ဟောင်ကောင်တွင် လူနေပြီး နေအိမ်ပိုင်ရှင်များ အရှုံးခံရောင်းထုတ်လာကြရ

ဟောင်ကောင်တွင် လူနေပြီး နေအိမ်ပိုင်ရှင်များ အရှုံးခံရောင်းထုတ်လာကြရ - Property News in Myanmar from iMyanmarHouse.com
6 Aug 2020 12:14 pm တွင် တင်ခဲ့သည်
643 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောင်ကောင်တွင် ဝယ်လက်တို့မှာ အသစ်ရောင်းချလာသည့် စီမံကိန်းသစ်များကိုသာ အာရုံကျလာရာ လူနေထိုင်ပြီး နေအိမ်ခန်းများ၏ ဝယ်လိုအား ပျောက်ဆုံးနေသောကြောင့် နေအိမ်ခန်းဟောင်း ပိုင်ရှင်များမှာ အရှုံးခံကာ ရောင်းထုတ်လာနေကြရသည်။

ဟောင်ကောင်တွင် အဓိကအိမ်ရာကြီး ၁၀ ခုရှိရာ ပြီးခဲ့သော စနေ၊ တနင်္ဂနွေနေ့များတွင် အခန်း ၅ ခန်းမှာ ၆ လအတွင်း အနိမ့်ဆုံးဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း Midland Realty က ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြသည်။

Ricacorp Properties က ထုတ်ပြန်သော အချက်အလက်များတွင်မူ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အိမ်ရာပေါင်း ၅၀ တွင် အရောင်းအဝယ် ၉၃ ခုဖြစ်ခဲ့ရာ ဖေဖော်ဝါရီလနောက်ပိုင်း အနိမ့်ဆုံးဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အစိုးရက လူစုလူဝေးပြုလုပ်မှုနဲ့ ပတ်သက်ပြီး ဖြေလျှော့မှုတွေ လုပ်ပေးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်မှာ ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေမှာ တိုးတက်မှုတွေရှိလာပေမယ့် ဇူလိုင်လအစောပိုင်းမှာ ဟောင်ကောင်မှာ တတိယလှိုင်းပေါ်ပေါက်လာတာကြောင့် အပြုသဘောဆောင်တဲ့အချက်အလက်တွေ ပျောက်ကွယ်သွားခဲ့ပါတယ်” ဟု Ricacorp Properties ၏ သုတေသနအကြီးအကဲ ဒဲရက်ခ်ချန်းက ပြောကြားသည်။

ဟောင်ကောင်တွင် အိမ်ခြံမြေဝယ်လက်များနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ ဦးတည်ချက်လားရာအရွေ့၊ ကမ္ဘာ့အိမ်ခြံမြေဈေးအကြီးဆုံးနေရာ အဖြစ် ၁၀ နှစ်ဆက်တိုက် ရပ်တည်ခဲ့မှု အစရှိသောအချက်တို့က ယခုနှစ်အတွင်း အိမ်ခြံမြေဈေးကွက်သို့ လူနေခန်းသစ်ပေါင်း ၃၀၀၀ မှ ၄၀၀၀၀ အကြား ဈေးကွက်တင်ရန် ရှိနေသော အိမ်ခြံမြေ developer တို့အတွက်မူ အသက်ရှုချောင်စေမည့် အချက်တစ်ခု ဖြစ်နေသည်။

ပြီးခဲ့သော သီတင်းပတ်ကုန်ရက်များက Henderson Land Development သည် Seacoast Royale စီမံကိန်းမှ အခန်းများကို ရောင်းချရာ ဝယ်လက် ၄၆ ဦးက ရနိုင်သမျှ အခန်းတိုင်းကို ဝယ်ယူကြရာ အခန်း ၁၈၅ ခန်းလုံး ရောင်းထွက်သွားခဲ့သည်။

