တရုတ်ပြည်၊ ရှန့်ကျန်းမြို့တွင် အိမ်ခြံမြေရောင်းချမှုများ ၄၁ ရာနှုန်းအထိ မြင့်တက်လာပြီး နေအိမ်ဝယ်ယူမှု တင်းကျပ်

တရုတ်ပြည်၊ ရှန့်ကျန်းမြို့တွင် အိမ်ခြံမြေရောင်းချမှုများ ၄၁ ရာနှုန်းအထိ မြင့်တက်လာပြီး နေအိမ်ဝယ်ယူမှု တင်းကျပ် - Property News in Myanmar from iMyanmarHouse.com
18 Jul 2020 10:38 am တွင် တင်ခဲ့သည်
895 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရှန့်ကျန်းမြို့ အိုးအိမ်နှင့် ဆောက်လုပ်ရေးဗျူရို (Shenzhen Housing and Construction Bureau) က အိမ်ခြံမြေဝယ်ယူမှုဆိုင်ရာ တင်းကျပ်သည့်စည်းမျဉ်းသစ်များထုတ်ပြန်လိုက်ပြီး ဈေးကွက်တည်ငြိမ်အောင် ကြိုးစားလာသည်။

တရုတ်ပြည်တွင် covid-19 lockdown ချမှု အကျိုးဆက်အားဖြင့် အိမ်ခြံမြေရောင်းချမှုများ မြင့်တက်လာရာ ရှန့်ကျန်းသည် တရုတ်ပြည်အတွင်းလှုပ်ခတ်မှုအများဆုံး ဈေးကွက်ဖြစ်လာသည်။

အုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်အရ ရှန်းကျန့်တွင် နေထိုင်သူများသည် hukou (ဒေသတွင်း အိမ်ထောင်စု မှတ်ပုံတင်ခွင့်ပြုချက်) ကိုင်ဆောင်ရရှိပြီး အနည်းဆုံး ၃ နှစ်ကြာမြင့်ပြီးသူများသာ နေအိမ်ဝယ်ယူခွင့်ပေးမည်ဟု သတ်မှတ်လာသည်။

ယခင်ကမူ ပြောင်းရွှေ့လာစ နေထိုင်သူများသည်လည်း hukou ရရှိပြီးနောက် နေအိမ်ကို ချက်ချင်းဝယ်ယူခွင့်ရရှိခဲ့ကြသည်။

ထို့အပြင် နေအိမ်ဝယ်ယူမည့်သူများအနေဖြင့် ဝင်ငွေခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား (သို့မဟုတ်) ရှန့်ကျန်းမြို့တွင် ၃၆ လ ဆက်တိုက် လူမှုဖူလုံရေးပေးသွင်းခဲ့ပြီးကြောင်း အထောက်အထားပြသရမည်ဟု ဆိုသည်။

ယင်းအပြင် ဝယ်လက် ထပ်မံလျော့ကျစေရန် ရည်ရွယ်သည့်အနေဖြင့် ဒေသခံလူတစ်ဦးလျှင် နေအိမ် ၁ လုံးနှင့် မိသားစုတစ်စုလျှင် အိမ် ၂ လုံးထက် ပိုမိုပိုင်ဆိုင်ခွင့် မရှိတော့ချေ။

ရှန်ကျန်းမြို့ လူနေအိမ်ခြံမြေဈေးကွက်မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ထိခိုက်မှုမှ ပြန်လည်ရုန်းထနိုင်သည်ထက် ပိုမိုသည့် အခြေအနေ ရောက်ရှိနေသည်။

၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်တာ ကာလအတွင်း နေအိမ်ပေါင်း ၄၄၀၀၀ ခန့် လက်ပြောင်းလက်လွှဲဖြစ်ခဲ့ပြီး ယခင်နှစ် အလားတူကာလ နှင့် နှိုင်းယှဉ်လျှင် ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက်အလက်ဝက်ဘ်ဆိုက် Leyoujia တွင် ဖော်ပြသည်။

ယခင်နှစ်မှသည် ယခုနှစ်မေလအထိ ရှန့်ကျန်းမြို့ အိမ်ခြံမြေဈေးနှုန်းများမှာ ပျှမ်းမျှအားဖြင့် ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ တရုတ်ပြည်တစ်ဝန်းရှိ အထင်ကရမြို့ကြီးပေါင်း ၇၀ ၏ ပျှမ်းမျှနှစ်စဉ်အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှု ရာခိုင်နှုန်းဖြစ်သော ၄ ဒသမ ၉ ရာခိုင်နှုန်းကို ဖြတ်ကျော်သွားကြောင်း အမျိုးသားစာရင်းအင်းဗျူရိုက ထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြသည်။

