက္ေသာ လမ္းေကြ႔တစ္ေနရာ ရွိေနသည္။

ထိုေနရာတြင္ ေၾကာက္မက္ဖြယ္ ယာဥ္တိုက္မႈၾကီးတစ္ခုျဖစ္ပြားျပီးေနာက္ပိုင္း ႏွစ္ေပါင္းမ်ားစြာ ကာလတစ္ေလွ်ာက္ ေျခာက္လွန္႔မႈမ်ား မၾကာခဏ ျဖစ္ေပၚလာျခင္း ျဖစ္သည္။

၁၉၆၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္တြင္ အဆိုပါလမ္းေကြ႔ေနရာ၌ ၁၉၆၈ ခုႏွစ္ထုတ္ 68 Impala ခ်က္ဗလက္ ကားတစ္စီးႏွင့္ ၁၉၆၉ ခုႏွစ္ထုတ္ 69 Impala ခ်က္ဗလက္ကားတို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာ ၅ ဦးေသဆံုးျပီး ၁ ဦးသာ အသက္ရွင္ခဲ့သည္။

ေၾကကြဲဖြယ္ရာ ယာဥ္တိုက္မႈျဖစ္ရပ္ၾကီးေနာက္ပိုင္း ထိုေနရာကို ျဖတ္သန္းသြားလာသူတို႔သည္ ေခါင္းျပတ္တေစၦကို မၾကာခဏ ေတြ႔ျမင္ရျခင္းမ်ား ျဖစ္လာသည္။

မ်က္ျမင္ၾကံဳေတြ႔ခဲ့သူတို႔၏ ေျပာၾကားခ်က္အရ လူငယ္တစ္ဦးသည္ ကားၾကံဳစီးရန္ လမ္းေဘးမွ လက္ျပေနျခင္းကို ေတြ႔ရေလ့ရွိသည္ဟု ဆိုသည္။ အမ်ားအားျဖင့္ အကာလ ညအခါမ်ားတြင္ ျဖစ္သည္။ သူ၏ အနီးတြင္ ကားရပ္ေပးလိုက္ခ်ိန္တြင္ကား မ်က္ႏွာမရွိသည္ကို တုန္လႈပ္ဖြယ္ရာ ေတြ႔ၾကရသည္ဟု ဆို၏။

(၄) Bloods Point လမ္း

သူေသေကာင္ေကြ႔ႏွင့္ မ်ားစြာအလားတူသည့္ အျခားေနရာတစ္ခုမွာ အေမရိကန္ျပည္ေထာင္စု၊ အီလီႏြိဳက္စ္ျပည္နယ္၊ ဘူနီခရိုင္တြင္ရွိေသာ လမ္းဆံုတစ္ခု ျဖစ္သည္။

ေျခာက္လွန္႔မႈမ်ားႏွင့္ ရင္ဆိုင္ရမည့္ေနရာကား Bloods Point လမ္းမတြင္ ျဖစ္သည္။

မ်က္ျမင္ၾကံဳေတြ႔ရသူတို႔၏ ေျပာၾကားခ်က္အရ ပရေလာကျဖစ္ရပ္ဆန္း မ်ားစြာေတြ႔ၾကံဳခဲ့ရသည္ဟု ဆိုသည္။

အနီးဝန္းက်င္ျမိဳ ႔မ်ားတြင္ ေနထိုင္ေသာေဒသခံတို႔က ေျပာၾကားရာတြင္ ထိုေနရာတြင္ ယခင္က ျဖစ္ေပၚခဲ့ဖူးေသာ အေၾကာင္းရပ္မ်ားစြာေၾကာင့္ ယခုကဲ့သို႔ ျဖစ္ရပ္မ်ား ေပၚေပါက္ေနျခင္းျဖစ္သည္ဟု ဆိုသည္။

