ကပ်ရောဂါကြောင့် ကုမ္ပဏီ ၇၆ ရာခိုင်နှုန်းသည် ထိခိုက်ပြီး ထက်ဝက်ခန့်သည့် ပြည်ပအော်ဒါ လျော့နည်းနေဟုဆို

ကပ်ရောဂါကြောင့် ကုမ္ပဏီ ၇၆ ရာခိုင်နှုန်းသည် ထိခိုက်ပြီး ထက်ဝက်ခန့်သည့် ပြည်ပအော်ဒါ လျော့နည်းနေဟုဆို - Property News in Myanmar from iMyanmarHouse.com
22 Jul 2020 10:34 am တွင် တင်ခဲ့သည်
673 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကြောင့် ကုမ္ပဏီ၇၆ ရာခိုင်နှုန်းထိခိုက်ပြီး ကုမ္ပဏီ ထက်ဝက်ခန့်သည် ပြည်ပမှ အဝယ်အမှာ စာလျော့ခဲ့သည်ဟု မြန်မာကုန်သွယ်မူမြှင့်တင်ရေးအဖွဲ့(Myantrade) က ထုတ်ပြန်သော မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍများအပေါ် COVID-19 ၏ အကျိုးသက်ရောက်မှု အစီရင်ခံစာ တွင်ဖော်ပြထားသည်။

ပြည်ပပို့ကုန်များအပေါ် COVID-19 ထိခိုက်မူများအတွက် ပို့ကုန်မဟာဗျူဟာတွင် ဦးစားပေးပါသည့် ကုမ္ပဏီ ၂၂၆ကို မေလတွင် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုအဖွဲ့သည့်် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်မူမြှင့်တင်ရေးအတွက် တာဝန်ခံအစိုးရအဖွဲ့တစ်ခုဖြစ်သည်။

ထိခိုက်မူသည့် ကုမ္ပဏီ ၇၆ ရာခိုင်နှုန်းတွင် ၃၀ ရာခိုင်နှုန်းက အပြင်းအထန်ထိခိုက်ခဲ့ပြီး ကျန် ၄၆ ရာခိုင်နှုန်းက အတန်အသင့်ထိခိုက်ခဲ့သည်ဟု အစီရင်ခံစာကဆိုသည်။

စစ်တမ်းအရ ကုမ္ပဏီ ၅၀ကျော်သည့် အဝယ်အမှာစာလျော့ကျပြီး ၁၈ ရာခိုင်နှုန်းသည် အဝယ်အမှာစာ ပယ်ဖျက်ခြင်းရှိနေသည်ဟုဆိုသည်။ ထိုပြင်ကုမ္ပဏီထက်ဝက်ကျော်ကလည်း နောက်၃လအတွင်း အဝယ်အမှာစာ ထပ်မံလျော့ကျမည်ဟု စစ်တမ်းကဆိုထားသည်။ ကုမ္ပဏီ ၁၉ ရာခိုင်နှုန်းက အဝယ်အမှာလျော့ချမူသည် ၂၀ ရာခိုင်နှုန်းအထိ ရှိသည်ဟုဆိုသည်။ ကုမ္ပဏီ ၃၆ ရာခိုင်နှုန်းကလည်း နောက် ၃လအတွင်း အဝယ်အမှာစာ အတည်မပြုနိုင်တော့ဟုဆိုသည်။

“များစွာတဲ့ ကုမ္ပဏီလုပ်ငန်းများမှာ အမှာစာအော်ဒါများလျော့ကျသွားတာ၊ ရပ်ဆိုင်းခံခြင်းတွေနဲ့အတူ နောင်လအနည်းကြာတဲ့ အထိ မရေရာမသေချာမူများစွာကို ကြုံတွေ့နေရမယ် ဖြစ်ပါတယ်” ဟု Myantrade၊ ညွန့်ကြားရေးမှူးချုပ်၊နော်မူတာကပေါက ပြောသည်။

ကုမ္ပဏီ ၄၀ ရာခိုင်နှုန်းက ၎င်းတို့၏ ပြည်ပပို့ကုန်များကို တင်ပို့ရာတွင်လည်း အခက်အခဲရှိနေသည်ဟုဆိုသည်။ သွင်းအားစုများဝယ်ယူရန်လည်း အခက်အခဲရှိနေသည်ဟုဆိုသည်။

မကြာခင် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၅ စတင်တော့မည်ဖြစ်၍ COVID-19 ကြောင့် ထိခိုက်မူများအတွက် ပို့ကုန်လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်တင်းပေးရန်လိုအပ်သည်ဟု နော်မူတာကပေါကပြောသည်။

ပို့ကုန်လုပ်ငန်းရှင်များက အခွန်လျော့ပေါ့ပေးခြင်း သို့မဟုတ် အခွန် ရပ်ဆိုင်းပေးခြင်း၊ ငှားရမ်းခများ၊ လျှပ်စစ်မီး၊ရေနှင့် ဝန်ဆောင်မူများအတွက် ကုန်ကျစရိတ်များကို လျော့ချပေးခြင်းနှင့် ရပ်ဆိုင်းပေးခြင်းတို့ကို လိုလားနေသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ ထိုပြင် ပို့ကုန်လုပ်ငန်းများအတွက် ဘဏ္ဍာရေးအထောက်အပံ့၊ အခွန်ဆိုင်ရာလှုံဆော်မူများကို လိုအပ်နေသည်ဟု အစီရင်ခံစာကဖော်ပြထားသည်။

COVID-19 ကြောင့် ထိခိုက်သည့်လုပ်ငန်းများမှာ ခရီးသွားလုပ်ငန်း၊ အဝတ်အထည်လုပ်ငန်းများက အများဆုံးဖြစ်သည်ဟု အစီရင်ခံစာကဆိုသည်။ ထိုပြင်ပို့ကုန်ကိုသာ မှီခိုနေရသည် ရော်ဘာလုပ်ငန်းသည် အကြီးအကျယ်ထိခိုက်နေသည်ဟု အစီရင်ခံစာကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]




ထိုအဖွဲ့သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်မူမြှင့်တင်ရေးအတွက် တာဝန်ခံအစိုးရအဖွဲ့တစ်ခုဖြစ်သည်။










နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service