မဲခေါင်စီးပွားရေးစင်္ကြန့်ချိတ်ဆက်ရန် ပဲခူး-ကျိုက်ထို အမြန်လမ်းအတွက် ADB ထံမှ ချေးငွေ ဒေါ်လာ သန်း ၄၈၀ကျော်ယူမည်

မဲခေါင်စီးပွားရေးစင်္ကြန့်ချိတ်ဆက်ရန် ပဲခူး-ကျိုက်ထို အမြန်လမ်းအတွက် ADB ထံမှ ချေးငွေ ဒေါ်လာ သန်း ၄၈၀ကျော်ယူမည် - Property News in Myanmar from iMyanmarHouse.com
20 Jul 2020 12:44 pm တွင် တင်ခဲ့သည်
1357 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မဟာမဲခေါင်စီးပွားရေးစင်္ကြန့်လမ်း၏ အစိပ်အပိုင်းဖြစ်သည် ပဲခူး-ကျိုက်ထိုအ မြန်လမ်းစီမံကိန်းဆောင်ရွက်ရန် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၄၈၀သန်းကျော် ချေးငွေရယူရန် အစိုးရက ဇူလိုင် ၁၇ ရက်က ပြုလုပ်သည့် ပြည် ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ သည်။

ထိုလမ်းမသည် အာဆီယံ၏ အရှေ့အနောက် စီးပွားစင်္ကြန့်၏ အစိပ်အပိုင်းဖြစ်ပြီး ရန်ကုန်မြို့တွင် အကောင်အထည်ဖော်မည့် အတွင်း၊ အပြင်မိုးပျံအမြန်လမ်းနှစ်ခုဖြင့် ချိတ်ဆက်ရန်ဖြစ်သည်။ ထိုလမ်းမသည် အာဆီယံအမြန်လမ်းကွန်ယက်ကို ချိတ်ဆက်ရန်အတွက်ဖြစ်သည်။

ထိုအမြန်လမ်းတွင် စစ်တောင်းတံတားကိုပါ အသစ်တည်ဆောက်မည်ဖြစ်ပြီး မြဝတီမှ ရန်ကုန်အထိ အဆင့်လိုက်အကောင်ထည်ဖော်သွားမည်ဖြစ်သည်။

ထိုစီမံကိန်းနှင့်ပတ်သတ်ပြီး နိုင်ငံတော် သမ္မတက ပေးပို့ရာတွင် ပဲခူး-ကျိုက်ထို အမြန်လမ်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ထံမှ အမေရိကန် ဒေါ်လာ ၄၈၃ ဒသမ ၈သန်းနှင့် ပဲခူး-ကျိုက်ထို လမ်းသစ်ပိုင်းဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလီယံ ချေးငွေနှစ်ခု ရယူရန် ဖြစ်သည်။

ပဲခူး-ကျိုက်ထို အမြန်လမ်း မကြီးစီမံကိန်းအတွက် အာရှဖွံ့ ဖြိုးရေးဘဏ်မှ နည်းပညာအကူ အညီဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့ လာဆန်းစစ်မှုကို ၂၀၁၇ မေလ ၁၂ ရက်နေ့မှ ၂၀၂၀ ဇန်နဝါရီ ၃ဝ ရက်အထိ ဆောင်ရွက်ခဲ့ပြီး စီမံ ကိန်းကာလကို ၂၀၂၁ မှ ၂၀၂၇ အထိ ခြောက်နှစ်သတ်မှတ်ထား သည်။

ယင်းစီမံကိန်းကို အကောင် အထည်ဖော်ပါက ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးသည် ၆၂ ကီလို မီတာခန့်ရှည်သော အမြန်လမ်းမ ကြီးအဖြစ် အသုံးပြုနိုင်မည်ဖြစ်၍ လက်ရှိ အသုံးပြုလျက်ရှိသော ပဲခူး-ကျိုက်ထိုလမ်းထက် ၃၂ ကီလိုမီတာခန့် လျော့နည်းသွားပြီး ခရီးသွားလာချိန်မှာ ၅၅ မိနစ်ခန့် လျော့နည်းသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦး မောင်မောင်ဝင်းက ပြောသည်။

‘‘လမ်းမကြီးသည် နှစ်စဉ်မိုး ရာသီတွင် ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုဖြစ်သည့် ဧရိယာ အတွင်း ရေလွတ်အောင်မြှင့်တင် ဖောက်လုပ်ထား၍ သဘာဝဘေး အန္တရာယ် ကျရောက်ပါကလည်း ခိုလှုံရာနေရာအဖြစ် အသုံးပြုနိုင် မှာ ဖြစ်ပါတယ်’’ ၎င်းက ဆိုသည်။

