ကိုရိုနာဗိုင်းရပ်စ်သည် စစ်တပ်ဓာတ်ခွဲခန်းမှ လာခြင်းဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင် ထုတ်ဖော်ပြောကြား

ကိုရိုနာဗိုင်းရပ်စ်သည် စစ်တပ်ဓာတ်ခွဲခန်းမှ လာခြင်းဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင် ထုတ်ဖော်ပြောကြား - Property News in Myanmar from iMyanmarHouse.com
5 Aug 2020 1:10 pm တွင် တင်ခဲ့သည်
1056 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စုသို့ ထွက်ပြေးလာသည့် တရုတ် ဗိုင်းရပ်စ်သိပ္ပံပညာရှင်အမျိုးသမီးက ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်စစ်တပ်၏ ဓာတ်ခွဲခန်းတစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ဒေါက်တာ လီမန်ယန်း (Dr Li Meng-Yan) သည် ဟောင်ကောင်ရှိ School of Public Health မှ ဗိုင်းရပ်စ် အထူးကျွမ်းကျင်ပညာရှင် ဖြစ်ပြီး လီမင်ယန်းက ပြောကြားရာတွင် Covid-19 သည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် ဆက်နွှယ်သည့် ဓာတ်ခွဲခန်းတစ်ခုမှလာခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ သုံးသပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံသည် ယခင်ကလည်း စွပ်စွဲချက်များနှင့် ရင်ဆိုင်ထားခဲ့ရရာ ကိုရိုနာဗိုင်းရပ်စ် အစောပိုင်းကာလများ၏ အခြေအနေများကို ဖုံးကွယ်ခဲ့ခြင်း၊ ဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းတစ်ခုမှ လာခြင်းဖြစ်သည်ဟု ဆိုခြင်းများကို ငြင်းပယ်ထားခဲ့သည်။

ဗိုင်းရပ်စ်ပျံ့နှံ့မှု ရင်းမြစ်သည် စစ်တပ်ဓာတ်ခွဲခန်းတစ်ခုမှ စတင်မှုကို ရှာဖွေတွေ့ရှိခဲ့သည်မှာ လူအချင်းချင်းကူးစက်ပုံကို လေ့လာရင်း တွေ့ရှိလာခြင်းဖြစ်ကြောင်း ဒေါက်တာလီမန်ယန်းက ပြောကြားသည်။

အဆိုပါ တွေ့ရှ်ိချက်ကို အထက်အရာရှိထံ တင်ပြခဲ့သော်လည်း အရေးမလုပ်ခဲ့ကြောင်း Lude Press နှင့် တိုက်ရိုက်ထုတ်လွှင့်မှု တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် လီမန်ယန်းက ပြောကြားသည်။

“အဲဒီအချိန်တုန်းက ဒီဗိုင်းရပ်စ်ဟာ တရုတ်ကွန်မြူနစ်ပါတီ စစ်ဘက်ဓာတ်ခွဲခန်းတစ်ခုက လာတယ်ဆိုတာ ရှင်းလင်းစွာ အဖြေထုတ်ခဲ့ပါတယ်။ ဝူဟန် သားငါးဈေးကလာတယ်ဆိုတာက တည်ကြက်လုပ်ထားတာသာ ဖြစ်ပါတယ်” ဟု ဒေါက်တာလီက ပြောကြားသည်။

လက်ရှိအားဖြင့် သိပ္ပံပညာရှင်များ လက်ခံထားသည်မှာ ဗိုင်းရပ်စ်သည် ဝူဟန်မြို့ရှိ သားငါးဈေးတစ်ခုမှ စတင်ခဲ့ပြီး တိရ စ္ဆာန်များမှတဆင့် လူသားတို့ထံ ကူးစက်ခဲ့ခြင်းဖြစ်သည်ဟု လက်ခံထားခြင်း ဖြစ်သည်။

ဟောင်ကောင်တွင်ရှိစဉ် ထုတ်ပြောလျှင် တရုတ်အာဏာပိုင်တို့ ဖမ်းဆီးမည်ကို စိုးရိမ်သောကြောင့် ဧပြီလတွင် ဟောင်ကောင်မှ အမေရိကန်ပြည်ထောင်စုသို့ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သည်။

