လူဦးရေးများသည့် မြို့ကြီးများတွင် ပြည်သူ့အငှားအိမ်ယာ ယူနစ် တစ်သောင်းဆောက်ရန် စီမံထားဟု ပြည်ထောင်စုဝန်ကြီးပြော

လူဦးရေးများသည့် မြို့ကြီးများတွင် ပြည်သူ့အငှားအိမ်ယာ ယူနစ် တစ်သောင်းဆောက်ရန် စီမံထားဟု ပြည်ထောင်စုဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
10 Aug 2020 10:52 am တွင် တင်ခဲ့သည်
2793 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လူဦးရေများသော မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ပြည်သူ့အငှားအိမ်ရာ ၁၀,၀၀၀ ယူနစ် ဆောက်လုပ်ဖြည့်ဆည်းပေးရန် စီမံထားသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကပြောသည်။

အိမ်ရာမဲ့များ တိုးပွားလာနိုင်ခြင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝကို ကာကွယ်နိုင်ရန်နှင့် ဆောက်လုပ်ရေးကဏ္ဍမှ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက်ဖြစ်သည်ဟု ဝန်ကြီးကဆိုသည်။

အလုပ်အကိုင် အခွင့်အလမ်းပေါများသည့် မြို့ကြီးများတွင် အိမ်ရာလိုအပ်ချက် မြင့်မား လေ့ရှိသည်ဟု ဝန်ကြီးကဆိုသည်။ ထိုကြောင့် ဝင်ငွေနည်း ပြည်သူများအတွက် လုံခြုံစိတ်ချရသည့်၊ သွားလာရေး လွယ်ကူပြီး ငှားရမ်းခသက်သာသည့် အိမ်ရာများတွင် နေထိုင်ခွင့်ဖန်တီးပေးနိုင်လျှင် အိမ်ခြေရာမဲ့ တိုးပွားလာမှုများ ထိန်းကျောင်းနိုင်မည်ဟု ဝန်ကြီးကပြောသည်။

ပြည်သူ့အငှားအိမ်ရာများ အကောင်အထည်ဖော်ရာတွင် ရေ၊ မီး၊ လမ်း၊ အခြေခံအဆောက်အအုံများ ပြည့်စုံစေရန်အပြင် အိမ်ရာနေသူများ၏ လူမှုရေး လိုအပ်ချက် ဖြစ်သည့် ဈေး၊ ကျောင်း၊ ဆေးခန်း၊ အားကစားကွင်းနှင့် ပန်းခြံ စသည်များကိုလည်း ဖြည့်ဆည်းပေးမည်ဖြစ်သည်ဟု ဝန်ကြီးကပြောသည်။ အငှားအိမ်ရာ ဈေးကွက်တွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်သည့် အစီအမံများကိုဆောင်ရွက်သွားမည်ဟုဆိုသည်။

ဤစီမံကိန်းများကို Private Finance Initiative စနစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီ အသင်းအဖွဲ့များမှ ဦးစွာပထမ ငွေကြေးအရင်းအနှီး စိုက်ထုတ်၍ တည်ဆောက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် ပိုလျှံလာမည့် ဘတ်ဂျက်ထဲမှ ပြန်လည်ပေးချေမည့် စနစ်ဖြင့် အကောင်အထည်ဖော်သွားမည်ဟုဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ ကျွန်မတို့ ဒီအိမ်ရာစီမံကိန်းတွေ စတင် ဆောင်ရွက်နိုင်တာကို အင်မတန်မှ ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက်ပါ။ ပြောရရင် ပထမဦးဆုံး စားရေးကတော့ အရေးအကြီးဆုံး ပေါ့။ လူတိုင်း လူတိုင်းဟာ နေ့တိုင်းနေ့တိုင်း ဝဝလင်လင်စားချင်ကြတယ်။ နောက်ပြီးတော့ ဝတ်ရေးဆိုတာကတော့ ကိုယ့်ရဲ့သိက္ခာနဲ့ ကိုက်ညီအောင်လို့ ဝတ်နေကြတယ်။ နောက် နေရေးကတော့ အဲဒီတစ်ခုလုံးနဲ့အတူတူ အရေးကြီးတာဖြစ်ပါတယ်။ ကိုယ်နေနိုင်တဲ့ အိမ်တစ်ခုမှာ နေကြရတာပါ။ အားလုံးဟာ ကိုယ်လုံခြုံတဲ့နေရာ၊ အေးအေးဆေးဆေး ကိုယ့်မိသားစုနေနိုင်တဲ့ နေရာကိုလိုချင်ကြတာပဲ ဖြစ်ပါတယ်။”ဟုဆိုသည်။

