ကလေးငယ်များ Covid 19 ရောဂါပြီးသည်ဟု ထရမ့် ပြောထားသည့် ဖေ့စ်ဘုတ်ဗွီဒီယို ဖြုတ်ချခံရ
ကလေးငယ်များ Covid 19 ရောဂါပြီးသည်ဟု ထရမ့် ပြောထားသည့် ဖေ့စ်ဘုတ်ဗွီဒီယို ဖြုတ်ချခံရ - Property News in Myanmar from iMyanmarHouse.com
7 Aug 2020 12:20 pm တွင် တင်ခဲ့သည်
780 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဖေ့စ်ဘုတ်၊ တွစ်တာနှင့် YouTube တို့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တင်ခဲ့သော ဗွီဒီယိုဖိုင်တွင် Covid 19 အချက်အလက်မှားများပါနေသည်ဟုဆိုကာ ဖြုတ်ချခံလိုက်ရသည်။
ထရမ့်၏ ဗွီဒီယိုဖိုင်ကို ဖေ့စ်ဘုတ်က ဗုဒ္ဓဟူးနေ့တွင် ဖြုတ်ချလိုက်ခြင်းဖြစ်ပြီး ကုမ္ပဏီက ထုတ်ပြန်ရာတွင် ကိုရိုနာဗိုင်းရပ်စ် အချက်အလက်မှားများ ဖြန့်ဝေမှုတားမြစ်သည့် စည်းမျဉ်းများကို ချိုးဖောက်သောကြောင့်ဖြစ်သည်ဟု ထုတ်ပြန်သည်။
အဆိုပါဗွီဒီယိုမှာ Fox & Friends နှင့် ထရမ့်တို့၏ တွေ့ဆုံမေးမြန်းခန်းဖြစ်ပြီး အဆိုပါဗွီဒီယိုအတွင်း ထရမ့်က ပြောကြားထားသည်မှာ ကလေးငယ်များသည် COVID-19 ရောဂါပြီးသလောက်ရှိကြောင်း ပြောကြားထားခြင်း ဖြစ်သည်။
“လူအုပ်စုတစ်ခုဟာ covid 19 ရောဂါပြီးတယ်ဆိုတဲ့ အချက်အလက်အမှား ဒီဗွီဒီယိုမှာ ပါနေပါတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့ covid အချက်အလက်အမှားတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ချမှတ်ထားတဲ့ မူဝါဒတွေကို ချိုးဖောက်မှုတစ်ခု ဖြစ်ပါတယ်” ဟု ဖေ့စ်ဘုတ်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
တွစ်တာလူမှုကွန်ရက်တွင်လည်း The Trump campaign က ဖွင့်လှစ်ထားသော @TeamTrump အကောင့်က အဆိုပါ ဗွီဒီယိုကိုလွှင့်တင်ခဲ့ပြီး ထရမ့်က ပြန်လည်မျှဝေထားမှုကို တွစ်တာက ၎င်းတို့၏ COVID-19 သတင်းအချက်အလက်မှားများ တားဆီးမှုစည်းမျဉ်းကို ချိုးဖောက်သည်ဟုဆိုကာ အဆိုပါဗွီဒီယိုကို အခြားသူများ မမြင်ရစေရန် ဖုံးကွယ်ခြင်း(hidden)ပြုလုပ်ခဲ့သည်။
တွစ်တာပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားရာတွင် @TeamTrump အကောင့်ပိုင်ရှင်အနေဖြင့် အခြားသော tweet တစ်ခု မလုပ်မီတွင် အဆိုပါ ဗွီဒီယိုပါဝင်သည့် tweet ကို အရင်ဖယ်ရှားရန် လိုအပ်သည်ဟု ပြောကြားသည်။
YouTube ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင်လည်း အဆိုပါဗွီဒီယိုကို COVID-19 သတင်းအချက်အလက်မှားများဆိုင်ရာ စည်းမျဉ်းချိုးဖောက်သည့်အတွက် ဖြုတ်ချခဲ့ကြောင်း ပြောကြားသည်။
သို့သော် ထရမ့်နှင့် တွေ့ဆုံမေးမြန်းထားသည့် မူရင်းအင်တာဗျူး ဗွီဒီယိုဖိုင်မှာမူ Fox News ၏ YouTube စာမျက်နှာတွင် ရှိနေဆဲ ဖြစ်သည်။
မည်သည့်ဗွီဒီယိုများကို ဖြုတ်ချခဲ့သည်ဟူသည်နှင့် စပ်လျဉ်းပြီး YouTube က ရှင်းလင်းစွာ ထုတ်ပြန်ခဲ့ခြင်း မရှိချေ။
The Trump campaign က စွပ်စွဲရာတွင် အဆိုပါကုမ္ပဏီများသည် သမ္မတအပေါ် ဦးတည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း စွပ်စွဲပြီး သမ္မတအနေဖြင့် အချက်အလက်တစ်ခုကို ဖော်ပြပြောကြားခဲ့ခြင်းသာဖြစ်သည်ဟု တုံ့ပြန်ထားသည်။
“လူမှုကွန်ရက်ကုမ္ပဏီတွေဟာ အမှန်တရားရဲ့ ဒိုင်လူကြီးတွေ မဟုတ်ပါဘူး” ဟု The Trump campaign ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကော့တနေး ပါရဲလားက ပြောကြားသည်။
ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဌာန (CDC) ၏ ထုတ်ပြန်ချက်အရ လူကြီးများသည် COVID-19 ပိုမိုဖြစ်ပွားလေ့ရှိသော်လည်း ကလေးငယ်များ (မွေးခါစမှ အသက် ၁၁ နှစ်အထိ) အရွယ်များတွင်လည်း COVID-19 ကူးစက်ခံရခြင်း ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထံမှတဆင့် အခြားသူများထံ ကူးစက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Facebook, Twitter, YouTube pull Trump posts over coronavirus misinformation (REUTERS)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service