ဟောင်ကောင်ရှိ Kowloon အရပ်မှ The Waterfront အိမ်ရာတွင်ရှိသော စတုရန်းပေ ၉၃၁ ရှိသည့်အခန်းတစ်ခန်းကို ဈေးကွက်ပေါက်ဈေးအောက် ၅ ရာခိုင်နှုန်း နည်းပါးသည့်ဈေးနှုန်းဖြစ်သော ဟောင်ကောင်ဒေါ်လာ ၁၉ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၂ ဒသမ ၅၂ သန်း) ဖြင့် ရောင်းထွက်သွားခဲ့သည်။ ပိုင်ရှင်က ဈေးကွက်အခြေအနေမကောင်းဟု တွက်ဆကာ ခေါ်ဈေးမှ ဟောင်ကောင်ဒေါ်လာ ၄ ဒသမ ၃ သန်းလျှော့ချပြီး ရောင်းချလိုက်ခြင်း ဖြစ်သည်။

“ဇူလိုင်လလယ်မှာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေဆိုးရွားမှု မြန်ဆန်လာတာကြောင့် အိမ်ပိုင်ရှင်တွေဟာ ဈေးတွေပိုပြီးလျှော့ချလာကြ ပါတယ်” ဟု Centaline အိမ်ခြံမြေအေဂျင်စီမှ branch manager ဖြစ်သူ ဗစ်တာဝူက ပြောကြားသည်။

လာမည့် ၄ လတာကာလအတွင်း လူနေခန်းသစ်ပေါင်း ၄၀၀၀ နှင့်အထက် ဈေးကွက်သို့ ဝင်လာဖွယ်ရှိနေရာ ဟောင်ကောင်တွင် အရှုံးခံရောင်းချသည့် ဖြစ်ရပ်များ ဆက်လက်မြင့်မားလာနေသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hong Kong’s pre-owned home sales dry up, forcing many owners to settle for losses as capital shifts to new abodes (SCMP)

[Zawgyi]

ေဟာင္ေကာင္တြင္ လူေနျပီး ေနအိမ္ပိုင္ရွင္မ်ား အရံႈးခံေရာင္းထုတ္လာၾကရ

ေဟာင္ေကာင္တြင္ ဝယ္လက္တို႔မွာ အသစ္ေရာင္းခ်လာသည့္ စီမံကိန္းသစ္မ်ားကိုသာ အာရံုက်လာရာ လူေနထိုင္ျပီး ေနအိမ္ခန္းမ်ား၏ ဝယ္လိုအား ေပ်ာက္ဆံုးေနေသာေၾကာင့္ ေနအိမ္ခန္းေဟာင္း ပိုင္ရွင္မ်ားမွာ အရံႈးခံကာ ေရာင္းထုတ္လာေနၾကရသည္။

ေဟာင္ေကာင္တြင္ အဓိကအိမ္ရာၾကီး ၁၀ ခုရွိရာ ျပီးခဲ့ေသာ စေန၊ တနဂၤေႏြေန႔မ်ားတြင္ အခန္း ၅ ခန္းမွာ ၆ လအတြင္း အနိမ့္ဆံုးေစ်းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ေၾကာင္း Midland Realty က ထုတ္ျပန္ေသာ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

Ricacorp Properties က ထုတ္ျပန္ေသာ အခ်က္အလက္မ်ားတြင္မူ ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း အိမ္ရာေပါင္း ၅၀ တြင္ အေရာင္းအဝယ္ ၉၃ ခုျဖစ္ခဲ့ရာ ေဖေဖာ္ဝါရီလေနာက္ပိုင္း အနိမ့္ဆံုးေစ်းမ်ားျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

“အစိုးရက လူစုလူေဝးျပဳလုပ္မႈနဲ႔ ပတ္သက္ျပီး ေျဖေလွ်ာ့မႈေတြ လုပ္ေပးခဲ့တဲ့ ဇြန္လကုန္ပိုင္းေလာက္မွာ ဗိုင္းရပ္စ္ကူးစက္မႈ အေျခအေနမွာ တိုးတက္မႈေတြရွိလာေပမယ့္ ဇူလိုင္လအေစာပိုင္းမွာ ေဟာင္ေကာင္မွာ တတိယလိႈင္းေပၚေပါက္လာတာေၾကာင့္ အျပဳသေဘာေဆာင္တဲ့အခ်က္အလက္ေတြ ေပ်ာက္ကြယ္သြားခဲ့ပါတယ္” ဟု Ricacorp Properties ၏ သုေတသနအၾကီးအကဲ ဒဲရက္ခ္ခ်န္းက ေျပာၾကားသည္။

