ကမ္ဘောဒီးယားတွင် ဆောက်လုပ်ရေးလုပ်ငန်းအားလုံး အရည်အသွေးစစ်ဆေးရန်နှင့် ပါမစ်မရှိဘဲ ဆောက်လုပ်နေသော စီမံကိန်းများကို ရှင်းလင်းရန် စီစဉ်

ကမ္ဘောဒီးယားတွင် ဆောက်လုပ်ရေးလုပ်ငန်းအားလုံး အရည်အသွေးစစ်ဆေးရန်နှင့် ပါမစ်မရှိဘဲ ဆောက်လုပ်နေသော စီမံကိန်းများကို ရှင်းလင်းရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
1 Aug 2020 12:16 pm တွင် တင်ခဲ့သည်
917 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော်၊ ဖနွမ်းပင်တွင် စည်ပင်သာယာရေးဌာန အရာရှိတို့သည် ဆောက်လုပ်ရေးလုပ်ငန်းများ၏ အရည်အသွေး စစ်ဆေးရန်နှင့် ဆောက်လုပ်ခွင့် ပါမစ်မရှိဘဲ ဆောက်လုပ်နေသည့်စီမံကိန်းများကို ဖယ်ရှားရှင်းလင်းရန် စီစဉ်လျက်ရှိသည်။

စည်ပင်သာယာရေးဌာန အကြီးအကဲ မြို့တော်ဝန် Khuong Sreng သည် မကြာသေးမီက ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ဦးစားပေး အစီအစဉ်ဖြင့် ဆွေးနွေးလမ်းညွှန်ခဲ့ခြင်း ဖြစ်သည်။

ဖနွမ်းပင်မြို့ မြို့တော်ခန်းမတွင်ကျင်းပသော အစည်းအဝေးသို့ ဖနွမ်းပင်ရှိ ခရိုင် ၁၄ ခုမှ လက်ထောက်ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

Khuong Sreng က ၎င်း၏ ကွပ်ကဲမှု လက်အောက်ရှိ အရာရှိများအနေဖြင့် ဖနွမ်းပင်မှ ဆောက်လုပ်ရေးစီမံကိန်းအားလုံးကို နည်းပညာပိုင်းဆိုင်ရာများ စစ်ဆေးရန် လမ်းညွှန်ခဲ့သည်။

ဆောက်လုပ်ရေးစီမံကိန်းများသည် နည်းပညာပိုင်း စံချိန်စံညွှန်းများကို လိုက်နာရမည်ဖြစ်သည့်အပြင် ဆောက်လုပ်ခွင့်ရယူကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ခရိုင် ၁၄ ခုမှ ခရိုင်အုပ်ချုပ်ရေးမှူးများသည် အိုမင်းဟောင်းနွမ်းကာ ယိုယွင်းပျက်စီးနေသည့် အဆောက်အအုံများ၏ ပိုင်ရှင်များထံလည်း ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်နှင့်စပ်လျဉ်းပြီး သတိပေးစာများ ထုတ်ပြန်ရမည်ဖြစ်ကြောင်း Khuong Sreng က ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ အရာရှိတွေအနေနဲ့ နိုင်ငံသားတွေ ဘေးကင်းလုံခြုံစေဖို့အတွက် ဆောက်လုပ်ရေးဥပဒေ အတိုင်း ထိန်းသိမ်းကွပ်ကဲဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု Khuong Sreng က ဖြည့်စွက်ပြောကြားသည်။

ကမ္ဘောဒီးယား အဆောက်အအုံနှင့် သစ်လုပ်သားများ ကုန်သွယ်ရေးသမဂ္ဂ (BWTUC) ဥက္ကဌ Sok Kin က ပြောကြားရာတွင် မြို့တော်ဝန် Khuong Sreng ၏ ဆောင်ရွက်မှုများကို မိမိအနေဖြင့် ကျေနပ်အားရမိကြောင်း၊ ကမ္ဘောဒီးယားတွင် စံချိန်စံနှုန်းလိုက်နာသည့် ဆောက်လုပ်ရေးလုပ်ငန်း အနည်းငယ်သာ ရှိနေကြောင်း ပြောကြားသည်။

ဒေသတွင်း အရာရှိများမှ အဆောက်အအုံတို့ကို ဝင်ရောက်စစ်ဆေးပြီး ဆောက်လုပ်ရေး ချို့ယွင်းအားနည်းချက်များ တွေ့သည့်တိုင် ဥပဒေအရ ဆောင်ရွက်မှုများ မပြုလုပ်နိုင်ကြကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် ပိုင်ရှင်တို့ကို အာဏာရှိသူတို့က နောက်ကွယ်မှ အကာအကွယ်ပေးနေကြကြောင်း ပြောကြားသည်။

