အီလက်ထရွန်နစ် စာပို့စနစ်နှင့် ဒစ်ဂျစ်တယ်သက်သေခံဆိုင်ရာ အခြေခံအဆောက်အအုံစနစ် စီမံကိန်း ဆောင်ရွက်ရန် ထောက်ပံ့ငွေ ယူရို ၀ ဒသမ ၈၆၁ သန်းနှင့် အတိုးမဲ့ချေးငွေယူရို ၄ ဒသမ ၈၇၆ သန်း ရယူမည်

အီလက်ထရွန်နစ် စာပို့စနစ်နှင့် ဒစ်ဂျစ်တယ်သက်သေခံဆိုင်ရာ အခြေခံအဆောက်အအုံစနစ် စီမံကိန်း ဆောင်ရွက်ရန် ထောက်ပံ့ငွေ ယူရို ၀ ဒသမ ၈၆၁ သန်းနှင့် အတိုးမဲ့ချေးငွေယူရို ၄ ဒသမ ၈၇၆ သန်း ရယူမည် - Property News in Myanmar from iMyanmarHouse.com
29 Jul 2020 10:47 am တွင် တင်ခဲ့သည်
715 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အဆိုပါချေးငွေကို ဩစတြီးယားနိုင်ငံ Unicredit Bank ထံမှ ရယူမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ် မြောက် ပုံမှန်အစည်းအဝေးမှ သိရသည်။

အဆိုပါချေးငွေရယူနိုင်ရေးကိစ္စနှင့့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

အီလက်ထရွန်နစ် စာပို့စနစ် တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့်အခမဲ့ အသုံးပြုနိုင်သည့် အီးမေးလ် (Free Email) များကို အသုံးမပြုတော့ဘဲ အရေးကြီး ကိစ္စရပ်များကို ပိုမိုလုံခြုံမှုရှိသော နိုင်ငံပိုင် အီလက်ထရွန်နစ် စာပို့စနစ် (အီးမေးလ်) အသုံးပြု၍ ပြည်တွင်း / ပြည်ပ လွယ်ကူလျင်မြန်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး အဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပြီး အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် ကိုယ်ပိုင် Domain ဖြင့် တည်ဆောက်ထားသော အီးမေးလ်များကို လုံခြုံမှုနှင့် Storage အပါအဝင်အခြား စွမ်းဆောင်ရည်များကို အဆင့်တိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် gov.mm သို့မဟုတ် သက်ဆိုင်ရာအဖွဲ့အစည်း Domain အမည်ဖြင့်ဂုဏ်သိက္ခာ ရှိရှိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးသာဦးက ရှင်းလင်းတင်ပြသည်။

ဒစ်ဂျစ်တယ် သက်သေခံဆိုင်ရာ အခြေခံအဆောက်အအုံစနစ်တွင် ဒစ်ဂျစ်တယ်အသိအမှတ်ပြုလက်မှတ်များကို ထုတ်ပေးခြင်း၊ စီမံခန့်ခွဲ ခြင်း၊ အသုံးပြုခြင်း၊ သိမ်းဆည်းခြင်းနှင့် ဖျက်သိမ်းခြင်းတို့ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သော Hardware နှင့် Software တို့ပေါင်းစပ်ထား သောနည်းပညာဖြစ်ပြီး ဒစ်ဂျစ်တယ်ခေတ်တွင် ဘယ်သူက ဘာပစ္စည်းအသုံးပြုထားကြောင်း ယင်းတို့မှာ စစ်မှန်ကြောင်းစသည့်သက်သေ အထောက်အထားပြနိုင်သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာနည်းပညာဖြစ်ကြောင်း၊ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများ၊ e – Government ၊ e – Commerce နှင့် Financial Technology (Fin Tech) စသည်တို့တွင် အချက်အလက်လုံခြုံမှုစနစ်အတွက် အသုံးပြုနိုင် မည်ဖြစ်ကြောင်း ဒုဝန်ကြီးကရှင်းပြသည်။

