COVID-19 ကာလအတွင်း အတိုးနှုန်းနည်းပါးမှုကို အခွင့်ကောင်းမြင်တတ်ကြသည့် သြစတေးလျရင်းနှီးမြှုပ်နှံသူ ၃ ဦး

COVID-19 ကာလအတွင်း အတိုးနှုန်းနည်းပါးမှုကို အခွင့်ကောင်းမြင်တတ်ကြသည့် သြစတေးလျရင်းနှီးမြှုပ်နှံသူ ၃ ဦး - Property News in Myanmar from iMyanmarHouse.com
24 Jul 2020 1:00 pm တွင် တင်ခဲ့သည်
1243 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လူအများစုအတွက် နေအိမ်တစ်လုံးပိုင်ဆိုင်ရန်ဟူသည်မှာ အလွန်ခက်ခဲလှသည်။ သို့သော် ယခု သြစတေးလျရင်းနှီးမြှုပ်နှံသူ ၃ ဦးတွင်မူ အိမ်ခြံမြေပေါင်း ၂၇၃ ခု ပိုင်ဆိုင်ထားပြီး covid-19 ကာလအတွင်း အိမ်ခြံမြေဝယ်ယူမှုများ ဆက်လုပ်ပြုလုပ်လျက်ရှိနေသည်။

နာသန် ဘာ့ချ် (Nathan Birch)၊ အက်ဒီ ဒီးလင်(Eddie Dilleen) နှင့် အော့စကာ လက်ဒ်လင် (Oscar Ledlin) တို့သည် ငယ်ရွယ်စဉ်ကာလများကတည်းက အိမ်ခြံမြေဝယ်ယူမှုများ စတင်ခဲ့ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဒေါ်လာသန်းပေါင်းများစွာအထိ ရှိလာအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။

ယခုအခါ COVID-19 ကာလ ဈေးကွက်အခြေအနေများမှာ အကောင်းဆုံးအခွင့်အလမ်းကြီးဖြစ်သည်ကို ၎င်းတို့ ၃ ဦး သိမြင်ခဲ့ကြပြီး ယခုကာလ၏ အခွင့်ကောင်းကို ရယူလျက်ရှိကြသည်။

Nathan Birch သည် အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ပြီး အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Binvested ကို တည်ထောင်သူလည်း ဖြစ်သည်။

Nathan Birch သည် covid-19 ကာလမတိုင်မီက အိမ်ခြံမြေ ၂၀၀ ပိုင်ဆိုင်ထားခဲ့ပြီး ကပ်ရောဂါဘေးကြီးစတင်ပြီးနောက်ပိုင်း နေအိမ် ၇ လုံး ထပ်မံ ဝယ်ယူခဲ့သည်။

“လက်ရှိ အချိန်မှာ အတိုးနှုန်းက ဘယ်ကာလထက်မဆို နည်းပါးနေတာဖြစ်တာကြောင့် covid-19 ကို ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုလို့ ကျွန်တော်ရှုမြင်ပါတယ်။ တချို့လူတွေကတော့ ဒီကာလကို ကြောက်လန့်ကြတာပေါ့။ ကျွန်တော်တို့အနေနဲ့ကတော့ အိမ်ခြံမြေကဏ္ဍ အသစ်ဖွံ့ဖြိုးလာမှုရဲ့ အစောပိုင်းအဆင့်ထဲကို ရောက်နေပါပြီ” ဟု Birch က ပြောကြားသည်။

မစ္စတာ Birch က ပြောကြားရာတွင် လက်ရှိ အိမ်ခြံမြေ ဈေးကွက်မှာ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်ဆိုက်မှုကြီး ပေါ်ပေါက်ခဲ့သည့် ၂၀၀၉ ခုနှစ်နှင့် အလားတူနေကြောင်း၊ ထိုကာလများသည် ရင်းနှီးမြှုပ်နှံမှုလုပ်ရန် အချိန်ကောင်းဖြစ်ကြောင်း၊ အစိုးရထံမှ ထောက်ပံ့ကူညီမှု များစွာ ရရှိကြကြောင်း ပြောကြားသည်။

