အိမ်နီးခြင်းနိုင်ငံများက အဝယ်လိုက်၍ ပြည်တွင်းရွှေဈေးမြင့်တက်၊ အိန္ဒိယတွင် မြန်မာမှ ခိုးသွင်းသည့် ဒေါ်လာ ကိုးသိန်းကျော်ဖိုး ရွှေများဖမ်းမိ

အိမ်နီးခြင်းနိုင်ငံများက အဝယ်လိုက်၍ ပြည်တွင်းရွှေဈေးမြင့်တက်၊ အိန္ဒိယတွင် မြန်မာမှ ခိုးသွင်းသည့် ဒေါ်လာ ကိုးသိန်းကျော်ဖိုး ရွှေများဖမ်းမိ - Property News in Myanmar from iMyanmarHouse.com
21 Jul 2020 12:13 pm တွင် တင်ခဲ့သည်
9729 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့က နယ်စပ်မှတစ် ဆင့် ရွှေအဝယ်လိုက်လာ၍ ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းရွှေလုပ် ငန်းရှင်များက ပြောသည်။

အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံက ဒေါ်လာကိုးသိန်းကျော်တန်ဖိုးရှိ တရားမဝင်ရွှေခိုးသွင်းမူများကိုဖမ်းမိကြောင်း ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ရွှေဈေး တဖြည်းဖြည်း မြင့်တက်လာပြီးနောက် ပြည်တွင်းရွှေဈေးလည်း ဇူလိုင်လအ တွင်း အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ်လေးသောင်းကျော် မြင့်တက်လာခြင်းဖြစ်သည်။

ထိုသို့ ဈေးမြင့်တက်လာခြင်းသည် အချက်သုံးချက်ရှိပြီး ကမ္ဘာ့ ရွှေဈေးမြင့်တက်လာခြင်း၊ ပြည် တွင်းငွေဈေးတွင် ဒေါ်လာဈေးမြင့် တက်လာခြင်းနှင့် ပြည်ပနိုင်ငံများ အတွက် နယ်စပ်မှ အဝယ်လိုက် လာခြင်းကြောင့်ဖြစ်သည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြော သည်။

‘‘ကမ္ဘာ့ရွှေဈေးနဲ့ ယှဉ်ရင် ပြည်တွင်းရွှေဈေးက နိမ့်နေတယ်၊ ဒါကြောင့် တစ်ဖက်နိုင်ငံတွေက နယ်စပ်က အဝယ်လိုက်တာ။ ဒီ အတိုင်းဆို ရွှေဈေးက ဆက်တက် ဖို့ရှိတယ်’’ ဟု ၎င်းကပြောသည်။

ပြည်တွင်းရွှေဈေးသည် ဇွန် လ ၃၀ ရက်တွင် အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၁,၂၁၅,၀၀၀ ရှိရာမှ ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁,၂၆၀,ဝဝဝအထိ မြင့်တက် လာသည်။ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၃၀ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၁,၇၇၀ ရှိပြီး ဇူလိုင် ၁၈ ရက်တွင် တစ်အောင်စကို၁,၈၀၉ ဒေါ်လာအထိ မြင့်တက်လာသည်။

အိန္ဒိယဝင်ငွေ ထောက်လှမ်းရေး ညွှန်ကြားရေး ဌာန (DRI)မှအရာရှိများက ပြည် နယ်သုံးခုတွင် ပြုလုပ်ခဲ့သောသီး ခြားစစ်ဆင်ရေးများအတွင်း ကန် ဒေါ်လာ ကိုးသိန်းသုံးသောင်း ကျော်တန်ဖိုးရှိသည့်မြန်မာနိုင်ငံမှ မှောင်ခိုတင်းသွင်းလာသောရွှေ များနှင့်အတူ သံသယရှိသူအိန္ဒိယ နိုင်ငံသားခြောက်ဦးကို ဖမ်းဆီးရ မိခဲ့ကြောင်း ဇူလိုင် ၁၇ ရက်က ကြေညာခဲ့သည်။

‘‘အဲဒီ ဖမ်းဆီးရမိတဲ့နိုင်ငံ ခြားဖြစ် ရွှေချောင်းတွေအားလုံး ဟာ မြန်မာနိုင်ငံကနေအိန္ဒိယထဲ ကို မှောင်ခိုတင်သွင်းလာတာဖြစ် ပြီး ဂူဝါဟတီ၊ ဆီလီဂူရီနဲ့ ပါတနာ ဒေသကနေ ခရီးသည်တွေက ဘတ်စ်ကားတွေနဲ့ ဒေလီမြို့ဆီ သယ်ယူလာတာပါ’’ ဟု DRI ၏ ကြေညာချက်တွင် ဖော်ပြထား သည်။

