အခြေခံ စပါးဈေးနှုန်း တင်းတစ်ရာကိုငါးသိန်းနှစ်သောင်းအဖြစ် သတ်မှတ်

အခြေခံ စပါးဈေးနှုန်း တင်းတစ်ရာကိုငါးသိန်းနှစ်သောင်းအဖြစ် သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
28 Jul 2020 12:23 pm တွင် တင်ခဲ့သည်
1328 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို စပါးတင်းတစ်ရာ ကျပ်ငါးသိန်းနှစ်သောင်းအဖြစ် သတ်မှတ်လိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီဈေးနှုန်းကိုတော့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့က ထုတ်ပြန်တာလည်းဖြစ်ပါတယ်။

တောင်သူလယ်သမားတွေအတွက် သင့်တင့်မျှတတဲ့ ဈေးကွက်နဲ့ဈေးနှုန်းပေါ်ပေါက်စေဖို့အတွက် စိုက်ပျိုးထုတ်လုပ်တဲ့ စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို သတ်မှတ်လိုက်တာပါ။

အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိပြီး အဖျင်းအမှော် ၊ ဖုန် ၊သဲ ၊ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန် စံညွှန်း တွေနဲ့ကိုက်ညီတဲ့ တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်းတစ်ရာရဲ့အခြေခံ ရည်ညွှန်း ဈေးနှုန်းကို ကျပ် ငါးသိန်းနှစ်သောင်းကျပ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။

ဈေးကွက်ပေါက်ဈေးဟာ အခြေခံရည်ညွှန်းစပါးဈေးနှုန်း အပေါ် ဖြစ်နေရင် ဈေးကွက် ပေါက်ဈေးအတိုင်း ဝယ်ယူဖို့နဲ့ ဈေးကွက်ပေါက်ဈေးဟာ အခြေခံ ရည်ညွှန်းဈေးနှုန်းအောက် ဖြစ်ရင်တော့ အခြေခံ ဈေးနှုန်း အတိုင်းဝယ်ယူရမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အခုသတ်မှတ်လိုက်တဲ့ အခြေခံ ရည်ညွှန်း စပါးဈေးနှုန်း ဟာ ၂၀၂၀ ပြည့်နှစ် မိုးစပါးနဲ့ ၂၀၂၁ ခုနှစ် နွေစပါး တို့အတွက် ရည်ရွယ်တာလို့သိရပါတယ်။

ဒီလို အခြေခံရည်ညွှန်းဈေးနှုန်းနဲ့ ရောင်းချဖို့ အခက်အခဲရှိတဲ့တောင်သူတွေအနေနဲ့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကိုဆက်သွယ်နိုင်ပါတယ်။

ဒါ့အပြင်ပို့ကုန်လိုင်စင်လျှောက်ထားရာတွင် အရေးပေါ်ဆန်ရိက္ခာအတွက် တင်ပို့မှု၏ ၁၀ ရာခိုင်နှုန်း အစိုးရက ဝယ်ယူမှုကို သြဂုတ် ၁ ရက်က စတင်ပြီး ယာယီရပ်ဆိုင်းတော့မှာလည်းဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါ ဖြစ်နေချိန်အတွင်း ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် အစိုးရက အရန်ဆန် တန်ချိန် ငါးသောင်း (၅၀,၀၀၀) ကို ဝယ်ယူစုဆောင်းခဲ့သည်။ ဆန်တစ်အိတ်လျှင် ကျပ် ၂၁,၆၀၀ ဖြင့် ဈေးသတ်မှတ်ပြီး ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အရန်ဆန်ရိက္ခာ သတ်မှတ်တန်ချိန် ပြည့်သွားခြင်းကြောင့် ဆန်ဝယ်ယူမှုကို ရပ်ဆိုင်းခြင်းဖြစ် သည်။

မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မည့် အခြေအနေကလည်း ဇူလိုင်လတွင် ဆန်တန်ချိန် တစ်သိန်းခွဲ၊ သြဂုတ်လတွင် ဆန်တန်ချိန်တစ်သိန်းခွဲနှင့် စက်တင်ဘာတွင် ဆန်တန်ချိန်တစ်သိန်း တင်ပို့ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

၂၀၁၉ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ဇူလိုင် ၃ ရက်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုက တန်ချိန် နှစ် သန်းတစ်သိန်းကျော် တင်ပို့ထားသည်။

လက်ရှိ နိုင်ငံတကာဆန် ဈေးကွက် အခြေအနေသည် COVID-19 ကပ်ရောဂါစတင်ပြီး နောက်ပိုင်းတွင် ဈေးနှုန်းပြန်လည်ကျဆင်းနေကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင် အချို့က ပြောသည်။

