လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များကို ကျပ် ၃၅ သိန်းမှ သိန်း ၁၀၀ ကြားချေးငွေပေးမည်

လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များကို ကျပ် ၃၅ သိန်းမှ သိန်း ၁၀၀ ကြားချေးငွေပေးမည် - Property News in Myanmar from iMyanmarHouse.com
27 Jul 2020 11:00 am တွင် တင်ခဲ့သည်
1437 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များကို ကျပ် ၃၅ သိန်းမှ သိန်း ၁၀၀ ကြားချေးငွေပေးမည်ဟု အသေးစားငွေရေးကြေးရေး ကြီးကြပ်မှုကော်မတီက ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါချေးငွေကို တိုင်းဒေ သကြီး၊ ပြည်နယ်များရှိ အတည်တကျဖွင့်လှစ်ထားသည့် ဆိုင်များအား ပြည်ထောင်စုအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေ ကျပ်ဘီလီယံ ၁၀၀ မှ ထုတ်ချေးမည်ဖြစ် သည်။ ထိုချေးငွေကို မြန်မာ့စီးပွား ရေးဘဏ်က အသေးစားချေးငွေလုပ်ငန်းများကို ထုတ်ချေးပြီး ထိုလုပ်ငန်းများက လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များကို တစ်ဆင့်ပြန်လည်ချေးမည်ဖြစ်သည်။

ထုတ်ချေးရာတွင် အတိုးနှုန်း ၁ ရာခိုင်နှုန်းနှင့် ချေးငွေသက်တမ်း တစ်နှစ်ဖြစ်ပြီး ဆိုင်းငံ့ကာလသုံးလဖြစ်သည်။ ကျန်ကိုးလတွင် သုံးလတစ်ကြိမ် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ထုတ်ချေးရာတွင် မတည်ရင်းနှီးငွေ ကျပ်သိန်း ၅၀ ရှိသည့် ဆိုင်ငယ်များကို အများဆုံး ကျပ် ၃၅ သိန်း၊ မတည်ငွေ ကျပ်သိန်း ၅၀ မှ ၁၀၀ ကြားရှိသည့် ဆိုင်ငယ်များအတွက် ကျပ်သိန်း ၇၀ နှင့် မတည်ငွေ ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ ကြားရှိ ဆိုင်ငယ်များအတွက် ကျပ်သိန်း ၁၀၀ ထုတ်ချေးမည်ဖြစ်သည်။

ချေးငွေလျှောက်ထားမည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များသည် အချက်ကိုးချက် ပြည့်စုံရမည်ဖြစ် သည်။ ကိုဗစ်ကြောင့် လုပ်ငန်း ယာယီပိတ်သိမ်းခဲ့ရသည့် ဆိုင် များဖြစ်ရခြင်းနှင့် ကိုယ်ပိုင်မြေ၊ အဆောက်အအုံပေါ်တွင်ဖြစ်စေ၊ တရားဝင်ငှားရမ်း၍ဖြစ်စေ အခြေတကျ ဖွင့်လှစ်ထားသည့် ဆိုင် ဖြစ်ရမည်ဖြစ်သည်။

ဆိုင်ဖွင့်သက်တမ်း တစ်နှစ် ရှိရမည်ဖြစ်ပြီး စည်ပင်နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက် ပါရှိရမည်ဖြစ် သည်။ ထို့အပြင် အာမခံနှစ်ဦးရှိ ရမည်ဖြစ်ပြီး ချေးငွေကို ဆိုင်ပြန် ဖွင့်ရန်အတွက်သာသုံးရမည် ဖြစ်ကာ တစ်နှစ်အတွင်း ပြန်ဆပ်ရမည်ဖြစ်သည်။ အလုပ်သမား ငါးဦးနှင့်အထက်ရှိသော ဆိုင်ကို ဦးစားပေးမည် ဖြစ်သော်လည်း ငါးဦးအောက် ဆိုင်များလည်း လျှောက်ထားနိုင်သည်။

လျှောက်ထားသည့် ဆိုင်များသည် ကျပ်သိန်း ၁၅၀ အောက်တွင် လုပ်ငန်းလည်ပတ်နေသော ဆိုင်များသာ အကျုံးဝင်သည်။ ချေးငွေကို ရယူလိုသည့် အသေးစားချေးငွေလုပ်ငန်းများသည် ကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး ထုတ်ချေးမည့် ဆိုင်ထပ်ခြင်းမရှိစေရန် အသေးစားချေးငွေလုပ်ငန်းများက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