ပြီးခဲ့သော ဇွန်လအတွင်း Huawei နှင့် Tencent ကဲ့သို့သော ကုမ္ပဏီကြီးများ အခြေစိုက်ရာ ရှန့်ကျန်းမြို့တွင် ၁ စတုရန်းမီတာလျှင် ပျှမ်းမျှဈေးနှုန်း ယွမ်ငွေ ၆၅၀၈၃ (ကန်ဒေါ်လာ ၉၃၁၀) ဖြင့် ရောင်းချခဲ့ပြီး ပေကျင်းအိမ်ဈေးနှုန်းထက် ၃ ရာခိုင်နှုန်း ပိုမိုမြင့်မားနေကြောင်း အိမ်ခြံမြေ အေဂျင်စီ Lianjia က ထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြသည်။

ရှန့်ကျန်းမြို့ အိမ်ခြံမြေဈေးကွက်တွင် လူနေပြီးသားနေအိမ်များမှာ အရောင်းအဝယ်အဖြစ်ဆုံး ဈေးကွက်တစ်ခုဖြစ်ပြီး အိမ်ခြံမြေအေဂျင်စီ Anjuke ၏ ခန့်မှန်းချက်အရ ပျှမ်းမျှဈေးနှုန်းမှာ ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၅၅၈၆၃ ရှိနေရာ ရှန်ဟိုင်းမြို့ရှိ လူနေပြီး နေအိမ်များထက် ၈ ရာခိုင်နှုန်း ပိုမိုများပြားနေသည်ဟု ဆိုသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Shenzhen restricts housing purchases after home sales jumped 41% in 2020 1h (Mingtiandi)

 

[Zawgyi]

တရုတ္ျပည္၊ ရွန္႔က်န္းျမိဳ႕တြင္ အိမ္ျခံေျမေရာင္းခ်မႈမ်ား ၄၁ ရာႏႈန္းအထိ ျမင့္တက္လာျပီး ေနအိမ္ဝယ္ယူမႈ တင္းက်ပ္

ရွန္႔က်န္းျမိဳ႕ အိုးအိမ္ႏွင့္ ေဆာက္လုပ္ေရးဗ်ဴရို (Shenzhen Housing and Construction Bureau) က အိမ္ျခံေျမဝယ္ယူမႈဆိုင္ရာ တင္းက်ပ္သည့္စည္းမ်ဥ္းသစ္မ်ားထုတ္ျပန္လုိက္ျပီး ေစ်းကြက္တည္ျငိမ္ေအာင္ ၾကိဳးစားလာသည္။

တရုတ္ျပည္တြင္ covid-19 lockdown ခ်မႈ အက်ဳိးဆက္အားျဖင့္ အိမ္ျခံေျမေရာင္းခ်မႈမ်ား ျမင့္တက္လာရာ ရွန္႔က်န္းသည္ တရုတ္ျပည္အတြင္းလႈပ္ခတ္မႈအမ်ားဆံုး ေစ်းကြက္ျဖစ္လာသည္။

အုပ္ခ်ဳပ္ေရးအဖြဲ႔၏ ေၾကညာခ်က္အရ ရွန္းက်န္႔တြင္ ေနထိုင္သူမ်ားသည္ hukou (ေဒသတြင္း အိမ္ေထာင္စု မွတ္ပံုတင္ခြင့္ျပဳခ်က္) ကိုင္ေဆာင္ရရွိျပီး အနည္းဆံုး ၃ ႏွစ္ၾကာျမင့္ျပီးသူမ်ားသာ ေနအိမ္ဝယ္ယူခြင့္ေပးမည္ဟု သတ္မွတ္လာသည္။

ယခင္ကမူ ေျပာင္းေရႊ႕လာစ ေနထုိင္သူမ်ားသည္လည္း hukou ရရွိျပီးေနာက္ ေနအိမ္ကို ခ်က္ခ်င္းဝယ္ယူခြင့္ရရွိခဲ့ၾကသည္။

ထို႔အျပင္ ေနအိမ္ဝယ္ယူမည့္သူမ်ားအေနျဖင့္ ဝင္ေငြခြန္ေပးေဆာင္ျပီးေၾကာင္း အေထာက္အထား (သို႔မဟုတ္) ရွန္႔က်န္းျမိဳ႕တြင္ ၃၆ လ ဆက္တိုက္ လူမႈဖူလံုေရးေပးသြင္းခဲ့ျပီးေၾကာင္း အေထာက္အထားျပသရမည္ဟု ဆိုသည္။

