အမေရိကန်တွင် ကျောင်းဖွင့်သည့် ပထမဆုံးနေ့တွင်ပင် covid 19 ကူးစက်ခံရ

အမေရိကန်တွင် ကျောင်းဖွင့်သည့် ပထမဆုံးနေ့တွင်ပင် covid 19 ကူးစက်ခံရ - Property News in Myanmar from iMyanmarHouse.com
2 Aug 2020 3:33 pm တွင် တင်ခဲ့သည်
9101 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်ရှိ Greenfield Central Junior အထက်တန်းကျောင်းတွင် ကျောင်းစဖွင့်သည့် ပထမဆုံးနေ့တွင်ပင် ခန်းမများနှင့် စာသင်ခန်းအများအပြားတွင် ဝင်ထိုင်ခဲ့သူ ကျောင်းသားတစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့သည်။

အုပ်ချုပ်ရေးမှူးများသည် အရေးပေါ်လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့ရာ အဆိုပါကျောင်းသားကို သီးခြားခွဲထားခြင်းနှင့် ၎င်းနှင့် ထိတွေ့ခဲ့သူများ၊ ကျောင်းသားများကို ၁၄ ရက် quarantine ဝင်စေခြင်းများ ပြုလုပ်စေခဲ့သည်။

အဆိုပါကျောင်းသားမှတဆင့် အခြားသူများထံ ကူးစက်သွားခြင်း ရှိ၊ မရှိကိုမူ မသိရသေးချေ။

ကျောင်းစတင်ဖွင့်လှစ်သည့် ပထမဆုံးနေ့တွင်ပင် ယခုကဲ့သို့ဖြစ်ပေါ်ခဲ့သည့်အတွက် အလွန်တုန်လှုပ်မိကြောင်း Greenfield ကျောင်း အုပ်ချုပ်ရေးအဖွဲ့မှ ဟာရိုး အိုလင်းက ပြောကြားသည်။

အလားတူဖြစ်ရပ်မျိုး ရှောင်လွှဲနိုင်ရန်အတွက် အမေရိကတစ်ဝန်းရှိ ခရိုင်ရာပေါင်းများစွာမှာ ကျောင်းပြန်ဖွင့်မည့် အစီအစဉ်ကို ပြောင်းလဲခဲ့ရသည်။ အချို့သောကျောင်းများမှာ အချိန်ပိုင်းအစီအစဉ်ဖြင့် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြခြင်း ဖြစ်သည်။

ကျောင်းပြန်ဖွင့်ရန် ရည်မှန်းထားဆဲဖြစ်သော ကျောင်းများမှာလည်း quarantine အတွက် အသင့်စီစဉ်ထားခြင်း၊ ကျောင်းသားများနှင့် ဝန်ထမ်းများ ရောဂါကူးစက်ခံရပါက ရုတ်တရက်ပိတ်သိမ်းရန် စီစဉ်ထားခြင်းများ ပြုလုပ်ထားသည်။

အမေရိကန်ပြည်ထောင်စု၏ စာသင်ကျောင်းများစုဝေးရာ အကြီးမားဆုံး ခရိုင် ၂၅ ခုတွင်မူ ခရိုင် ၆ ခုက အဝေးမှသင်ကြားသည့်စနစ်ကို စတင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

သို့သော် ဖလော်ရီဒါပြည်နယ်နှင့် တက္ကဆပ်ပြည်နယ်များတွင်မူ ဆရာများသမဂ္ဂမှ ပြင်းထန်သည့်ကန့်ကွက်မှုများ ရှိနေသည့်တိုင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေသည်။

ကယ်လီဖိုးနီးယားပြည်နယ်ရှိ ပြည်သူ ၈၀ ရာခိုင်နှုန်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု၊ ဆေးရုံတက်ရမှုနှုန်း အလွန်မြင့်မားသော ခရိုင်များတွင် နေထိုင်ကြခြင်းဖြစ်ရာ ကျောင်းပြန်ဖွင့်ရန်အန္တရာယ်များလှသည်။

ဗာဂျီးနီးယားပြည်နယ်၊ အလက်ဇန်းဒရီးယားမြို့ရှိ စာသင်ကျောင်းများမှာမူ အဝေးမှသာ သင်ကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုအခါ အမေရိကန်ပြည်တွင် ဗိုင်းရပ်စ်များ ဆက်လက်ပျံ့နှံ့နေရာ ကျောင်းသားကျောင်းသူ သန်းပေါင်းများစွာသည် စာသင်နှစ်ကို အဝေးမှသင်ကြားမှုဖြင့် စတင်ရတော့မည်ဖြစ်သည်။

ယခုနှစ်ကုန်အထိ ကျောင်းသားရာခိုင်နှုန်း အနည်းငယ်သာ ကျောင်းအဆောက်အအုံအတွင်း ရောက်ရှိစာသင်နိုင်ကြသည်ကို တွေ့ရဖွယ် ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: On the First Day of School, an Indiana Student Tests Positive for Coronavirus (MSN)

 

[Zawgyi]