ေဟာင္ေကာင္တြင္ အိမ္ျခံေျမဝယ္လက္မ်ားႏွင့္ ရင္းႏွီးျမွဳပ္ႏွံသူတို႔၏ ဦးတည္ခ်က္လားရာအေရြ ႔၊ ကမၻာ့အိမ္ျခံေျမေစ်းအၾကီးဆံုးေနရာ အျဖစ္ ၁၀ ႏွစ္ဆက္တိုက္ ရပ္တည္ခဲ့မႈ အစရွိေသာအခ်က္တို႔က ယခုႏွစ္အတြင္း အိမ္ျခံေျမေစ်းကြက္သို႔ လူေနခန္းသစ္ေပါင္း ၃၀၀၀ မွ ၄၀၀၀၀ အၾကား ေစ်းကြက္တင္ရန္ ရွိေနေသာ အိမ္ျခံေျမ developer တို႔အတြက္မူ အသက္ရႈေခ်ာင္ေစမည့္ အခ်က္တစ္ခု ျဖစ္ေနသည္။

ျပီးခဲ့ေသာ သီတင္းပတ္ကုန္ရက္မ်ားက Henderson Land Development သည္ Seacoast Royale စီမံကိန္းမွ အခန္းမ်ားကို ေရာင္းခ်ရာ ဝယ္လက္ ၄၆ ဦးက ရႏိုင္သမွ် အခန္းတိုင္းကို ဝယ္ယူၾကရာ အခန္း ၁၈၅ ခန္းလံုး ေရာင္းထြက္သြားခဲ့သည္။

ေဟာင္ေကာင္ရွိ Kowloon အရပ္မွ The Waterfront အိမ္ရာတြင္ရွိေသာ စတုရန္းေပ ၉၃၁ ရွိသည့္အခန္းတစ္ခန္းကို ေစ်းကြက္ေပါက္ေစ်းေအာက္ ၅ ရာခိုင္ႏႈန္း နည္းပါးသည့္ေစ်းႏႈန္းျဖစ္ေသာ ေဟာင္ေကာင္ေဒၚလာ ၁၉ ဒသမ ၅ သန္း (ကန္ေဒၚလာ ၂ ဒသမ ၅၂ သန္း) ျဖင့္ ေရာင္းထြက္သြားခဲ့သည္။ ပိုင္ရွင္က ေစ်းကြက္အေျခအေနမေကာင္းဟု တြက္ဆကာ ေခၚေစ်းမွ ေဟာင္ေကာင္ေဒၚလာ ၄ ဒသမ ၃ သန္းေလွ်ာ့ခ်ျပီး ေရာင္းခ်လိုက္ျခင္း ျဖစ္သည္။

“ဇူလိုင္လလယ္မွာ ကိုရိုနာဗိုင္းရပ္စ္ အေျခအေနဆိုးရြားမႈ ျမန္ဆန္လာတာေၾကာင့္ အိမ္ပိုင္ရွင္ေတြဟာ ေစ်းေတြပိုျပီးေလွ်ာ့ခ်လာၾက ပါတယ္” ဟု Centaline အိမ္ျခံေျမေအဂ်င္စီမွ branch manager ျဖစ္သူ ဗစ္တာဝူက ေျပာၾကားသည္။

လာမည့္ ၄ လတာကာလအတြင္း လူေနခန္းသစ္ေပါင္း ၄၀၀၀ ႏွင့္အထက္ ေစ်းကြက္သို႔ ဝင္လာဖြယ္ရွိေနရာ ေဟာင္ေကာင္တြင္ အရံႈးခံေရာင္းခ်သည့္ ျဖစ္ရပ္မ်ား ဆက္လက္ျမင့္မားလာေနသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hong Kong’s pre-owned home sales dry up, forcing many owners to settle for losses as capital shifts to new abodes (SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service