ယင္းအျပင္ ဝယ္လက္ ထပ္မံေလ်ာ့က်ေစရန္ ရည္ရြယ္သည့္အေနျဖင့္ ေဒသခံလူတစ္ဦးလွ်င္ ေနအိမ္ ၁ လံုးႏွင့္ မိသားစုတစ္စုလွ်င္ အိမ္ ၂ လံုးထက္ ပိုမိုပိုင္ဆိုင္ခြင့္ မရွိေတာ့ေခ်။

ရွန္က်န္းျမိဳ႕ လူေနအိမ္ျခံေျမေစ်းကြက္မွာ ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ ထိခိုက္မႈမွ ျပန္လည္ရုန္းထႏိုင္သည္ထက္ ပိုမိုသည့္ အေျခအေန ေရာက္ရွိေနသည္။

၂၀၂၀ ျပည့္ႏွစ္ ပထမႏွစ္ဝက္တာ ကာလအတြင္း ေနအိမ္ေပါင္း ၄၄၀၀၀ ခန္႔ လက္ေျပာင္းလက္လႊဲျဖစ္ခဲ့ျပီး ယခင္ႏွစ္ အလားတူကာလ ႏွင့္ ႏိႈင္းယွဥ္လွ်င္ ၄၁ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ေၾကာင္း အိမ္ျခံေျမသတင္းအခ်က္အလက္ဝက္ဘ္ဆိုက္ Leyoujia တြင္ ေဖာ္ျပသည္။

ယခင္ႏွစ္မွသည္ ယခုႏွစ္ေမလအထိ ရွန္႔က်န္းျမိဳ႕ အိမ္ျခံေျမေစ်းႏႈန္းမ်ားမွာ ပွ်မ္းမွ်အားျဖင့္ ၁၂ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ရာ တရုတ္ျပည္တစ္ဝန္းရွိ အထင္ကရျမိဳ႕ၾကီးေပါင္း ၇၀ ၏ ပွ်မ္းမွ်ႏွစ္စဥ္အိမ္ျခံေျမေစ်းႏႈန္းျမင့္တက္မႈ ရာခိုင္ႏႈန္းျဖစ္ေသာ ၄ ဒသမ ၉ ရာခိုင္ႏႈန္းကို ျဖတ္ေက်ာ္သြားေၾကာင္း အမ်ဳိးသားစာရင္းအင္းဗ်ဴရိုက ထုတ္ျပန္သည့္အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ျပီးခဲ့ေသာ ဇြန္လအတြင္း Huawei ႏွင့္ Tencent ကဲ့သို႔ေသာ ကုမၸဏီၾကီးမ်ား အေျခစိုက္ရာ ရွန္႔က်န္းျမိဳ႕တြင္ ၁ စတုရန္းမီတာလွ်င္ ပွ်မ္းမွ်ေစ်းႏႈန္း ယြမ္ေငြ ၆၅၀၈၃ (ကန္ေဒၚလာ ၉၃၁၀) ျဖင့္ ေရာင္းခ်ခဲ့ျပီး ေပက်င္းအိမ္ေစ်းႏႈန္းထက္ ၃ ရာခိုင္ႏႈန္း ပိုမိုျမင့္မားေနေၾကာင္း အိမ္ျခံေျမ ေအဂ်င္စီ Lianjia က ထုတ္ျပန္သည့္အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ရွန္႔က်န္းျမိဳ႕ အိမ္ျခံေျမေစ်းကြက္တြင္ လူေနျပီးသားေနအိမ္မ်ားမွာ အေရာင္းအဝယ္အျဖစ္ဆံုး ေစ်းကြက္တစ္ခုျဖစ္ျပီး အိမ္ျခံေျမေအဂ်င္စီ Anjuke ၏ ခန္႔မွန္းခ်က္အရ ပွ်မ္းမွ်ေစ်းႏႈန္းမွာ ၁ စတုရန္းမီတာလွ်င္ ယြမ္ေငြ ၅၅၈၆၃ ရွိေနရာ ရွန္ဟိုင္းျမိဳ႕ရွိ လူေနျပီး ေနအိမ္မ်ားထက္ ၈ ရာခိုင္ႏႈန္း ပိုမိုမ်ားျပားေနသည္ဟု ဆိုသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Shenzhen restricts housing purchases after home sales jumped 41% in 2020 1h (Mingtiandi)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service