မလေးရှားအိမ်ခြံမြေ ဘီလျံနာ၏ အံ့ဖွယ်သား( သို့မဟုတ်) အမွေများစွန့်လွှတ်ကာ ရဟန်းဘဝသို့ ကူးပြောင်းခဲ့သည့် ထိုင်း-မြန်မာ နယ်စပ်က ကျောင်းထိုင်ဆရာတော်

မလေးရှားအိမ်ခြံမြေ ဘီလျံနာ၏ အံ့ဖွယ်သား( သို့မဟုတ်) အမွေများစွန့်လွှတ်ကာ ရဟန်းဘဝသို့ ကူးပြောင်းခဲ့သည့် ထိုင်း-မြန်မာ နယ်စပ်က ကျောင်းထိုင်ဆရာတော် - Property News in Myanmar from iMyanmarHouse.com
28 Jul 2020 12:34 pm တွင် တင်ခဲ့သည်
2033 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မလေးရှားနိုင်ငံ၏ တတိယအချမ်းသာဆုံး ဘီလျံနာသူဌေးကြီး၏သားသည် ဘီလျံနှင့်ချီသောအမွေများကို စွန့်လွှတ်ကာ သာသနာ့ဘောင်သို့ ရဟန်းအဖြစ် ဝင်ရောက်ခဲ့ကာ အရှင် အာဂျန် သီရိပန်ယိုဘွဲ့အမည်ကို ခံယူခဲ့သည်။

အကယ်၍ သင်ဆိုလျှင် အလွန်များပြားလှသည့် ဓနဥစ္စာပိုင်ဆိုင်မှုများကို စွန့်လွှတ်ပါမည်လော။ အရှင် အာဂျန် သီရိပန်ယိုက သူ၏ များစွာသော အမွေများကို စွန့်လွှတ်ခဲ့ပြီ ဖြစ်သည်။

ထိုင်းလူမျိုး၊ မလေးရှားနိုင်ငံသား ရဟန်းတော်သည် လောကီ ချမ်းသာကြွယ်ဝမှု ဓနဥစ္စာများကို ချန်ထားရစ်ခဲ့ကာ လောကုတ္တရာ အေးချမ်းမှုများ ရှာဖွေရန် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

မစ္စတာ သီရိပန်ယို စွန့်လွှတ်ခဲ့သော ဓနဥစ္စာတို့မှာ မည်မျှ များပြားပါသနည်း။ သူသည် မလေးရှား၏ တတိယမြောက် အချမ်းသာဆုံး၊ ကိုယ်ထူးကိုယ်ချွန်သူဌေးကြီး အာနန္ဒ ကရစ်ရှ်နန်၏ သားဖြစ်ပြီး ကရစ်ရှ်နန်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံခန့် ရှိကြောင်း Forbes မဂ္ဂဇင်းကြီးက ခန့်မှန်းထားသည်။ အာနန္ဒ ကရစ်ရှ်နန်သည် သီရိလင်္ကာလူမျိုး၊ မလေးရှားနိုင်ငံသားဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။ သြစတေးလျမှ နိုင်ငံရေးသိပ္ပံဘွဲ့၊ ဟားဘတ်တက္ကသိုလ်မှ MBA ဘွဲ့များ ရရှိထားသူဖြစ်သည်။

အာနန္ဒ ကရစ်ရှ်နန်၏ စီးပွားရေးလုပ်ငန်းများမှာ နယ်ပယ်ကျယ်ပြန့်လှကာ အိမ်ခြံမြေ၊ မီဒီယာ၊ ဆက်သွယ်ရေးဂြိုဟ်တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ တယ်လီကွန်ဆက်သွယ်ရေး အစရှိသည်တို့အပြင် အခြားနယ်ပယ်များစွာရှိသေးသည်။

