စင်္ကာပူတွင် Covid ကင်းစင်သော်လည်း အိမ်ပြန်ခွင့်မရသည့် တရုတ်နိုင်ငံသား အဆောင်ပေါ်မှ ခုန်ချမည်ခြိမ်းခြောက်မှ ပြန်ခွင့်ရ

စင်္ကာပူတွင် Covid ကင်းစင်သော်လည်း အိမ်ပြန်ခွင့်မရသည့် တရုတ်နိုင်ငံသား အဆောင်ပေါ်မှ ခုန်ချမည်ခြိမ်းခြောက်မှ ပြန်ခွင့်ရ - Property News in Myanmar from iMyanmarHouse.com
29 Jul 2020 12:28 pm တွင် တင်ခဲ့သည်
3605 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူ အရှေ့မြောက်ပိုင်း Punggol အရပ်ရှိ PPT Lodge 1B အဆောင်တွင် မိမိနိုင်ငံသို့ အိမ်ပြန်မည့်အရေး အလုပ်ရှင်နှင့် အငြင်းပွားမှု ဖြစ်ပေါ်နေသည့် တရုတ်ပြည်သား အလုပ်သမားတစ်ဦးသည် အဆောင်၏ ၄ လွှာမှ ခုန်ချမည်ဟု ခြိမ်းခြောက်ခဲ့ရာ အတူနေသူများ တုန်လှုပ်ခဲ့ရပြီးနောက် အိမ်ပြန်ခွင့်ပေးလိုက်ရသည်။

စင်္ကာပူလူ့စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် PPT Lodge 1B အဆောင်သည် ဇူလိုင်လ ၄ ရက်ကတည်းက COVID-19 ကင်းစင်ခဲ့ပြီဖြစ်သော်လည်း ဆက်လက်ကာ lockdown ချထားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

“စုံစမ်းစစ်ဆေးမှုများအရ အဆိုပါအလုပ်သမားသည် သူ၏နိုင်ငံသို့ပြန်ရန် လေယာဉ်လက်မှတ် ကိုယ်တိုင်ဝယ်ယူခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရသည်။ အိမ်ပြန်ရန်အတွက် သူ၏အလုပ်ရှင်က ကူညီမှုမရှိဟု သိရသောအခါ အလွန်တုန်လှုပ်မှုခံစားလာခဲ့ရသည်” ဟု လူ့စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ဇူလိုင်လ ၄ ရက်ကတည်းက covid ကင်းစင်ပြီးဖြစ်သော အဆောင်တွင် နေထိုင်နေခြင်းဖြစ်ပြီး အလုပ်သမားဖြစ်သူ အိမ်ပြန်လိုမှုနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့မှု မရှိသောကြောင့် အငြင်းပွားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်” ဟု လူ့စွမ်းအားဝန်ကြီးဌာနက ဆက်လက်ဖော်ပြသည်။

လူ့စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါဖြစ်ရပ်ကို ဗွီဒီယိုဖိုင်မှတ်တမ်းရိုက်ကူးထားမှုရှိပြီး ဖြစ်ပွားချိန်တွင် အဆောင်မှ ဝန်ထမ်းများရှိနေကြောင်း၊ အလုပ်သမားကို စိတ်တည်ငြိမ်စေအောင် ကြိုးပမ်းခဲ့ပြီးနောက် သူ၏အလုပ်ရှင်ကို ဆက်သွယ်ကာ အဆိုပါပြဿနာကို ဖြေရှင်းခဲ့ကြောင်း ထုတ်ပြန်သည်။

“အဆိုပါအလုပ်သမား အိမ်ပြန်ရန် ကူညီရန်နှင့် လိုက်လျောပေးရန် အလုပ်ရှင်ကို အကြံပေးခဲ့ကြောင်း၊ ထိုအလုပ်သမားသည် စင်္ကာပူမှ ယနေ့ထွက်ခွာမည်ဖြစ်ကြောင်း” လူ့စွမ်းအားဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြသည်။

အွန်လိုင်းတွေင် ပျံ့နှံ့နေသော ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များတွင် တွေ့ရသည်မှာ အဆိုပါဖြစ်ရပ်ကို အဆောင်ရှိ အလုပ်သမားများ ဝိုင်းဝန်းကြည့်ရှုနေပြီး PPE ဝတ်စုံအကာအကွယ်ဝတ်ဆင်ထားသည့် ဝန်ထမ်းက အဆောင် ၄ လွှာ၏ လက်ရန်းဘောင်ပေါ်တက်နေသော တရုတ်အလုပ်သမားကို စကားပြောနေပုံကို တွေ့ရသည်။

အစပိုင်းတွင် အလုပ်သမားသည် လက်ရန်းဘောင်ပေါ်တွင် ထိုင်နေပြီး နောက်ပိုင်းတွင် လက်ရန်းပေါ် တက်ကာ မတ်တပ်ရပ်နေပြီး အောက်သို့ ပြုတ်ကျတော့မည့် အနေအထားဖြစ်နေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese man allowed to fly home after threatening to leap from Punggol dorm (Coconuts)

 

[Zawgyi]

စကၤာပူတြင္ Covid ကင္းစင္ေသာ္လည္း အိမ္ျပန္ခြင့္မရသည့္ တရုတ္ႏိုင္ငံသား အေဆာင္ေပၚမွ ခုန္ခ်မည္ျခိမ္းေျခာက္မွ ျပန္ခြင့္ရ

