အိန္ဒိယတွင် covid-19 ကာကွယ်ရန် ကိုရိုနာမယ်တော်ကို ပူဇော်ပသလျက်ရှိ

အိန္ဒိယတွင် covid-19 ကာကွယ်ရန် ကိုရိုနာမယ်တော်ကို ပူဇော်ပသလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
31 Jul 2020 11:46 am တွင် တင်ခဲ့သည်
6661 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနိုင်ငံနိုင်ငံ အရှေ့ပိုင်း ဂျာကန်ပြည်နယ် ၊ ဒန်ဘက်မြို့ (Dhanbad) ၊ ဂျာရီယာ (Jharia) အရပ်တွင် အမျိုးသမီးများနှင့် လိင်ပြောင်းသူများ covid-19 ကာကွယ်ရန် နတ်ပူဇော်ပွဲကျင်းပခဲ့ကြသည်။

ဒန်ဘက်တွင် လိင်ပြောင်းသူများသည် Corona Mai ဟုခေါ်သော ကိုရိုနာနတ်သမီးကို စိတ်ကျေနပ်စေရေး ပူဇော်ပသရန် အခမ်းအနား ကျင်းပခဲ့ကြသည်။ ၎င်းတို့၏ ပြောကြားချက်အရ ကိုရိုနာနတ်သမီးသည် ၎င်းတို့ကို အိပ်မက်ပေးကြောင်း၊ သူမအား ပူဇော်ပသပါက ဗိုင်းရပ်စ် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ကြောင့် လိင်ပြောင်းသူ တစ်ဒါဇင်ကျော်သည် ဒန်ဘက်မြို့၊ ဂျာရီယာအရပ်ရှိ ကွင်းပြင်တစ်ခုတွင် စုဝေးခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ထုတ်ရန်အတွက် အထူးပူဇော်ပသပွဲတစ်ရပ် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့သည် လမ်းများပေါ်တွင် ဘာသာရေးသီချင်းများ သီဆိုရွတ်ဖတ်ကြပြီး ကိုရိုနာဗိုင်းရပ်စ်ကို အမှန်တကယ် ပပျောက်စေလိုပါက ကိုရိုနာနတ်သမီးကို ကိုးကွယ်ကြရန် အခြားသူများကိုလည်း တောင်းဆိုခဲ့ကြသည်။

“ကိုရိုနာမယ်တော်က ကျွန်မ အိပ်မက်ထဲကို နွားပုံစံမျိုးနဲ့ ရောက်လာပါတယ်။ ပြီးတော့ တဖြည်းဖြည်းချင်း အမျိုးသမီးတစ်ယောက်ပုံ ပြောင်းလဲသွားတယ်။ သူပြောသွားတာက အိန္ဒိယပြည်သူတွေအနေနဲ့ သူ့ကို ကိုးကွယ်မယ်ဆိုရင် လာတဲ့နေရာကိုပဲ ပြန်သွားတော့မယ်လို့ ပြောပါတယ်။ (အိန္ဒိယတွင် အချို့ယုံကြည်မှုများအရ ကိုရိုနာဗိုင်းရပ်စ်သည်ပင် နတ်ဖြစ်သည်ဟု ယုံကြည်ကြသည်) ဒါကြောင့် ကျွန်မတို့ဟာ ဒီနိုင်ငံကနေ ကိုရိုနာဗိုင်းရပ်စ် ပျောက်ကွယ်သွားဖို့အတွက် အထူးပူဇော်ပွဲကျင်းပကြတာ ဖြစ်ပါတယ်” ဟု အဆိုပါပွဲသို့ တက်ခဲ့သူ နာမလာ ကင်နာက ပြောကြားသည်။

အခြား လိင်ပြောင်းသူတစ်ဦးဖြစ်သည့် ဘန်စီ ကင်နာက ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရန် အခြားနည်းလမ်းမရှိကြောင်း၊ ထို့ကြောင့် လူတို့အနေဖြင့် ကိုရိုနာမယ်တော်ကို ကိုးကွယ်ခြင်းအားဖြင့် စိတ်ကျေနပ်အောင် ပြုလုပ်သင့်ကြောင်း ပြောကြားသည်။

