ဘိုလိဗီးယားနိုင်ငံ လမ်းမများပေါ်တွင် Covid-19 အလောင်း ရာပေါင်းများစွာ လိုက်ကောက်နေရ

ဘိုလိဗီးယားနိုင်ငံ လမ်းမများပေါ်တွင် Covid-19 အလောင်း ရာပေါင်းများစွာ လိုက်ကောက်နေရ - Property News in Myanmar from iMyanmarHouse.com
23 Jul 2020 11:16 am တွင် တင်ခဲ့သည်
902 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘိုလီးဗီးယားနိုင်ငံတွင် ၅ ရက်တာကာလအတွင်း အလောင်းပေါင်း ၄၀၀ ကျော်ကို လမ်းများ ၊ နေအိမ်များမှ လိုက်လံ ရှင်းလင်းသယ်ယူနေရပြီး အဆိုပါအလောင်းတို့၏ ၈၅ ရာခိုင်နှုန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူများဖြစ်သည်ဟု ယုံကြည်ရကြောင်း ဘိုလိဗီးယားရဲတပ်ဖွဲ့က ပြောကြားသည်။

Cochabamba မြို့တော်နယ်ပယ်တစ်ခုတည်းတ်ွ ဇူလိုင် ၁၅ မှ ၂၀ ရက်အတွင်း အလောင်းပေါင်း ၁၉၁ လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး La Paz မြို့တွင် အလောင်း ၁၄၁ လောင်း တွေ့ရှိသည်ဟု အမျိုးသားရဲတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး Ivan Rojas က သတင်းထောက်များကို ပြောကြားသည်။

ဘိုလိဗီးယား၏ အကြီးမားဆုံးမြို့တော် ဆန်တာခရုဇ် (Santa Cruz) တွင် အလောင်းပေါင်း ၆၈ လောင်းတွေ့ရှိခဲ့သည်ဟု အာဏာပိုင်တို့က ပြောကြားသည်။

ဆန်တာခရုမြို့ပြဒေသသည် ဘိုလိဗီးယားတွင် ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ခံရသည့်ဒေသတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံး ကူးစက်မှုအတိုင်းအတာစုစုပေါင်းပမာဏ၏ ထက်ဝက်နီးပါးမှာ ဆန်တာခရုဇ်တွင် ဖြစ်သည်။

“အလောင်းတွေရဲ့ ၈၅ ရာခိုင်နှုန်းက covid-19 positive လူနာနဲ့ ကိုဗစ် ရောဂါလက္ခဏာရှိသူတွေဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ကို သံသယလူနာစာရင်းထဲမှာ မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး Rojas က ပြောကြားသည်။ “ကျန်တဲ့ ၁၅ ရာခိုင်နှုန်းကတော့ အခြားအကြောင်းရင်းတွေနဲ့ သေဆုံးခဲ့ကြရတာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

အမျိုးသားကူးစက်ရောဂါဆိုင်ရာရုံး၏ ထုတ်ပြန်ချက်အရ Cochabamba အနောက်ပိုင်း နှင့် La Paz ဒေသတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အလွန်လျင်မြန်စွာ ဖြစ်ပွားနေကြောင်း ထုတ်ပြန်သည်။

မှုခင်းဆေးပညာ စုံစမ်းရေးအင်စတီကျု၏ ညွှန်ကြားရေးမှူး Andres Flores က ပြောကြားရာတွင် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အကြား အလောင်းပေါင်း ၃၀၀၀ ကျော်ကို ဆေးရုံမဟုတ်သည့် ပြင်ပနေရာများမှ ရှင်းလင်းသယ်ယူခဲ့ရပြီး အဆိုပါအလောင်းများ သည် ကိုရိုနာဗိုင်းရပ်စ် အတည်ပြု (သို့မဟုတ်) သံသယလူနာများဖြစ်နေကြောင်း ဖော်ထုတ်တွေ့ရှိရကြောင်း ပြောကြားသည်။

ဘိုလိဗီးယားသည် လူဦးရေ ၁၁ သန်းရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၂၀၀ ကျော် ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hundreds of virus-infected bodies recovered from Bolivian streets, homes (AFP)

[Zawgyi]

ဘိုလိဗီးယားႏိုင္ငံ လမ္းမမ်ားေပၚတြင္ Covid-19 အေလာင္း ရာေပါင္းမ်ားစြာ လိုက္ေကာက္ေနရ