“ကျွန်မထုတ်ပြောလိုက်တာနဲ့ အချိန်မရွေး အစပျောက်သွားနိုင်တယ်ဆိုတာ ကျွန်မသိထားပါတယ်။ ဟောင်ကောင်က ရဲရင့်တဲ့ ဆန္ဒပြသူတွေလိုပေါ့။ ကျွန်မနာမည်တောင် ရှိမနေနိုင်တော့ဘူး”

ဟောင်ကောင်တက္ကသိုလ်ကမူ လူသားမှ လူသားသို့ ရောဂါကူးစက်ပုံကို ဒေါက်တာလီမှ သုတေသနပြုလုပ်ခဲ့သည်ဆိုခြင်းကို ငြင်းပယ်ထားခဲ့ဖူးသည်။

Fox News သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဒေါက်တာလီက ပြောကြားခဲ့ဖူးသည်မှာ သူမသည် ကိုရိုနာဗိုင်းရပ်စ်ကို စတင်သုတေသနပြုလုပ်ခဲ့သည့် ပထမဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

“အမေရိကန်ပြည်ထောင်စုကို ကျွန်မလာခဲ့ရခြင်းရဲ့ အကြောင်းရင်းကတော့ covid ရဲ့ အမှန်တရားကို ဖြန့်ဝေပေးဖို့ ဖြစ်ပါတယ်” ဟု ဒေါက်တာလီက ဆိုသည်။

ဒေါက်တာလီက ပြောကြားရာတွင် သူမ၏ အထက်အရာရှိက ပထမဦးစွာ ပြောကြားခဲ့ရာတွင် ဝူဟန်မြို့တွင် ပြန့်ပွားနေသည့် ဆားစ်ရောဂါဗိုင်းရပ်စ်နှင့်တူသည့် ဗိုင်းရပ်စ်သစ်တစ်မျိုးကို လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဒီဇင်ဘာလ ၃၁ ရက်က ပြောကြားခဲ့သည်ဟု ဆိုသည်။

ယင်းနောက်ပိုင်းတွင် ဒေါက်တာလီသည် ပုဂ္ဂိုလ်အများအပြားနှင့် ဆက်သွယ်စကားပြောဖြစ်ကြောင်း၊ တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (China's Center for Disease Control and Prevention) တွင် လုပ်ကိုင်နေသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ပါဝင်ကြောင်း ဒေါက်တာလီက ပြောကြားသည်။

CDC မှ အဆိုပါမိတ်ဆွေက ဒေါက်တာလီအားပြောကြားခဲ့သည်မှာ ဝူဟန်မြို့တွင်ပေါ်ပေါက်သော အမည်မသိဗိုင်းရပ်စ်သည် မိသားစုတွင်း ကူးစက်မှုများတွေ့ရရာ လူသားမှ လူသားသို့ ကူးစက်နိုင်မှု ညွှန်ပြနေခြင်းဖြစ်သည်ကို တွေ့ရကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

သူမ၏ တွေ့ရှိချက်များကို အထက်အရာရှိသို့ ပြောပြရာတွင် အထက်အရာရှိက ဒေါက်တာလီအား ရေငုံနှုတ်ပိတ်နေရန်နှင့် သတိထားရန် ပြောကြားခဲ့သည်ဟု ဒေါက်တာလီက ပြောကြားသည်။

“သူက ကျွန်မကို redline ကို သွားမထိနဲ့…လို့ သတိပေးခဲ့ပါတယ်” ဟု ဒေါက်တာလီက ပြောကြားသည်။ ယခုကဲ့သို့ တွေ့ရှိချက်များနှင့် စပ်လျဉ်းပြီး ထုတ်ဖော်မပြောရန် အာဏာပိုင်အစိုးရက ကန့်သတ်ထားသည်များကို ရည်ညွှန်းခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ပေါ်ပေါက်ချိန်ကတည်းက တရုတ်အစိုးရသည် သတိပေးရန် ကြိုးစားသူများကို အသံတိတ်သွားစေရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်ရလျက်ရှိသည်။

မိမိတို့ သိရှိထားသည်များကို လူမှုကွန်ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည့် ဆရာဝန်များမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ် သတင်းဖော်ထုတ်ရေးသားရန်ကြိုးပမ်းသည့် သတင်းထောက်များမှာလည်း ၎င်းတို့၏ သတင်းရယူမှုပစ္စည်းများ သိမ်းဆည်းခြင်း၊ နှောင့်ယှက်ခြင်းများ ခံခဲ့ရသည်။