ယင်းခရီးသည်များသည် ထိုရွှေချောင်းများအား လက်ဖြင့် တွန်း၍ သယ်ဆောင်နိုင်သော အထူးဖန်တီးထားသည့် ခရီး ဆောင်အိတ်များ ခါးပတ်များထဲ တွင် ဝှက်၍ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း DRI အရာရှိများက ပြောကြားသည်။

COVID-19 ရောဂါပျံ့နှံ့ နေသောကာလအတွင်း ရွှေမှောင် ခိုသယ်သူများသည် စစ်ဆေးမှု နည်းပါးသော ဘတ်စ်ကား လမ်း ကြောင်းများမှတစ်ဆင့် သယ်ယူ နေကြကြောင်း အရာရှိများက ပြောကြားသည်။

ဆီလီဂူရီနှင့် ပါတနာဒေသ ကိုဖြတ်၍ ဂူဝါဟတီမှဘတ်စ် ကားဖြင့် လာသူနှစ်ဦးကိုနယူးဒေ လီမြို့အနီး ပလာဇာတစ်ခုတွင် ကြားဖြတ်ဖမ်းမိခဲ့သည်။ ၎င်းတို့ ထံမှ အလေးချိန် ၄ ဒသမ ၉၈ ကီ လိုဂရမ်ရှိသော ရွှေချောင်းများ သိမ်းဆည်းရမိခဲ့သည်ဟု DRI က ကြေညာချက်တွင် ဖော်ပြထား သည်။

အနောက်ဘန်ဂေါပြည်နယ် ဆီလီဂူရီဒေသတွင် ဖမ်းမိသော နောက်ခရီးသည်နှစ်ဦးကိုပါတနာ သို့ထွက်ခွာမည့် ဘတ်စ်ကားတစ် စီးပေါ်သို့ တက်ခါနီးတွင်ဖမ်းမိခဲ့ သည်။ ၎င်းတို့ထံမှရွှေချောင်း ၃၀ တွေ့ရပြီး နိုင်ငံခြားဖြစ်ရွှေချောင်း များဖြစ်ကာ အလေးချိန်ငါးကီလို ဂရမ်နီးပါးရှိကြောင်း သိရသည်။

ဆီလီဂူရီကိုဖြတ်၍ ဂူဝါဟတီမှ ပါတနာသို့ရောက်လာသူနှစ် ဦးထံမှရွှေချောင်း ၂၄ ချောင်းဖမ်း ဆီးရမိပြီး စုစုပေါင်းအလေးချိန် ၃ ဒသမ ၉၈ ကီလိုရှိကြောင်း အရာ ရှိများက ပြောကြားသည်။ စုစု ပေါင်းဖမ်းဆီးရမိသောရွှေချောင်း များ၏အလေးချိန်သည် ၁၄ ကီလို ဂရမ်ရှိပြီး စျေးကွက်တန်ဖိုးကန် ဒေါ်လာကိုးသိန်သုံးသောင်းငါး ထောင်နီးပါးရှိကြောင်း သိရသည်။

ဖမ်းဆီးထားသူခြောက်ဦးမှာ ဥသာပရာဒက်ရှ်နှင့်ရာဂျက်စတန် ဇာတိများဖြစ်ကြောင်း အရာရှိ များက ပြောကြားသည်။ ယခု မတိုင်မီကလည်း ယူအေအီးသံ ရုံးသို့လိပ်မူထားသည့်အထုပ်တစ် ထုပ်အတွင်း ရွှေ ၃၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ပြီး ယူအေအီးသံ ရုံးအလုပ်သမားဟောင်းတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္နီးျခင္းႏိုင္ငံမ်ားက အဝယ္လိုက္၍ ျပည္တြင္းေ႐ႊေဈးျမင့္တက္၊ အိႏၵိယတြင္ ျမန္မာမွ ခိုးသြင္းသည့္ ေဒၚလာ ကိုးသိန္းေက်ာ္ဖိုး ေ႐ႊမ်ားဖမ္းမိ

တ႐ုတ္၊ ထိုင္းႏွင့္ အိႏၵိယႏိုင္ငံတို႔က နယ္စပ္မွတစ္ ဆင့္ ေ႐ႊအဝယ္လိုက္လာ၍ ျပည္တြင္းေ႐ႊေဈး ျပန္လည္ျမင့္တက္လာေၾကာင္း ျပည္တြင္းေ႐ႊလုပ္ ငန္း႐ွင္မ်ားက ေျပာသည္။

