ပြည်တွင်းရွှေဈေး ၁၃ သိန်းကျော်အထိ ပြန်လည်မြင့်တက်

ပြည်တွင်းရွှေဈေး ၁၃ သိန်းကျော်အထိ ပြန်လည်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
5 Aug 2020 11:19 am တွင် တင်ခဲ့သည်
1520 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြည်တွင်းဝယ်လိုအားတက်လာခြင်းနှင့် ကမ္ဘာ့ရွှေဈေး တက်လာခြင်းကြောင့် ပြည်တွင်း ရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၃၀၀,၀၀၀ ကျော်အထိမြင့်တက်လာကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

ပြည်တွင်းရွှေ ဈေးတက်လာသော်လည်း အရောင်းအဝယ်မဖြစ်၍ နေ့လယ်ပိုင်းကစ၍ ရွှေဈေးပြန်လည်ကျဆင်းခဲ့သည်။

ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းသည် ရင်းနှီးမြှုပ်နှံသူများက ကပ်ရောဂါကြောင့် လုပ်ငန်းသစ်များမရှိ၍ ရွှေတွင်ရင်းနှီးမြှုပ်နှံလာခြင်းကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောထားသည်။

ဒုတိယအချက်မှာ ကမ္ဘာ့ နိုင်ငံအသီးသီးက ကပ်ရောဂါကာကွယ်၊ ကုသရေးအတွက်ငွေစက္ကူများ ပိုမိုရိုက်ထုတ်လာပြီး ငွေကြေးဖောင်းပွလာ၍ ရွှွှေဈေးမြင့်တက်လာခြင်း ဖြစ်သည်ဟု ဦးကျော်ဝင်းကဆိုထားသည်။

ရန်ကုန်ရွှေဈေးကွက်သည် ဩဂုတ် ၄ ရက်တွင် အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၁,၃၀၇,၅၀၀ အထိ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် သတ်မှတ်ခဲ့သည့် အမြင့်ဆုံးနှုန်း ကျပ် ၁,၃၀၇,၀၀၀ ကို ကျော် လွန်လာခြင်းဖြစ်သည်။

‘‘ကမ္ဘာ့ရွှေဈေး မြင့်တက်လာတာရယ်၊ ပြည်တွင်းမှာဝယ်လိုအားလိုက်လာတာရယ် ကြောင့် ပြည်တွင်းရွှေဈေး ပြန် တက်လာတာပါ’’ဟု ဦးမျိုးမြင့်က ဆိုသည်။

ပြည်တွင်း၌ ဘဏ်အတိုးနှုန်းများချခြင်းနှင့် ငွေလဲနှုန်းတွင် ဒေါ် လာဈေးကျဆင်းခြင်းကြောင့် ပြည်တွင်း၌ ရွှေဝယ်စုသူများလာသည်ဟု ဦးမျိုးမြင့်က ပြောသည်။

လက်ရှိ ပေါက်ဈေးသည် ကမ္ဘာ့ရွှေဈေးအောက် ကျပ်တစ်သိန်းကျော် လျော့နေသည်ဟု မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။ ဒေါ်လာဈေးနှင့် ဝယ်လိုအားရှိပါက အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၁၄ သိန်း ကျော်ပေါက်ဈေးရှိမည်ဟု ဆိုသည်။

ယမန်နေ့ ပေါက်ဈေးသည် ၂၀၁၉ စက်တင်ဘာက မန္တလေးတွင် ဈေးပေါက်ခဲ့သည့်နှုန်းထက် အနည်းငယ်လျော့နေပြီး ထိုကာလတွင် အခေါက်ရွှေတစ်ကျပ်သားလျှင်ကျပ် ၁,၃၁၀,၀၀၀ ကျော်အထိ ပေါက်ဈေးရှိခဲ့သည်ဟုဆိုသည်။ လက်ရှိတွင် မန္တလေးတိုင်း၌လည်း ရွှေဝယ်ယူသူများလာသည်ဟု ဦးတင်ထွန်းက ပြောသည်။

ကမ္ဘာပေါ်တွင် ဒေါ်လာအစား ရွှေဝယ်စုသူများလာ၍ ရွှေဈေးမြင့်တက်ခြင်းဖြစ်ပြီး ပြည်တွင်း၌လည်း ထိုကဲသို့ပင်ဖြစ်သည်ဟု ဝိန့်စိန်ရွှေဆိုင် ဒါရိုက်တာ ဦးအောင်ကောင်းမြတ်က ပြောကြားသည်။

ဩဂုတ် ၄ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ လျှင် ၁,၉၇၅ ဒေါ်လာ ပေါက်ဈေး ရှိသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျပည္တြင္းေ႐ႊေဈး ၁၃ သိန္းေက်ာ္အထိ ျပန္လည္ျမင့္တက္

ျပည္တြင္းဝယ္လိုအားတက္လာျခင္းႏွင့္ ကမာၻ႔ေ႐ႊေဈး တက္လာျခင္းေၾကာင့္ ျပည္တြင္း ေ႐ႊေဈးသည္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္ ၁,၃၀၀,၀၀၀ ေက်ာ္အထိျမင့္တက္လာေၾကာင္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္ကေျပာသည္။

