ငွေမဲဖြင့် အိမ်ခြံမြေကားစသည့် ပစ္စည်းများဝယ်ယူရာတွင် အခွန်အနည်းဆုံး ၆ ရာခိုင်နှုန်းမှစတင်၍ အလွှာလိုက်သာ ကောက်သင့်ရန် လွှတ်တော်သို့ တင်သွင်း

ငွေမဲဖြင့် အိမ်ခြံမြေကားစသည့် ပစ္စည်းများဝယ်ယူရာတွင် အခွန်အနည်းဆုံး ၆ ရာခိုင်နှုန်းမှစတင်၍ အလွှာလိုက်သာ ကောက်သင့်ရန် လွှတ်တော်သို့ တင်သွင်း - Property News in Myanmar from iMyanmarHouse.com
6 Aug 2020 11:31 am တွင် တင်ခဲ့သည်
835 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိမ်ခြံမြေ၊ကားစသည့် ပစ္စည်းများဝယ်ယူရာတွင် ဝင်ငွေရလမ်းမပြနိုင်ပါကအနိမ့်ဆုံး အခွန် ၆ ရာခိုင်နှုန်း မှစ၍ အလွှာလိုက်သာ ကောက်ခံရန်သတ်မှတ်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက ဩဂုတ် ၅ ရက်တွင် တင်သွင်းလိုက်သည်။

စည်းကျပ်မူမှ လွတ်ကင်းနေသည့် ဝင်ငွေခွန်မဆောင်ထားသည့် ငွေများဖြင့် အိမ်၊ခြံမြေ၊ ကား စသည့် အခြေပြပစ္စည်များဝယ်ယူရာတွင် အခွန်ကောက်ခံမှုကို အလွှာလိုက်သာကောက်ခံသင့်ဟု ကော်မတီက ဆိုသည်။

၎င်းတို့မှာ သိန်းတစ်ထောင်အောက်ကို အခွန် ၆ ရာခိုင်နှုန်း၊ သိန်း သုံးထောင်အောက်ကို ၁၀ ရာခိုင်နှုန်း၊ သိန်း သုံးသောင်းကို ၂၀ ရာခိုင်နှုန်းနှင့် ၎င်းအထက်ကိုသာ အခွန် ၃၀ ရာခိုင်နှုန်းကောက်သင့်သည်ဟုဆိုသည်။

“COVID-19 ကြောင့်ထိခိုက်မှုတွေကြုံတွေ့နေရပါတယ်၊ ဒါကြောင့် စည်းကျပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေခွန်ကို စည်းကျပ်တဲ့အခါ အလွှာလိုက် အခွန်လျော့ချသတ်မှတ်သင့်ပါတယ်။ ဒါကြောင့် ဒီပုဒ်မ ၂၅ ကိုပြင်သင့်ပါတယ်”ဟု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက လွှတ်တော်ကို တင်ပြသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ COVID-19 ထိခိုက်မှုအပေါ် ကုစားနိုင်ရေးနှင့် လူလတ်တန်းစားနှင့်အခြေခံလူတန်းစားများ သက်သာခွင့်ရရန်အတွက်ဖြစ်သည်ဟု ကော်မတီကဆိုသည်။

သို့သော်လည်း နိုင်ငံစီးပွားရေးနှင့် နိုင်ငံတကာသက်ရောက်မှုများကြောင့် ပြင်ဆင်ရန် လိုအပ်ပါ ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထိုနှုန်းထားများကို ပြင်ဆင်နိုင်သည်ဟု ထည့်သွင်းပြဌာန်းရန်လည်း ကော်မတီက ဆိုသည်။

ယခုဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀တွင် အစိုးရက အခွန်မဆောင်ထားသည့် ငွေမဲများဖြင့် အိမ်၊ခြံမြေ၊ကားစသည့် အခြေပြပစ္စည်းများဝယ်ယူရာ၌ အခွန်ကို ၃ ရာခိုင်နှုန်းသတ်မှတ်ထားသည်။ သို့သော်လာမည့် ဘဏ္ဍာနှစ် ၂၀၂၀-၂၁တွင် အိမ်၊ ခြံ၊ မြေ၊ ကား စသော ပစ္စည်းများဝယ်ယူရာတွင် ဝင်ငွေရလမ်းမဖော်ပြနိုင်ပါက ၂၀၂၀ အောက်တိုဘာမှ စတင်ပြီး အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၂၀ပြည့်နှစ်ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်း ပုဒ် ၂၅ တွင် အစိုးရက ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀တွင် ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် ငွေများဖြင့် အိမ်၊ခြံမြေ၊ ကားစသည့် ပစ္စည်းများဝယ်ယူပါက အခွန်သက်သာခွင့်ပေးထားသော်လည်း လာမည့် ဘဏ္ဍာနှစ် ၂၀၂၀-၂၁တွင် ပေးအပ်တော့မည်မဟုတ်ကြောင်း အထက်ပါဥပဒေကြမ်းတွင်ဖော်ပြထားသည်။

ယခုဘဏ္ဍာနှစ်သည် ၂၀၂၀ စက်တင်ဘာလကုန် ပြီးဆုံးမည်ဖြစ်သည်။ အကယ်၍ လွှတ်တော်က ထိုဥပဒေကြမ်းကို ထပ်မံမပြင်ဆင်ပါက ထိုအခွန်နှုန်းထားသည်၂၀၂၀အောက်တိုဘာ ၁ ရက်တွင်စတင် အသက်ဝင်မည်ဖြစ်သည်။

ဝင်ငွေရလမ်းမဖော်ပြထားသည့် ငွေကြေးဆိုသည်မှာ အခွန်မဆောင်ထားသည့် ငွေကြေးဖြစ်သည်။

ယခုဘဏ္ဍာနှစ်တွင် ဝင်ငွေရလမ်းမဖော်ပြထားသည် ငွေကြေးများဖြင့် ဝယ်ယူပါက သိန်းတစ်ထောင်အောက်ကို အခွန် ၃ ရာခိုင်နှုန်း၊ သိန်း သုံးထောင်ထိကို အခွန် ၅ ရာခိုင်နှုန်း၊ သိန်းတစ်သောင်းအထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း သုံးသောင်းအထိကို အခွန် ၁၅ ရာခိုင်နှုန်းနှင့် ထိုအထက်ကို ၃၀ ရာခိုင်နှုန်း စသည့်ဖြင့် အလွှာလိုက် အခွန်ဆောင်ခိုင်းခြင်းဖြစ်သည်။

လာမည့် ဘဏ္ဍာနှစ်တွင် ဝင်ငွေရလမ်းမဖော်ပြသည့် ငွေကြေးများဖြင့် အိမ်၊ခြံမြေ၊ကားစသည့်တိုဝယ်ယူရာတွင် အခွန် ၃၀ ရာခိုင်နှုန်း တပြေးညီဆောင်ရမည်ဖြစ်သည်။

အခွန်နှုန်းထား ဖြေလျှော့ပေးခြင်းသည် ငွေကြေးခဝါချမှု ကို အားပေးသကဲ့သို့ဖြစ်နေပြီး အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် အကဲခတ်ရာတွင်လည်း ရလဒ်ပိုင်း ဆိုးရွားစေခဲ့သဖြင့် အခွန်သက်သာခွင့်ကို ပယ်ဖျက်ရခြင်းဟု စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင် ၁၃ ရက် ပြည်ထောင်စုလွှတ်တော် တွင် ပြောကြားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေငြမဲျဖင့္ အိမ္ျခံေျမကားစသည့္ ပစၥည္းမ်ားဝယ္ယူရာတြင္ အခြန္အနည္းဆုံး ၆ ရာခိုင္ႏႈန္းမွစတင္၍ အလႊာလိုက္သာ ေကာက္သင့္ရန္ လႊတ္ေတာ္သို႔ တင္သြင္း