သူပိုင်ဆိုင်ထားသော အိမ်ခြံမြေများ၏ ခန့်မှန်းတန်ဖိုးမှာ ဒေါ်လာ သန်း ၅၀ ခန့်ရှိသည်။

မစ္စတာ Birch သည် ပထမဆုံးနေအိမ်ကို ၂၀၀၄ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အသက် ၁၉ နှစ်အရွယ်သာရှိသေးကာ အလုပ်များတွင် လူသစ်တစ်ဦးအဖြစ် စတင်ဝင်ရောက်လုပ်ကိုင်နေချိန်လည်း ဖြစ်သည်။ သူ၏ အောင်မြင်မှု လျှို့ဝှက်ချက်မှာ အဆုံးသတ်ပန်းတိုင် ရှင်းလင်းရေရာခြင်း ဖြစ်သည်။ ထို့အပြင် အိမ်ခြံမြေကို လုပ်ငန်းတစ်ခုသဖွယ် သဘောထားလုပ်ဆောင်ခြင်းလည်း ပါဝင်သည်။

မိမိ၏ ပန်းတိုင်ကို အာရုံစိုက်ထားပြီး လိုအပ်သည့်အရာများကို လုပ်ဆောင်ခြင်းမှာလည်း အရေးကြီးကြောင်း မစ္စတာ ဘာ့ချ်က ပြောကြားသည်။

လွန်ခဲ့သော ၁၇ နှစ်ခန့်ကတည်းက အသုံးပြုခဲ့သည့် နည်းလမ်းဖြစ်သော အိမ်ခြံမြေများ ဝယ်ယူသည့်နည်းလမ်းဖြင့် အသက် ၄၀ အရွယ်တွင် ဘီလျံနာတစ်ဦးဖြစ်လာရန် မျှော်လင့်ထားကြောင်းလည်း မစ္စတာဘာ့ချ်က ပြောကြားသည်။

(Eddie Dilleen)

Dilleen Property အိမ်ခြံမြေကုမ္ပဏီ၏ ဒါရိုက်တာ Eddie Dilleen သည်လည်း အိမ်ခြံမြေပေါင်း ၂၂ ခု ပိုင်ဆိုင်ထားပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၇ သန်းဖိုးခန့်ရှိသည်။

Covid-19 ပေါ်ပေါက်လာခြင်းကြောင့် Eddie Dilleen ဝယ်ယူခဲ့သမျှ အိမ်ခြံမြေများအနက် ဈေးအကြီးဆုံးဖြစ်လာမည့် ဆစ်ဒနီရှိနေအိမ်တစ်လုံးကို ဒေါ်လာ ၁ ဒသမ ၂၈ သန်းဖြင့် ဝယ်ယူရန် အခွင့်အရေးရလာသည်။

Eddie Dilleen က ပြောကြားရာတွင် ၎င်းအနေဖြင့် အိမ်ခြံမြေများ ဝယ်ယူရာတွင် ဒေါ်လာ ၂၀၀၀၀၀ မှ ၇၀၀၀၀၀ ကြား တန်ဖိုးရှိသော အိမ်ခြံမြေများတွင်သာ ရင်းနှီးမြှုပ်နှံလေ့ရှိကြောင်း ပြောကြားသည်။