အိႏၵိယႏိုင္ငံကလည္း ျမန္မာႏိုင္ငံက ေဒၚလာကိုးသိန္းေက်ာ္တန္ဖိုး႐ွိ တရားမဝင္ေ႐ႊခိုးသြင္းမူမ်ားကိုဖမ္းမိေၾကာင္း ထုတ္ျပန္ခဲ့သည္။

ကမ႓ာ့ေ႐ႊေဈး တျဖည္းျဖည္း ျမင့္တက္လာၿပီးေနာက္ ျပည္တြင္းေ႐ႊေဈးလည္း ဇူလိုင္လအ တြင္း အေခါက္ေ႐ႊတစ္က်ပ္သား လွ်င္ က်ပ္ေလးေသာင္းေက်ာ္ ျမင့္တက္လာျခင္းျဖစ္သည္။

ထိုသို႔ ေဈးျမင့္တက္လာျခင္းသည္ အခ်က္သုံးခ်က္႐ွိၿပီး ကမ႓ာ့ ေ႐ႊေဈးျမင့္တက္လာျခင္း၊ ျပည္ တြင္းေငြေဈးတြင္ ေဒၚလာေဈးျမင့္ တက္လာျခင္းႏွင့္ ျပည္ပႏိုင္ငံမ်ား အတြက္ နယ္စပ္မွ အဝယ္လိုက္ လာျခင္းေၾကာင့္ျဖစ္သည္ဟု ရန္ကုန္တိုင္းေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာ သည္။

‘‘ကမ႓ာ့ေ႐ႊေဈးနဲ႔ ယွဥ္ရင္ ျပည္တြင္းေ႐ႊေဈးက နိမ့္ေနတယ္၊ ဒါေၾကာင့္ တစ္ဖက္ႏိုင္ငံေတြက နယ္စပ္က အဝယ္လိုက္တာ။ ဒီ အတိုင္းဆို ေ႐ႊေဈးက ဆက္တက္ ဖို႔႐ွိတယ္’’ ဟု ၎ကေျပာသည္။

ျပည္တြင္းေ႐ႊေဈးသည္ ဇြန္ လ ၃၀ ရက္တြင္ အေခါက္ေ႐ႊတစ္ က်ပ္သားလွ်င္ က်ပ္ ၁,၂၁၅,၀၀၀ ႐ွိရာမွ ဇူလိုင္ ၁၈ ရက္တြင္ က်ပ္ ၁,၂၆၀,ဝဝဝအထိ ျမင့္တက္ လာသည္။ကမ႓ာ့ေ႐ႊေဈးသည္ ဇြန္လ ၃၀ ရက္တြင္ တစ္ေအာင္စလွ်င္ ေဒၚလာ ၁,၇၇၀ ႐ွိၿပီး ဇူလိုင္ ၁၈ ရက္တြင္ တစ္ေအာင္စကို၁,၈၀၉ ေဒၚလာအထိ ျမင့္တက္လာသည္။

အိႏၵိယဝင္ေငြ ေထာက္လွမ္းေရး ၫႊန္ၾကားေရး ဌာန (DRI)မွအရာ႐ွိမ်ားက ျပည္ နယ္သုံးခုတြင္ ျပဳလုပ္ခဲ့ေသာသီး ျခားစစ္ဆင္ေရးမ်ားအတြင္း ကန္ ေဒၚလာ ကိုးသိန္းသုံးေသာင္း ေက်ာ္တန္ဖိုး႐ွိသည့္ျမန္မာႏိုင္ငံမွ ေမွာင္ခိုတင္းသြင္းလာေသာေ႐ႊ မ်ားႏွင့္အတူ သံသယ႐ွိသူအိႏၵိယ ႏိုင္ငံသားေျခာက္ဦးကို ဖမ္းဆီးရ မိခဲ့ေၾကာင္း ဇူလိုင္ ၁၇ ရက္က ေၾကညာခဲ့သည္။

‘‘အဲဒီ ဖမ္းဆီးရမိတဲ့ႏိုင္ငံ ျခားျဖစ္ ေ႐ႊေခ်ာင္းေတြအားလုံး ဟာ ျမန္မာႏိုင္ငံကေနအိႏၵိယထဲ ကို ေမွာင္ခိုတင္သြင္းလာတာျဖစ္ ၿပီး ဂူဝါဟတီ၊ ဆီလီဂူရီနဲ႔ ပါတနာ ေဒသကေန ခရီးသည္ေတြက ဘတ္စ္ကားေတြနဲ႔ ေဒလီၿမိဳ႕ဆီ သယ္ယူလာတာပါ’’ ဟု DRI ၏ ေၾကညာခ်က္တြင္ ေဖာ္ျပထား သည္။