တရုတ်ပြည်မှ စတင်ပျံ့နှံ့ခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ယခုအခါ ကမ္ဘာပေါ်တွင် လူပေါင်း ၁၈ သန်းကျော် ကူးစက်ခံထားရပြီး ၇၀၀၀၀၀ နီးပါး သေဆုံးခဲ့ရပြီ ဖြစ်သည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၈၄၃၈၅ ဦး၊ သေဆုံးသူ ၄၆၃၄ ဦးရှိကာ အမေရိကန်ပြည်ထောင်စုတွင်မူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ ဒသမ ၇ သန်း၊ သေဆုံးသူ တစ်သိန်းခွဲကျော်ရှိပြီ ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက သတိပေးရာတွင် “လွတ်လပ်တဲ့ကမ္ဘာကြီးအနေနဲ့ ကွန်မြူနစ်တရုတ်ပြည်ကို ပြောင်းလဲအောင် မလုပ်ဘူးဆိုရင် ကွန်မြူနစ်တရုတ်ပြည်က ကျွန်တော်တို့ကို ပြောင်းလဲအောင်လုပ်ပါလိမ့်မယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese scientist who fled to US claims coronavirus came from a ‘military lab’ (The Sun)

 

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္သည္ စစ္တပ္ဓာတ္ခြဲခန္းမွ လာျခင္းျဖစ္ေၾကာင္း တရုတ္သိပၸံပညာရွင္ ထုတ္ေဖာ္ေျပာၾကား

အေမရိကန္ျပည္ေထာင္စုသို႔ ထြက္ေျပးလာသည့္ တရုတ္ ဗိုင္းရပ္စ္သိပၸံပညာရွင္အမ်ဳိးသမီးက ေျပာၾကားရာတြင္ ကိုရိုနာဗိုင္းရပ္စ္သည္ တရုတ္စစ္တပ္၏ ဓာတ္ခြဲခန္းတစ္ခုမွ ထြက္ေပၚလာျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္သည္။

ေဒါက္တာ လီမန္ယန္း (Dr Li Meng-Yan) သည္ ေဟာင္ေကာင္ရွိ School of Public Health မွ ဗိုင္းရပ္စ္ အထူးကၽြမ္းက်င္ပညာရွင္ ျဖစ္ျပီး လီမင္ယန္းက ေျပာၾကားရာတြင္ Covid-19 သည္ တရုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ (PLA) ႏွင့္ ဆက္ႏႊယ္သည့္ ဓာတ္ခြဲခန္းတစ္ခုမွ လာျခင္းျဖစ္ေၾကာင္း ရွင္းလင္းစြာ သံုးသပ္ခဲ့ျပီးျဖစ္ေၾကာင္း ေျပာၾကားသည္။

တရုတ္ႏိုင္ငံသည္ ယခင္ကလည္း စြပ္စြဲခ်က္မ်ားႏွင့္ ရင္ဆိုင္ထားခဲ့ရရာ ကိုရိုနာဗိုင္းရပ္စ္ အေစာပိုင္းကာလမ်ား၏ အေျခအေနမ်ားကို ဖံုးကြယ္ခဲ့ျခင္း၊ ဗိုင္းရပ္စ္သည္ ဓာတ္ခြဲခန္းတစ္ခုမွ လာျခင္းျဖစ္သည္ဟု ဆိုျခင္းမ်ားကို ျငင္းပယ္ထားခဲ့သည္။

ဗိုင္းရပ္စ္ပ်ံ ႔ႏွံ႔မႈ ရင္းျမစ္သည္ စစ္တပ္ဓာတ္ခြဲခန္းတစ္ခုမွ စတင္မႈကို ရွာေဖြေတြ႔ရွိခဲ့သည္မွာ လူအခ်င္းခ်င္းကူးစက္ပံုကို ေလ့လာရင္း ေတြ႔ရွိလာျခင္းျဖစ္ေၾကာင္း ေဒါက္တာလီမန္ယန္းက ေျပာၾကားသည္။

အဆိုပါ ေတြ႔ရွိ္ခ်က္ကို အထက္အရာရွိထံ တင္ျပခဲ့ေသာ္လည္း အေရးမလုပ္ခဲ့ေၾကာင္း Lude Press ႏွင့္ တိုက္ရိုက္ထုတ္လႊင့္မႈ ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ လီမန္ယန္းက ေျပာၾကားသည္။