ပြည်သူ့အငှားအိမ်ရာစနစ်ကို မြန်မာနိုင်ငံတွင် ၁၉၅၁ ခုနှစ်ကပင် ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ထိုစနစ်သည် ဝန်ထမ်းများ၊ ပြည်သူများ အပါအဝင် ဝင်ငွေနည်းပြည်သူများကို ဈေးကွက်တွင် ရှိသည့် ငှားရမ်းခထက်များစွာ သက်သာသည့်နှုန်းထားနှင့် ငှားရမ်းနေထိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ပါလီမန်ဒီမိုကရေစီခေတ်တွင် အိမ်ခန်းပေါင်း ၉,၀၀၀ ကျော်၊ ဆိုရှယ်လစ် ခေတ်တွင် အိမ်ခန်းပေါင်း ၁၁,၀၀၀ ကျော်နှင့် ဒီမိုကရေစီ အစိုးရလက်ထက်တွင် အိမ်ခန်း ပေါင်း ၁၄,၀၀၀ ကျော် ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အငှားအိမ်ရာလိုအပ်ချက်တွင် မြင့်မားနေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

လူဦးေရးမ်ားသည့္ ၿမိဳ႕ႀကီးမ်ားတြင္ ျပည္သူ႔အငွားအိမ္ယာ ယူနစ္ တစ္ေသာင္းေဆာက္ရန္ စီမံထားဟု ျပည္ေထာင္စုဝန္ႀကီးေျပာ

 လူဦးေရမ်ားေသာ ၿမိဳ႕ႀကီးမ်ားျဖစ္သည့္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္တို႔တြင္ ျပည္သူ႔အငွားအိမ္ရာ ၁၀,၀၀၀ ယူနစ္ ေဆာက္လုပ္ျဖည့္ဆည္းေပးရန္ စီမံထားသည္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္ ကေျပာသည္။

အိမ္ရာမဲ့မ်ား တိုးပြားလာႏိုင္ျခင္း၊ ျပည္သူမ်ား၏ လူမႈစီးပြားဘဝကို ကာကြယ္ႏိုင္ရန္ႏွင့္ ေဆာက္လုပ္ေရးက႑မွ တစ္ဆင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္ေရးတို႔အတြက္ျဖစ္သည္ဟု ဝန္ႀကီးကဆိုသည္။

အလုပ္အကိုင္ အခြင့္အလမ္းေပါမ်ားသည့္ ၿမိဳ႕ႀကီးမ်ားတြင္ အိမ္ရာလိုအပ္ခ်က္ ျမင့္မား ေလ့ရွိသည္ဟု ဝန္ႀကီးကဆိုသည္။ ထိုေၾကာင့္ ဝင္ေငြနည္း ျပည္သူမ်ားအတြက္ လုံၿခဳံစိတ္ခ်ရသည့္၊ သြားလာေရး လြယ္ကူၿပီး ငွားရမ္းခသက္သာသည့္ အိမ္ရာမ်ားတြင္ ေနထိုင္ခြင့္ဖန္တီးေပးႏိုင္လွ်င္ အိမ္ေျခရာမဲ့ တိုးပြားလာမႈမ်ား ထိန္းေက်ာင္းႏိုင္မည္ဟု ဝန္ႀကီးကေျပာသည္။

ျပည္သူ႔အငွားအိမ္ရာမ်ား အေကာင္အထည္ေဖာ္ရာတြင္ ေရ၊ မီး၊ လမ္း၊ အေျခခံအေဆာက္အအုံမ်ား ျပည့္စုံေစရန္အျပင္ အိမ္ရာေနသူမ်ား၏ လူမႈေရး လိုအပ္ခ်က္ ျဖစ္သည့္ ေဈး၊ ေက်ာင္း၊ ေဆးခန္း၊ အားကစားကြင္းႏွင့္ ပန္းၿခံ စသည္မ်ားကိုလည္း ျဖည့္ဆည္းေပးမည္ျဖစ္သည္ဟု ဝန္ႀကီးကေျပာသည္။ အငွားအိမ္ရာ ေဈးကြက္တြင္ ပုဂၢလိက ရင္းႏွီးျမွဳပ္ႏွံမႈကို ဖိတ္ေခၚႏိုင္သည့္ အစီအမံမ်ားကိုေဆာင္႐ြက္သြားမည္ဟုဆိုသည္။

