ဇူလိုင် ၁၅ ရက်မှ စတင်ပြီး ထိုင်းနိုင်ငံတွင် ခရီးသွားလာသူများကို အစိုးရက ထောက်ပံ့ငွေပေးမည်

ဇူလိုင် ၁၅ ရက်မှ စတင်ပြီး ထိုင်းနိုင်ငံတွင် ခရီးသွားလာသူများကို အစိုးရက ထောက်ပံ့ငွေပေးမည် - Property News in Myanmar from iMyanmarHouse.com
15 Jul 2020 12:32 pm တွင် တင်ခဲ့သည်
800 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံတွင် ပြည်တွင်းခရီးသွားလုပ်ငန်းကို အားပေးသည့်အနေဖြင့် ဇူလိုင်လ ၁၅ ရက်မှစတင်ပြီး ခရီးသွားလာသူများကို အစိုးရက ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဟုဆိုသည်။

ထိုင်းအစိုးရ မူလက စီစဉ်ထားသည်မှာ အသက် ၂၀ နှင့်အထက် ခရီးသွားလာသော ထိုင်းနိုင်ငံသားများကို အောက်တိုဘာလမှ စတင်ပြီး ခရီးသွားလာမှုနှင့် တည်းခိုမှုများအတွက် ဘတ်ငွေ ၂၂ ဒသမ ၄ ဘီလီယံသုံးစွဲကာ ထောက်ပံ့သွားရန် စီစဉ်ခဲ့သော်လည်း ယခုအခါတွင်မူ ဇူလိုင်လ ၁၅ ရက်မှစတင်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ အစိုးရ၏ ထောက်ပံ့မှုကို ရရှိရန်အတွက် ခရီးသွားမည့်ထိုင်းနိုင်ငံသားများသည် Krung Thai ဘဏ်တွင် ဘဏ်စာရင်းတစ်ခုဖွင့်လှစ်ကာ စာရင်းပေးထားရမည် ဖြစ်သည်။

လာမည့် သြဂုတ် (သို့မဟုတ်) စက်တင်ဘာလအတွင်း အာရှနိုင်ငံအချို့မှ ကမ္ဘာလှည့်ခရီးသည်များ ပြန်လည်ဝင်ရောက်လာကြရန် ထိုင်းနိုင်ငံက ရည်မှန်းထားသည်။

သို့သော် အဆိုပါခရီးသည်များကို ထိန်းချုပ်မှုအချို့ပြုလုပ်ထားမည်ဖြစ်ရာ ၎င်းတို့၏သွားလာမှုများကို ခြေရာခံနိုင်ရန် ဖုန်း app များ download ပြုလုပ်စေခြင်းများ ဖြစ်ဖွယ်ရာရှိသည်။

ခရီးသွားမည့် ထိုင်းပြည်သူတို့သည် The Pocket Money အမည်ရှိ ဖုန်း app (iOS နှင့် Android နှစ်မျိုးလုံးရနိုင်) ကို install လုပ်ရမည် ဖြစ်သည်။ ယင်းနောက် အစိုးရကပေးသော ကုဒ်နံပါတ်ဖြင့် ထောက်ပံ့ငွေကို ရယူနိုင်မည် ဖြစ်သည်။

စာရင်းပေးမှတ်ပုံတင်ထားသည့် အသုံးပြုသူများအနေဖြင့် တည်းခိုမှုစရိတ်၏ ၄၀ ရာခိုင်နှုန်းကို အစိုးရထံမှ ရရှိမည် ဖြစ်သည်။

အမြင့်ဆုံးသတ်မှတ်ထားသည်မှာ တစ်ညလျှင် ဘတ်ငွေ ၃၀၀၀ ဖြစ်ပြီး ၅ ညနှင့်အထက် တည်းခိုမှုများအတွက် ထောက်ပံ့ငွေပေးမည်ဖြစ်ကာ ယခုအစီအစဉ်ကာလအတွင်း တစ်ကြိမ်သာလျှောက်ထားနိုင်မည် ဖြစ်သည်။

