သီလဝါတွင် ဂျပန်ကုမ္ပဏီ သုံးခုက LNG သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ခွင့်ရ

သီလဝါတွင် ဂျပန်ကုမ္ပဏီ သုံးခုက LNG သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ခွင့်ရ - Property News in Myanmar from iMyanmarHouse.com
27 Jul 2020 10:41 am တွင် တင်ခဲ့သည်
983 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Marubeni အပါအဝင် ဂျပန်ကုမ္ပဏီများက ဒေါ်လာနှစ် ဘီလီယံတန် LNG (သဘာဝဓာတ်ငွေ့ရည်သုံး) ဓာတ်အားပေး စက်ရုံတည်ဆောက်ခွင့်ရရှိသွားပြီ ဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သီလဝါတွင် ဆောက်လုပ်မည့် ထို စီမံကိန်းကို ပဏာမ အကြိုလုပ်ငန်းစဉ်များဖြစ်သည့် လုပ်ငန်း စီမံချက်များ ရေးဆွဲခြင်း၊ ဒီဇိုင်းထုတ်ခြင်း၊ ခွင့်ပြုမိန့်များ လျှောက်ထားခြင်းနှင့် အကြို အင်ဂျင်နီယာလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ရန် Notice to Proceedကို ဇူလှိုင် ၂၄ ရက်တွင် ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ သုံးစွဲနေသည့် ဓာတ်အားပမာဏ ၏ ၂၀ ရာခိုင်နှုန်းဖြစ်သည့် မဂ္ဂါ ဝပ် ၁,၂၅၀ ထုတ်လုပ်မည်ဖြစ်ပြီး စက်ရုံကို ၂၀၂၅ တွင် စတင်လည် ပတ်ရန်ဖြစ်သည်။

ထိုစီမံကိန်းကို ဂျပန်ကုမ္ပ ဏီဖြစ်သည့် Marubeni, Sumi-tomo နှင့် Mitsui & Co. တို့က လုပ်ကိုင်ခွင့်ရခဲ့ပြီး ပြည်တွင်းမှ ဧဒင်ကုမ္ပဏီအုပ်စုဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ် သည်ဟုဆိုသည်။

‘‘၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင် ငံလုံး လျှပ်စစ်မီးအပြည့်အဝရစေ ဖို့ အပူစွမ်းအင်သုံး ဓာတ်ငွေ့ ထုတ်ယူမှုကို အပြည့်အဝအသုံး ပြုသွားမယ်။ အခုလည်း ဂျပန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဒေါ် လာ နှစ်ဘီလီယံတန် LNG ဓာတ် အားပေးစက်ရုံ တည်ဆောက်နိုင် ဖို့ အနိုင်ရခဲ့ရပါပြီ’’ ဟု ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက ၎င်း၏ လူမှုကွန်ရက်တွင် မှတ်ချက်ပေး ထားသည်။

ထိုရင်းနှီးမြှုပ်နှံမှုသည် မြန် မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီ၏ အ ကြီးဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုုဖြစ်ပြီး စီမံကိန်း ကုန်ကျစရိတ်သည် ဒေါ် လာ ၁ ဒသမ ၅ ဘီလီယံမှ နှစ် ဘီလီယံကြားရှိမည်ဟုဆိုသည်။

အခြေခံအဆောက်အအုံ တည်ဆောက်ရေး သဘောတူညီ မှုများတွင် တရုတ်နှင့် အပြင်းအ ထန်ပြိုင်ဆိုင်နေသည့် ဂျပန်နိုင်ငံ အတွက် အောင်မြင်မှုတစ်ခုဖြစ်ပြီး ထိုစက်ရုံကို သန်လျင်၊ သီလဝါ တွင် တည်ဆောက်ရန် သဘော တူထားသည်။

မြန်မာနိုင်ငံတွင် ဟောင် ကောင်အခြေစိုက် V-power ကုမ္ပဏီကလည်း LNG သုံး ဓာတ် အားပေးစက်ရုံ တည်ဆောက် ခွင့်ရထားသည်။

