မြန်မာ-ထိုင်းနယ်စပ်ရှိ မြေဧက ၁၀၀၀ကျော်တွင် ထီးခီးမြို့ပြစီမံကိန်းနှင့် ကုန်သွယ်ရေးဇုန် ဆောင်ရွက်ရန် တိုင်းအစိုးရစီစဉ်နေ

မြန်မာ-ထိုင်းနယ်စပ်ရှိ မြေဧက ၁၀၀၀ကျော်တွင် ထီးခီးမြို့ပြစီမံကိန်းနှင့် ကုန်သွယ်ရေးဇုန် ဆောင်ရွက်ရန် တိုင်းအစိုးရစီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
17 Jul 2020 11:22 am တွင် တင်ခဲ့သည်
1571 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာ-ထိုင်းနယ်စပ်ရှိ မြေဧက တစ်ထောင်ကျော်တွင် ထီးခီးနယ်စပ် ကုန်သွယ်ရေးဇုန်နှင့် ထီးခီး မြို့ပြစီမံကိန်းကို ဆောင်ရွက်ရန် ညှိနှိုင်းနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှာသိရသည်။

ထီးခီးနယ်စပ်အနီးတွင် ထီးခီး (မယ့်သမီးခီး) စက်မှုဇုန်ကို မြေဧက ၅၅၀၀ကျော်တွင် ဆောင်ရွက်နေပြီး ထိုအထဲမှ နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် မြို့ပြစီမံကိန်းအတွက် မြေဧက ၁၀၀၀ကျော်ကို ဆောင်ရွက်မည်ဖြစ်သည်။

ထားဝယ်ခရိုင် မြန်မာ- ထိုင်း နယ်စပ်တွင် ထီးခီးဒေသရှိ မြေဧရိယာ ၆၆၇၆ပေါ်၌ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က ဦးဆောင် ၍ မင်းသမီးခီးစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်သည်။ KNU ၏ ထီးခီးစက်မှု ဇုန်စီမံကိန်းကို အစိုးရက ဧက ၁,၀၀၀ ကျော် လျှော့ချပြင်ဆင်ပြီး နောက် နားလည်မှုစာချွန်လွှာကို ရေးထိုးခဲ့သည်။

ထိုစက်မှုဇုန်ကို KNU နှင့် တရုတ် Power China ကုမ္ပဏီက ဆောင်ရွက်ရန် တင်ပြထားပြီး ကုမ္ပဏီဘက်က တင်ပြသည့် မြေ ၆,၆၇၆ ဧကအစား အစိုးရက ဧက ၅,၀၀၀ ကျော်အထိ လျှော့ချ ခဲ့သည်။

ထီးခီးဒေသ စက်မှုဇုန်ကို နိုင်ငံတော် အကြီးအကဲများထံ တင်ပြပြီးကြောင်းနှင့် စီမံကိန်း ကြန့်ကြာနေမှုများကို ဌာနဆိုင်ရာ များ ညှိနှိုင်းဆောင်ရွက်ရန် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိအကြိုစူးစမ်းလေ့လာခြင်း နား လည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေး အစည်းအဝေးတွင် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့် မောင်က ပြောကြားသည်။

ယခင်က ထီးခီးစက်မှုဇုန်ကို မြေအကျယ်အဝန်း ၆၆၇၆ ဧကပေါ်တွင် အကောင်အထည်ဖော်ရန် လုပ်ဆောင်နေရာမှ စက်မှုဇုန်နေရာအတွင်းရှိ ၁၁၅၀ ဧကရှိသည့် သစ်တောနယ်မြေကို ချန်လှပ်ရန် လုပ်ဆောင်နေသည်။ထိုကြောင့် စက်မှုဇုန်အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည့် မြေအကျယ်အဝန်းမှာ ၅၅၂၆ ဧက ရှိသည်။ယင်းကျန်ရှိမည့် ၅၅၂၅ ဧကအနက် ထီးခီးကုန်သွယ်ရေးဇုန်နှင့် Town Plan စီမံကိန်းအတွက် ဧက ၁၀၀၀ ကျော် ထပ်မံနုတ်ယူမည့်သဘော ဖြစ်သည်။

ထိုစက်မှုဇုန် တည်ထောင် ရန် ၂၀၁၆ ဒီဇင်ဘာတွင် KNU နှင့် တရုတ် Power China ကုမ္ပဏီတို့ ဆောင်ရွက်ရန် သဘောတူညီ ခဲ့သည်။ KNU ဘက်မှ Noble Prince နှင့် Sun and Rainbow ကုမ္ပဏီတို့ ပါဝင်သည်။ထိုစီမံကိန်းနှင့်အတူ တနင်္သာရီမြစ်တွင် ရေကာတာတည်ဆောက်၍ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ အသေးစားဆိပ်ကမ်းတစ်ခု ဆောက်လုပ်ခြင်း၊ ထီးခီးမှ သရက်ချောင်းမြို့နယ် ကနက်သီရီအထိ လမ်းဖောက်ရန်တို့ ပါဝင်နေသည်။မြန်မာ-ထိုင်းနယ်စပ်အနီး တွင် စက်မှုဇုန်အကောင်အထည် ဖော်မည့် ထီးခီးဒေသသည် မြိတ်- ထားဝယ်ခရိုင် KNU တပ်မဟာ (၄)အခြေစိုက်လှုပ်ရှားရာဒေသ ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]











နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service