ရော့ခ်ဂီတကြယ်ပွင့် ဘွန်ဂျိုဗီက တစ်နေ့တည်းတွင် နေအိမ်ရောင်းချမှု၊ အသစ်ဝယ်ယူမှု ပြုလုပ်

ရော့ခ်ဂီတကြယ်ပွင့် ဘွန်ဂျိုဗီက တစ်နေ့တည်းတွင် နေအိမ်ရောင်းချမှု၊ အသစ်ဝယ်ယူမှု ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
25 Jul 2020 11:43 am တွင် တင်ခဲ့သည်
1266 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာနိုင်ငံတွင် လူသိများကျော်ကြားသည့် ရော့ခ်ဂီတကြယ်ပွင့် ဘွန်ဂျိုဗီသည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ပင်လယ်ကမ်းခြေစံအိမ်ကြီးကို ကန်ဒေါ်လာ ၄၃ သန်းဖြင့် ဝယ်ယူလိုက်သည်။

ဘွန်ဂျိုဗီသည် ယခုဝယ်ယူလိုက်သောစံအိမ်နှင့် တစ်လမ်းတည်းတွင် တည်ရှိသော သူ၏နေအိမ်ကို ကန်ဒေါ်လာ ၁၉ ဒသမ ၈ သန်းဖြင့် ရောင်းချလိုက်ပြီးနောက် တစ်နေ့တည်းတွင်ပင် နေအိမ်ဝယ်ယူလိုက်ခြင်းဖြစ်သည်။

ဘွန်ဂျိုဗီ၏ သီချင်းများကို မြန်မာနိုင်ငံတွင် အဆိုတော်အများအပြား ပြန်လည်သီဆိုခဲ့ရာ မြန်မာနိုင်ငံသားများမှာ သူ၏သီချင်းများနှင့် ရင်းနှီးနေကြပြီးဖြစ်သည်။ Blaze of Glory ကို ဇော်ဝင်းထွဋ်က ကန္တာရ ခရီးသည်၊ You give love a bad name ကို ဖြူဖြူကျော်သိန်းက အတွင်းကြေ၊ I’ll be there for you ကို ထွဏ်းထွဏ်းက မရှိတော့ဘူး၊ Diamond Ring ကို ဟယ်ရီလင်းက ပန်ဆင်ပါ၊ Run away ကို လေးဖြူက လှမ်းအဝေး၊ In these Arms ကို မျိုးကြီးက ရင်ခုန်သံအရင်းနှီးဆုံး အစရှိသဖြင့် ပြန်လည်သီဆိုခဲ့ကြသည်။

ဘွန်ဂျိုဗီသည် Palm Beach မှ North Ocean Boulevard လမ်း၊ အမှတ် ၁၀၇၅ ရှိ အိပ်ခန်း ၇ ခန်းပါဝင်ပြီး စတုရန်းပေ ၁၀၂၃၂ ကျယ်ဝန်းသော နေအိမ်ကို ဝယ်ယူလိုက်သောတစ်နေ့တည်းမှာပင် North Ocean Boulevard လမ်း၊ အမှတ် ၂၃၀ ရှိ နေအိမ်ကို ကန်ဒေါ်လာ ၁၉ ဒသမ ၈ သန်းဖြင့် ရောင်းချလိုက်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ဘွန်ဂျိုဗီသည် သေးငယ်သောနေအိမ်ကို ရောင်းချပြီး ပိုမိုကြီးမားသောနေအိမ်ကို ဝယ်ယူရာတွင် အကျိုးဆောင်ကုမ္ပဏီတစ်ခုတည်းမှ တဆင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်ခဲ့သည်။

Christian Angle Real Estate မှ Christian Angle က အရောင်းနှင့် အဝယ် ၂ ခုလုံးတွင် ဘွန်ဂျိုဗီဘက်မှ ကိုယ်စားပြုခဲ့သည်။

အမှတ် ၁၀၇၅ နေအိမ်ကို ရောင်းချသူမှာ ရုပ်သံသူဌေးကြီး Jeffery A. Marcus ဖြစ်သည်။

Marcus သည် သူ၏ ကုမ္ပဏီကို မိုက္ကရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ပေါလ် အယ်လင်ထံ ၁၉၉၈ ခုနှစ်တွင် ရောင်းချခဲ့ပြီးနောက် အမေရိကတွင် ဒုတိယအကြီးမားဆုံး ရေဒီယိုကုမ္ပဏီ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်လာသည်။