အာနန္ဒ ကရစ်ရှ်နန်သည် ၁၉၈၀ ပြည့်လွန်ကာလများတွင် ကမ္ဘာကျော် အင်္ဂလန် ရော့ခ်တေးဂီတအဖွဲ့ကြီး Queen ၏ 1985 Live Aid concert အမည်ရှိ စတိတ်ရှိုးပွဲကြီးကိုလည်း စီစဉ်ခဲ့ဖူးသူ ဖြစ်သည်။ (Queen အဖွဲ့အကြောင်း ရုပ်ရှင်ရိုက်ကူးထားသည့် Bohemian Rhapsody သည် အော်စကာဆု ၄ ဆုအထိ ဆွတ်ခူးရရှိထားသည်)

မစ္စတာ သီရိပန်ယိုက သူ၏ဘဝကို တတ်နိုင်သမျှ မထင်မရှားသာနေထိုင်လိုသည်၊ လူသိရှင်ကြားမဖြစ်လို။ သူ၏ ရည်မှန်းချက် အထမြောက်သည်ဟု ဆိုရမည် ဖြစ်သည်။ ရဟန်းမဖြစ်မီကာလများက မစ္စတာသီရိပန်ယို၏ ဘဝဖြတ်သန်းမှုများကို ခြေရာကောက်ရန် အလွန်ခက်ခဲလှကြောင်း တွေ့ရသည်။

သို့သော် စုံစမ်းလေ့လာမှုများအရ ခေတ်သစ် သိဒ္ဓတ္ထဟု အမည်တွင်နေသူ မစ္စတာ သီရိပန်ယိုနှင့် ပတ်သက်သည့် အချက်အချို့ကို သိလာရသည်။

၁။ သူသည် အသက် ၁၈ နှစ်အရွယ်ကတည်းက သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်။

မစ္စတာ သီရိပန်ယိုသည် ဗုဒ္ဓဘာသာ၏ သစ္စာ ၄ ပါးလမ်းကြောင်းကို ဘဝအစောပိုင်းကာလများကတည်းက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မတော်တဆဖြစ်တည်လာမှုဟုလည်း ဆိုနိုင်သည်။

ထိုင်းလူမျိုး မိခင်ဘက်မှ ဘိုးဘွားများကို ကန်တော့ရန် ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်စဉ် ထိုအချိန်က အသက် ၁၈ နှစ်သာရှိသေးသော သီရိပန်ယိုက ခေတ္တ ဒုလ္လဘ ရဟန်းဝတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဒုလ္လဘဝတ်ခြင်းမှသည် ရဟန်းဘောင်သို့ အပြီးတိုင်ကူးပြောင်းသွားစေမည်ဟု ထိုစဉ်က သီရိပန်ယို မသိခဲ့ချေ။

နှစ်ပေါင်း ၂၀ ကျော်အကြာ ယနေ့အခါ သူသည် ထိုင်း-မြန်မာနယ်စပ် Dtao Dum ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်အဖြစ် တောရဆောက်တည်လျက်ရှိသည့် ဘုန်းတော်ကြီးဖြစ်နေပြီ ဖြစ်သည်။

၂။ တော်ဝင်သွေး ပါသူဖြစ်သည်။

မစ္စတာ သီရိပန်ယိုသည် မိခင်ဘက်မှ တော်ဝင်သွေးပါလာသူဖြစ်၏။ မိခင်ဖြစ်သူအကြောင်း ကမ္ဘာက မသိကြသေးသော်လည်း စုံစမ်းလေ့လာမှုများအရ ထိုင်းတော်ဝင်မိသားစုမှ ဆင်းသက်လာသူ မွမ်ဝါဂျာရောင်စီ ဆူပရင်ဒါ ချာကရာဘန် (Momwajarongse Suprinda Chakraban) ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သီရိပန်ယိုသည် ဘီလျံနာကြီး၏ သားဟူသည့်အပြင် တော်ဝင်မျိုးဆက်တစ်ဦးဖြစ်ကြောင်းလည်း ပေါ်ပေါက်လာသည်။