ဆစ်ဒနီတွင် အခြေချနေထိုင်ကာ အသက် ၂၈ နှစ်ရှိပြီဖြစ်သော Eddie Dilleen သည် ပထမဆုံးအိမ်ခြံမြေဝယ်ယူ ရင်းနှီးမြှုပ်နှံမှုကို နယူးဆောက်ဝေးပြည်နယ်တွင် ဒေါ်လာ ၁၃၈၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး McDonalds တွင် အလုပ်လုပ်ကိုင်ရင်း ရရှိလာသောငွေများကို စုဆောင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ပထမဆုံး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပြီးနောက် မစ္စတာ Dilleen ၏ ဝယ်ယူမှု မဟာဗျူဟာမှာ ဆစ်ဒနီ၊ မဲလ်ဘုန်းကဲ့သို့ မြို့ကြီးများရှိ တန်ဖိုးကြီး အိမ်ခြံမြေများကို ဝယ်ယူခြင်း ရှောင်ကြဉ်ပြီး Adelaide, the Gold Coast နှင့် Brisbane တို့တွင်သာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သည်။

(Oscar Ledlin)

အော်စကာ လက်ဒ်လင်းသည် အသက် ၂၇ နှစ်အရွယ်ရှိ အိမ်ခြံမြေ developer တစ်ဦးဖြစ်ပြီး သူ၏ကုမ္ပဏီဖြစ်သော Ledlin Developments မှတဆင့် ယခုနှစ်အတွင်း အိမ်ခြံမြေ ၅၁ ခု ပိုင်ဆိုင်၊ ရောင်းချမှုများ ပြုလုပ်ခဲ့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၇၅ သန်းဖိုး ရှိသည်။

“အရင်မျိုးဆက်တွေက အထင်ရှားဆုံးရင်းနှီးမြှုပ်နှံသူတွေဟာ စီးပွားရေးကျဆင်းနေချိန်နဲ့ မရေရာတဲ့ ကာလတွေအတွင်း ဘယ်လို ဓနဖန်တီးရမယ်ဆိုတဲ့နည်းလမ်း စာအုပ်တွေ ရေးသားခဲ့ကြတယ်။ အခုချိန်ကစပြီး နောင် ၁၀ နှစ်ကြာတဲ့အခါ ကျွန်တော်တို့ဟာ covid-19 ကာလကို ကမ္ဘာ့အကျပ်အတည်းကာလကြီးတစ်ခုအဖြစ် ရည်ညွှန်းကြလိမ့်မှာ ဖြစ်ပါတယ်” ဟု မစ္စတာ လက်ဒ်လင်းက ပြောကြားသည်။

“သြစတေးလျရဲ့ ရေတိုကာလစီးပွားရေးဟာ မမြင်နိုင်တဲ့အန္တရာယ်တွေရှိနေတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ မကြာသေးမီ ဆယ်စုနှစ်အတွင်း မတွေ့ဖူးခဲ့တဲ့ အိမ်ခြံမြေလောက အခွင့်အလမ်းတွေ တွေ့နေရတယ်။ ”

အော်စကာ လက်ဒ်လင်းသည် ယခင်က ထိုင်းစားသောက်ဆိုင်တစ်ခုတွင် ပန်းကန်ဆေးသမားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ရသူဖြစ်သော်လည်း အသက် ၂၁ နှစ်အရွယ်တွင်ကား ဒေါ်လာ သန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Three young Aussie investors taking advantage of the COVID-19 market (realestate.com)

 

[Zawgyi]

COVID-19 ကာလအတြင္း အတိုးႏႈန္းနည္းပါးမႈကို အခြင့္ေကာင္းျမင္တတ္ၾကသည့္ ၾသစေတးလ်ရင္းႏွီးျမွဳပ္ႏွံသူ ၃ ဦး

လူအမ်ားစုအတြက္ ေနအိမ္တစ္လံုးပိုင္ဆိုင္ရန္ဟူသည္မွာ အလြန္ခက္ခဲလွသည္။ သို႔ေသာ္ ယခု ၾသစေတးလ်ရင္းႏွီးျမွဳပ္ႏွံသူ ၃ ဦးတြင္မူ အိမ္ျခံေျမေပါင္း ၂၇၃ ခု ပိုင္ဆိုင္ထားျပီး covid-19 ကာလအတြင္း အိမ္ျခံေျမဝယ္ယူမႈမ်ား ဆက္လုပ္ျပဳလုပ္လ်က္ရွိေနသည္။