အိမ်ခြံမြေမှတ်တမ်းများအရ Marcus က အမှတ် ၁၀၇၅ နေအိမ်ကို ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၂၃ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း ဖော်ပြသည်။

အမှတ် ၁၀၇၅ နေအိမ်ကို ၂၀၀၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ခြံတွင်း ရေကူးကန်၊ cabana ၊ လေ့ကျင့်ခန်း ခန်းမ၊ ဝိုင်သိုလှောင်ခန်း၊ ဓာတ်လှေကားများ၊ ကား ၃ စင်းဆန့် လေအေးပေးစက်တပ်ဆင်ထားသော ဂိုဒေါင်၊ ပင်လယ်ကမ်းခြေကို မျက်နှာမူသည့် လသာဆောင် ၂ ခုတို့ ပါဝင်ကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။

ခြံဝန်းအကျယ်မှာ ၀ ဒသမ ၆၆ ဧက ဖြစ်သည်။

ဘွန်ဂျိုဗီနှင့် ဇနီးဖြစ်သူ Dorothea Hurley တို့က North Ocean Boulevard လမ်း၊ အမှတ် ၂၃၀ ရှိ စတုရန်းပေ ၅၀၂၄ ကျယ်ဝန်းသော နေအိမ်ကို ပြီးခဲ့သော သောကြာနေ့က ရောင်းချခဲ့သည်။

ဘွန်ဂျိုဗီသည် အဆိုပါ နေအိမ်ကို ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူထားခြင်းဖြစ်ပြီး မူရင်းရှိသောနေအိမ်ကို ဖြိုချကာ နေအိမ်သစ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က နေအိမ်ဆောက်လုပ်ပေးခဲ့သည်မှာ Shapiro Pertnoy Construction Group မှ ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bon Jovi pays $43M for oceanfront Palm Beach estate (The real deal)

 

[Zawgyi]

ေရာ့ခ္ဂီတၾကယ္ပြင့္ ဘြန္ဂ်ဳိဗီက တစ္ေန႔တည္းတြင္ ေနအိမ္ေရာင္းခ်မႈ၊ အသစ္ဝယ္ယူမႈ ျပဳလုပ္

ျမန္မာႏိုင္ငံတြင္ လူသိမ်ားေက်ာ္ၾကားသည့္ ေရာ့ခ္ဂီတၾကယ္ပြင့္ ဘြန္ဂ်ဳိဗီသည္ အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ Palm Beach ရွိ ပင္လယ္ကမ္းေျခစံအိမ္ၾကီးကို ကန္ေဒၚလာ ၄၃ သန္းျဖင့္ ဝယ္ယူလိုက္သည္။

ဘြန္ဂ်ဳိဗီသည္ ယခုဝယ္ယူလိုက္ေသာစံအိမ္ႏွင့္ တစ္လမ္းတည္းတြင္ တည္ရွိေသာ သူ၏ေနအိမ္ကို ကန္ေဒၚလာ ၁၉ ဒသမ ၈ သန္းျဖင့္ ေရာင္းခ်လိုက္ျပီးေနာက္ တစ္ေန႔တည္းတြင္ပင္ ေနအိမ္ဝယ္ယူလုိက္ျခင္းျဖစ္သည္။

ဘြန္ဂ်ဳိဗီ၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ အဆိုေတာ္အမ်ားအျပား ျပန္လည္သီဆိုခဲ့ရာ ျမန္မာႏိုင္ငံသားမ်ားမွာ သူ၏သီခ်င္းမ်ားႏွင့္ ရင္းႏွီးေနၾကျပီးျဖစ္သည္။ Blaze of Glory ကို ေဇာ္ဝင္းထြဋ္က ကႏၱာရ ခရီးသည္၊ You give love a bad name ကို ျဖဴျဖဴေက်ာ္သိန္းက အတြင္းေၾက၊ I’ll be there for you ကို ထြဏ္းထြဏ္းက မရွိေတာ့ဘူး၊ Diamond Ring ကို ဟယ္ရီလင္းက ပန္ဆင္ပါ၊ Run away ကို ေလးျဖဴက လွမ္းအေဝး၊ In these Arms ကို မ်ဳိးၾကီးက ရင္ခုန္သံအရင္းႏွီးဆံုး အစရွိသျဖင့္ ျပန္လည္သီဆိုခဲ့ၾကသည္။