ပဲခူး-ကျိုက်ထို အမြန်လမ်း မကြီးသည် မဲခေါင်ဒေသအတွင်း အဝေးပြေးအမြန်လမ်းကွန်ရက် ဖြစ်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်ခြင်းနှင့် ဒေသတွင်းစီးပွား ရေးတိုးတက်ခြင်းတို့ကို အ ထောက်အကူပြုစေပြီး မဟာမဲ ခေါင်နိုင်ငံများနှင့် လက်ရှိအ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပဲခူး-သန်လျင် လမ်း၊ စီမံလျက်ရှိသော ရန်ကုန် မြို့အပြင်မြို့ပတ်လမ်း၊ ဟံသာဝ တီအပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးတို့နှင့် ဆက်စပ်လျက်ရှိပြီး ယင်းမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ ဆက်သွယ်ချိတ်ဆက် သွားလာ နိုင်မည်ဖြစ်ကြောင်း ဦးမောင် မောင်ဝင်းက ဆက်လက်ပြော သည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဆိုင်ရာ စည်းကမ်း ချက်မှာ ဆိုင်းငံ့ကာလ ရှစ်နှစ်၊ ပြန်ဆပ်ကာလ ၂၄ နှစ်၊ စုစုပေါင်း ၃၂ နှစ်ဖြစ်ပြီး အတိုးနှုန်းမှာ တစ် နှစ်လျှင် ဆိုင်းငံ့ကာလအတွင်း ၁ ဒသမ သုည ဖြစ်ပြီး ပြန်ဆပ်ကာ လအတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။

ထပ်မံ၍ ပဲခူး-ကျိုက်ထို လမ်းသစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံအ ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလီ ယံ ချေးငွေရေးကိုလည်း လွှတ် တော်သို့ ထပ်မံတင်ပြခဲ့သည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မဲေခါင္စီးပြားေရးစႀကၤန္႔ခ်ိတ္ဆက္ရန္ ပဲခူး-က်ိဳက္ထို အျမန္လမ္းအတြက္ ADB ထံမွ ေခ်းေငြ ေဒၚလာ သန္း ၄၈၀ေက်ာ္ယူမည္

မဟာမဲေခါင္စီးပြားေရးစႀကၤန္႔လမ္း၏ အစိပ္အပိုင္းျဖစ္သည္ ပဲခူး-က်ိဳက္ထိုအ ျမန္လမ္းစီမံကိန္းေဆာင္႐ြက္ရန္ အာ႐ွ ဖြံ႕ၿဖိဳးေရးဘဏ္ (ADB) ထံမွ အေမရိကန္ေဒၚလာ ၄၈၀သန္းေက်ာ္ ေခ်းေငြရယူရန္ အစိုးရက ဇူလိုင္ ၁၇ ရက္က ျပဳလုပ္သည့္ ျပည္ ေထာင္စုလႊတ္ေတာ္သို႔ တင္ျပခဲ့ သည္။

ထိုလမ္းမသည္ အာဆီယံ၏ အေ႐ွ႕အေနာက္ စီးပြားစႀကၤန္႔၏ အစိပ္အပိုင္းျဖစ္ၿပီး ရန္ကုန္ၿမိဳ႕တြင္ အေကာင္အထည္ေဖာ္မည့္ အတြင္း၊ အျပင္မိုးပ်ံအျမန္လမ္းႏွစ္ခုျဖင့္ ခ်ိတ္ဆက္ရန္ျဖစ္သည္။ ထိုလမ္းမသည္ အာဆီယံအျမန္လမ္းကြန္ယက္ကို ခ်ိတ္ဆက္ရန္အတြက္ျဖစ္သည္။

ထိုအျမန္လမ္းတြင္ စစ္ေတာင္းတံတားကိုပါ အသစ္တည္ေဆာက္မည္ျဖစ္ၿပီး ျမဝတီမွ ရန္ကုန္အထိ အဆင့္လိုက္အေကာင္ထည္ေဖာ္သြားမည္ျဖစ္သည္။

ထိုစီမံကိန္းႏွင့္ပတ္သတ္ၿပီး ႏိုင္ငံေတာ္ သမၼတက ေပးပို႔ရာတြင္ ပဲခူး-က်ိဳက္ထို အျမန္လမ္း စီမံကိန္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္ အာ႐ွဖြံ႕ၿဖိဳးေရး ဘဏ္ (ADB) ထံမွ အေမရိကန္ ေဒၚလာ ၄၈၃ ဒသမ ၈သန္းႏွင့္ ပဲခူး-က်ိဳက္ထို လမ္းသစ္ပိုင္းဖြံ႕ ၿဖိဳးတိုးတက္ေရးစီမံကိန္းအတြက္ ဂ်ပန္ႏိုင္ငံ အျပည္ျပည္ဆိုင္ရာပူး ေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (JICA) ထံမွ ဂ်ပန္ယန္း ၂၇ ဒသမ ၇၇၉ ဘီလီယံ ေခ်းေငြႏွစ္ခု ရယူရန္ ျဖစ္သည္။