၃။ ဗြိတိန်တွင် ကြီးပြင်းခဲ့သည်။

မစ္စတာ သီရိပန်ယို၏ ကလေးဘဝကို များစွာမသိရသော်လည်း ညီမ ၂ ဦးနှင့်အတူ လန်ဒန်တွင် ကြီးပြင်းခဲ့ပြီး ဗြိတိန်တွင်ပင် ပညာဆည်းပူးခဲ့ကြောင်း သိရသည်။

သူ၏ ဘဝအမြင်မှာ ကွဲပြားခြားနားသော ယဉ်ကျေးမှုများအပေါ် ဖွင့်ထားသောစိတ်ဖြင့် ချဉ်းကပ်သူဖြစ်ရာ ဗုဒ္ဓ၏ ဟောကြားချက်များကို ချဉ်းကပ်ရာတွင် လွယ်ကူစွာ နားလည်နိုင်သည်မှာ အံအားသင့်ဖွယ်မဟုတ်ချေ။

၄။ ဘာသာစကား ၈ မျိုး ပြောတတ်သူဖြစ်သည်။

မစ္စတာ သီရိပန်ယို၏ ပုဂ္ဂလိကဘဝနှင့် စပ်လျဉ်းပြီး သိရှိနိုင်သည့်အချက်နည်းပါးလှရာ မည်သည့်ဘာသာစကားများကို ကျွမ်းကျင်စွာ ပြောနိုင်ကြောင်း သိရှိသူတစ်ဦးမျှ မရှိချေ။

သို့သော် ကျွမ်းကျင်စွာပြောဆိုနိုင်သည့် ဘာသာစကားများတွင် အင်္ဂလိပ်ဘာသာပါဝင်မည်ဖြစ်ပြီး တမီလ်နှင့် ထိုင်းစကားများလည်း ပါဝင်ဖွယ်ရှိသည်။

၅။ တခါတရံတွင် လူဝတ်ဘဝက နေထိုင်ခဲ့သည့် ပုံစံမျိုးနှင့် တွေ့ရတတ်သည်။

သီရိပန်ယိုသည် နေ့စဉ်နှင့်အမျှ ဒါနနှင့် သီလပြုကျင့်မှုများဖြင့် ရှင်သန်နေထိုင်သည့် ဘုန်းတော်ကြီးတစ်ပါးဖြစ်သော်လည်း လိုအပ်ချိန်တွင် ခမ်းနားထည်ဝါမှုများကို ကျင့်သုံးရန် တွန့်ဆုတ်နေခြင်းမျိုး မရှိချေ။

ဖခမည်းတော် (ရဟန်း၏ ဖခင်ဖြစ်သောကြောင့်) အခါအားလျော်စွာ သွားရောက်တွေ့ဆုံရာတွင် ခမ်းနားထည်ဝါမှုများဆီသို့ ခေတ္တပြန်သွားရလေ့ရှိသည်။

တခါက အီတလီတွင် ရောက်ရှိနေသည့် ဖခင်ဖြစ်သူ ကရစ်ရှ်နန်ကို တွေ့ဆုံရန် သီးသန့်ဂျက်လေယာဉ်တစ်စင်းဖြင့် ခရီးထွက်ခဲ့သည်ကို တွေ့ရသည်။

တခါတွင်မူ ဖခင်ကြီးက သားဖြစ်သူအတွက် ရည်ရွယ်ဝယ်ယူထားသော Penang Hill ရှိ ဘာသာရေးအခမ်းအနားသို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The billionaire heir who became a monk: Why the son of Malaysia’s third-richest man renounced luxury and fortune for spiritual peace (Todayonline)

[Zawgyi]

မေလးရွားအိမ္ျခံေျမ ဘီလ်ံနာ၏ အံ့ဖြယ္သား( သို႔မဟုတ္) အေမြမ်ားစြန္႔လႊတ္ကာ ရဟန္းဘဝသို႔ ကူးေျပာင္းခဲ့သည့္ ထိုင္း-ျမန္မာ နယ္စပ္က ေက်ာင္းထိုင္ဆရာေတာ္