အစိုးရအနေဖြင့် တည်ဆဲဥပဒေများအတိုင်း ကိုင်တွယ်ကာ တင်းတင်းကျပ်ကျပ် အရေးယူမှုများပြုလုပ်ပြီး အရာရှိတစ်ဦးစီတိုင်းကလည်း မိမိတို့၏ တာဝန်များကို ကောင်းစွာထမ်းဆောင်ပါက ကမ္ဘောဒီးယားတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၏ အရည်အသွေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း Sok Kin က ပြောကြားသည်။

“အရင်တုန်းက ဌာနဆိုင်ရာက အရာရှိ အဆင့်တိုင်းက ပြဿနာရှိမှ အလုပ်ထလုပ်ကြတယ်။ ပြီးတော့လည်း ဘာမှ ပြောင်းလဲမသွားသလို ထူးခြားကောင်းမွန်လာတာလည်း မရှိဘူး။ ဒီပြဿနာတွေကို အခု ဖနွမ်းပင်မြို့တော်ဝန်က ကိုင်တွယ်လာတာကို ကျွန်တော်ကျေနပ် အားရမိပါတယ်။”

လက်ရှိ ကမ္ဘောဒီးယား ဆောက်လုပ်ရေး ဥပဒေအရ ပေါ့ဆမှုကြောင့် လူသေဆုံးမှုများဖြစ်ပေါ်ပါက စီမံကိန်းရေးဆွဲသူမှသည် ဆောက်လုပ်သူများအထိ၊ အရာရှိများ အပါအဝင် ထောင်ဒဏ် ၁၅ နှစ်နှင့်အထက် ကျခံရနိုင်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Constructions in capital subject to rigorous scrutiny (Phnompenhpost)

[Zawgyi]

ကေမၻာဒီးယားတြင္ ေဆာက္လုပ္ေရးလုပ္ငန္းအားလံုး အရည္အေသြးစစ္ေဆးရန္ႏွင့္ ပါမစ္မရွိဘဲ ေဆာက္လုပ္ေနေသာ စီမံကိန္းမ်ားကို ရွင္းလင္းရန္ စီစဥ္

ကေမၻာဒီးယားႏိုင္ငံ၏ျမိဳ ႔ေတာ္၊ ဖႏြမ္းပင္တြင္ စည္ပင္သာယာေရးဌာန အရာရွိတို႔သည္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၏ အရည္အေသြး စစ္ေဆးရန္ႏွင့္ ေဆာက္လုပ္ခြင့္ ပါမစ္မရွိဘဲ ေဆာက္လုပ္ေနသည့္စီမံကိန္းမ်ားကို ဖယ္ရွားရွင္းလင္းရန္ စီစဥ္လ်က္ရွိသည္။

စည္ပင္သာယာေရးဌာန အၾကီးအကဲ ျမိဳ ႔ေတာ္ဝန္ Khuong Sreng သည္ မၾကာေသးမီက ျပဳလုပ္ခဲ့ေသာ အစည္းအေဝးတြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို ဦးစားေပး အစီအစဥ္ျဖင့္ ေဆြးေႏြးလမ္းညႊန္ခဲ့ျခင္း ျဖစ္သည္။

ဖႏြမ္းပင္ျမိဳ ႔ ျမိဳ ႔ေတာ္ခန္းမတြင္က်င္းပေသာ အစည္းအေဝးသုိ႔ ဖႏြမ္းပင္ရွိ ခရိုင္ ၁၄ ခုမွ လက္ေထာက္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ဌာနဆိုင္ရာမ်ား တက္ေရာက္ခဲ့ၾကသည္။

Khuong Sreng က ၎၏ ကြပ္ကဲမႈ လက္ေအာက္ရွိ အရာရွိမ်ားအေနျဖင့္ ဖႏြမ္းပင္မွ ေဆာက္လုပ္ေရးစီမံကိန္းအားလံုးကို နည္းပညာပိုင္းဆိုင္ရာမ်ား စစ္ေဆးရန္ လမ္းညႊန္ခဲ့သည္။

ေဆာက္လုပ္ေရးစီမံကိန္းမ်ားသည္ နည္းပညာပိုင္း စံခ်ိန္စံညႊန္းမ်ားကို လိုက္နာရမည္ျဖစ္သည့္အျပင္ ေဆာက္လုပ္ခြင့္ရယူၾကရမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