စကၤာပူ အေရွ႕ေျမာက္ပိုင္း Punggol အရပ္ရွိ PPT Lodge 1B အေဆာင္တြင္ မိမိႏိုင္ငံသုိ႔ အိမ္ျပန္မည့္အေရး အလုပ္ရွင္ႏွင့္ အျငင္းပြားမႈ ျဖစ္ေပၚေနသည့္ တရုတ္ျပည္သား အလုပ္သမားတစ္ဦးသည္ အေဆာင္၏ ၄ လႊာမွ ခုန္ခ်မည္ဟု ျခိမ္းေျခာက္ခဲ့ရာ အတူေနသူမ်ား တုန္လႈပ္ခဲ့ရျပီးေနာက္ အိမ္ျပန္ခြင့္ေပးလိုက္ရသည္။

စကၤာပူလူ႔စြမ္းအား ဝန္ၾကီးဌာနက ထုတ္ျပန္ရာတြင္ PPT Lodge 1B အေဆာင္သည္ ဇူလိုင္လ ၄ ရက္ကတည္းက COVID-19 ကင္းစင္ခဲ့ျပီျဖစ္ေသာ္လည္း ဆက္လက္ကာ lockdown ခ်ထားခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္သည္။

“စံုစမ္းစစ္ေဆးမႈမ်ားအရ အဆိုပါအလုပ္သမားသည္ သူ၏ႏိုင္ငံသုိ႔ျပန္ရန္ ေလယာဥ္လက္မွတ္ ကိုယ္တိုင္ဝယ္ယူခဲ့ေၾကာင္း ေဖာ္ထုတ္ေတြ႔ရွိရသည္။ အိမ္ျပန္ရန္အတြက္ သူ၏အလုပ္ရွင္က ကူညီမႈမရွိဟု သိရေသာအခါ အလြန္တုန္လႈပ္မႈခံစားလာခဲ့ရသည္” ဟု လူ႔စြမ္းအားဝန္ၾကီးဌာနက ထုတ္ျပန္သည္။

“ဇူလိုင္လ ၄ ရက္ကတည္းက covid ကင္းစင္ျပီးျဖစ္ေသာ အေဆာင္တြင္ ေနထိုင္ေနျခင္းျဖစ္ျပီး အလုပ္သမားျဖစ္သူ အိမ္ျပန္လိုမႈႏွင့္ စပ္လ်ဥ္းျပီး ေဆြးေႏြးခဲ့မႈ မရွိေသာေၾကာင့္ အျငင္းပြားမႈ ေပၚေပါက္လာျခင္းျဖစ္သည္” ဟု လူ႔စြမ္းအားဝန္ၾကီးဌာနက ဆက္လက္ေဖာ္ျပသည္။

လူ႔စြမ္းအားဝန္ၾကီးဌာန၏ ထုတ္ျပန္ခ်က္အရ အဆိုပါျဖစ္ရပ္ကို ဗြီဒီယိုဖိုင္မွတ္တမ္းရိုက္ကူးထားမႈရွိျပီး ျဖစ္ပြားခ်ိန္တြင္ အေဆာင္မွ ဝန္ထမ္းမ်ားရွိေနေၾကာင္း၊ အလုပ္သမားကို စိတ္တည္ျငိမ္ေစေအာင္ ၾကိဳးပမ္းခဲ့ျပီးေနာက္ သူ၏အလုပ္ရွင္ကို ဆက္သြယ္ကာ အဆိုပါျပႆနာကို ေျဖရွင္းခဲ့ေၾကာင္း ထုတ္ျပန္သည္။

“အဆိုပါအလုပ္သမား အိမ္ျပန္ရန္ ကူညီရန္ႏွင့္ လိုက္ေလ်ာေပးရန္ အလုပ္ရွင္ကို အၾကံေပးခဲ့ေၾကာင္း၊ ထိုအလုပ္သမားသည္ စကၤာပူမွ ယေန႔ထြက္ခြာမည္ျဖစ္ေၾကာင္း” လူ႔စြမ္းအားဝန္ၾကီးဌာနက ျဖည့္စြက္ေဖာ္ျပသည္။

အြန္လိုင္းေတြင္ ပ်ံ႕ႏွံ႔ေနေသာ ဓာတ္ပံုမ်ား၊ ဗြီဒီယိုဖိုင္မ်ားတြင္ ေတြ႔ရသည္မွာ အဆိုပါျဖစ္ရပ္ကို အေဆာင္ရွိ အလုပ္သမားမ်ား ဝိုင္းဝန္းၾကည့္ရႈေနျပီး PPE ဝတ္စံုအကာအကြယ္ဝတ္ဆင္ထားသည့္ ဝန္ထမ္းက အေဆာင္ ၄ လႊာ၏ လက္ရန္းေဘာင္ေပၚတက္ေနေသာ တရုတ္အလုပ္သမားကို စကားေျပာေနပံုကို ေတြ႔ရသည္။

အစပိုင္းတြင္ အလုပ္သမားသည္ လက္ရန္းေဘာင္ေပၚတြင္ ထိုင္ေနျပီး ေနာက္ပိုင္းတြင္ လက္ရန္းေပၚ တက္ကာ မတ္တပ္ရပ္ေနျပီး ေအာက္သို႔ ျပဳတ္က်ေတာ့မည့္ အေနအထားျဖစ္ေနသည္ကို ေတြ႔ရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese man allowed to fly home after threatening to leap from Punggol dorm (Coconuts)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service