ပြည်နယ်တွင်း အခြားနေရာများတွင်လည်း အမျိုးသမီးတို့သည် ကိုရိုနာမယ်တော်အား ကိုးကွယ်ပသမှုများ ပြုလုပ်လာကြသည်ကို တွေ့ရသည်။

ဂျာကန်ပြည်နယ်တွင်ပင်ရှိသော ဂါဟွာမြို့ (Garhwa) တွင် အမျိုးသမီး ၂၅၀ ကျော်သည် ဘိုဒရာကျေးရွာအနီးရှိ ဘန်ကိမြစ်ကမ်းဘေးတွင် စုဝေးကာ ကိုရိုနာမယ်တော် စိတ်ကျေနပ်စေရန် ချဟတ်သ်အမည်ရှိ ပူဇော်ပသပွဲကို ကျင်းပခဲ့ကြပြီး လွန်ခဲ့သော ၂ လအတွင်း ၎င်းတို့ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများ အဆုံးသတ်စေရန် ရည်ရွယ်ကြသည်။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ အမျိုးသမီးများသည် ပူဇော်ပွဲနေရာသို့ ၎င်းတို့၏ ဘဏ်စာအုပ်များ၊ မှတ်ပုံတင် (Aadhaar card) ကဒ်များ ယူဆောင်လာကြသည်။ နတ်ဘုရား စိတ်ကျေနပ်လျှင် ဘဏ်စာရင်းအတွင်းသို့ ငွေများရောက်ရှိလာမည်ဟု ၎င်းတို့က မျှော်လင့်ကြသည်။

“လူတွေဟာ ကိုရိုနာမယ်တော်ကို ကိုးကွယ်ဆည်းကပ်နေတဲ့ ဗွီဒီယိုတွေ ကြည့်ရပြီးတဲ့နောက် ကျွန်မတို့လည်း ဒီရောဂါကပ်ကြီး ပျောက်ကွယ်စေဖို့အတွက် ပူဇော်ပသပွဲကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရောဂါကပ်ကြီး ပျောက်ကွယ်သွားတဲ့အထိ ဒီပူဇော်ပွဲကို ကျင်းပနေမှာပါ” ဟု ပူဇော်ပွဲတက်ရောက်သူတစ်ဦးဖြစ်သည့် ကန်တီ ဒေဝီက ပြောကြားသည်။

ဂျာကန်ပြည်နယ်၏မြို့တော် ရန်ချီ (Ranchi) ရှိ နမ်ကွန်နှင့် တာတိဆီဝိုင်ဒေသများ ၊ ဂျာကန်ပြည်နယ်-ဂျမ်ရှက်ပူရမြို့ (Jamshedpur) မှ ဘက်ဘီဒါအရပ်၊ အိုဒီးရှားပြည်နယ်-ဒွန်ပါရာမြို့ (Dompara)နှင့် ဒန်ဘက်မြို့ (Dhanbad) မှ ဂျာရီယာအရပ် (Jharia) နှင့် ဂျာကန်ပြည်နယ်- ဂီရိဒီးမြို့ (Giridih) မှ အချို့ဒေသတို့တွင် ထိုသို့သော ပူဇော်ပွဲများ ကျင်းပခဲ့ကြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jharkhand: Transgenders, women perform puja to ward off coronavirus (newindianexpress)

 

[Zawgyi]

အိႏိၵယတြင္ covid-19 ကာကြယ္ရန္ ကိုရိုနာမယ္ေတာ္ကို ပူေဇာ္ပသလ်က္ရွိ

အိႏိၵယႏိုင္ငံႏိုင္ငံ အေရွ႕ပိုင္း ဂ်ာကန္ျပည္နယ္ ၊ ဒန္ဘက္ျမိဳ႕ (Dhanbad) ၊ ဂ်ာရီယာ (Jharia) အရပ္တြင္ အမ်ဳိးသမီးမ်ားႏွင့္ လိင္ေျပာင္းသူမ်ား covid-19 ကာကြယ္ရန္ နတ္ပူေဇာ္ပြဲက်င္းပခဲ့ၾကသည္။