ခရီးသွားမည့်သူတို့သည် မိမိတို့နေထိုင်သည့်ပြည်နယ်၏ အပြင်ဘက်ရှိ နေရာတစ်ခုတွင် တည်းခိုရန် အနည်းဆုံး ၃ ရက်ကြိုတင်ပြီး booking လုပ်ရမည်ဟု ဆိုသည်။

မိမိတို့၏ တည်းခိုမှုများကို မတင်ပြသူများအနေဖြင့်လည်း ခရီးသွားလာသည့်ပြည်နယ်အတွင်း အစားအသောက်နှင့် ဝန်ဆောင်မှုများ အသုံးပြုနိုင်မည့် ဘတ် ၆၀၀ ထောက်ပံ့မှု (e-voucher )ရရှိမည် ဖြစ်သည်။

အခြားထောက်ပံ့မှုမှာ ခရီးသွားလာရေးတွင် ထောက်ပံ့မှုဖြစ်ပြီး အများဆုံး ဘတ်ငွေ ၁၀၀၀ သတ်မှတ်ထားကာ ပြည်တွင်းလေကြောင်းလိုင်း၊ ပြည်နယ်များ ဖြတ်သန်းသွားလာသည့် အဝေးပြေးကားများနှင့် ကားငှားရမ်းခြင်းများအတွက် ထောက်ပံ့မှုများ ရရှိမည် ဖြစ်သည်။

Covid -19 တိုက်ပွဲတွင် ရှေ့တန်း၌ တာဝန်ထမ်းဆောင်နေသူ ဆေးဘက်ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက်လည်း ခရီးသွားလာပါက ဘတ်ငွေ ၂၀၀၀ ထောက်ပံ့ပေးမည်ဟု ဆိုသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Get paid to travel in Thailand starting July 15( coconuts)

 

[Zawgyi]

ဇူလိုင္ ၁၅ ရက္မွ စတင္ျပီး ထိုင္းႏိုင္ငံတြင္ ခရီးသြားလာသူမ်ားကို အစုိးရက ေထာက္ပံ့ေငြေပးမည္

ထိုင္းႏိုင္ငံတြင္ ျပည္တြင္းခရီးသြားလုပ္ငန္းကို အားေပးသည့္အေနျဖင့္ ဇူလိုင္လ ၁၅ ရက္မွစတင္ျပီး ခရီးသြားလာသူမ်ားကို အစိုးရက ေထာက္ပံ့ေငြမ်ား ေပးအပ္သြားမည္ဟုဆိုသည္။

ထိုင္းအစုိးရ မူလက စီစဥ္ထားသည္မွာ အသက္ ၂၀ ႏွင့္အထက္ ခရီးသြားလာေသာ ထိုင္းႏိုင္ငံသားမ်ားကို ေအာက္တိုဘာလမွ စတင္ျပီး ခရီးသြားလာမႈႏွင့္ တည္းခိုမႈမ်ားအတြက္ ဘတ္ေငြ ၂၂ ဒသမ ၄ ဘီလီယံသံုးစြဲကာ ေထာက္ပံ့သြားရန္ စီစဥ္ခဲ့ေသာ္လည္း ယခုအခါတြင္မူ ဇူလိုင္လ ၁၅ ရက္မွစတင္ရန္ ျပင္ဆင္လိုက္ျခင္းျဖစ္သည္။ အစိုးရ၏ ေထာက္ပံ့မႈကို ရရွိရန္အတြက္ ခရီးသြားမည့္ထိုင္းႏိုင္ငံသားမ်ားသည္ Krung Thai ဘဏ္တြင္ ဘဏ္စာရင္းတစ္ခုဖြင့္လွစ္ကာ စာရင္းေပးထားရမည္ ျဖစ္သည္။

လာမည့္ ၾသဂုတ္ (သို႔မဟုတ္) စက္တင္ဘာလအတြင္း အာရွႏိုင္ငံအခ်ဳိ႕မွ ကမၻာလွည့္ခရီးသည္မ်ား ျပန္လည္ဝင္ေရာက္လာၾကရန္ ထိုင္းႏိုင္ငံက ရည္မွန္းထားသည္။