ဤစီမံကိန္းမ်ားကို Private Finance Initiative စနစ္ျဖင့္ ပုဂၢလိကကုမၸဏီ အသင္းအဖြဲ႕မ်ားမွ ဦးစြာပထမ ေငြေၾကးအရင္းအႏွီး စိုက္ထုတ္၍ တည္ေဆာက္ၿပီး ႏိုင္ငံေတာ္ အစိုးရအေနျဖင့္ ပိုလွ်ံလာမည့္ ဘတ္ဂ်က္ထဲမွ ျပန္လည္ေပးေခ်မည့္ စနစ္ျဖင့္ အေကာင္အထည္ေဖာ္သြားမည္ဟုဆိုသည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က “ ကြၽန္မတို႔ ဒီအိမ္ရာစီမံကိန္းေတြ စတင္ ေဆာင္႐ြက္ႏိုင္တာကို အင္မတန္မွ ေက်နပ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္မတို႔ျပည္သူေတြရဲ႕ စားဝတ္ေနေရးအတြက္ပါ။ ေျပာရရင္ ပထမဦးဆုံး စားေရးကေတာ့ အေရးအႀကီးဆုံး ေပါ့။ လူတိုင္း လူတိုင္းဟာ ေန႔တိုင္းေန႔တိုင္း ဝဝလင္လင္စားခ်င္ၾကတယ္။ ေနာက္ၿပီးေတာ့ ဝတ္ေရးဆိုတာကေတာ့ ကိုယ့္ရဲ႕သိကၡာနဲ႔ ကိုက္ညီေအာင္လို႔ ဝတ္ေနၾကတယ္။ ေနာက္ ေနေရးကေတာ့ အဲဒီတစ္ခုလုံးနဲ႔အတူတူ အေရးႀကီးတာျဖစ္ပါတယ္။ ကိုယ္ေနႏိုင္တဲ့ အိမ္တစ္ခုမွာ ေနၾကရတာပါ။ အားလုံးဟာ ကိုယ္လုံၿခဳံတဲ့ေနရာ၊ ေအးေအးေဆးေဆး ကိုယ့္မိသားစုေနႏိုင္တဲ့ ေနရာကိုလိုခ်င္ၾကတာပဲ ျဖစ္ပါတယ္။”ဟုဆိုသည္။

ျပည္သူ႔အငွားအိမ္ရာစနစ္ကို ျမန္မာႏိုင္ငံတြင္ ၁၉၅၁ ခုႏွစ္ကပင္ က်င့္သုံးခဲ့ျခင္း ျဖစ္သည္။ ထိုစနစ္သည္ ဝန္ထမ္းမ်ား၊ ျပည္သူမ်ား အပါအဝင္ ဝင္ေငြနည္းျပည္သူမ်ားကို ေဈးကြက္တြင္ ရွိသည့္ ငွားရမ္းခထက္မ်ားစြာ သက္သာသည့္ႏႈန္းထားႏွင့္ ငွားရမ္းေနထိုင္ခြင့္ေပးခဲ့ျခင္း ျဖစ္သည္။

ပါလီမန္ဒီမိုကေရစီေခတ္တြင္ အိမ္ခန္းေပါင္း ၉,၀၀၀ ေက်ာ္၊ ဆိုရွယ္လစ္ ေခတ္တြင္ အိမ္ခန္းေပါင္း ၁၁,၀၀၀ ေက်ာ္ႏွင့္ ဒီမိုကေရစီ အစိုးရလက္ထက္တြင္ အိမ္ခန္း ေပါင္း ၁၄,၀၀၀ ေက်ာ္ ေဆာက္လုပ္ေပးခဲ့ၿပီး ျဖစ္သည္။ သို႔ေသာ္လည္း အငွားအိမ္ရာလိုအပ္ခ်က္တြင္ ျမင့္မားေနဆဲျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service