“အဲဒီအခ်ိန္တုန္းက ဒီဗိုင္းရပ္စ္ဟာ တရုတ္ကြန္ျမဴနစ္ပါတီ စစ္ဘက္ဓာတ္ခြဲခန္းတစ္ခုက လာတယ္ဆိုတာ ရွင္းလင္းစြာ အေျဖထုတ္ခဲ့ပါတယ္။ ဝူဟန္ သားငါးေစ်းကလာတယ္ဆိုတာက တည္ၾကက္လုပ္ထားတာသာ ျဖစ္ပါတယ္” ဟု ေဒါက္တာလီက ေျပာၾကားသည္။

လက္ရွိအားျဖင့္ သိပၸံပညာရွင္မ်ား လက္ခံထားသည္မွာ ဗိုင္းရပ္စ္သည္ ဝူဟန္ျမဳိ႕ရွိ သားငါးေစ်းတစ္ခုမွ စတင္ခဲ့ျပီး တိရ စၦာန္မ်ားမွတဆင့္ လူသားတို႔ထံ ကူးစက္ခဲ့ျခင္းျဖစ္သည္ဟု လက္ခံထားျခင္း ျဖစ္သည္။

ေဟာင္ေကာင္တြင္ရွိစဥ္ ထုတ္ေျပာလွ်င္ တရုတ္အာဏာပိုင္တို႔ ဖမ္းဆီးမည္ကို စိုးရိမ္ေသာေၾကာင့္ ဧျပီလတြင္ ေဟာင္ေကာင္မွ အေမရိကန္ျပည္ေထာင္စုသို႔ ထြက္ေျပးရန္ ဆံုးျဖတ္ခဲ့သည္။

“ကၽြန္မထုတ္ေျပာလိုက္တာနဲ႔ အခ်ိန္မေရြး အစေပ်ာက္သြားႏိုင္တယ္ဆိုတာ ကၽြန္မသိထားပါတယ္။ ေဟာင္ေကာင္က ရဲရင့္တဲ့ ဆႏၵျပသူေတြလိုေပါ့။ ကၽြန္မနာမည္ေတာင္ ရွိမေနႏိုင္ေတာ့ဘူး”

ေဟာင္ေကာင္တကၠသိုလ္ကမူ လူသားမွ လူသားသို႔ ေရာဂါကူးစက္ပံုကို ေဒါက္တာလီမွ သုေတသနျပဳလုပ္ခဲ့သည္ဆိုျခင္းကို ျငင္းပယ္ထားခဲ့ဖူးသည္။

Fox News သတင္းဌာနႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ ေဒါက္တာလီက ေျပာၾကားခဲ့ဖူးသည္မွာ သူမသည္ ကိုရိုနာဗိုင္းရပ္စ္ကို စတင္သုေတသနျပဳလုပ္ခဲ့သည့္ ပထမဆံုးပုဂၢိဳလ္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ဖူးသည္။

“အေမရိကန္ျပည္ေထာင္စုကို ကၽြန္မလာခဲ့ရျခင္းရဲ႕ အေၾကာင္းရင္းကေတာ့ covid ရဲ႕ အမွန္တရားကို ျဖန္႔ေဝေပးဖို႔ ျဖစ္ပါတယ္” ဟု ေဒါက္တာလီက ဆိုသည္။

ေဒါက္တာလီက ေျပာၾကားရာတြင္ သူမ၏ အထက္အရာရွိက ပထမဦးစြာ ေျပာၾကားခဲ့ရာတြင္ ဝူဟန္ျမိဳ ႔တြင္ ျပန္႔ပြားေနသည့္ ဆားစ္ေရာဂါဗိုင္းရပ္စ္ႏွင့္တူသည့္ ဗိုင္းရပ္စ္သစ္တစ္မ်ဳိးကို လွ်ိဳ ႔ဝွက္စြာ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ရန္ ဒီဇင္ဘာလ ၃၁ ရက္က ေျပာၾကားခဲ့သည္ဟု ဆိုသည္။

ယင္းေနာက္ပိုင္းတြင္ ေဒါက္တာလီသည္ ပုဂိၢဳလ္အမ်ားအျပားႏွင့္ ဆက္သြယ္စကားေျပာျဖစ္ေၾကာင္း၊ တရုတ္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဌာန (China's Center for Disease Control and Prevention) တြင္ လုပ္ကိုင္ေနသည့္ ပုဂၢိဳလ္တစ္ဦးလည္း ပါဝင္ေၾကာင္း ေဒါက္တာလီက ေျပာၾကားသည္။

