ပင်စင်လစာ​ပေးရန် ဗဟိုရန်ပုံ​ငွေအတွက် အစိုးရက ကျပ် ဘီလီယံ ၁၀၀ မတည်

ပင်စင်လစာ​ပေးရန် ဗဟိုရန်ပုံ​ငွေအတွက် အစိုးရက ကျပ် ဘီလီယံ ၁၀၀ မတည် - Property News in Myanmar from iMyanmarHouse.com
23 Jul 2020 10:18 am တွင် တင်ခဲ့သည်
1334 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လာမည့်ဘဏ္ဍာနှစ်က စ၍ အကောင်အထည်ဖော်မည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အတွက် နိုင်ငံတော်က ကျပ်ဘီလီ ယံ ၁၀၀ စတင်မတည်ရန် လျာ ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

ဝန်ထမ်း​နောင်​ရေးဗဟိုရန်ပုံ​ငွေသည် ပင်စင်လစာ​ပေးရန် အစိုးရနှင့် ဝန်ထမ်းများက စု​ပေါင်းထူ​ထောင်ထားသည် ရန်ပုံ​ငွေတစ်ရပ်ဖြစ်သည်။

ထိုရန်ပုံ​ငွေကို အိမ်ခြံ​မြေစသည့် ဆုံးရှုံးနိုင်​ချေနည်းသည့် လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံ၍ အကျိုးအမြတ်ရ​ငွေကို ပင်စင်လစာ​ပေးရန်ဖြစ်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မြန်မာနိုင်ငံ တွင် ပင်စင်စားအင်အား နှစ်စဉ်တိုးတက်လာခြင်း၊ မျှော်မှန်း လူ့သက်တမ်းတိုးမြင့်လာခြင်း များကြောင့် ပင်စင်အသုံးစရိတ်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျခံရလျက်ရှိသည်ဟုဆိုသည်၊၊

လက်ရှိပင်စင်အသုံးစရိတ် သည် GDP ၏ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ နိုင်ငံတော်အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံနှင့် နိုင်ငံတော်စုစုပေါင်း အသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းနီးပါး နှစ်စဉ်သုံံးစွဲလျက်ရှိသည်ဟု ဝန်ကြီးက​ပြောသည်။

ရေရှည်တည်တံ့ခိုင်မြဲသည့် အမျိုးသားပင်စင်စနစ်ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတော်ဘတ်ဂျက်မှ သုံးစွဲရ မှုကို ရေရှည်ခံနိုင်စွမ်းရှိစေရန်အတွက် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံ့ဝန်ထမ်းပင်စင်စနစ်အား အခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ ရန်ပုံငွေကို အခြေခံ၍ ခံစားခွင့်ပြုသည့်စနစ်သို့ပြောင်းလဲရန် ဆောင်ရွက်မည် ဖြစ်သည်ဟုဆိုသည်။

ဤသို့ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေကို ထူထောင်၍ ဆောင်ရွက် ရန်ဖြစ်သည်။ အဆိုပါရန်ပုံငွေနှင့်စပ်လျဉ်း၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေ၊ ဆောင်ရွက်မည့်မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို အချိန်ကာလနှင့် သတ်မှတ်ရေးဆွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဝန်ကြီးက ပြော.သည်။

ဇူလိုင် တတိယပတ်က ထုတ်ပြန်ခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရ၊ အသုံး ခန့်မှန်းခြေငွေစာ ရင်းတွင် နိုင်ငံ့ဝန်ထမ်းများ အ ငြိမ်းစားယူသည့်အခါ နောင်ရေး အတွက် စိတ်အေးရစေရန်နှင့်နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံး စွဲမှုအခြေအနေကို ရေရှည်တည် ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရန်အတွက် ဝန် ထမ်းနောင်ရေးဗဟိုရန်ပုံငွေအ တွက် ကျပ် ဘီလီယံ ၁၀၀ စတင် မတည်မည်ဟု ဖော်ပြထားသည်။

လက်ရှိ ပင်စင်စနစ်ထက် ပိုမိုအားထားရမည့် ပင်စင်ဆိုင်ရာ ဝန်ဆောင်မှုများ၊ အကျိုးခံစားခွင့် များရရှိစေမည့် ဝန်ထမ်းနောင် ရေးဗဟိုရန်ပုံငွေစနစ်ကို ၂၀၂၀ အောက်တိုဘာ ၁ ရက်တွင် စတင်နိုင်ရန် ပြင်ဆင်နေသည်ဟု ပင်စင်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာဝါဝါမောင်က ပြောသည်။

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ်အရ အခြေခံလစာတစ်သိန်းရှိသည့်ဝန်ထမ်းသည် တစ် လလျှင် လစာ၏ ၅ ရာခိုင်နှုန်း ဖြစ်သည့် ကျပ် ၅,၀၀၀ ထည့်ဝင် ရချိန်တွင် နိုင်ငံတော်ကလည်း အဆိုပါဝန်ထမ်းအတွက် ကျပ် ၅,၀၀၀ ထည့်သွင်းပေးမည်ဖြစ် ကာ အငြိမ်းစားယူချိန်၌ အတိုးနှင့် အကျိုးအမြတ်များနှင့်အတူ လုပ် သက်ဆုကြေး၊ လစဉ် ပင်စင်လ စာများအဖြစ် ထုတ်ယူနိုင်မည် ဖြစ်သည်။ အစိုးရ၏ယန္တရားလည်ပတ် မှုအရ နိုင်ငံ့ဝန်ထမ်းစုစုပေါင်းအရေအတွက်သည် ၁ ဒသမ ၂ သန်းရှိပြီး လုပ်သက် ၁၀ နှစ် အောက်ဝန်ထမ်း ငါးသိန်းနီးပါးရှိ သည်။

ထို့ပြင် ဦးစီးဌာနများ၊ လုပ် ငန်းဌာနများနှင့် ကာကွယ်ရေး စသည့် နိုင်ငံ့ဝန်ထမ်းများမှ ပင် စင်စားဦးရေ ကိုးသိန်းခန့်ရှိသည့် အပြင် နှစ်စဉ် ပင်စင်စားအရေအ တွက် နှစ်သောင်းမှ သုံးသောင်းအ ထိ တိုးလာနေကြောင်း ပင်စင်ဦး စီးဌာနက ဆိုသည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်စာ ရင်းအရ စုစုပေါင်းပင်စင် အသုံး စရိတ်သည် ကျပ်ဘီလီယံ ၁,၀၀၀ ကျော်ရှိကာ နိုင်ငံ့အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံနှင့် အစိုးရအသုံး စရိတ်၏ ၄ ရာခိုင်နှုန်းကျော်ရှိနေ ကြောင်း ပင်စင်ဦးစီးဌာန၏ အ အချက်အလက်များတွင် ဖော်ပြ သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]






လက်ရှိပင်စင်အသုံးစရိတ် သည် GDP ၏ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ နိုင်ငံတော်အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံနှင့် နိုင်ငံတော်စုစုပေါင်း အသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းနီးပါး နှစ်စဉ်သုံးစွဲလျက်ရှိသည်ဟု ဝန်ကြီးက​ပြောသည်။










နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service