လုပ်ငန်းခုနှစ်မျိုးကို အစိုးရက ကျပ်ငွေ ဘီလီယံ ၁၀၀ ထပ်ချေးမည်

လုပ်ငန်းခုနှစ်မျိုးကို အစိုးရက ကျပ်ငွေ ဘီလီယံ ၁၀၀ ထပ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
28 Jul 2020 10:39 am တွင် တင်ခဲ့သည်
650 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အစိုးရက ကျပ်ဘီလီယံ ၁၀၀ ထုတ်ချေးမည်ဖြစ်၍ လုပ်ငန်းခုနှစ်မျိုးကို ဇူလိုင် ၂၉ ရက်တွင် စတင်လျှောက်ထားနိုင်ကြောင်း (COVID-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်သည်။

ထိုချေးငွေကို လုပ်ငန်းခုနှစ်မျိုးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့်ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစား ထိုးပစ္စည်းထုတ်လုပ်သည့်ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက်ပါဝင် ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးမည်ဖြစ်သည်။

ထိုစီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်းနှင့်ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေးသွားမည် ဖြစ်သည်။

အဆိုပါ စီးပွားရေးလုပ်ငန်းများအနေဖြင့်ချေးငွေရယူနိုင်ရေးအတွက် COVID-19 ကြောင့် အမှန်တကယ်ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင်စီးပွားရေး လုပ်ငန်းဖြစ်ရန်နှင့် လက်ရှိ လည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ရမည် သို့မဟုတ် ယခု ကြေညာချက်ထုတ်ပြန်သည့် ရက်မတိုင်မီ ယခင် ငါးလအတွင်းက ယာယီရပ်စဲထား သော်လည်း ချေးငွေရရှိပါက ချက်ချင်းပြန်လည်စတင်နိုင်သည့် လုပ်ငန်းဖြစ်ရမည်ဟု အစိုးရက သတ်မှတ်သည်။

ထို့အပြင် ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်၊လုပ်ငန်းလိုင်စင်ရထားပြီး လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်းအဖြစ် တင်ပြရမည် ဖြစ်သည်။

ချေးငွေကို ဝန်ထမ်းနှင့် လုပ်သားများ လစာပေးချေရန်နှင့် လက်ရှိလုပ်ငန်း လည်ပတ်ရန်ကိစ္စအတွက်သာ အသုံးပြုရမည်ဖြစ်ကာ ဝင်ငွေခွန်၊ကုန်သွယ်ခွန်နှင့် အထူးကုန်စည်ခွန် ပေးဆောင်ထားသည့် ကုမ္ပဏီ ဖြစ်ရမည်ဟု အသိပေးသည်။

အလားတူ ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီမဟုတ်ပါက ချေးငွေရယူသည့် လုပ်ငန်းပိုင်ရှင်မှ ချေးငွေအား ပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးရန်နှင့် ဘဏ်တစ်ခုခုမှ ချေးငွေရယူထားပြီးနောက် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျှက်ရှိသည့် လုပ်ငန်းများ၊ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုကြောင့် ဘဏ် တစ်ခုခုက တရားစွဲဆိုခြင်း ခံထားရသည့် လုပ်ငန်းများ မဖြစ်စေရန် ညွှန်ကြားသည်။

ပထမ အကြိမ် ထုတ်ချေးခဲ့သည့် COVID-19 Fund မှချေးငွေကိုရယူထားပြီးဖြစ်သည့် လုပ်ငန်းမဖြစ်စေရန် နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများက ချေးငွေ လျှောက်ထားရာတွင် မိသားစုတစ်ပိုင်တစ်နိုင်ဝမ်းစာအတွက် မဟုတ်ဘဲ စီးပွားဖြစ် ဆောင်ရွက်နေသော လုပ်ငန်းများဖြစ်ရမည်။

ထို့အပြင် အဆိုပါစီးပွားရေးလုပ်ငန်းများ အမှန်တကယ် လုပ်ဆောင်နေကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တင်ပြရမည်ဖြစ်ကာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူထားသည့် လုပ်ငန်းများလျှောက်ထားနိုင်မည် မဟုတ်ပေ။

ချေးငွေ လျှောက်လွှာများကို ဇူလိုင် ၂၉ ရက်က စရှ်ု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း ရုံးများ ၊ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်နှင့် ပြည်နယ်ရုံးများနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ရုံးချုပ်၊ တိုင်းနှင့်ပြည်နယ်ရုံးများတွင် ထုတ်ယူနိုင်မည်ဖြစ်သည်။

လျှောက်လွှာလက်ခံရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ဩဂုတ်လ ၁၀ ရက်နေ့ထက်ကျော်လွန် တင်ပြလာသည့် လျှောက်လွှာများအား လက်ခံဆောင်ရွက်မည် မဟုတ်ကြောင်း အသိပေးသည်။