မိမိကိုယ္ကိုယ္ အဆံုးစီရင္မႈမ်ား၊ လက္စားေခ်ကာ ၾကိဳးဆြဲခ်သတ္ျဖတ္ျခင္းမ်ား၊ လူသတ္မႈမ်ား ထိုေဒသတြင္ျဖစ္ပြားခဲ့သည္။ ထို႔အျပင္ လမ္းဆံုအနီးတြင္ စံုးမတစ္ဦးေနထိုင္ခဲ့ျပီး ထိုေနရာကို က်ိန္စာတိုက္ထားခဲ့သည္ဟု ဆိုသည္။

(၅) Stocksbridge ျမိဳ ႔ေရွာင္လမ္း၊ အဂၤလန္

အဂၤလန္ရွိ Stocksbridge ျမိဳ ႔ေရွာင္လမ္းသည္ ႏွစ္ေပါင္းမ်ားစြာကာလအတြင္း အေျပာင္းအလဲမ်ားစြာ ျဖစ္ေပၚခဲ့သည္။

ယခင္က ထိုလမ္းသည္ အဂၤလန္၏နာမည္ေက်ာ္ M67 အေဝးေျပးလမ္းမၾကီး၏ လမ္းပိုင္းတစ္ခု ျဖစ္ခဲ့သည္။ ေနာက္ပိုင္းတြင္ကား ႏွစ္လမ္းသြား ကားလမ္းအျဖစ္ အဆင့္ေလွ်ာ့ခ်လိုက္ျပီး ထိုေနာက္တဖန္ ႏွစ္အနည္းငယ္အၾကာတြင္ တစ္လမ္းသြားလမ္းအျဖစ္သာ တည္ရွိေနေတာ့သည္။

အဆိုပါလမ္းပိုင္းကို ၁၉၈၉ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးခဲ့ျပီး Stocksbridge ၏ ေျမာက္ဘက္စြန္းပိုင္းတြင္ တည္ရွိကာ တိတ္ဆိတ္လွေသာ ေတာင္ၾကားတစ္ခုတြင္ တည္ရွိသည္။

ေဒသခံတို႔၏ ေျပာၾကားခ်က္အရ ထိုေနရာတြင္ ပရေလာကျဖစ္ရပ္ဆန္းမ်ားစြာ ေတြ႔ၾကံဳရသည္ဟု ဆိုသည္။

ညဥ့္သန္းေခါင္အခ်ိန္ၾကီးတြင္ လမ္းမေပၚ ၌ အလြန္ငယ္ရြယ္လွေသာ ကေလးငယ္မ်ား ေဆာ့ကစားေနသည္ကို ေတြ႔ရေလ့ရွိသည္။

အဆိုပါေနရာရွိ တံတားတစ္ခုေပၚတြင္ ဘုန္းေတာ္ၾကီးတစ္ပါး မတ္တပ္ရပ္ေနကာ လူတို႔အားစိုက္ၾကည့္ေနသည္ကို ေတြ႔ခဲ့ရေၾကာင္း သတင္းမ်ားေပၚေပါက္လာအျပီး ထိုေနရာ၏ ပရေလာကျဖစ္ရပ္မ်ားကို ပထမဆံုး တရားဝင္စံုစမ္းစစ္ေဆးေလ့လာမႈမ်ား ေပၚေပါက္ခဲ့သည္။

ေျခာက္ျခားဖြယ္အေကာင္းဆံုးျဖစ္ရပ္ကား လူအခ်ဳိ ႔၏ ေျပာၾကားခ်က္အရ အဆိုပါဘုန္းေတာ္ၾကီးသည္ ထိုလမ္းေနရာကို ကားျဖတ္သန္းေနစဥ္အတြင္း ၎တို႔၏ ကားေပၚတြင္ ထိုင္လ်က္ပါလာသည္ကို ေတြ႔ၾကံဳရင္ဆိုင္ၾကရျခင္းျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Most haunted roads in the world (Outdoorrevival)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service