နာသန္ ဘာ့ခ်္ (Nathan Birch)၊ အက္ဒီ ဒီးလင္(Eddie Dilleen) ႏွင့္ ေအာ့စကာ လက္ဒ္လင္ (Oscar Ledlin) တို႔သည္ ငယ္ရြယ္စဥ္ကာလမ်ားကတည္းက အိမ္ျခံေျမဝယ္ယူမႈမ်ား စတင္ခဲ့ျပီး ၎တို႔၏ ပိုင္ဆိုင္မႈမ်ားကို ေဒၚလာသန္းေပါင္းမ်ားစြာအထိ ရွိလာေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ၾကသည္။

ယခုအခါ COVID-19 ကာလ ေစ်းကြက္အေျခအေနမ်ားမွာ အေကာင္းဆံုးအခြင့္အလမ္းၾကီးျဖစ္သည္ကို ၎တုိ႔ ၃ ဦး သိျမင္ခဲ့ၾကျပီး ယခုကာလ၏ အခြင့္ေကာင္းကို ရယူလ်က္ရွိၾကသည္။

Nathan Birch သည္ အသက္ ၃၅ ႏွစ္အရြယ္ရွိျပီျဖစ္သည့္ ရင္းႏွီးျမွဳပ္ႏွံသူတစ္ဦးျဖစ္ျပီး အိမ္ျခံေျမ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီ Binvested ကို တည္ေထာင္သူလည္း ျဖစ္သည္။

Nathan Birch သည္ covid-19 ကာလမတိုင္မီက အိမ္ျခံေျမ ၂၀၀ ပိုင္ဆိုင္ထားခဲ့ျပီး ကပ္ေရာဂါေဘးၾကီးစတင္ျပီးေနာက္ပိုင္း ေနအိမ္ ၇ လံုး ထပ္မံ ဝယ္ယူခဲ့သည္။

“လက္ရွိ အခ်ိန္မွာ အတုိးႏႈန္းက ဘယ္ကာလထက္မဆို နည္းပါးေနတာျဖစ္တာေၾကာင့္ covid-19 ကို ၾကီးမားတဲ့ အခြင့္အလမ္းတစ္ခုလို႔ ကၽြန္ေတာ္ရႈျမင္ပါတယ္။ တခ်ဳိ႕လူေတြကေတာ့ ဒီကာလကို ေၾကာက္လန္႔ၾကတာေပါ့။ ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ အိမ္ျခံေျမက႑ အသစ္ဖြံ႔ျဖိဳးလာမႈရဲ႕ အေစာပိုင္းအဆင့္ထဲကို ေရာက္ေနပါျပီ” ဟု Birch က ေျပာၾကားသည္။

မစၥတာ Birch က ေျပာၾကားရာတြင္ လက္ရွိ အိမ္ျခံေျမ ေစ်းကြက္မွာ ကမၻာ့ဘ႑ာေရးအက်ပ္ဆိုက္မႈၾကီး ေပၚေပါက္ခဲ့သည့္ ၂၀၀၉ ခုႏွစ္ႏွင့္ အလားတူေနေၾကာင္း၊ ထုိကာလမ်ားသည္ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ရန္ အခ်ိန္ေကာင္းျဖစ္ေၾကာင္း၊ အစိုးရထံမွ ေထာက္ပံ့ကူညီမႈ မ်ားစြာ ရရွိၾကေၾကာင္း ေျပာၾကားသည္။