COVID-19 ကပ်ရောဂါ စတင်ပြီးနောက် နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးနှုန်းများ ရုတ်တရတ် မြင့်တက်ခဲ့သည်။ ထိုင်းနိုင်ငံမှ ၅ မှတ် ဆန်တစ်တန်လျှင် ဒေါ်လာ ၅၀၀ ကျော်အထိ ဈေး မြင့်တက်ခဲ့သည်။ သို့သော်လက်ရှိအချိန်တွင် ထိုင်း ၅ မှတ် အမျိုးအစားဆန်တစ်တန်လျှင် ဒေါ်လာ ၄၀၀ ကျော်သို့ ပြန်လည်ကျဆင်းလာကြောင်း ၎င်းတို့က ပြောသည်။

‘‘နိုင်ငံတကာဈေးကွက် ဈေး ပြန်ဆင်းလာတယ်။ ပြီးတော့ စိုက်ပျိုးချိန်ဖြစ်နေတော့ ဝယ်သူဘက်ကလည်း စောင့်ကြည့်နေတယ်’’ ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က ပြော သည်။

လက်ရှိ နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ ၅ မှတ်ဆန် ဈေးနှုန်းက တစ်တန်လျှင် ဒေါ် လာ ၄၁၀၊၂၅ မှတ်ဆန်အမျိုး အစား တစ်တန်လျှင် ၃၃၄ ဒေါ် လာဈေးဖွင့်သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အေျခခံ စပါးေစ်းႏႈန္း တင္းတစ္ရာကိုငါးသိန္းႏွစ္ေသာင္းအျဖစ္ သတ္မွတ္

အေျခခံရည္ၫႊန္းစပါးေစ်းႏႈန္းကို စပါးတင္းတစ္ရာ က်ပ္ငါးသိန္းႏွစ္ေသာင္းအျဖစ္ သတ္မွတ္လိုက္တယ္လို႔ ျပန္ၾကားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။

ဒီေစ်းႏႈန္းကိုေတာ့ ေတာင္သူလယ္သမားအခြင့္အေရး ကာကြယ္ေရးနဲ႔ အက်ိဳးစီးပြားျမႇင့္တင္ေရး ဦးေဆာင္ အဖြဲ႕က ထုတ္ျပန္တာလည္းျဖစ္ပါတယ္။

ေတာင္သူလယ္သမားေတြအတြက္ သင့္တင့္မွ်တတဲ့ ေစ်းကြက္နဲ႔ေစ်းႏႈန္းေပၚေပါက္ေစဖို႔အတြက္ စိုက္ပ်ိဳးထုတ္လုပ္တဲ့ စပါးသီးႏွံအတြက္ အေျခခံရည္ၫႊန္းစပါးေစ်းႏႈန္းကို သတ္မွတ္လိုက္တာပါ။

အစိုဓာတ္ ၁၄ ရာခိုင္ႏႈန္း ရွိၿပီး အဖ်င္းအေမွာ္ ၊ ဖုန္ ၊သဲ ၊ခဲ ကင္းစင္ၿပီး အရည္အေသြးဆိုင္ရာ သတ္မွတ္စံခ်ိန္ စံၫႊန္း ေတြနဲ႔ကိုက္ညီတဲ့ တစ္တင္း ၄၆ ေပါင္ကိုက္ စပါးတင္းတစ္ရာရဲ႕အေျခခံ ရည္ၫႊန္း ေစ်းႏႈန္းကို က်ပ္ ငါးသိန္းႏွစ္ေသာင္းက်ပ္ သတ္မွတ္လိုက္တာျဖစ္ပါတယ္။

ေစ်းကြက္ေပါက္ေစ်းဟာ အေျခခံရည္ၫႊန္းစပါးေစ်းႏႈန္း အေပၚ ျဖစ္ေနရင္ ေစ်းကြက္ ေပါက္ေစ်းအတိုင္း ဝယ္ယူဖို႔နဲ႔ ေစ်းကြက္ေပါက္ေစ်းဟာ အေျခခံ ရည္ၫႊန္းေစ်းႏႈန္းေအာက္ ျဖစ္ရင္ေတာ့ အေျခခံ ေစ်းႏႈန္း အတိုင္းဝယ္ယူရမယ္လို႔ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

အခုသတ္မွတ္လိုက္တဲ့ အေျခခံ ရည္ၫႊန္း စပါးေစ်းႏႈန္း ဟာ ၂၀၂၀ ျပည့္ႏွစ္ မိုးစပါးနဲ႔ ၂၀၂၁ ခုႏွစ္ ေႏြစပါး တို႔အတြက္ ရည္႐ြယ္တာလို႔သိရပါတယ္။

ဒီလို အေျခခံရည္ၫႊန္းေစ်းႏႈန္းနဲ႔ ေရာင္းခ်ဖို႔ အခက္အခဲရွိတဲ့ေတာင္သူေတြအေနနဲ႔ ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ကိုဆက္သြယ္ႏိုင္ပါတယ္။