သို႔ေသာ္ အဆိုပါခရီးသည္မ်ားကို ထိန္းခ်ဳပ္မႈအခ်ဳိ႕ျပဳလုပ္ထားမည္ျဖစ္ရာ ၎တို႔၏သြားလာမႈမ်ားကို ေျခရာခံႏိုင္ရန္ ဖုန္း app မ်ား download ျပဳလုပ္ေစျခင္းမ်ား ျဖစ္ဖြယ္ရာရွိသည္။

ခရီးသြားမည့္ ထိုင္းျပည္သူတို႔သည္ The Pocket Money အမည္ရွိ ဖုန္း app (iOS ႏွင့္ Android ႏွစ္မ်ဳိးလံုးရႏိုင္) ကို install လုပ္ရမည္ ျဖစ္သည္။ ယင္းေနာက္ အစိုးရကေပးေသာ ကုဒ္နံပါတ္ျဖင့္ ေထာက္ပံ့ေငြကို ရယူႏိုင္မည္ ျဖစ္သည္။

စာရင္းေပးမွတ္ပံုတင္ထားသည့္ အသံုးျပဳသူမ်ားအေနျဖင့္ တည္းခိုမႈစရိတ္၏ ၄၀ ရာခိုင္ႏႈန္းကို အစိုးရထံမွ ရရွိမည္ ျဖစ္သည္။

အျမင့္ဆံုးသတ္မွတ္ထားသည္မွာ တစ္ညလွ်င္ ဘတ္ေငြ ၃၀၀၀ ျဖစ္ျပီး ၅ ညႏွင့္အထက္ တည္းခိုမႈမ်ားအတြက္ ေထာက္ပံ့ေငြေပးမည္ျဖစ္ကာ ယခုအစီအစဥ္ကာလအတြင္း တစ္ၾကိမ္သာေလွ်ာက္ထားႏိုင္မည္ ျဖစ္သည္။

ခရီးသြားမည့္သူတို႔သည္ မိမိတို႔ေနထိုင္သည့္ျပည္နယ္၏ အျပင္ဘက္ရွိ ေနရာတစ္ခုတြင္ တည္းခိုရန္ အနည္းဆံုး ၃ ရက္ၾကိဳတင္ျပီး booking လုပ္ရမည္ဟု ဆိုသည္။

မိမိတို႔၏ တည္းခိုမႈမ်ားကို မတင္ျပသူမ်ားအေနျဖင့္လည္း ခရီးသြားလာသည့္ျပည္နယ္အတြင္း အစားအေသာက္ႏွင့္ ဝန္ေဆာင္မႈမ်ား အသံုးျပဳႏိုင္မည့္ ဘတ္ ၆၀၀ ေထာက္ပံ့မႈ (e-voucher )ရရွိမည္ ျဖစ္သည္။

အျခားေထာက္ပံ့မႈမွာ ခရီးသြားလာေရးတြင္ ေထာက္ပံ့မႈျဖစ္ျပီး အမ်ားဆံုး ဘတ္ေငြ ၁၀၀၀ သတ္မွတ္ထားကာ ျပည္တြင္းေလေၾကာင္းလိုင္း၊ ျပည္နယ္မ်ား ျဖတ္သန္းသြားလာသည့္ အေဝးေျပးကားမ်ားႏွင့္ ကားငွားရမ္းျခင္းမ်ားအတြက္ ေထာက္ပံ့မႈမ်ား ရရွိမည္ ျဖစ္သည္။

Covid -19 တိုက္ပြဲတြင္ ေရွွ႕တန္း၌ တာဝန္ထမ္းေဆာင္ေနသူ ေဆးဘက္ဝန္ထမ္းမ်ားႏွင့္ ေစတနာ့ဝန္ထမ္းမ်ားအတြက္လည္း ခရီးသြားလာပါက ဘတ္ေငြ ၂၀၀၀ ေထာက္ပံ့ေပးမည္ဟု ဆိုသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Get paid to travel in Thailand starting July 15( coconuts)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service