မေလးရွားႏိုင္ငံ၏ တတိယအခ်မ္းသာဆံုး ဘီလ်ံနာသူေဌးၾကီး၏သားသည္ ဘီလ်ံႏွင့္ခ်ီေသာအေမြမ်ားကို စြန္႔လႊတ္ကာ သာသနာ့ေဘာင္သို႔ ရဟန္းအျဖစ္ ဝင္ေရာက္ခဲ့ကာ အရွင္ အာဂ်န္ သီရိပန္ယိုဘြဲ႔အမည္ကို ခံယူခဲ့သည္။

အကယ္၍ သင္ဆိုလွ်င္ အလြန္မ်ားျပားလွသည့္ ဓနဥစၥာပိုင္ဆိုင္မႈမ်ားကို စြန္႔လႊတ္ပါမည္ေလာ။ အရွင္ အာဂ်န္ သီရိပန္ယိုက သူ၏ မ်ားစြာေသာ အေမြမ်ားကို စြန္႔လႊတ္ခဲ့ျပီ ျဖစ္သည္။

ထိုင္းလူမ်ဳိး၊ မေလးရွားႏိုင္ငံသား ရဟန္းေတာ္သည္ ေလာကီ ခ်မ္းသာၾကြယ္ဝမႈ ဓနဥစၥာမ်ားကို ခ်န္ထားရစ္ခဲ့ကာ ေလာကုတၱရာ ေအးခ်မ္းမႈမ်ား ရွာေဖြရန္ ထြက္ခြာသြားခဲ့ျပီ ျဖစ္သည္။

မစၥတာ သီရိပန္ယို စြန္႔လႊတ္ခဲ့ေသာ ဓနဥစၥာတို႔မွာ မည္မွ် မ်ားျပားပါသနည္း။ သူသည္ မေလးရွား၏ တတိယေျမာက္ အခ်မ္းသာဆံုး၊ ကိုယ္ထူးကိုယ္ခၽြန္သူေဌးၾကီး အာနႏၵ ကရစ္ရွ္နန္၏ သားျဖစ္ျပီး ကရစ္ရွ္နန္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၇ ဒသမ ၁ ဘီလီယံခန္႔ ရွိေၾကာင္း Forbes မဂၢဇင္းၾကီးက ခန္႔မွန္းထားသည္။ အာနႏၵ ကရစ္ရွ္နန္သည္ သီရိလကၤာလူမ်ဳိး၊ မေလးရွားႏိုင္ငံသားျဖစ္ျပီး ဗုဒၶဘာသာဝင္တစ္ဦးျဖစ္သည္။ ၾသစေတးလ်မွ ႏိုင္ငံေရးသိပၸံဘြဲ႔၊ ဟားဘတ္တကၠသိုလ္မွ MBA ဘြဲ႔မ်ား ရရွိထားသူျဖစ္သည္။

အာနႏၵ ကရစ္ရွ္နန္၏ စီးပြားေရးလုပ္ငန္းမ်ားမွာ နယ္ပယ္က်ယ္ျပန္႔လွကာ အိမ္ျခံေျမ၊ မီဒီယာ၊ ဆက္သြယ္ေရးျဂိဳဟ္တု၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႔၊ တယ္လီကြန္ဆက္သြယ္ေရး အစရွိသည္တို႔အျပင္ အျခားနယ္ပယ္မ်ားစြာရွိေသးသည္။

အာနႏၵ ကရစ္ရွ္နန္သည္ ၁၉၈၀ ျပည့္လြန္ကာလမ်ားတြင္ ကမၻာေက်ာ္ အဂၤလန္ ေရာ့ခ္ေတးဂီတအဖြဲ႔ၾကီး Queen ၏ 1985 Live Aid concert အမည္ရွိ စတိတ္ရႈိးပြဲၾကီးကိုလည္း စီစဥ္ခဲ့ဖူးသူ ျဖစ္သည္။ (Queen အဖြဲ႔အေၾကာင္း ရုပ္ရွင္ရိုက္ကူးထားသည့္ Bohemian Rhapsody သည္ ေအာ္စကာဆု ၄ ဆုအထိ ဆြတ္ခူးရရွိထားသည္)