မြန်မာအစိုးရဘက်မှ စီမံ ကိန်းဆိုင်ရာ ခွင့်ပြုချက်များကို နောက်တစ်ဆင့်ဆောင်ရွက်ရန် မီးစိမ်းပြလိုက်ပြီဖြစ်၍ စီမံကိန်း ဖြစ်နိုင်ခြေလေ့လာခြင်း၊ စီမံကိန်း ဒီဇိုင်းနှင့် ဓာတ်အားရောင်းချရေး ဈေးနှုန်းများကို ညှိနှိုင်းသွားမည် ဟုဆိုသည်။ ထိုစီမံကိန်း၏ ဓာတ်အား ထုတ်ယူနိုင်စွမ်းသည် နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုစာဖြစ်သည်ဟု ဂျပန်ဘက်က ဆိုထားသည်။ ဂျပန်နိုင်ငံ၏ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများ ကန့်ကွက်မှုများ ကြုံတွေ့နေချိန်တွင် LNG ကို ပြောင်းလဲလုပ်ကိုင်လာခြင်းဖြစ်သည်။

‘‘ ဒီနေ့မှာ ကုမ္ပဏီကိုNotice to Proceed ပေးအပ်တာပါ။ သီလဝါမှ စီမံကိန်းစတင်ဆောင်ရွက်နိုင်ပြီဆိုတာကိုပေးအပ်တာပါ’’ဟုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဒုတိယအမြဲတမ်းအတွင်းဝန်ဦးစိုးမြင့်ကပြောသည်။

ထိုစီမံကိန်းသည် မြန်မာ-ဂျပန်အစိုးရချင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်သည်ဟုဝန်ကြီးဌာနက ဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

သီလဝါတြင္ ဂ်ပန္ကုမၸဏီ သုံးခုက LNG သုံး ဓာတ္အားေပးစက္႐ုံတည္ေဆာက္ခြင့္ရ

 

Marubeni အပါအဝင္ ဂ်ပန္ကုမၸဏီမ်ားက ေဒၚလာႏွစ္ ဘီလီယံတန္ LNG (သဘာဝဓာတ္ေငြ႕ရည္သုံး) ဓာတ္အားေပး စက္႐ုံတည္ေဆာက္ခြင့္ရ႐ွိသြားၿပီ ျဖစ္သည္။

လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက သီလဝါတြင္ ေဆာက္လုပ္မည့္ ထို စီမံကိန္းကို ပဏာမ အႀကိဳလုပ္ငန္းစဥ္မ်ားျဖစ္သည့္ လုပ္ငန္း စီမံခ်က္မ်ား ေရးဆြဲျခင္း၊ ဒီဇိုင္းထုတ္ျခင္း၊ ခြင့္ျပဳမိန္႔မ်ား ေလွ်ာက္ထားျခင္းႏွင့္ အႀကိဳ အင္ဂ်င္နီယာလုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ႏိုင္ရန္ Notice to Proceedကို ဇူလိႈင္ ၂၄ ရက္တြင္ ေပးအပ္ခဲ့သည္။

ျမန္မာႏိုင္ငံတြင္ လက္႐ွိ သုံးစြဲေနသည့္ ဓာတ္အားပမာဏ ၏ ၂၀ ရာခိုင္ႏႈန္းျဖစ္သည့္ မဂၢါ ဝပ္ ၁,၂၅၀ ထုတ္လုပ္မည္ျဖစ္ၿပီး စက္႐ုံကို ၂၀၂၅ တြင္ စတင္လည္ ပတ္ရန္ျဖစ္သည္။

ထိုစီမံကိန္းကို ဂ်ပန္ကုမၸ ဏီျဖစ္သည့္ Marubeni, Sumi-tomo ႏွင့္ Mitsui & Co. တို႔က လုပ္ကိုင္ခြင့္ရခဲ့ၿပီး ျပည္တြင္းမွ ဧဒင္ကုမၸဏီအုပ္စုျဖင့္ အက်ိဳးတူ ပူးေပါင္း ေဆာင္႐ြက္ျခင္းျဖစ္ သည္ဟုဆိုသည္။