ခရိုင္ ၁၄ ခုမွ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးမ်ားသည္ အိုမင္းေဟာင္းႏြမ္းကာ ယိုယြင္းပ်က္စီးေနသည့္ အေဆာက္အအံုမ်ား၏ ပိုင္ရွင္မ်ားထံလည္း ျဖစ္ေပၚလာႏိုင္သည့္ အႏၱရာယ္ႏွင့္စပ္လ်ဥ္းျပီး သတိေပးစာမ်ား ထုတ္ျပန္ရမည္ျဖစ္ေၾကာင္း Khuong Sreng က ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔ရဲ ႔ ကြပ္ကဲမႈေအာက္မွာရွိတဲ့ အရာရွိေတြအေနနဲ႔ ႏိုင္ငံသားေတြ ေဘးကင္းလံုျခံဳေစဖို႔အတြက္ ေဆာက္လုပ္ေရးဥပေဒ အတိုင္း ထိန္းသိမ္းကြပ္ကဲဖို႔ ကၽြန္ေတာ္တို႔ တိုက္တြန္းပါတယ္” ဟု Khuong Sreng က ျဖည့္စြက္ေျပာၾကားသည္။

ကေမၻာဒီးယား အေဆာက္အအံုႏွင့္ သစ္လုပ္သားမ်ား ကုန္သြယ္ေရးသမဂၢ (BWTUC) ဥကၠဌ Sok Kin က ေျပာၾကားရာတြင္ ၿမိဳ ႔ေတာ္ဝန္ Khuong Sreng ၏ ေဆာင္ရြက္မႈမ်ားကို မိမိအေနျဖင့္ ေက်နပ္အားရမိေၾကာင္း၊ ကေမၻာဒီးယားတြင္ စံခ်ိန္စံႏႈန္းလိုက္နာသည့္ ေဆာက္လုပ္ေရးလုပ္ငန္း အနည္းငယ္သာ ရွိေနေၾကာင္း ေျပာၾကားသည္။

ေဒသတြင္း အရာရွိမ်ားမွ အေဆာက္အအံုတုိ႔ကို ဝင္ေရာက္စစ္ေဆးျပီး ေဆာက္လုပ္ေရး ခ်ိဳ႕ယြင္းအားနည္းခ်က္မ်ား ေတြ႔သည့္တိုင္ ဥပေဒအရ ေဆာင္ရြက္မႈမ်ား မျပဳလုပ္ႏိုင္ၾကေၾကာင္း၊ အဘယ္ေၾကာင့္ဆိုလွ်င္ ပိုင္ရွင္တို႔ကို အာဏာရွိသူတို႔က ေနာက္ကြယ္မွ အကာအကြယ္ေပးေနၾကေၾကာင္း ေျပာၾကားသည္။

အစိုးရအေနျဖင့္ တည္ဆဲဥပေဒမ်ားအတိုင္း ကိုင္တြယ္ကာ တင္းတင္းက်ပ္က်ပ္ အေရးယူမႈမ်ားျပဳလုပ္ျပီး အရာရွိတစ္ဦးစီတိုင္းကလည္း မိမိတို႔၏ တာဝန္မ်ားကို ေကာင္းစြာထမ္းေဆာင္ပါက ကေမၻာဒီးယားတြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၏ အရည္အေသြး တိုးတက္ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း Sok Kin က ေျပာၾကားသည္။

“အရင္တုန္းက ဌာနဆိုင္ရာက အရာရွိ အဆင့္တိုင္းက ျပႆနာရွိမွ အလုပ္ထလုပ္ၾကတယ္။ ျပီးေတာ့လည္း ဘာမွ ေျပာင္းလဲမသြားသလို ထူးျခားေကာင္းမြန္လာတာလည္း မရွိဘူး။ ဒီျပႆနာေတြကို အခု ဖႏြမ္းပင္ျမိဳ ႔ေတာ္ဝန္က ကိုင္တြယ္လာတာကို ကၽြန္ေတာ္ေက်နပ္ အားရမိပါတယ္။”

လက္ရွိ ကေမၻာဒီးယား ေဆာက္လုပ္ေရး ဥပေဒအရ ေပါ့ဆမႈေၾကာင့္ လူေသဆံုးမႈမ်ားျဖစ္ေပၚပါက စီမံကိန္းေရးဆြဲသူမွသည္ ေဆာက္လုပ္သူမ်ားအထိ၊ အရာရွိမ်ား အပါအဝင္ ေထာင္ဒဏ္ ၁၅ ႏွစ္ႏွင့္အထက္ က်ခံရႏိုင္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Constructions in capital subject to rigorous scrutiny (Phnompenhpost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service