CDC မွ အဆိုပါမိတ္ေဆြက ေဒါက္တာလီအားေျပာၾကားခဲ့သည္မွာ ဝူဟန္ျမိဳ႕တြင္ေပၚေပါက္ေသာ အမည္မသိဗိုင္းရပ္စ္သည္ မိသားစုတြင္း ကူးစက္မႈမ်ားေတြ႔ရရာ လူသားမွ လူသားသို႔ ကူးစက္ႏိုင္မႈ ညႊန္ျပေနျခင္းျဖစ္သည္ကို ေတြ႔ရေၾကာင္း ေျပာၾကားခဲ့သည္ဟု ဆိုသည္။

သူမ၏ ေတြ႔ရွိခ်က္မ်ားကို အထက္အရာရွိသို႔ ေျပာျပရာတြင္ အထက္အရာရွိက ေဒါက္တာလီအား ေရငံုႏႈတ္ပိတ္ေနရန္ႏွင့္ သတိထားရန္ ေျပာၾကားခဲ့သည္ဟု ေဒါက္တာလီက ေျပာၾကားသည္။

“သူက ကၽြန္မကို redline ကို သြားမထိနဲ႔…လို႔ သတိေပးခဲ့ပါတယ္” ဟု ေဒါက္တာလီက ေျပာၾကားသည္။ ယခုကဲ့သို႔ ေတြ႔ရွိခ်က္မ်ားႏွင့္ စပ္လ်ဥ္းျပီး ထုတ္ေဖာ္မေျပာရန္ အာဏာပိုင္အစိုးရက ကန္႔သတ္ထားသည္မ်ားကို ရည္ညႊန္းျခင္း ျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္ ေပၚေပါက္ခ်ိန္ကတည္းက တရုတ္အစိုးရသည္ သတိေပးရန္ ၾကိဳးစားသူမ်ားကို အသံတိတ္သြားေစရန္ ၾကိဳးပမ္းခဲ့ေၾကာင္း စြပ္စြဲမႈမ်ားႏွင့္ ရင္ဆိုင္ရလ်က္ရွိသည္။

မိမိတို႔ သိရွိထားသည္မ်ားကို လူမႈကြန္ရက္တြင္ ထုတ္ေဖာ္ေျပာၾကားခဲ့သည့္ ဆရာဝန္မ်ားမွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရျပီး ကိုရိုနာဗိုင္းရပ္စ္ သတင္းေဖာ္ထုတ္ေရးသားရန္ၾကိဳးပမ္းသည့္ သတင္းေထာက္မ်ားမွာလည္း ၎တို႔၏ သတင္းရယူမႈပစၥည္းမ်ား သိမ္းဆည္းျခင္း၊ ေႏွာင့္ယွက္ျခင္းမ်ား ခံခဲ့ရသည္။

တရုတ္ျပည္မွ စတင္ပ်ံ ႔ႏွံ႔ခဲ့ေသာ ကိုရိုနာဗိုင္းရပ္စ္သည္ ယခုအခါ ကမၻာေပၚတြင္ လူေပါင္း ၁၈ သန္းေက်ာ္ ကူးစက္ခံထားရျပီး ၇၀၀၀၀၀ နီးပါး ေသဆံုးခဲ့ရျပီ ျဖစ္သည္။

တရုတ္ႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၈၄၃၈၅ ဦး၊ ေသဆံုးသူ ၄၆၃၄ ဦးရွိကာ အေမရိကန္ျပည္ေထာင္စုတြင္မူ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄ ဒသမ ၇ သန္း၊ ေသဆံုးသူ တစ္သိန္းခြဲေက်ာ္ရွိျပီ ျဖစ္သည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ၾကီး မိုက္ခ္ ပြန္ပီယိုက သတိေပးရာတြင္ “လြတ္လပ္တဲ့ကမၻာၾကီးအေနနဲ႔ ကြန္ျမဴနစ္တရုတ္ျပည္ကို ေျပာင္းလဲေအာင္ မလုပ္ဘူးဆိုရင္ ကြန္ျမဴနစ္တရုတ္ျပည္က ကၽြန္ေတာ္တို႔ကို ေျပာင္းလဲေအာင္လုပ္ပါလိမ့္မယ္” ဟု ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese scientist who fled to US claims coronavirus came from a ‘military lab’ (The Sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service