ဆက်လက်၍ ပို့ /ဆက် ဒုဝန်ကြီးက ယခုတင်ပြသော စီမံကိန်းသည် အစိုးရဌာန၊ အဖွဲ့အစည်းများအားလုံး မျှဝေအသုံးပြုရန် Shared Infrastructure ဆောင်ရွက် ခြင်းဖြစ်၍ နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် e – Government လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရေး တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ထောက်ပံ့ငွေ နှင့် အတိုးမဲ့ချေးငွေ စုစုပေါင်း ယူရို ၅ ဒသမ ၇၃၇ သန်းရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးရန် တင်ပြထားသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ ချေးငွေစီမံကိန်းသည် နိုင်ငံတော်၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တစ်ခုဖြစ်ရာ ၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေတို့ နှင့် ကိုက်ညီပြီး ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာနှင့်လည်း ကိုက်ညီကာ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒတို့နှင့် ကိုက်ညီမှုရှိ ကြောင်း စိစစ်ထားပြီးဖြစ်၍ ချေးငွေကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ရန် တင်ပြခဲ့ကြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် ဩဂုတ် ၅ ရက်တွင် ဆွေးနွေးရန်လျာထားခဲ့ ကြောင်း သိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အီလက္ထရြန္နစ္ စာပို႔စနစ္ႏွင့္ ဒစ္ဂ်စ္တယ္သက္ေသခံဆိုင္ရာ အေျခခံအေဆာက္အအုံစနစ္ စီမံကိန္း ေဆာင္ရြက္ရန္ ေထာက္ပံ႔ေငြ ယူရို ၀ ဒသမ ၈၆၁ သန္းႏွင့္ အတိုးမဲ့ေခ်းေငြယူရို ၄ ဒသမ ၈၇၆ သန္း ရယူမည္

အဆိုပါေခ်းေငြကို ဩစႀတီးယားနိုင္ငံ Unicredit Bank ထံမွ ရယူမည္ျဖစ္ေၾကာင္း ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၇) ႀကိမ္ ေျမာက္ ပုံမွန္အစည္းအေဝးမွ သိရသည္။

အဆိုပါေခ်းေငြရယူႏိုင္ေရးကိစၥႏွင့္ ့စပ္လ်ဥ္း၍ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးသာဦးႏွင့္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းတို႔က လႊတ္ေတာ္သို႔ ရွင္းလင္းတင္ျပၾကသည္။

အီလက္ထရြန္နစ္ စာပို႔စနစ္ တည္ေဆာက္ျခင္းႏွင့္စပ္လ်ဥ္း၍ အစိုးရဌာနအဖြဲ႕အစည္းမ်ားအေနျဖင့္အခမဲ့ အသုံးျပဳနိုင္သည့္ အီးေမးလ္ (Free Email) မ်ားကို အသုံးမျပဳေတာ့ဘဲ အေရးႀကီး ကိစၥရပ္မ်ားကို ပိုမိုလုံျခဳံမႈရွိေသာ နိုင္ငံပိုင္ အီလက္ထရြန္နစ္ စာပို႔စနစ္ (အီးေမးလ္) အသုံးျပဳ၍ ျပည္တြင္း / ျပည္ပ လြယ္ကူလ်င္ျမန္စြာ ဆက္သြယ္ေဆာင္ရြက္နိုင္ေရး အဆင့္ျမႇင့္တင္ ေဆာင္ရြက္သြားနိုင္မည္ ျဖစ္ၿပီး အစိုးရဌာနအဖြဲ႕အစည္းမ်ားအေနျဖင့္ ကိုယ္ပိုင္ Domain ျဖင့္ တည္ေဆာက္ထားေသာ အီးေမးလ္မ်ားကို လုံျခဳံမႈႏွင့္ Storage အပါအဝင္အျခား စြမ္းေဆာင္ရည္မ်ားကို အဆင့္တိုးျမႇင့္ ေဆာင္ရြက္ျခင္းျဖင့္ gov.mm သို႔မဟုတ္ သက္ဆိုင္ရာအဖြဲ႕အစည္း Domain အမည္ျဖင့္ဂုဏ္သိကၡာ ရွိရွိ အသုံးျပဳနိုင္မည္ျဖစ္ေၾကာင္း ဒုတိယဝန္ႀကီး ဦးသာဦးက ရွင္းလင္းတင္ျပသည္။