အိမ္ျခံေျမ၊ကားစသည့္ ပစၥည္းမ်ားဝယ္ယူရာတြင္ ဝင္ေငြရလမ္းမျပႏိုင္ပါကအနိမ့္ဆုံး အခြန္ ၆ ရာခိုင္ႏႈန္း မွစ၍ အလႊာလိုက္သာ ေကာက္ခံရန္သတ္မွတ္သင့္ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒၾကမ္းပူးေပါင္းေကာ္မတီက ဩဂုတ္ ၅ ရက္တြင္ တင္သြင္းလိုက္သည္။

စည္းက်ပ္မူမွ လြတ္ကင္းေနသည့္ ဝင္ေငြခြန္မေဆာင္ထားသည့္ ေငြမ်ားျဖင့္ အိမ္၊ျခံေျမ၊ ကား စသည့္ အေျချပပစၥည္မ်ားဝယ္ယူရာတြင္ အခြန္ေကာက္ခံမႈကို အလႊာလိုက္သာေကာက္ခံသင့္ဟု ေကာ္မတီက ဆိုသည္။

၎တို႔မွာ သိန္းတစ္ေထာင္ေအာက္ကို အခြန္ ၆ ရာခိုင္ႏႈန္း၊ သိန္း သုံးေထာင္ေအာက္ကို ၁၀ ရာခိုင္ႏႈန္း၊ သိန္း သုံးေသာင္းကို ၂၀ ရာခိုင္ႏႈန္းႏွင့္ ၎အထက္ကိုသာ အခြန္ ၃၀ ရာခိုင္ႏႈန္းေကာက္သင့္သည္ဟုဆိုသည္။

“COVID-19 ေၾကာင့္ထိခိုက္မႈေတြၾကဳံေတြ႕ေနရပါတယ္၊ ဒါေၾကာင့္ စည္းက်ပ္မႈက လြတ္ကင္းေနတဲ့ ဝင္ေငြခြန္ကို စည္းက်ပ္တဲ့အခါ အလႊာလိုက္ အခြန္ေလ်ာ့ခ်သတ္မွတ္သင့္ပါတယ္။ ဒါေၾကာင့္ ဒီပုဒ္မ ၂၅ ကိုျပင္သင့္ပါတယ္”ဟု ေကာ္မတီမွ တာဝန္႐ွိသူတစ္ဦးက လႊတ္ေတာ္ကို တင္ျပသည္။

ထိုသို႔ေဆာင္႐ြက္ေပးျခင္းျဖင့္ အေသးစား၊ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား COVID-19 ထိခိုက္မႈအေပၚ ကုစားႏိုင္ေရးႏွင့္ လူလတ္တန္းစားႏွင့္အေျခခံလူတန္းစားမ်ား သက္သာခြင့္ရရန္အတြက္ျဖစ္သည္ဟု ေကာ္မတီကဆိုသည္။

သို႔ေသာ္လည္း ႏိုင္ငံစီးပြားေရးႏွင့္ ႏိုင္ငံတကာသက္ေရာက္မႈမ်ားေၾကာင့္ ျပင္ဆင္ရန္ လိုအပ္ပါ ဝန္ႀကီးဌာနက ျပည္ေထာင္စုအစိုးရအဖြဲ႕၏ သေဘာတူညီခ်က္ျဖင့္ ထိုႏႈန္းထားမ်ားကို ျပင္ဆင္ႏိုင္သည္ဟု ထည့္သြင္းျပဌာန္းရန္လည္း ေကာ္မတီက ဆိုသည္။

ယခုဘ႑ာႏွစ္ ၂၀၁၉-၂၀၂၀တြင္ အစိုးရက အခြန္မေဆာင္ထားသည့္ ေငြမဲမ်ားျဖင့္ အိမ္၊ျခံေျမ၊ကားစသည့္ အေျချပပစၥည္းမ်ားဝယ္ယူရာ၌ အခြန္ကို ၃ ရာခိုင္ႏႈန္းသတ္မွတ္ထားသည္။ သို႔ေသာ္လာမည့္ ဘ႑ာႏွစ္ ၂၀၂၀-၂၁တြင္ အိမ္၊ ျခံ၊ ေျမ၊ ကား စေသာ ပစၥည္းမ်ားဝယ္ယူရာတြင္ ဝင္ေငြရလမ္းမေဖာ္ျပႏိုင္ပါက ၂၀၂၀ ေအာက္တိုဘာမွ စတင္ၿပီး အခြန္ ၃၀ ရာခိုင္ႏႈန္း ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ၂၀၂၀ျပည့္ႏွစ္ျပည္ေထာင္စုအခြန္အေကာက္ ဥပေဒၾကမ္း ပုဒ္ ၂၅ တြင္ အစိုးရက ထည့္သြင္းခဲ့ျခင္းျဖစ္သည္။