သူပိုင္ဆိုင္ထားေသာ အိမ္ျခံေျမမ်ား၏ ခန္႔မွန္းတန္ဖိုးမွာ ေဒၚလာ သန္း ၅၀ ခန္႔ရွိသည္။

မစၥတာ Birch သည္ ပထမဆံုးေနအိမ္ကို ၂၀၀၄ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ထိုစဥ္က အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးကာ အလုပ္မ်ားတြင္ လူသစ္တစ္ဦးအျဖစ္ စတင္ဝင္ေရာက္လုပ္ကိုင္ေနခ်ိန္လည္း ျဖစ္သည္။ သူ၏ ေအာင္ျမင္မႈ လွ်ိဳ႕ဝွက္ခ်က္မွာ အဆံုးသတ္ပန္းတိုင္ ရွင္းလင္းေရရာျခင္း ျဖစ္သည္။ ထို႔အျပင္ အိမ္ျခံေျမကို လုပ္ငန္းတစ္ခုသဖြယ္ သေဘာထားလုပ္ေဆာင္ျခင္းလည္း ပါဝင္သည္။

မိမိ၏ ပန္းတိုင္ကို အာရံုစိုက္ထားျပီး လိုအပ္သည့္အရာမ်ားကို လုပ္ေဆာင္ျခင္းမွာလည္း အေရးၾကီးေၾကာင္း မစၥတာ ဘာ့ခ်္က ေျပာၾကားသည္။

လြန္ခဲ့ေသာ ၁၇ ႏွစ္ခန္႔ကတည္းက အသံုးျပဳခဲ့သည့္ နည္းလမ္းျဖစ္ေသာ အိမ္ျခံေျမမ်ား ဝယ္ယူသည့္နည္းလမ္းျဖင့္ အသက္ ၄၀ အရြယ္တြင္ ဘီလ်ံနာတစ္ဦးျဖစ္လာရန္ ေမွ်ာ္လင့္ထားေၾကာင္းလည္း မစၥတာဘာ့ခ်္က ေျပာၾကားသည္။

(Eddie Dilleen)

Dilleen Property အိမ္ျခံေျမကုမၸဏီ၏ ဒါရိုက္တာ Eddie Dilleen သည္လည္း အိမ္ျခံေျမေပါင္း ၂၂ ခု ပိုင္ဆိုင္ထားျပီး တန္ဖိုးအားျဖင့္ ေဒၚလာ ၇ သန္းဖိုးခန္႔ရွိသည္။

Covid-19 ေပၚေပါက္လာျခင္းေၾကာင့္ Eddie Dilleen ဝယ္ယူခဲ့သမွ် အိမ္ျခံေျမမ်ားအနက္ ေစ်းအၾကီးဆံုးျဖစ္လာမည့္ ဆစ္ဒနီရွိေနအိမ္တစ္လံုးကို ေဒၚလာ ၁ ဒသမ ၂၈ သန္းျဖင့္ ဝယ္ယူရန္ အခြင့္အေရးရလာသည္။

Eddie Dilleen က ေျပာၾကားရာတြင္ ၎အေနျဖင့္ အိမ္ျခံေျမမ်ား ဝယ္ယူရာတြင္ ေဒၚလာ ၂၀၀၀၀၀ မွ ၇၀၀၀၀၀ ၾကား တန္ဖိုးရွိေသာ အိမ္ျခံေျမမ်ားတြင္သာ ရင္းႏွီးျမွဳပ္ႏွံေလ့ရွိေၾကာင္း ေျပာၾကားသည္။