ဇူလိုင် ၂၃ ရက်က ပြုလုပ်ခဲ့သော COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးတွင် ဒုတိယအသုတ်ချေးငွေ အတွက် ကျပ် ၃၅ ဘီလီယံ၊ ဒုတိယအရစ် ကျပ် ၃၅ ဘီလီယံ နှင့် တတိယအရစ် ကျပ် ၃၀ ဘီလီယံ အစီအစဉ်အတိုင်း ခွဲဝေအသုံးပြုသွားမည် ဖြစ်ကြောင်း ကော်မတီဥက္ကဌ ဦးသောင်းထွန်းက ဇူလိုင် ၂၃ ရက်က ပြောကြားထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လုပ္ငန္းခုႏွစ္မ်ိဳးကို အစိုးရက က်ပ္ေငြ ဘီလီယံ ၁၀၀ ထပ္ေခ်းမည္

အစိုးရက က်ပ္ဘီလီယံ ၁၀၀ ထုတ္ေခ်းမည္ျဖစ္၍ လုပ္ငန္းခုႏွစ္မ်ိဳးကို ဇူလိုင္ ၂၉ ရက္တြင္ စတင္ေလွ်ာက္ထားႏိုင္ေၾကာင္း (COVID-19) ေၾကာင့္ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရး သက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီက ထုတ္ျပန္သည္။

ထိုေခ်းေငြကို လုပ္ငန္းခုႏွစ္မ်ိဳးျဖစ္သည့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ေရထြက္ပစၥည္း ထုတ္လုပ္သည့္လုပ္ငန္းမ်ား၊ ျပည္ပပို႔ကုန္ထုတ္လုပ္သည့္ကုန္ထုတ္လုပ္ငန္းမ်ား၊ သြင္းကုန္အစား ထိုးပစၥည္းထုတ္လုပ္သည့္ကုန္ထုတ္လုပ္ငန္းမ်ား၊ ျပည္တြင္းထုတ္လုပ္မႈမွ ျပည္ပတင္ပို႔သည္အထိ ထုတ္လုပ္မႈကြင္းဆက္ (Supply Chain) တစ္ေလွ်ာက္ပါဝင္ ေဆာင္႐ြက္သည့္လုပ္ငန္းမ်ား၊ စားေသာက္ကုန္ထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ား၊ ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈ လုပ္ငန္းမ်ားႏွင့္ အသက္ေမြးဝမ္းေက်ာင္း ပညာသင္ေက်ာင္းမ်ားသို႔ ထုတ္ေပးမည္ျဖစ္သည္။

ထိုစီးပြားေရးလုပ္ငန္းမ်ားကို အတိုးႏႈန္း တစ္ရာခိုင္ႏႈန္းႏွင့္ေခ်းေငြကာလ တစ္ႏွစ္သတ္မွတ္၍ ေခ်းေငြထုတ္ေပးသြားမည္ ျဖစ္သည္။

အဆိုပါ စီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ေခ်းေငြရယူႏိုင္ေရးအတြက္ COVID-19 ေၾကာင့္ အမွန္တကယ္ထိခိုက္မႈရွိေနေသာ ႏိုင္ငံသားပိုင္စီးပြားေရး လုပ္ငန္းျဖစ္ရန္ႏွင့္ လက္ရွိ လည္ပတ္ေဆာင္႐ြက္ေနသည့္ လုပ္ငန္းျဖစ္ရမည္ သို႔မဟုတ္ ယခု ေၾကညာခ်က္ထုတ္ျပန္သည့္ ရက္မတိုင္မီ ယခင္ ငါးလအတြင္းက ယာယီရပ္စဲထား ေသာ္လည္း ေခ်းေငြရရွိပါက ခ်က္ခ်င္းျပန္လည္စတင္ႏိုင္သည့္ လုပ္ငန္းျဖစ္ရမည္ဟု အစိုးရက သတ္မွတ္သည္။

ထို႔အျပင္ ၂၀၁၈ ခုႏွစ္ မတ္လ ၃၁ ရက္ေန႔မတိုင္မီက သက္ဆိုင္ရာဌာနမွ ခြင့္ျပဳခ်က္၊လုပ္ငန္းလိုင္စင္ရထားၿပီး လြန္ခဲ့သည့္ ႏွစ္ႏွစ္တာကာလအတြင္း ႏွစ္စဥ္ဝင္ေငြရရွိေနေသာ လုပ္ငန္းအျဖစ္ တင္ျပရမည္ ျဖစ္သည္။