‘‘၂၀၃၀ ျပည့္ႏွစ္မွာ တစ္ႏိုင္ ငံလုံး လွ်ပ္စစ္မီးအျပည့္အဝရေစ ဖို႔ အပူစြမ္းအင္သုံး ဓာတ္ေငြ႕ ထုတ္ယူမႈကို အျပည့္အဝအသုံး ျပဳသြားမယ္။ အခုလည္း ဂ်ပန္ ကုမၸဏီေတြ ျမန္မာႏိုင္ငံမွာ ေဒၚ လာ ႏွစ္ဘီလီယံတန္ LNG ဓာတ္ အားေပးစက္႐ုံ တည္ေဆာက္ႏိုင္ ဖို႔ အႏိုင္ရခဲ့ရပါၿပီ’’ ဟု ရင္းႏွီးျမႇဳပ္ ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးေသာင္းထြန္းက ၎၏ လူမႈကြန္ရက္တြင္ မွတ္ခ်က္ေပး ထားသည္။

ထိုရင္းႏွီးျမႇဳပ္ႏွံမႈသည္ ျမန္ မာႏိုင္ငံတြင္ ဂ်ပန္ကုမၸဏီ၏ အ ႀကီးဆုံးရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခုုျဖစ္ၿပီး စီမံကိန္း ကုန္က်စရိတ္သည္ ေဒၚ လာ ၁ ဒသမ ၅ ဘီလီယံမွ ႏွစ္ ဘီလီယံၾကား႐ွိမည္ဟုဆိုသည္။

အေျခခံအေဆာက္အအုံ တည္ေဆာက္ေရး သေဘာတူညီ မႈမ်ားတြင္ တ႐ုတ္ႏွင့္ အျပင္းအ ထန္ၿပိဳင္ဆိုင္ေနသည့္ ဂ်ပန္ႏိုင္ငံ အတြက္ ေအာင္ျမင္မႈတစ္ခုျဖစ္ၿပီး ထိုစက္႐ုံကို သန္လ်င္၊ သီလဝါ တြင္ တည္ေဆာက္ရန္ သေဘာ တူထားသည္။

ျမန္မာႏိုင္ငံတြင္ ေဟာင္ ေကာင္အေျခစိုက္ V-power ကုမၸဏီကလည္း LNG သုံး ဓာတ္ အားေပးစက္႐ုံ တည္ေဆာက္ ခြင့္ရထားသည္။

ျမန္မာအစိုးရဘက္မွ စီမံ ကိန္းဆိုင္ရာ ခြင့္ျပဳခ်က္မ်ားကို ေနာက္တစ္ဆင့္ေဆာင္႐ြက္ရန္ မီးစိမ္းျပလိုက္ၿပီျဖစ္၍ စီမံကိန္း ျဖစ္ႏိုင္ေျခေလ့လာျခင္း၊ စီမံကိန္း ဒီဇိုင္းႏွင့္ ဓာတ္အားေရာင္းခ်ေရး ေဈးႏႈန္းမ်ားကို ညႇိႏိႈင္းသြားမည္ ဟုဆိုသည္။ ထိုစီမံကိန္း၏ ဓာတ္အား ထုတ္ယူႏိုင္စြမ္းသည္ ႏ်ဴကလီးယားဓာတ္ေပါင္းဖိုတစ္ခုစာျဖစ္သည္ဟု ဂ်ပန္ဘက္က ဆိုထားသည္။ ဂ်ပန္ႏိုင္ငံ၏ ေက်ာက္မီးေသြးဓာတ္အားေပးစက္႐ုံမ်ား ကန္႔ကြက္မႈမ်ား ၾကဳံေတြ႕ေနခ်ိန္တြင္ LNG ကို ေျပာင္းလဲလုပ္ကိုင္လာျခင္းျဖစ္သည္။

‘‘ ဒီေန႔မွာ ကုမၸဏီကိုNotice to Proceed ေပးအပ္တာပါ။ သီလဝါမွ စီမံကိန္းစတင္ေဆာင္႐ြက္ႏိုင္ၿပီဆိုတာကိုေပးအပ္တာပါ’’ဟုလွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ဒုတိယအၿမဲတမ္းအတြင္းဝန္ဦးစိုးျမင့္ကေျပာသည္။

ထိုစီမံကိန္းသည္ ျမန္မာ-ဂ်ပန္အစိုးရခ်င္းေဆာင္႐ြက္သည့္ စီမံကိန္းျဖစ္သည္ဟုဝန္ႀကီးဌာနက ဆိုသည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service