ျပည္တြင္းေ႐ႊ ေဈးတက္လာေသာ္လည္း အေရာင္းအဝယ္မျဖစ္၍ ေန႔လယ္ပိုင္းကစ၍ ေ႐ႊေဈးျပန္လည္က်ဆင္းခဲ့သည္။

ကမာၻ႔ေ႐ႊေဈးျမင့္တက္လာျခင္းသည္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ကပ္ေရာဂါေၾကာင့္ လုပ္ငန္းသစ္မ်ားမရွိ၍ ေ႐ႊတြင္ရင္းႏွီးျမႇဳပ္ႏွံလာျခင္းေၾကာင့္ျဖစ္သည္ဟု ျမန္မာႏိုင္ငံေ႐ႊလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ဥကၠ႒ ဦးေက်ာ္ဝင္းက ေျပာထားသည္။

ဒုတိယအခ်က္မွာ ကမာၻ႔ ႏိုင္ငံအသီးသီးက ကပ္ေရာဂါကာကြယ္၊ ကုသေရးအတြက္ေငြစကၠဴမ်ား ပိုမို႐ိုက္ထုတ္လာၿပီး ေငြေၾကးေဖာင္းပြလာ၍ ေ႐ႊြွေဈးျမင့္တက္လာျခင္း ျဖစ္သည္ဟု ဦးေက်ာ္ဝင္းက ဆိုထားသည္။

ရန္ကုန္ေ႐ႊေဈးကြက္သည္ ဩဂုတ္ ၄ ရက္တြင္ အေခါက္ေ႐ႊေဈး တစ္က်ပ္သားလွ်င္ က်ပ္ ၁,၃၀၇,၅၀၀ အထိ ဖြင့္လွစ္ခဲ့ၿပီး ၂၀၁၉ စက္တင္ဘာ ၅ ရက္တြင္ သတ္မွတ္ခဲ့သည့္ အျမင့္ဆုံးႏႈန္း က်ပ္ ၁,၃၀၇,၀၀၀ ကို ေက်ာ္ လြန္လာျခင္းျဖစ္သည္။

‘‘ကမာၻ႔ေ႐ႊေဈး ျမင့္တက္လာတာရယ္၊ ျပည္တြင္းမွာဝယ္လိုအားလိုက္လာတာရယ္ ေၾကာင့္ ျပည္တြင္းေ႐ႊေဈး ျပန္တက္လာတာပါ’’ဟု ဦးမ်ိဳးျမင့္က ဆိုသည္။

ျပည္တြင္း၌ ဘဏ္အတိုးႏႈန္းမ်ားခ်ျခင္းႏွင့္ ေငြလဲႏႈန္းတြင္ ေဒၚလာေဈးက်ဆင္းျခင္းေၾကာင့္ ျပည္တြင္း၌ ေ႐ႊဝယ္စုသူမ်ားလာသည္ဟု ဦးမ်ိဳးျမင့္က ေျပာသည္။

လက္ရွိ ေပါက္ေဈးသည္ ကမာၻ႔ေ႐ႊေဈးေအာက္ က်ပ္တစ္သိန္းေက်ာ္ ေလ်ာ့ေနသည္ဟု မႏၲေလးတိုင္းေ႐ႊလုပ္ငန္းရွင္မ်ား အသင္းဥကၠ႒ ဦးတင္ထြန္းက ေျပာသည္။ ေဒၚလာေဈးႏွင့္ ဝယ္လိုအားရွိပါက အေခါက္ေ႐ႊတစ္ က်ပ္သားလွ်င္ က်ပ္ ၁၄ သိန္း ေက်ာ္ေပါက္ေဈးရွိမည္ဟု ဆိုသည္။

ယမန္ေန႔ ေပါက္ေဈးသည္ ၂၀၁၉ စက္တင္ဘာက မႏၲေလးတြင္ ေဈးေပါက္ခဲ့သည့္ႏႈန္းထက္ အနည္းငယ္ေလ်ာ့ေနၿပီး ထိုကာလတြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္က်ပ္ ၁,၃၁၀,၀၀၀ ေက်ာ္အထိ ေပါက္ေဈးရွိခဲ့သည္ဟုဆိုသည္။ လက္ရွိတြင္ မႏၲေလးတိုင္း၌လည္း ေ႐ႊဝယ္ယူသူမ်ားလာသည္ဟု ဦးတင္ထြန္းက ေျပာသည္။

ကမာၻေပၚတြင္ ေဒၚလာအစား ေ႐ႊဝယ္စုသူမ်ားလာ၍ ေ႐ႊေဈးျမင့္တက္ျခင္းျဖစ္ၿပီး ျပည္တြင္း၌လည္း ထိုကဲသို႔ပင္ျဖစ္သည္ဟု ဝိန႔္စိန္ေ႐ႊဆိုင္ ဒါ႐ိုက္တာဦးေအာင္ေကာင္းျမတ္က ေျပာၾကားသည္။

ဩဂုတ္ ၄ ရက္တြင္ ကမာၻ႔ေ႐ႊေဈးသည္ တစ္ေအာင္စလွ်င္ ၁,၉၇၅ ေဒၚလာ ေပါက္ေဈး ရွိသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service