ဘိုလီးဗီးယားႏိုင္ငံတြင္ ၅ ရက္တာကာလအတြင္း အေလာင္းေပါင္း ၄၀၀ ေက်ာ္ကို လမ္းမ်ား ၊ ေနအိမ္မ်ားမွ လိုက္လံ ရွင္းလင္းသယ္ယူေနရျပီး အဆိုပါအေလာင္းတို႔၏ ၈၅ ရာခိုင္ႏႈန္းမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရသူမ်ားျဖစ္သည္ဟု ယံုၾကည္ရေၾကာင္း ဘိုလိဗီးယားရဲတပ္ဖြဲ႔က ေျပာၾကားသည္။

Cochabamba ျမိဳ ႔ေတာ္နယ္ပယ္တစ္ခုတည္းတြ္ ဇူလိုင္ ၁၅ မွ ၂၀ ရက္အတြင္း အေလာင္းေပါင္း ၁၉၁ ေလာင္း ရွာေဖြေတြ႔ရွိခဲ့ျပီး La Paz ျမိဳ ႔တြင္ အေလာင္း ၁၄၁ ေလာင္း ေတြ႔ရွိသည္ဟု အမ်ဳိးသားရဲတပ္ဖြဲ႔ညႊန္ၾကားေရးမွဴး ဗိုလ္မွဴးၾကီး Ivan Rojas က သတင္းေထာက္မ်ားကို ေျပာၾကားသည္။

ဘိုလိဗီးယား၏ အၾကီးမားဆံုးျမိဳ ႔ေတာ္ ဆန္တာခရုဇ္ (Santa Cruz) တြင္ အေလာင္းေပါင္း ၆၈ ေလာင္းေတြ႔ရွိခဲ့သည္ဟု အာဏာပိုင္တို႔က ေျပာၾကားသည္။

ဆန္တာခရုျမိဳ ႔ျပေဒသသည္ ဘုိလိဗီးယားတြင္ ကိုရိုနာဗိုင္းရပ္စ္ အဆိုးရြားဆံုး ကူးစက္ခံရသည့္ေဒသတစ္ခုျဖစ္ျပီး တစ္ႏိုင္ငံလံုး ကူးစက္မႈအတိုင္းအတာစုစုေပါင္းပမာဏ၏ ထက္ဝက္နီးပါးမွာ ဆန္တာခရုဇ္တြင္ ျဖစ္သည္။

“အေလာင္းေတြရဲ ႔ ၈၅ ရာခိုင္ႏႈန္းက covid-19 positive လူနာနဲ႔ ကိုဗစ္ ေရာဂါလကၡဏာရွိသူေတြျဖစ္ၾကပါတယ္။ ဒါေၾကာင့္ သူတုိ႔ကို သံသယလူနာစာရင္းထဲမွာ မွတ္တမ္းတင္ထားမွာ ျဖစ္ပါတယ္” ဟု ဗိုလ္မွဴးၾကီး Rojas က ေျပာၾကားသည္။ “က်န္တဲ့ ၁၅ ရာခိုင္ႏႈန္းကေတာ့ အျခားအေၾကာင္းရင္းေတြနဲ႔ ေသဆံုးခဲ့ၾကရတာျဖစ္ပါတယ္” ဟု ၎က ျဖည့္စြက္ေျပာၾကားသည္။

အမ်ဳိးသားကူးစက္ေရာဂါဆိုင္ရာရံုး၏ ထုတ္ျပန္ခ်က္အရ Cochabamba အေနာက္ပိုင္း ႏွင့္ La Paz ေဒသတို႔တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ အလြန္လ်င္ျမန္စြာ ျဖစ္ပြားေနေၾကာင္း ထုတ္ျပန္သည္။

မႈခင္းေဆးပညာ စံုစမ္းေရးအင္စတီက်ဳ၏ ညႊန္ၾကားေရးမွဴး Andres Flores က ေျပာၾကားရာတြင္ ဧျပီလ ၁ ရက္မွ ဇူလိုင္လ ၁၉ ရက္အၾကား အေလာင္းေပါင္း ၃၀၀၀ ေက်ာ္ကို ေဆးရံုမဟုတ္သည့္ ျပင္ပေနရာမ်ားမွ ရွင္းလင္းသယ္ယူခဲ့ရျပီး အဆိုပါအေလာင္းမ်ား သည္ ကိုရိုနာဗိုင္းရပ္စ္ အတည္ျပဳ (သို႔မဟုတ္) သံသယလူနာမ်ားျဖစ္ေနေၾကာင္း ေဖာ္ထုတ္ေတြ႔ရွိရေၾကာင္း ေျပာၾကားသည္။

ဘိုလိဗီးယားသည္ လူဦးေရ ၁၁ သန္းရွိျပီး ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၂၂၀၀ ေက်ာ္ ရွိေနျပီျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hundreds of virus-infected bodies recovered from Bolivian streets, homes (AFP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service