မစၥတာ သီရိပန္ယိုက သူ၏ဘဝကို တတ္ႏိုင္သမွ် မထင္မရွားသာေနထိုင္လိုသည္၊ လူသိရွင္ၾကားမျဖစ္လို။ သူ၏ ရည္မွန္းခ်က္ အထေျမာက္သည္ဟု ဆိုရမည္ ျဖစ္သည္။ ရဟန္းမျဖစ္မီကာလမ်ားက မစၥတာသီရိပန္ယို၏ ဘဝျဖတ္သန္းမႈမ်ားကို ေျခရာေကာက္ရန္ အလြန္ခက္ခဲလွေၾကာင္း ေတြ႔ရသည္။

သို႔ေသာ္ စံုစမ္းေလ့လာမႈမ်ားအရ ေခတ္သစ္ သိဒၶတၳဟု အမည္တြင္ေနသူ မစၥတာ သီရိပန္ယိုႏွင့္ ပတ္သက္သည့္ အခ်က္အခ်ဳိ ႔ကို သိလာရသည္။

၁။ သူသည္ အသက္ ၁၈ ႏွစ္အရြယ္ကတည္းက သာသနာ့ေဘာင္သို႔ ဝင္ေရာက္ခဲ့ျခင္းျဖစ္။

မစၥတာ သီရိပန္ယိုသည္ ဗုဒၶဘာသာ၏ သစၥာ ၄ ပါးလမ္းေၾကာင္းကို ဘဝအေစာပိုင္းကာလမ်ားကတည္းက ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။ မေတာ္တဆျဖစ္တည္လာမႈဟုလည္း ဆိုႏိုင္သည္။

ထိုင္းလူမ်ဳိး မိခင္ဘက္မွ ဘိုးဘြားမ်ားကို ကန္ေတာ့ရန္ ထိုင္းႏိုင္ငံသို႔ အလည္အပတ္သြားေရာက္စဥ္ ထိုအခ်ိန္က အသက္ ၁၈ ႏွစ္သာရွိေသးေသာ သီရိပန္ယိုက ေခတၱ ဒုလႅဘ ရဟန္းဝတ္ရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ဒုလႅဘဝတ္ျခင္းမွသည္ ရဟန္းေဘာင္သို႔ အျပီးတိုင္ကူးေျပာင္းသြားေစမည္ဟု ထိုစဥ္က သီရိပန္ယို မသိခဲ့ေခ်။

ႏွစ္ေပါင္း ၂၀ ေက်ာ္အၾကာ ယေန႔အခါ သူသည္ ထိုင္း-ျမန္မာနယ္စပ္ Dtao Dum ဘုန္းေတာ္ၾကီးေက်ာင္း၏ ေက်ာင္းထိုင္ဆရာေတာ္အျဖစ္ ေတာရေဆာက္တည္လ်က္ရွိသည့္ ဘုန္းေတာ္ၾကီးျဖစ္ေနျပီ ျဖစ္သည္။

၂။ ေတာ္ဝင္ေသြး ပါသူျဖစ္သည္။

မစၥတာ သီရိပန္ယိုသည္ မိခင္ဘက္မွ ေတာ္ဝင္ေသြးပါလာသူျဖစ္၏။ မိခင္ျဖစ္သူအေၾကာင္း ကမၻာက မသိၾကေသးေသာ္လည္း စံုစမ္းေလ့လာမႈမ်ားအရ ထိုင္းေတာ္ဝင္မိသားစုမွ ဆင္းသက္လာသူ မြမ္ဝါဂ်ာေရာင္စီ ဆူပရင္ဒါ ခ်ာကရာဘန္ (Momwajarongse Suprinda Chakraban) ျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ သီရိပန္ယိုသည္ ဘီလ်ံနာၾကီး၏ သားဟူသည့္အျပင္ ေတာ္ဝင္မ်ဳိးဆက္တစ္ဦးျဖစ္ေၾကာင္းလည္း ေပၚေပါက္လာသည္။