ေခ်းေငြကို ဝန္ထမ္းႏွင့္ လုပ္သားမ်ား လစာေပးေခ်ရန္ႏွင့္ လက္ရွိလုပ္ငန္း လည္ပတ္ရန္ကိစၥအတြက္သာ အသုံးျပဳရမည္ျဖစ္ကာ ဝင္ေငြခြန္၊ကုန္သြယ္ခြန္ႏွင့္ အထူးကုန္စည္ခြန္ ေပးေဆာင္ထားသည့္ ကုမၸဏီ ျဖစ္ရမည္ဟု အသိေပးသည္။

အလားတူ ကုမၸဏီျဖစ္ပါက ကုမၸဏီ၏ ဒါ႐ိုက္တာအဖြဲ႕၊ ကုမၸဏီမဟုတ္ပါက ေခ်းေငြရယူသည့္ လုပ္ငန္းပိုင္ရွင္မွ ေခ်းေငြအား ျပန္လည္ေပးဆပ္ရန္ အာမခံခ်က္ေပးရန္ႏွင့္ ဘဏ္တစ္ခုခုမွ ေခ်းေငြရယူထားၿပီးေနာက္ ျပန္လည္ေပးဆပ္ရန္ ပ်က္ကြက္လွ်က္ရွိသည့္ လုပ္ငန္းမ်ား၊ ေခ်းေငြျပန္လည္ေပးဆပ္ရန္ ပ်က္ကြက္မႈေၾကာင့္ ဘဏ္ တစ္ခုခုက တရားစြဲဆိုျခင္း ခံထားရသည့္ လုပ္ငန္းမ်ား မျဖစ္ေစရန္ ၫႊန္ၾကားသည္။

ပထမ အႀကိမ္ ထုတ္ေခ်းခဲ့သည့္ COVID-19 Fund မွေခ်းေငြကိုရယူထားၿပီးျဖစ္သည့္ လုပ္ငန္းမျဖစ္ေစရန္ ႏွင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ေရထြက္ကုန္ပစၥည္း ထုတ္လုပ္သည့္ လုပ္ငန္းမ်ားက ေခ်းေငြ ေလွ်ာက္ထားရာတြင္ မိသားစုတစ္ပိုင္တစ္ႏိုင္ဝမ္းစာအတြက္ မဟုတ္ဘဲ စီးပြားျဖစ္ ေဆာင္႐ြက္ေနေသာ လုပ္ငန္းမ်ားျဖစ္ရမည္။

ထို႔အျပင္ အဆိုပါစီးပြားေရးလုပ္ငန္းမ်ား အမွန္တကယ္ လုပ္ေဆာင္ေနေၾကာင္း သက္ဆိုင္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံခ်က္တင္ျပရမည္ျဖစ္ကာ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ ေခ်းေငြရယူထားသည့္ လုပ္ငန္းမ်ားေလွ်ာက္ထားႏိုင္မည္ မဟုတ္ေပ။

ေခ်းေငြ ေလွ်ာက္လႊာမ်ားကို ဇူလိုင္ ၂၉ ရက္က စရႈ္ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္၊တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္အသင္း ႐ုံးမ်ား ၊ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန၊ ႐ုံးခ်ဳပ္ႏွင့္ တိုင္ႏွင့္ ျပည္နယ္႐ုံးမ်ားႏွင့္ စက္မႈႀကီးၾကပ္ေရးႏွင့္စစ္ေဆးေရးဦးစီးဌာန ႐ုံးခ်ဳပ္၊ တိုင္းႏွင့္ျပည္နယ္႐ုံးမ်ားတြင္ ထုတ္ယူႏိုင္မည္ျဖစ္သည္။

ေလွ်ာက္လႊာလက္ခံရန္ ေနာက္ဆုံးသတ္မွတ္ရက္ျဖစ္သည့္ ဩဂုတ္လ ၁၀ ရက္ေန႔ထက္ေက်ာ္လြန္ တင္ျပလာသည့္ ေလွ်ာက္လႊာမ်ားအား လက္ခံေဆာင္႐ြက္မည္ မဟုတ္ေၾကာင္း အသိေပးသည္။

ဇူလိုင္ ၂၃ ရက္က ျပဳလုပ္ခဲ့ေသာ COVID-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရး လုပ္ငန္းေကာ္မတီ၏ အစည္းအေဝးတြင္ ဒုတိယအသုတ္ေခ်းေငြ အတြက္ က်ပ္ ၃၅ ဘီလီယံ၊ ဒုတိယအရစ္ က်ပ္ ၃၅ ဘီလီယံ ႏွင့္ တတိယအရစ္ က်ပ္ ၃၀ ဘီလီယံ အစီအစဥ္အတိုင္း ခြဲေဝအသုံးျပဳသြားမည္ ျဖစ္ေၾကာင္း ေကာ္မတီဥကၠဌ ဦးေသာင္းထြန္းက ဇူလိုင္ ၂၃ ရက္က ေျပာၾကားထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service