ပဲခူး-က်ိဳက္ထို အျမန္လမ္း မႀကီးစီမံကိန္းအတြက္ အာ႐ွဖြံ႕ ၿဖိဳးေရးဘဏ္မွ နည္းပညာအကူ အညီျဖင့္ ျဖစ္ေျမာက္ႏိုင္စြမ္းေလ့ လာဆန္းစစ္မႈကို ၂၀၁၇ ေမလ ၁၂ ရက္ေန႔မွ ၂၀၂၀ ဇန္နဝါရီ ၃ဝ ရက္အထိ ေဆာင္႐ြက္ခဲ့ၿပီး စီမံ ကိန္းကာလကို ၂၀၂၁ မွ ၂၀၂၇ အထိ ေျခာက္ႏွစ္သတ္မွတ္ထား သည္။

ယင္းစီမံကိန္းကို အေကာင္ အထည္ေဖာ္ပါက ပဲခူး-က်ိဳက္ထို အျမန္လမ္းမႀကီးသည္ ၆၂ ကီလို မီတာခန္႔႐ွည္ေသာ အျမန္လမ္းမ ႀကီးအျဖစ္ အသုံးျပဳႏိုင္မည္ျဖစ္၍ လက္႐ွိ အသုံးျပဳလ်က္႐ွိေသာ ပဲခူး-က်ိဳက္ထိုလမ္းထက္ ၃၂ ကီလိုမီတာခန္႔ ေလ်ာ့နည္းသြားၿပီး ခရီးသြားလာခ်ိန္မွာ ၅၅ မိနစ္ခန္႔ ေလ်ာ့နည္းသြားမည္ျဖစ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈ ဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦး ေမာင္ေမာင္ဝင္းက ေျပာသည္။

‘‘လမ္းမႀကီးသည္ ႏွစ္စဥ္မိုး ရာသီတြင္ ျဖစ္ပြားေလ့႐ွိေသာ ေရႀကီးေရလွ်ံမႈျဖစ္သည့္ ဧရိယာ အတြင္း ေရလြတ္ေအာင္ျမႇင့္တင္ ေဖာက္လုပ္ထား၍ သဘာဝေဘး အႏၲရာယ္ က်ေရာက္ပါကလည္း ခိုလႈံရာေနရာအျဖစ္ အသုံးျပဳႏိုင္ မွာ ျဖစ္ပါတယ္’’ ၎က ဆိုသည္။

ပဲခူး-က်ိဳက္ထို အျမန္လမ္း မႀကီးသည္ မဲေခါင္ေဒသအတြင္း အေဝးေျပးအျမန္လမ္းကြန္ရက္ ျဖစ္သျဖင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုး တက္ျခင္းႏွင့္ ေဒသတြင္းစီးပြား ေရးတိုးတက္ျခင္းတို႔ကို အ ေထာက္အကူျပဳေစၿပီး မဟာမဲ ေခါင္ႏိုင္ငံမ်ားႏွင့္ လက္႐ွိအ ေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္႐ွိေသာ ပဲခူး-သန္လ်င္ လမ္း၊ စီမံလ်က္႐ွိေသာ ရန္ကုန္ ၿမိဳ႕အျပင္ၿမိဳ႕ပတ္လမ္း၊ ဟံသာဝ တီအျပည္ျပည္ဆိုင္ရာေလဆိပ္၊ ရန္ကုန္-မႏၲေလး အျမန္လမ္းမ ႀကီးတို႔ႏွင့္ ဆက္စပ္လ်က္႐ွိၿပီး ယင္းမွတစ္ဆင့္ တစ္ႏိုင္ငံလုံးသို႔ ဆက္သြယ္ခ်ိတ္ဆက္ သြားလာ ႏိုင္မည္ျဖစ္ေၾကာင္း ဦးေမာင္ ေမာင္ဝင္းက ဆက္လက္ေျပာ သည္။

အာ႐ွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) ေခ်းေငြဆိုင္ရာ စည္းကမ္း ခ်က္မွာ ဆိုင္းငံ့ကာလ ႐ွစ္ႏွစ္၊ ျပန္ဆပ္ကာလ ၂၄ ႏွစ္၊ စုစုေပါင္း ၃၂ ႏွစ္ျဖစ္ၿပီး အတိုးႏႈန္းမွာ တစ္ ႏွစ္လွ်င္ ဆိုင္းငံ့ကာလအတြင္း ၁ ဒသမ သုည ျဖစ္ၿပီး ျပန္ဆပ္ကာ လအတြင္း ၁ ဒသမ ၅ ရာခိုင္ႏႈန္း ျဖစ္သည္။

ထပ္မံ၍ ပဲခူး-က်ိဳက္ထို လမ္းသစ္ပိုင္း ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းအတြက္ ဂ်ပန္ႏိုင္ငံအ ျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ ႐ြက္ေရးေအဂ်င္စီ (JICA) ထံမွ ဂ်ပန္ယန္း ၂၇ ဒသမ ၇၇၉ ဘီလီ ယံ ေခ်းေငြေရးကိုလည္း လႊတ္ ေတာ္သို႔ ထပ္မံတင္ျပခဲ့သည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service