ဆစ္ဒနီတြင္ အေျခခ်ေနထိုင္ကာ အသက္ ၂၈ ႏွစ္ရွိျပီျဖစ္ေသာ Eddie Dilleen သည္ ပထမဆံုးအိမ္ျခံေျမဝယ္ယူ ရင္းႏွီးျမွဳပ္ႏွံမႈကို နယူးေဆာက္ေဝးျပည္နယ္တြင္ ေဒၚလာ ၁၃၈၀၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ထိုစဥ္က အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးျပီး McDonalds တြင္ အလုပ္လုပ္ကိုင္ရင္း ရရွိလာေသာေငြမ်ားကို စုေဆာင္း ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ပထမဆံုး ရင္းႏွီးျမွဳပ္ႏွံမႈျပဳလုပ္ျပီးေနာက္ မစၥတာ Dilleen ၏ ဝယ္ယူမႈ မဟာဗ်ဴဟာမွာ ဆစ္ဒနီ၊ မဲလ္ဘုန္းကဲ့သို႔ ျမိဳ႕ၾကီးမ်ားရွိ တန္ဖုိးၾကီး အိမ္ျခံေျမမ်ားကို ဝယ္ယူျခင္း ေရွာင္ၾကဥ္ျပီး Adelaide, the Gold Coast ႏွင့္ Brisbane တို႔တြင္သာ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ခဲ့သည္။

(Oscar Ledlin)

ေအာ္စကာ လက္ဒ္လင္းသည္ အသက္ ၂၇ ႏွစ္အရြယ္ရွိ အိမ္ျခံေျမ developer တစ္ဦးျဖစ္ျပီး သူ၏ကုမၸဏီျဖစ္ေသာ Ledlin Developments မွတဆင့္ ယခုႏွစ္အတြင္း အိမ္ျခံေျမ ၅၁ ခု ပိုင္ဆိုင္၊ ေရာင္းခ်မႈမ်ား ျပဳလုပ္ခဲ့ျပီး တန္ဖိုးအားျဖင့္ ေဒၚလာ ၇၅ သန္းဖိုး ရွိသည္။

“အရင္မ်ဳိးဆက္ေတြက အထင္ရွားဆံုးရင္းႏွီးျမွဳပ္ႏွံသူေတြဟာ စီးပြားေရးက်ဆင္းေနခ်ိန္နဲ႔ မေရရာတဲ့ ကာလေတြအတြင္း ဘယ္လို ဓနဖန္တီးရမယ္ဆိုတဲ့နည္းလမ္း စာအုပ္ေတြ ေရးသားခဲ့ၾကတယ္။ အခုခ်ိန္ကစျပီး ေနာင္ ၁၀ ႏွစ္ၾကာတဲ့အခါ ကၽြန္ေတာ္တို႔ဟာ covid-19 ကာလကို ကမၻာ့အက်ပ္အတည္းကာလၾကီးတစ္ခုအျဖစ္ ရည္ညႊန္းၾကလိမ့္မွာ ျဖစ္ပါတယ္” ဟု မစၥတာ လက္ဒ္လင္းက ေျပာၾကားသည္။

“ၾသစေတးလ်ရဲ႕ ေရတိုကာလစီးပြားေရးဟာ မျမင္ႏိုင္တဲ့အႏၱရာယ္ေတြရွိေနတယ္ဆိုတာ သံသယျဖစ္ဖြယ္မရွိပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ဟာ မၾကာေသးမီ ဆယ္စုႏွစ္အတြင္း မေတြ႔ဖူးခဲ့တဲ့ အိမ္ျခံေျမေလာက အခြင့္အလမ္းေတြ ေတြ႔ေနရတယ္။ ”

ေအာ္စကာ လက္ဒ္လင္းသည္ ယခင္က ထိုင္းစားေသာက္ဆိုင္တစ္ခုတြင္ ပန္းကန္ေဆးသမားတစ္ဦးအျဖစ္ လုပ္ကိုင္ခဲ့ရသူျဖစ္ေသာ္လည္း အသက္ ၂၁ ႏွစ္အရြယ္တြင္ကား ေဒၚလာ သန္းေပါင္းမ်ားစြာ ပိုင္ဆိုင္ထားသည့္ ရင္းႏွီးျမွဳပ္ႏွံသူတစ္ဦး ျဖစ္ေနျပီ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Three young Aussie investors taking advantage of the COVID-19 market (realestate.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service