ယခုဘ႑ာႏွစ္ ၂၀၁၉-၂၀၂၀တြင္ ဝင္ေငြရလမ္းမေဖာ္ျပႏိုင္သည့္ ေငြမ်ားျဖင့္ အိမ္၊ျခံေျမ၊ ကားစသည့္ ပစၥည္းမ်ားဝယ္ယူပါက အခြန္သက္သာခြင့္ေပးထားေသာ္လည္း လာမည့္ ဘ႑ာႏွစ္ ၂၀၂၀-၂၁တြင္ ေပးအပ္ေတာ့မည္မဟုတ္ေၾကာင္း အထက္ပါဥပေဒၾကမ္းတြင္ေဖာ္ျပထားသည္။

ယခုဘ႑ာႏွစ္သည္ ၂၀၂၀ စက္တင္ဘာလကုန္ ၿပီးဆုံးမည္ျဖစ္သည္။ အကယ္၍ လႊတ္ေတာ္က ထိုဥပေဒၾကမ္းကို ထပ္မံမျပင္ဆင္ပါက ထိုအခြန္ႏႈန္းထားသည္၂၀၂၀ေအာက္တိုဘာ ၁ ရက္တြင္စတင္ အသက္ဝင္မည္ျဖစ္သည္။

ဝင္ေငြရလမ္းမေဖာ္ျပထားသည့္ ေငြေၾကးဆိုသည္မွာ အခြန္မေဆာင္ထားသည့္ ေငြေၾကးျဖစ္သည္။

ယခုဘ႑ာႏွစ္တြင္ ဝင္ေငြရလမ္းမေဖာ္ျပထားသည္ ေငြေၾကးမ်ားျဖင့္ ဝယ္ယူပါက သိန္းတစ္ေထာင္ေအာက္ကို အခြန္ ၃ ရာခိုင္ႏႈန္း၊ သိန္း သုံးေထာင္ထိကို အခြန္ ၅ ရာခိုင္ႏႈန္း၊ သိန္းတစ္ေသာင္းအထိကို ၁၀ ရာခိုင္ႏႈန္း၊ သိန္း သုံးေသာင္းအထိကို အခြန္ ၁၅ ရာခိုင္ႏႈန္းႏွင့္ ထိုအထက္ကို ၃၀ ရာခိုင္ႏႈန္း စသည့္ျဖင့္ အလႊာလိုက္ အခြန္ေဆာင္ခိုင္းျခင္းျဖစ္သည္။

လာမည့္ ဘ႑ာႏွစ္တြင္ ဝင္ေငြရလမ္းမေဖာ္ျပသည့္ ေငြေၾကးမ်ားျဖင့္ အိမ္၊ျခံေျမ၊ကားစသည့္တိုဝယ္ယူရာတြင္ အခြန္ ၃၀ ရာခိုင္ႏႈန္း တေျပးညီေဆာင္ရမည္ျဖစ္သည္။

အခြန္ႏႈန္းထား ေျဖေလွ်ာ့ေပးျခင္းသည္ ေငြေၾကးခဝါခ်မႈ ကို အားေပးသကဲ့သို႔ျဖစ္ေနၿပီး အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္း အျပန္အလွန္ အကဲခတ္ရာတြင္လည္း ရလဒ္ပိုင္း ဆိုး႐ြားေစခဲ့သျဖင့္ အခြန္သက္သာခြင့္ကို ပယ္ဖ်က္ရျခင္းဟု စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ဇူလိုင္ ၁၃ ရက္ ျပည္ေထာင္စုလႊတ္ေတာ္ တြင္ ေျပာၾကားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service