COVID-19 စီးပွားရေး ကုစားမှုစီမံချက်အရ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် အသေး စားစီးပွားရေး လုပ်ငန်းများသို့ကျပ်ဘီလီယံ ၁၀၀ ချေးငွေထုတ်ပေးမည်ဟု အသေးစားငွေရေး ကြေးရေးကြီးကြပ်မှုကော်မတီက ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သေးသည်။

ထိုကျပ်ဘီလီယံ ၁၀၀ သည် ပြည်ထောင်စုအစိုးရ၏ အထွေ ထွေပိုလျှံရန်ပုံငွေဖြစ်ပြီး စီးပွား ရေးချေးငွေအဖြစ် အသေးစားစီးပွားရေးလုပ်ငန်းများသို့ သက်တမ်းသုံးနှစ်ဖြင့် ထုတ်ချေးပေးရန် ဖြစ်သည်။အတိုးပေးရနှုန်းမှာ သုံးလ တစ်ကြိမ်ဖြစ်ပြီး ကျန် ၂ နှစ်တွင် လေးလတစ်ကြိမ် အရင်းပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လက္ဖက္ရည္ဆိုင္ႏွင့္စားေသာက္ဆိုင္ငယ္မ်ားကို က်ပ္ ၃၅ သိန္းမွ သိန္း ၁၀၀ ၾကားေခ်းေငြေပးမည္

လက္ဖက္ရည္ဆိုင္ႏွင့္ စားေသာက္ဆိုင္ငယ္မ်ားကို က်ပ္ ၃၅ သိန္းမွ သိန္း ၁၀၀ ၾကားေခ်းေငြေပးမည္ဟု အေသးစားေငြေရးေၾကးေရး ႀကီးၾကပ္မႈေကာ္မတီက ဇူလိုင္ ၂၃ ရက္တြင္ ထုတ္ျပန္သည္။

အဆိုပါေခ်းေငြကို တိုင္းေဒ သႀကီး၊ ျပည္နယ္မ်ားရွိ အတည္တက်ဖြင့္လွစ္ထားသည့္ ဆိုင္မ်ားအား ျပည္ေထာင္စုအစိုးရအဖြဲ႕၏ အေထြေထြပိုလွ်ံရန္ပုံေငြ က်ပ္ဘီလီယံ ၁၀၀ မွ ထုတ္ေခ်းမည္ျဖစ္ သည္။ ထိုေခ်းေငြကို ျမန္မာ့စီးပြား ေရးဘဏ္က အေသးစားေခ်းေငြလုပ္ငန္းမ်ားကို ထုတ္ေခ်းၿပီး ထိုလုပ္ငန္းမ်ားက လက္ဖက္ရည္ဆိုင္ႏွင့္ စားေသာက္ဆိုင္ငယ္မ်ားကို တစ္ဆင့္ျပန္လည္ေခ်းမည္ျဖစ္သည္။

ထုတ္ေခ်းရာတြင္ အတိုးႏႈန္း ၁ ရာခိုင္ႏႈန္းႏွင့္ ေခ်းေငြသက္တမ္း တစ္ႏွစ္ျဖစ္ၿပီး ဆိုင္းငံ့ကာလသုံးလျဖစ္သည္။ က်န္ကိုးလတြင္ သုံးလတစ္ႀကိမ္ ျပန္လည္ေပးဆပ္ရမည္ျဖစ္သည္။ ထုတ္ေခ်းရာတြင္ မတည္ရင္းႏွီးေငြ က်ပ္သိန္း ၅၀ ရွိသည့္ ဆိုင္ငယ္မ်ားကို အမ်ားဆုံး က်ပ္ ၃၅ သိန္း၊ မတည္ေငြ က်ပ္သိန္း ၅၀ မွ ၁၀၀ ၾကားရွိသည့္ ဆိုင္ငယ္မ်ားအတြက္ က်ပ္သိန္း ၇၀ ႏွင့္ မတည္ေငြ က်ပ္သိန္း ၁၀၀ ႏွင့္ ၁၅၀ ၾကားရွိ ဆိုင္ငယ္မ်ားအတြက္ က်ပ္သိန္း ၁၀၀ ထုတ္ေခ်းမည္ျဖစ္သည္။