၃။ ျဗိတိန္တြင္ ၾကီးျပင္းခဲ့သည္။

မစၥတာ သီရိပန္ယို၏ ကေလးဘဝကို မ်ားစြာမသိရေသာ္လည္း ညီမ ၂ ဦးႏွင့္အတူ လန္ဒန္တြင္ ၾကီးျပင္းခဲ့ျပီး ျဗိတိန္တြင္ပင္ ပညာဆည္းပူးခဲ့ေၾကာင္း သိရသည္။

သူ၏ ဘဝအျမင္မွာ ကဲြျပားျခားနားေသာ ယဥ္ေက်းမႈမ်ားအေပၚ ဖြင့္ထားေသာစိတ္ျဖင့္ ခ်ဥ္းကပ္သူျဖစ္ရာ ဗုဒၶ၏ ေဟာၾကားခ်က္မ်ားကို ခ်ဥ္းကပ္ရာတြင္ လြယ္ကူစြာ နားလည္ႏိုင္သည္မွာ အံအားသင့္ဖြယ္မဟုတ္ေခ်။

၄။ ဘာသာစကား ၈ မ်ဳိး ေျပာတတ္သူျဖစ္သည္။

မစၥတာ သီရိပန္ယို၏ ပုဂၢလိကဘဝႏွင့္ စပ္လ်ဥ္းျပီး သိရွိႏိုင္သည့္အခ်က္နည္းပါးလွရာ မည္သည့္ဘာသာစကားမ်ားကို ကၽြမ္းက်င္စြာ ေျပာႏိုင္ေၾကာင္း သိရွိသူတစ္ဦးမွ် မရွိေခ်။

သို႔ေသာ္ ကၽြမ္းက်င္စြာေျပာဆိုႏိုင္သည့္ ဘာသာစကားမ်ားတြင္ အဂၤလိပ္ဘာသာပါဝင္မည္ျဖစ္ျပီး တမီလ္ႏွင့္ ထိုင္းစကားမ်ားလည္း ပါဝင္ဖြယ္ရွိသည္။

၅။ တခါတရံတြင္ လူဝတ္ဘဝက ေနထိုင္ခဲ့သည့္ ပံုစံမ်ဳိးႏွင့္ ေတြ႔ရတတ္သည္။

သီရိပန္ယိုသည္ ေန႔စဥ္ႏွင့္အမွ် ဒါနႏွင့္ သီလျပဳက်င့္မႈမ်ားျဖင့္ ရွင္သန္ေနထုိင္သည့္ ဘုန္းေတာ္ၾကီးတစ္ပါးျဖစ္ေသာ္လည္း လိုအပ္ခ်ိန္တြင္ ခမ္းနားထည္ဝါမႈမ်ားကို က်င့္သံုးရန္ တြန္႔ဆုတ္ေနျခင္းမ်ဳိး မရွိေခ်။

ဖခမည္းေတာ္ (ရဟန္း၏ ဖခင္ျဖစ္ေသာေၾကာင့္) အခါအားေလ်ာ္စြာ သြားေရာက္ေတြ႔ဆံုရာတြင္ ခမ္းနားထည္ဝါမႈမ်ားဆီသို႔ ေခတၱျပန္သြားရေလ့ရွိသည္။

တခါက အီတလီတြင္ ေရာက္ရွိေနသည့္ ဖခင္ျဖစ္သူ ကရစ္ရွ္နန္ကို ေတြ႔ဆံုရန္ သီးသန္႔ဂ်က္ေလယာဥ္တစ္စင္းျဖင့္ ခရီးထြက္ခဲ့သည္ကို ေတြ႔ရသည္။

တခါတြင္မူ ဖခင္ၾကီးက သားျဖစ္သူအတြက္ ရည္ရြယ္ဝယ္ယူထားေသာ Penang Hill ရွိ ဘာသာေရးအခမ္းအနားသို႔ တက္ေရာက္ခဲ့သည္ကို ေတြ႔ရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The billionaire heir who became a monk: Why the son of Malaysia’s third-richest man renounced luxury and fortune for spiritual peace (Todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service