အေမရိကန္တြင္ ေက်ာင္းဖြင့္သည့္ ပထမဆံုးေန႔တြင္ပင္ covid 19 ကူးစက္ခံရ

အေမရိကန္ျပည္ေထာင္စု၊ အင္ဒီယာနာျပည္နယ္ရွိ Greenfield Central Junior အထက္တန္းေက်ာင္းတြင္ ေက်ာင္းစဖြင့္သည့္ ပထမဆံုးေန႔တြင္ပင္ ခန္းမမ်ားႏွင့္ စာသင္ခန္းအမ်ားအျပားတြင္ ဝင္ထိုင္ခဲ့သူ ေက်ာင္းသားတစ္ဦး၌ ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးေတြ႔ရိွခဲ့သည္။

အုပ္ခ်ဳပ္ေရးမွဴးမ်ားသည္ အေရးေပၚလုပ္ထံုးလုပ္နည္းမ်ားအတိုင္း ေဆာင္ရြက္ခဲ့ရာ အဆိုပါေက်ာင္းသားကို သီးျခားခြဲထားျခင္းႏွင့္ ၎ႏွင့္ ထိေတြ႔ခဲ့သူမ်ား၊ ေက်ာင္းသားမ်ားကို ၁၄ ရက္ quarantine ဝင္ေစျခင္းမ်ား ျပဳလုပ္ေစခဲ့သည္။

အဆိုပါေက်ာင္းသားမွတဆင့္ အျခားသူမ်ားထံ ကူးစက္သြားျခင္း ရွိ၊ မရွိကိုမူ မသိရေသးေခ်။

ေက်ာင္းစတင္ဖြင့္လွစ္သည့္ ပထမဆံုးေန႔တြင္ပင္ ယခုကဲ့သို႔ျဖစ္ေပၚခဲ့သည့္အတြက္ အလြန္တုန္လႈပ္မိေၾကာင္း Greenfield ေက်ာင္း အုပ္ခ်ဳပ္ေရးအဖြဲ႔မွ ဟာရိုး အိုလင္းက ေျပာၾကားသည္။

အလားတူျဖစ္ရပ္မ်ဳိး ေရွာင္လႊဲႏိုင္ရန္အတြက္ အေမရိကတစ္ဝန္းရွိ ခရိုင္ရာေပါင္းမ်ားစြာမွာ ေက်ာင္းျပန္ဖြင့္မည့္ အစီအစဥ္ကို ေျပာင္းလဲခဲ့ရသည္။ အခ်ဳိ ႔ေသာေက်ာင္းမ်ားမွာ အခ်ိန္ပိုင္းအစီအစဥ္ျဖင့္ ျပန္လည္ဖြင့္လွစ္ရန္ စီစဥ္ထားၾကျခင္း ျဖစ္သည္။

ေက်ာင္းျပန္ဖြင့္ရန္ ရည္မွန္းထားဆဲျဖစ္ေသာ ေက်ာင္းမ်ားမွာလည္း quarantine အတြက္ အသင့္စီစဥ္ထားျခင္း၊ ေက်ာင္းသားမ်ားႏွင့္ ဝန္ထမ္းမ်ား ေရာဂါကူးစက္ခံရပါက ရုတ္တရက္ပိတ္သိမ္းရန္ စီစဥ္ထားျခင္းမ်ား ျပဳလုပ္ထားသည္။

အေမရိကန္ျပည္ေထာင္စု၏ စာသင္ေက်ာင္းမ်ားစုေဝးရာ အၾကီးမားဆံုး ခရိုင္ ၂၅ ခုတြင္မူ ခရိုင္ ၆ ခုက အေဝးမွသင္ၾကားသည့္စနစ္ကို စတင္မည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

သို႔ေသာ္ ဖေလာ္ရီဒါျပည္နယ္ႏွင့္ တကၠဆပ္ျပည္နယ္မ်ားတြင္မူ ဆရာမ်ားသမဂၢမွ ျပင္းထန္သည့္ကန္႔ကြက္မႈမ်ား ရွိေနသည့္တိုင္ စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ စီစဥ္ေနသည္။

ကယ္လီဖိုးနီးယားျပည္နယ္ရွိ ျပည္သူ ၈၀ ရာခိုင္ႏႈန္းသည္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ၊ ေဆးရံုတက္ရမႈႏႈန္း အလြန္ျမင့္မားေသာ ခရိုင္မ်ားတြင္ ေနထိုင္ၾကျခင္းျဖစ္ရာ ေက်ာင္းျပန္ဖြင့္ရန္အႏၱရာယ္မ်ားလွသည္။

ဗာဂ်ီးနီးယားျပည္နယ္၊ အလက္ဇန္းဒရီးယားျမိဳ ႔ရွိ စာသင္ေက်ာင္းမ်ားမွာမူ အေဝးမွသာ သင္ၾကားသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ယခုအခါ အေမရိကန္ျပည္တြင္ ဗိုင္းရပ္စ္မ်ား ဆက္လက္ပ်ံ ႔ႏွံ႔ေနရာ ေက်ာင္းသားေက်ာင္းသူ သန္းေပါင္းမ်ားစြာသည္ စာသင္ႏွစ္ကို အေဝးမွသင္ၾကားမႈျဖင့္ စတင္ရေတာ့မည္ျဖစ္သည္။

ယခုႏွစ္ကုန္အထိ ေက်ာင္းသားရာခိုင္ႏႈန္း အနည္းငယ္သာ ေက်ာင္းအေဆာက္အအံုအတြင္း ေရာက္ရွိစာသင္ႏိုင္ၾကသည္ကို ေတြ႔ရဖြယ္ ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: On the First Day of School, an Indiana Student Tests Positive for Coronavirus (MSN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service