ဒစ္ဂ်စ္တယ္ သက္ေသခံဆိုင္ရာ အေျခခံအေဆာက္အအုံစနစ္တြင္ ဒစ္ဂ်စ္တယ္အသိအမွတ္ျပဳလက္မွတ္မ်ားကို ထုတ္ေပးျခင္း၊ စီမံခန႔္ခြဲ ျခင္း၊ အသုံးျပဳျခင္း၊ သိမ္းဆည္းျခင္းႏွင့္ ဖ်က္သိမ္းျခင္းတို႔ ျပဳလုပ္နိုင္ရန္အတြက္ လိုအပ္ေသာ Hardware ႏွင့္ Software တို႔ေပါင္းစပ္ထား ေသာနည္းပညာျဖစ္ၿပီး ဒစ္ဂ်စ္တယ္ေခတ္တြင္ ဘယ္သူကဘာပစၥည္းအသုံးျပဳထားေၾကာင္း ယင္းတို႔မွာ စစ္မွန္ေၾကာင္းစသည့္သက္ေသ အေထာက္အထားျပနိုင္သည့္ ဆိုက္ဘာလုံျခဳံေရးဆိုင္ရာနည္းပညာျဖစ္ေၾကာင္း၊ အြန္လိုင္းဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ e – Government ၊ e – Commerce ႏွင့္ Financial Technology (Fin Tech) စသည္တို႔တြင္ အခ်က္အလက္လုံျခဳံမႈစနစ္အတြက္ အသုံးျပဳနိုင္ မည္ျဖစ္ေၾကာင္း ဒုဝန္ႀကီးကရွင္းျပသည္။

ဆက္လက္၍ ပို႔ /ဆက္ ဒုဝန္ႀကီးက ယခုတင္ျပေသာ စီမံကိန္းသည္ အစိုးရဌာန၊ အဖြဲ႕အစည္းမ်ားအားလုံး မၽွေဝအသုံးျပဳရန္ Shared Infrastructure ေဆာင္ရြက္ ျခင္းျဖစ္၍ နိုင္ငံေတာ္က ေဆာင္ရြက္လ်က္ရွိသည့္ e – Government လုပ္ငန္းစဥ္မ်ား အေကာင္အထည္ ေဖာ္နိုင္ေရး တိုးျမႇင့္ေဆာင္ရြက္နိုင္မည္ျဖစ္သည့္အတြက္ ေထာက္ပံ့ေငြ ႏွင့္ အတိုးမဲ့ေခ်းေငြ စုစုေပါင္း ယူရို ၅ ဒသမ ၇၃၇ သန္းရယူရန္ ကိစၥႏွင့္စပ္လ်ဥ္း၍ ျပည္ေထာင္စု လႊတ္ေတာ္က အတည္ျပဳေပးရန္ တင္ျပထားသည္။

ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက အဆိုပါ ေခ်းေငြစီမံကိန္းသည္ နိုင္ငံေတာ္၏ အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းတစ္ခုျဖစ္ရာ ၂၀၁၉ - ၂၀၂၀ ခု၊ ဘ႑ာ ေရးႏွစ္ ျပည္ေထာင္စု၏ ဘ႑ာေငြအရအသုံးဆိုင္ရာ ဥပေဒ၊ ျပည္သူ႔ေႂကြးၿမီစီမံခန႔္ခြဲမႈ ဥပေဒတို႔ ႏွင့္ ကိုက္ညီၿပီး ကာလလတ္ေႂကြးၿမီ စီမံခန႔္ခြဲမႈ မဟာဗ်ဴဟာႏွင့္လည္း ကိုက္ညီကာ ဖြံ႕ၿဖိဳးမႈ အကူအညီဆိုင္ရာ မူဝါဒတို႔ႏွင့္ ကိုက္ညီမႈရွိ ေၾကာင္း စိစစ္ထားၿပီးျဖစ္၍ ေခ်းေငြကိစၥကို ျပည္ေထာင္စုလႊတ္ေတာ္က ေဆြးေႏြးသုံးသပ္၍ အတည္ျပဳေပးနိုင္ရန္ တင္ျပခဲ့ၾကၿပီး ေဆြးေႏြးလိုသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ရွိပါက အမည္စာရင္း တင္သြင္းနိုင္ေၾကာင္းႏွင့္ ဩဂုတ္ ၅ ရက္တြင္ ေဆြးေႏြးရန္လ်ာထားခဲ့ ေၾကာင္း သိရသည္။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service