ရေပေါ်တွင် သွားလာနိုင်သည့်ခေတ်မီနေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၅ သန်းခွဲဖြင့် ရောင်းချမည်
ရေပေါ်တွင် သွားလာနိုင်သည့်ခေတ်မီနေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၅ သန်းခွဲဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
16 Jul 2020 1:19 pm တွင် တင်ခဲ့သည်
826 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
“အိမ်မျော” ဟု ခေါ်သော ရွက်လှေနှင့် မော်ဒန်နေအိမ်ပုံစံပေါင်းစပ်ထားသည့် စံအိမ်တစ်လုံးသည် လက်ရှိတွင် အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မီယာမီတွင် ဆိုက်ကပ်ထားပြီး ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ရောင်းချမည်ဟု ဈေးခေါ်ထားသည်။
“ဒီလိုအမျိုးအစားမှာ တစ်ခုတည်းသာရှိတဲ့ နေအိမ်ဖြစ်ပါတယ်။ မီယာမီက မော်ဒန်လူနေအိမ်နဲ့ ကြီးမားတဲ့ရွက်လှေကြီးဒီဇိုင်းတို့ကို ပေါင်းစပ်ပေးထားတာဖြစ်ပါတယ်။ The Arkup လှေအိမ်ကြီးဟာ ရေပေါ်မှာ နေထိုင်နိုင်မယ့်အပြင် မီယာမီမှာရှိတဲ့အရာတိုင်းကို အိမ်ခွန်၊ ကွန်ဒိုအခွန်အခ၊ လျှပ်စစ်ဓာတ်အားခ၊ ရေဖိုးအစရှိတာတွေ ကုန်စရာမလိုဘဲ ရရှိနိုင်မှာဖြစ်ပါတယ် ”ဟု ဈေးကွက်တင်သည့် အကျိုးဆောင်က ပြောကြားသည်။ သမ္မာကျမ်းစာပါ နောဧ၏ ရွက်လှေကြီးကို ရည်ညွှန်းသောအားဖြင့် The Arkup ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
နေအိမ်တွင် ခြေထောက်တိုင်အရှင်များလည်း တပ်ဆင်ပေးထားသည်။
အသုံးပြုသူများအတွက် အံ့ဖွယ်ဒုတိယနေအိမ်အဖြစ် အသုံးပြုနိုင်သည့်နေရာဖြစ်ပြီး အိမ်ငှားဆိုင်ရာ ကန့်သတ်ချက်များမရှိဘဲ အမြတ်အစွန်းများမည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။
တည်နေရာ- ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့၊ 890 Brickell Key Dr
ဈေးနှုန်း- ဒေါ်လာ ၅,၅၀၀,၀၀၀
စတုရန်းပေ-၄၃၅၀
အိပ်ခန်း- ၄ ခန်း
ရေချိုးခန်း- အပြည့် ၄ ခန်း၊ တစ်ဝက် ၁ ခန်း
ဆောက်လုပ်သည့်ကာလ- ၂၀၁၉
အလျား ၇၅ ပေရှိ ရွက်လှေစံအိမ်ကြီးသည် သမုဒ္ဒရာထဲတွင် သွားလာနိုင်သည့်နည်းတူ ရုပ်သိမ်း၍ရသော ခြေထောက်များဖြင့် ရေပြင်အထက်တွင် မြှင့်တင်တည်နေခြင်းလည်း ပြုလုပ်နိုင်ကြောင်း ဈေးကွက်တင်သည့် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ Howard Chase ၏ ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။
“နေရာတိုင်းကို သယ်သွားနိုင်တဲ့ ၂ ထပ်အိမ်တစ်လုံးသဘော ဖြစ်ပါတယ်။ နေစွမ်းအင်ကို အပြည့်အဝအသုံးြ့ပုထားပြီး မိုးရေစုဆောင်း၊ သန့်စင်တဲ့စနစ်လည်း တပ်ဆင်ထားတဲ့အတွက် အစိုးရဓာတ်အားလိုင်းတွေနဲ့ အဝေးမှာ ရှင်သန်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်” ဟု မစ္စတာ Chase က ပြောကြားသည်။
အတွင်းအပြင် အကျယ်အဝန်းစုစုပေါင်း ၄၃၅၀ စတုရန်းပေရှိပြီး အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ဒသမ ၅ ခန်း ပါဝင်ကြောင်း ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။
အခြားကောင်းမွန်သော အချက်အနေဖြင့် ပင်ပန်းမခံနိုင်သူများအတွက် ဓာတ်လှေကားတစ်ခုလည်း ပါဝင်ကြောင်း မစ္စတာ Chase က ပြောကြားသည်။
The Arkup ကို မီယာမီ အခြေစိုက် ပြင်သစ် အင်ဂျင်နီယာများဖြစ်သော Nicolas Derouin နှင့် Arnaud Luguet တို့ ၂ ဦးက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် သမုဒ္ဒရာနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့အပေါ် အရူးအမူးခုံမင်သူများဖြစ်ကြသည်။
The Arkup ကို လက်ရှိပိုင်ဆိုင်ထားသူမှာလည်း Derouin နှင့် Luguet တို့ ၂ ဦးဖြစ်ပြီး ယခုအရောင်းအဝယ်နှင့် စပ်လျဉ်းပြီး ၎င်းတို့၏ ပြောကြားချက်ကိုမူ မသိရချေ။
လက်ရှိတွင် အဆိုပါရွက်လှေအိမ်ကို Vice City Marina တွင် ဆိုက်ကပ်ထားပြီး မီယာမီမြို့၏ ထိပ်တန်းစားသောက်ဆိုင်များသို့ လမ်းလျှောက်သွားရုံဖြင့် ရောက်ရှိနိုင်ကြောင်း မစ္စတာ Chase က ပြောကြားသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Miami's $5.5 Million Floating Mansion (patch)
[Zawgyi]
စတုရန်းပေ-၄၃၅၀
အိပ်ခန်း- ၄ ခန်း
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service