ယင္းခရီးသည္မ်ားသည္ ထိုေ႐ႊေခ်ာင္းမ်ားအား လက္ျဖင့္ တြန္း၍ သယ္ေဆာင္ႏိုင္ေသာ အထူးဖန္တီးထားသည့္ ခရီး ေဆာင္အိတ္မ်ား ခါးပတ္မ်ားထဲ တြင္ ဝွက္၍ သယ္ေဆာင္လာျခင္း ျဖစ္ေၾကာင္း DRI အရာ႐ွိမ်ားက ေျပာၾကားသည္။

COVID-19 ေရာဂါပ်ံ႕ႏွံ႔ ေနေသာကာလအတြင္း ေ႐ႊေမွာင္ ခိုသယ္သူမ်ားသည္ စစ္ေဆးမႈ နည္းပါးေသာ ဘတ္စ္ကား လမ္း ေၾကာင္းမ်ားမွတစ္ဆင့္ သယ္ယူ ေနၾကေၾကာင္း အရာ႐ွိမ်ားက ေျပာၾကားသည္။

ဆီလီဂူရီႏွင့္ ပါတနာေဒသ ကိုျဖတ္၍ ဂူဝါဟတီမွဘတ္စ္ ကားျဖင့္ လာသူႏွစ္ဦးကိုနယူးေဒ လီၿမိဳ႕အနီး ပလာဇာတစ္ခုတြင္ ၾကားျဖတ္ဖမ္းမိခဲ့သည္။ ၎တို႔ ထံမွ အေလးခ်ိန္ ၄ ဒသမ ၉၈ ကီ လိုဂရမ္႐ွိေသာ ေ႐ႊေခ်ာင္းမ်ား သိမ္းဆည္းရမိခဲ့သည္ဟု DRI က ေၾကညာခ်က္တြင္ ေဖာ္ျပထား သည္။

အေနာက္ဘန္ေဂါျပည္နယ္ ဆီလီဂူရီေဒသတြင္ ဖမ္းမိေသာ ေနာက္ခရီးသည္ႏွစ္ဦးကိုပါတနာ သို႔ထြက္ခြာမည့္ ဘတ္စ္ကားတစ္ စီးေပၚသို႔ တက္ခါနီးတြင္ဖမ္းမိခဲ့ သည္။ ၎တို႔ထံမွေ႐ႊေခ်ာင္း ၃၀ ေတြ႕ရၿပီး ႏိုင္ငံျခားျဖစ္ေ႐ႊေခ်ာင္း မ်ားျဖစ္ကာ အေလးခ်ိန္ငါးကီလို ဂရမ္နီးပါး႐ွိေၾကာင္း သိရသည္။

ဆီလီဂူရီကိုျဖတ္၍ ဂူဝါဟတီမွ ပါတနာသို႔ေရာက္လာသူႏွစ္ ဦးထံမွေ႐ႊေခ်ာင္း ၂၄ ေခ်ာင္းဖမ္း ဆီးရမိၿပီး စုစုေပါင္းအေလးခ်ိန္ ၃ ဒသမ ၉၈ ကီလို႐ွိေၾကာင္း အရာ ႐ွိမ်ားက ေျပာၾကားသည္။ စုစု ေပါင္းဖမ္းဆီးရမိေသာေ႐ႊေခ်ာင္း မ်ား၏အေလးခ်ိန္သည္ ၁၄ ကီလို ဂရမ္႐ွိၿပီး ေစ်းကြက္တန္ဖိုးကန္ ေဒၚလာကိုးသိန္သုံးေသာင္းငါး ေထာင္နီးပါး႐ွိေၾကာင္း သိရသည္။

ဖမ္းဆီးထားသူေျခာက္ဦးမွာ ဥသာပရာဒက္႐ွ္ႏွင့္ရာဂ်က္စတန္ ဇာတိမ်ားျဖစ္ေၾကာင္း အရာ႐ွိ မ်ားက ေျပာၾကားသည္။ ယခု မတိုင္မီကလည္း ယူေအအီးသံ ႐ုံးသို႔လိပ္မူထားသည့္အထုပ္တစ္ ထုပ္အတြင္း ေ႐ႊ ၃၀ ကီလိုဂရမ္ သိမ္းဆည္းရမိခဲ့ၿပီး ယူေအအီးသံ ႐ုံးအလုပ္သမားေဟာင္းတစ္ဦး ဖမ္းဆီးခံခဲ့ရသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service