ဘြန္ဂ်ဳိဗီသည္ Palm Beach မွ North Ocean Boulevard လမ္း၊ အမွတ္ ၁၀၇၅ ရွိ အိပ္ခန္း ၇ ခန္းပါဝင္ျပီး စတုရန္းေပ ၁၀၂၃၂ က်ယ္ဝန္းေသာ ေနအိမ္ကို ဝယ္ယူလိုက္ေသာတစ္ေန႔တည္းမွာပင္ North Ocean Boulevard လမ္း၊ အမွတ္ ၂၃၀ ရွိ ေနအိမ္ကို ကန္ေဒၚလာ ၁၉ ဒသမ ၈ သန္းျဖင့္ ေရာင္းခ်လုိက္ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ဘြန္ဂ်ဳိဗီသည္ ေသးငယ္ေသာေနအိမ္ကို ေရာင္းခ်ျပီး ပိုမိုၾကီးမားေသာေနအိမ္ကို ဝယ္ယူရာတြင္ အက်ဳိးေဆာင္ကုမၸဏီတစ္ခုတည္းမွ တဆင့္ ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္းမ်ား ျပဳလုပ္ခဲ့သည္။

Christian Angle Real Estate မွ Christian Angle က အေရာင္းႏွင့္ အဝယ္ ၂ ခုလံုးတြင္ ဘြန္ဂ်ဳိဗီဘက္မွ ကိုယ္စားျပဳခဲ့သည္။

အမွတ္ ၁၀၇၅ ေနအိမ္ကို ေရာင္းခ်သူမွာ ရုပ္သံသူေဌးၾကီး Jeffery A. Marcus ျဖစ္သည္။

Marcus သည္ သူ၏ ကုမၸဏီကို မိုကၠရိုေဆာ့ဖ္ ပူးတြဲတည္ေထာင္သူ ေပါလ္ အယ္လင္ထံ ၁၉၉၈ ခုႏွစ္တြင္ ေရာင္းခ်ခဲ့ျပီးေနာက္ အေမရိကတြင္ ဒုတိယအၾကီးမားဆံုး ေရဒီယိုကုမၸဏီ၏ ဥကၠဌႏွင့္ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္လာသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ Marcus က အမွတ္ ၁၀၇၅ ေနအိမ္ကို ၂၀၁၄ ခုႏွစ္တြင္ ကန္ေဒၚလာ ၂၃ ဒသမ ၂ သန္းျဖင့္ ဝယ္ယူခဲ့ေၾကာင္း ေဖာ္ျပသည္။

အမွတ္ ၁၀၇၅ ေနအိမ္ကို ၂၀၀၇ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ျခံတြင္း ေရကူးကန္၊ cabana ၊ ေလ့က်င့္ခန္း ခန္းမ၊ ဝိုင္သိုေလွာင္ခန္း၊ ဓာတ္ေလွကားမ်ား၊ ကား ၃ စင္းဆန္႔ ေလေအးေပးစက္တပ္ဆင္ထားေသာ ဂိုေဒါင္၊ ပင္လယ္ကမ္းေျခကို မ်က္ႏွာမူသည့္ လသာေဆာင္ ၂ ခုတို႔ ပါဝင္ေၾကာင္း ေစ်းကြက္တင္ မွတ္တမ္းတြင္ ေဖာ္ျပသည္။

ျခံဝန္းအက်ယ္မွာ ၀ ဒသမ ၆၆ ဧက ျဖစ္သည္။

ဘြန္ဂ်ဳိဗီႏွင့္ ဇနီးျဖစ္သူ Dorothea Hurley တို႔က North Ocean Boulevard လမ္း၊ အမွတ္ ၂၃၀ ရွိ စတုရန္းေပ ၅၀၂၄ က်ယ္ဝန္းေသာ ေနအိမ္ကို ျပီးခဲ့ေသာ ေသာၾကာေန႔က ေရာင္းခ်ခဲ့သည္။

ဘြန္ဂ်ဳိဗီသည္ အဆိုပါ ေနအိမ္ကို ၂၀၁၈ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၀ သန္းျဖင့္ ဝယ္ယူထားျခင္းျဖစ္ျပီး မူရင္းရွိေသာေနအိမ္ကို ျဖိဳခ်ကာ ေနအိမ္သစ္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ထိုစဥ္က ေနအိမ္ေဆာက္လုပ္ေပးခဲ့သည္မွာ Shapiro Pertnoy Construction Group မွ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bon Jovi pays $43M for oceanfront Palm Beach estate (The real deal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service