ဒန္ဘက္တြင္ လိင္ေျပာင္းသူမ်ားသည္ Corona Mai ဟုေခၚေသာ ကိုရိုနာနတ္သမီးကို စိတ္ေက်နပ္ေစေရး ပူေဇာ္ပသရန္ အခမ္းအနား က်င္းပခဲ့ၾကသည္။ ၎တို႔၏ ေျပာၾကားခ်က္အရ ကိုရိုနာနတ္သမီးသည္ ၎တို႔ကို အိပ္မက္ေပးေၾကာင္း၊ သူမအား ပူေဇာ္ပသပါက ဗိုင္းရပ္စ္ ေပ်ာက္ကြယ္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ေၾကာင့္ လိင္ေျပာင္းသူ တစ္ဒါဇင္ေက်ာ္သည္ ဒန္ဘက္ျမိဳ႕၊ ဂ်ာရီယာအရပ္ရွိ ကြင္းျပင္တစ္ခုတြင္ စုေဝးခဲ့ၾကျပီး ကိုရိုနာဗိုင္းရပ္စ္ တိုက္ထုတ္ရန္အတြက္ အထူးပူေဇာ္ပသပြဲတစ္ရပ္ က်င္းပခဲ့ၾကျခင္းျဖစ္သည္။

၎တို႔သည္ လမ္းမ်ားေပၚတြင္ ဘာသာေရးသီခ်င္းမ်ား သီဆိုရြတ္ဖတ္ၾကျပီး ကိုရိုနာဗိုင္းရပ္စ္ကို အမွန္တကယ္ ပေပ်ာက္ေစလိုပါက ကိုရိုနာနတ္သမီးကို ကိုးကြယ္ၾကရန္ အျခားသူမ်ားကိုလည္း ေတာင္းဆိုခဲ့ၾကသည္။

“ကိုရိုနာမယ္ေတာ္က ကၽြန္မ အိပ္မက္ထဲကို ႏြားပံုစံမ်ဳိးနဲ႔ ေရာက္လာပါတယ္။ ျပီးေတာ့ တျဖည္းျဖည္းခ်င္း အမ်ဳိးသမီးတစ္ေယာက္ပံု ေျပာင္းလဲသြားတယ္။ သူေျပာသြားတာက အိႏိၵယျပည္သူေတြအေနနဲ႔ သူ႔ကို ကိုးကြယ္မယ္ဆိုရင္ လာတဲ့ေနရာကိုပဲ ျပန္သြားေတာ့မယ္လို႔ ေျပာပါတယ္။ (အိႏိၵယတြင္ အခ်ဳိ ႔ယုံၾကည္မႈမ်ားအရ ကိုရိုနာဗိုင္းရပ္စ္သည္ပင္ နတ္ျဖစ္သည္ဟု ယံုၾကည္ၾကသည္) ဒါေၾကာင့္ ကၽြန္မတို႔ဟာ ဒီႏိုင္ငံကေန ကိုရိုနာဗိုင္းရပ္စ္ ေပ်ာက္ကြယ္သြားဖို႔အတြက္ အထူးပူေဇာ္ပြဲက်င္းပၾကတာ ျဖစ္ပါတယ္” ဟု အဆိုပါပြဲသို႔ တက္ခဲ့သူ နာမလာ ကင္နာက ေျပာၾကားသည္။

အျခား လိင္ေျပာင္းသူတစ္ဦးျဖစ္သည့္ ဘန္စီ ကင္နာက ေျပာၾကားရာတြင္ ကိုရိုနာဗိုင္းရပ္စ္ကို ကာကြယ္ရန္ အျခားနည္းလမ္းမရွိေၾကာင္း၊ ထို႔ေၾကာင့္ လူတို႔အေနျဖင့္ ကိုရိုနာမယ္ေတာ္ကို ကိုးကြယ္ျခင္းအားျဖင့္ စိတ္ေက်နပ္ေအာင္ ျပဳလုပ္သင့္ေၾကာင္း ေျပာၾကားသည္။