ေခ်းေငြေလွ်ာက္ထားမည့္ လက္ဖက္ရည္ဆိုင္ႏွင့္ စားေသာက္ဆိုင္ငယ္မ်ားသည္ အခ်က္ကိုးခ်က္ ျပည့္စုံရမည္ျဖစ္ သည္။ ကိုဗစ္ေၾကာင့္ လုပ္ငန္း ယာယီပိတ္သိမ္းခဲ့ရသည့္ ဆိုင္ မ်ားျဖစ္ရျခင္းႏွင့္ ကိုယ္ပိုင္ေျမ၊ အေဆာက္အအုံေပၚတြင္ျဖစ္ေစ၊ တရားဝင္ငွားရမ္း၍ျဖစ္ေစ အေျခတက် ဖြင့္လွစ္ထားသည့္ ဆိုင္ ျဖစ္ရမည္ျဖစ္သည္။

ဆိုင္ဖြင့္သက္တမ္း တစ္ႏွစ္ ရွိရမည္ျဖစ္ၿပီး စည္ပင္ႏွင့္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးမ်ား၏ ေထာက္ခံခ်က္ ပါရွိရမည္ျဖစ္ သည္။ ထို႔အျပင္ အာမခံႏွစ္ဦးရွိ ရမည္ျဖစ္ၿပီး ေခ်းေငြကို ဆိုင္ျပန္ ဖြင့္ရန္အတြက္သာသုံးရမည္ ျဖစ္ကာ တစ္ႏွစ္အတြင္း ျပန္ဆပ္ရမည္ျဖစ္သည္။ အလုပ္သမား ငါးဦးႏွင့္အထက္ရွိေသာ ဆိုင္ကို ဦးစားေပးမည္ ျဖစ္ေသာ္လည္း ငါးဦးေအာက္ ဆိုင္မ်ားလည္း ေလွ်ာက္ထားႏိုင္သည္။

ေလွ်ာက္ထားသည့္ ဆိုင္မ်ားသည္ က်ပ္သိန္း ၁၅၀ ေအာက္တြင္ လုပ္ငန္းလည္ပတ္ေနေသာ ဆိုင္မ်ားသာ အက်ဳံးဝင္သည္။ ေခ်းေငြကို ရယူလိုသည့္ အေသးစားေခ်းေငြလုပ္ငန္းမ်ားသည္ ေကာ္မတီသို႔ တင္ျပရမည္ျဖစ္ၿပီး ထုတ္ေခ်းမည့္ ဆိုင္ထပ္ျခင္းမရွိေစရန္ အေသးစားေခ်းေငြလုပ္ငန္းမ်ားက ပူးေပါင္းေဆာင္႐ြက္ရမည္ျဖစ္သည္။

COVID-19 စီးပြားေရး ကုစားမႈစီမံခ်က္အရ ျမန္မာ့စီးပြားေရးဘဏ္မွတစ္ဆင့္ အေသး စားစီးပြားေရး လုပ္ငန္းမ်ားသို႔က်ပ္ဘီလီယံ ၁၀၀ ေခ်းေငြထုတ္ေပးမည္ဟု အေသးစားေငြေရး ေၾကးေရးႀကီးၾကပ္မႈေကာ္မတီက ဇူလိုင္ ၂၃ ရက္တြင္ ထုတ္ျပန္ခဲ့ေသးသည္။

ထိုက်ပ္ဘီလီယံ ၁၀၀ သည္ ျပည္ေထာင္စုအစိုးရ၏ အေထြ ေထြပိုလွ်ံရန္ပုံေငြျဖစ္ၿပီး စီးပြား ေရးေခ်းေငြအျဖစ္ အေသးစားစီးပြားေရးလုပ္ငန္းမ်ားသို႔ သက္တမ္းသုံးႏွစ္ျဖင့္ ထုတ္ေခ်းေပးရန္ ျဖစ္သည္။အတိုးေပးရႏႈန္းမွာ သုံးလ တစ္ႀကိမ္ျဖစ္ၿပီး က်န္ ၂ ႏွစ္တြင္ ေလးလတစ္ႀကိမ္ အရင္းျပန္လည္ ေပးဆပ္ရမည္ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service