ဒါ့အျပင္ပို႔ကုန္လိုင္စင္ေလွ်ာက္ထားရာတြင္ အေရးေပၚဆန္ရိကၡာအတြက္ တင္ပို႔မႈ၏ ၁၀ ရာခိုင္ႏႈန္း အစိုးရက ဝယ္ယူမႈကို ၾသဂုတ္ ၁ ရက္က စတင္ၿပီး ယာယီရပ္ဆိုင္းေတာ့မွာလည္းျဖစ္ပါတယ္။

COVID-19 ကပ္ေရာဂါ ျဖစ္ေနခ်ိန္အတြင္း ျပည္တြင္း စားနပ္ရိကၡာ ဖူလုံေရးအတြက္ အစိုးရက အရန္ဆန္ တန္ခ်ိန္ ငါးေသာင္း (၅၀,၀၀၀) ကို ဝယ္ယူစုေဆာင္းခဲ့သည္။ ဆန္တစ္အိတ္လွ်င္ က်ပ္ ၂၁,၆၀၀ ျဖင့္ ေဈးသတ္မွတ္ၿပီး ဝယ္ယူခဲ့ျခင္း ျဖစ္ၿပီး အရန္ဆန္ရိကၡာ သတ္မွတ္တန္ခ်ိန္ ျပည့္သြားျခင္းေၾကာင့္ ဆန္ဝယ္ယူမႈကို ရပ္ဆိုင္းျခင္းျဖစ္ သည္။

ျမန္မာႏိုင္ငံမွ ျပည္ပဆန္တင္ပို႔မည့္ အေျခအေနကလည္း ဇူလိုင္လတြင္ ဆန္တန္ခ်ိန္ တစ္သိန္းခြဲ၊ ၾသဂုတ္လတြင္ ဆန္တန္ခ်ိန္တစ္သိန္းခြဲႏွင့္ စက္တင္ဘာတြင္ ဆန္တန္ခ်ိန္တစ္သိန္း တင္ပို႔ရန္ ရည္မွန္းထားေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။

၂၀၁၉ ေအာက္တိုဘာ ၁ ရက္မွ ၂၀၂၀ ဇူလိုင္ ၃ ရက္အထိ ျမန္မာႏိုင္ငံမွ ျပည္ပသို႔ ဆန္ႏွင့္ ဆန္ကြဲတင္ပို႔မႈက တန္ခ်ိန္ ႏွစ္ သန္းတစ္သိန္းေက်ာ္ တင္ပို႔ထားသည္။

လက္ရွိ ႏိုင္ငံတကာဆန္ ေဈးကြက္ အေျခအေနသည္ COVID-19 ကပ္ေရာဂါစတင္ၿပီး ေနာက္ပိုင္းတြင္ ေဈးႏႈန္းျပန္လည္က်ဆင္းေနေၾကာင္း ျပည္ပသို႔ ဆန္တင္ပို႔ေနသည့္ လုပ္ငန္းရွင္ အခ်ိဳ႕က ေျပာသည္။

COVID-19 ကပ္ေရာဂါ စတင္ၿပီးေနာက္ ႏိုင္ငံတကာေဈးကြက္တြင္ ဆန္ေဈးႏႈန္းမ်ား ႐ုတ္တရတ္ ျမင့္တက္ခဲ့သည္။ ထိုင္းႏိုင္ငံမွ ၅ မွတ္ ဆန္တစ္တန္လွ်င္ ေဒၚလာ ၅၀၀ ေက်ာ္အထိ ေဈး ျမင့္တက္ခဲ့သည္။ သို႔ေသာ္လက္ရွိအခ်ိန္တြင္ ထိုင္း ၅ မွတ္ အမ်ိဳးအစားဆန္တစ္တန္လွ်င္ ေဒၚလာ ၄၀၀ ေက်ာ္သို႔ ျပန္လည္က်ဆင္းလာေၾကာင္း ၎တို႔က ေျပာသည္။

‘‘ႏိုင္ငံတကာေဈးကြက္ ေဈး ျပန္ဆင္းလာတယ္။ ၿပီးေတာ့ စိုက္ပ်ိဳးခ်ိန္ျဖစ္ေနေတာ့ ဝယ္သူဘက္ကလည္း ေစာင့္ၾကည့္ေနတယ္’’ ဟု ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ တြဲဖက္အေထြေထြ အတြင္းေရးမႉး ဦးေနလင္းဇင္က ေျပာ သည္။

လက္ရွိ ႏိုင္ငံတကာေဈးကြက္တြင္ ျမန္မာ့ ၅ မွတ္ဆန္ ေဈးႏႈန္းက တစ္တန္လွ်င္ ေဒၚ လာ ၄၁၀၊၂၅ မွတ္ဆန္အမ်ိဳး အစား တစ္တန္လွ်င္ ၃၃၄ ေဒၚ လာေဈးဖြင့္သည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service