ျပည္နယ္တြင္း အျခားေနရာမ်ားတြင္လည္း အမ်ဳိးသမီးတို႔သည္ ကိုရိုနာမယ္ေတာ္အား ကိုးကြယ္ပသမႈမ်ား ျပဳလုပ္လာၾကသည္ကို ေတြ႔ရသည္။

ဂ်ာကန္ျပည္နယ္တြင္ပင္ရွိေသာ ဂါဟြာျမိဳ႕ (Garhwa) တြင္ အမ်ဳိးသမီး ၂၅၀ ေက်ာ္သည္ ဘိုဒရာေက်းရြာအနီးရွိ ဘန္ကိျမစ္ကမ္းေဘးတြင္ စုေဝးကာ ကိုရိုနာမယ္ေတာ္ စိတ္ေက်နပ္ေစရန္ ခ်ဟတ္သ္အမည္ရွိ ပူေဇာ္ပသပြဲကို က်င္းပခဲ့ၾကျပီး လြန္ခဲ့ေသာ ၂ လအတြင္း ၎တို႔ရင္ဆိုင္ခဲ့ရသည့္ အခက္အခဲမ်ား အဆံုးသတ္ေစရန္ ရည္ရြယ္ၾကသည္။

စိတ္ဝင္စားဖြယ္ေကာင္းသည္မွာ အမ်ဳိးသမီးမ်ားသည္ ပူေဇာ္ပြဲေနရာသို႔ ၎တို႔၏ ဘဏ္စာအုပ္မ်ား၊ မွတ္ပံုတင္ (Aadhaar card) ကဒ္မ်ား ယူေဆာင္လာၾကသည္။ နတ္ဘုရား စိတ္ေက်နပ္လွ်င္ ဘဏ္စာရင္းအတြင္းသို႔ ေငြမ်ားေရာက္ရွိလာမည္ဟု ၎တို႔က ေမွ်ာ္လင့္ၾကသည္။

“လူေတြဟာ ကိုရိုနာမယ္ေတာ္ကို ကိုးကြယ္ဆည္းကပ္ေနတဲ့ ဗြီဒီယိုေတြ ၾကည့္ရျပီးတဲ့ေနာက္ ကၽြန္မတို႔လည္း ဒီေရာဂါကပ္ၾကီး ေပ်ာက္ကြယ္ေစဖို႔အတြက္ ပူေဇာ္ပသပြဲက်င္းပဖုိ႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။ ေရာဂါကပ္ၾကီး ေပ်ာက္ကြယ္သြားတဲ့အထိ ဒီပူေဇာ္ပြဲကို က်င္းပေနမွာပါ” ဟု ပူေဇာ္ပြဲတက္ေရာက္သူတစ္ဦးျဖစ္သည့္ ကန္တီ ေဒဝီက ေျပာၾကားသည္။

ဂ်ာကန္ျပည္နယ္၏ျမိဳ႕ေတာ္ ရန္ခ်ီ (Ranchi) ရွိ နမ္ကြန္ႏွင့္ တာတိဆီဝိုင္ေဒသမ်ား ၊ ဂ်ာကန္ျပည္နယ္-ဂ်မ္ရွက္ပူရျမိဳ႕ (Jamshedpur) မွ ဘက္ဘီဒါအရပ္၊ အိုဒီးရွားျပည္နယ္-ဒြန္ပါရာျမိဳ႕ (Dompara)ႏွင့္ ဒန္ဘက္ျမိဳ႕ (Dhanbad) မွ ဂ်ာရီယာအရပ္ (Jharia) ႏွင့္ ဂ်ာကန္ျပည္နယ္- ဂီရိဒီးျမိဳ႕ (Giridih) မွ အခ်ဳိ ႔ေဒသတို႔တြင္ ထိုသို႔ေသာ ပူေဇာ္ပြဲမ်ား က်င္းပခဲ့ၾကသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jharkhand: Transgenders, women perform puja to ward off coronavirus (newindianexpress)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service