တက္ကစီပေါ်တွင် အိမ်ခြံမြေကုမ္ပဏီအကြီးအကဲက မိန်းကလေးတစ်ဦးနှင့် မဖွယ်မရာပြုလုပ်နေသည့်ဗွီဒီယို ပြန့်နှံ့ပြီးနောက် ကုမ္ပဏီရှယ်ယာဈေးထိုးကျ
တက္ကစီပေါ်တွင် အိမ်ခြံမြေကုမ္ပဏီအကြီးအကဲက မိန်းကလေးတစ်ဦးနှင့် မဖွယ်မရာပြုလုပ်နေသည့်ဗွီဒီယို ပြန့်နှံ့ပြီးနောက် ကုမ္ပဏီရှယ်ယာဈေးထိုးကျ - Property News in Myanmar from iMyanmarHouse.com
15 Jul 2020 1:04 pm တွင် တင်ခဲ့သည်
1306 ကြိမ် ကြည့်ရှု့ပြီး
[Unicode] တရုတ်ပြည်၊ ကွမ်ကျိုးမြို့အခြေစိုက် အိမ်ခြံမြေ developer ကုမ္ပဏီတစ်ခု၏ ဘဏ္ဍာရေးအကြီးအကဲချုပ်သည် ဟောင်ကောင်တွင် တက္ကစီကားတစ်စီးပေါ် ၌ မိန်းကလေးတစ်ဦးနှင့် မဖွယ်မရာ (oral sex) ပြုလုပ်နေသော ဗွီဒီယိုဖိုင် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် ရာထူးမှ အဖြုတ်ခံလိုက်ရသည်။
အဆိုပါ အိမ်ခြံမြေ developer ကုမ္ပဏီသည် ဟောင်ကောင်စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသော ကုမ္ပဏီဖြစ်ပြီး ရာထူးမှ ထုတ်ပယ်ခံရသူ ဘဏ္ဍာရေးအကြီးအကဲသည် ယခင်က Goldman Sachs ကုမ္ပဏီတွင် အမှုဆောင်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
အိမ်ခြံမြေ developer ကုမ္ပဏီ Times China Holdings က ဟောင်ကောင်စတော့အိတ်ချိန်းတွင် ကြေညာခဲ့သည်မှာ ဝေါင်ဝင်းနင် (Wong Wing Nin) ကို ဘဏ္ဍာရေးအကြီးအကဲတာဝန်မှ ရုပ်သိမ်းလိုက်ကြောင်းနှင့် ၎င်း၏နေရာတွင် ဘုတ်အဖွဲ့ဝင်အဖြစ် ကာလကြာရှည် ရပ်တည်ခဲ့သူ ဒုတိယဥက္ကဌ Niu Min ကို အစားထိုးလိုက်ကြောင်း ကြေညာထားပြီး ဝေါင်ဝင်းနင်ကို ထုတ်ပယ်ရခြင်း၏ အကြောင်းရင်းကိုမူ ဖော်ပြထားခြင်း မရှိချေ။
ဝေါင်ဝင်းနင်သည် Times China Holdings တွင် ဝင်ရောက်လုပ်ကိုင်ပြီး တစ်နှစ်အကြာတွင် ယခုကဲ့သို့ ထုတ်ပယ်ခံလိုက်ရခြင်းလည်း ဖြစ်သည်။
သို့သော် ဒေသတွင်း သတင်းမီဒီယာတို့၏ ဖော်ပြချက်အရ ကုမ္ပဏီ၏ ရုံးတွင်းအကြောင်းကြားစာတွင် ဖော်ပြသည်မှာ ပြန့်နှံ့လာသော ဗွီဒီယိုဖိုင်ထဲတွင် ဝေါင်ဝင်းနင်သည် အဖော်မိန်းကလေးနှင့် မဖွယ်မရာညစ်ညမ်းသည့်အပြုအမူကို လုပ်ဆောင်ခဲ့ပြီး အဆိုပါ မိန်းကလေး ကို Bonham လမ်းတွင် ချပေးခဲ့ကြောင်း၊ ယင်းဗွီဒီယိုဖိုင်သည် ကုမ္ပဏီ၏ နာမည်ဂုဏ်သတင်းကို ထိခိုက်စေကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။
ဝေါင်ဝင်းနင်နှင့် အဖော်မိန်းကလေးတို့ ပြုမူခဲ့ပုံ ဗွီဒီယိုဖိုင်ကို ဇူလိုင်လ ၇ ရက်ညနေပိုင်းက မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်ပြီး နောက်တစ်နေ့တွင် ဟောင်ကောင်ရှိ လူမှုကွန်ရက်အသုံးပြုသူများအကြား များစွာပျံ့နှံ့ဂယက်ထခဲ့သည်။
Times China Holdings ၏ ရှယ်ယာဈေးမှာ လွန်ခဲ့သော ရက်သတ္တပတ်က ဟောင်ကောင်ဒေါ်လာ ၁၆ ဒသမ ၃၂ ဈေးပေါက်ခဲ့ သော်လည်း အဆိုပါဖြစ်ရပ်ပေါ်ပေါက်ပြီးနောက် ရှယ်ယာဈေး နေ့စဉ်ကျဆင်းလာပြီး သောကြာနေ့တွင် ၁၀ ရာခိုင်နှုန်းကျော်အထိ ဈေးထိုးကျသွားကာ ရှယ်ယာတစ်ခုလျှင် ဟောင်ကောင်ဒေါ်လာ ၁၄ ဒသမ ၆၂ သို့ ကျဆင်းသွားသည်။
အသက် ၄၃ နှစ်ရှိပြီဖြစ်သော ဝေါင်ဝင်းနင်သည် Times China Holdings တွင် ဘဏ္ဍာရေးအကြီးအကဲချုပ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံခြင်းနှင့် ကုမ္ပဏီသို့ ရင်းနှီးမြှုပ်နှံလာသူတို့နှင့် ဆက်ဆံမှုများ ပြုလုပ်ရသည့် တာဝန်ကို ထမ်းဆောင်ရသည်။
Times China Holdings ကုမ္ပဏီသည် လွန်ခဲ့သောနှစ်အတွင်း ယွမ်ငွေံ ၇၈ ဒသမ ၄ ဘီလီယံ (ကန်ဒေါ်လာ ၁၁ ဒသမ ၂ ဘီလီယံ) ဖိုးအထိ ရောင်းချခဲ့ရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: CFO of HK-listed developer out after lewd taxi encounter goes viral (Dimsumdaily, Mingtiandi
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service