အစ္စရေးတွင် သစ်ပင်ဖက်ပွဲကျင်းပကာ ကိုရိုနာဗိုင်းရပ်စ်ဘေးကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်

အစ္စရေးတွင် သစ်ပင်ဖက်ပွဲကျင်းပကာ ကိုရိုနာဗိုင်းရပ်စ်ဘေးကို ရင်ဆိုင်နိုင်ရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
14 Jul 2020 1:12 pm တွင် တင်ခဲ့သည်
925 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကာလကြီးတွင် မိတ်ဆွေများနှင့် မိသားစုဝင်များကို ပွေ့ဖက်နိုင်ခြင်းမရှိတော့သည့်အချိန်မျိုးတွင် သစ်ပင်တစ်ပင်ကို ပွေ့ဖက်လိုက်ပါ။

ဤသည်ကား အစ္စရေး သဘာဝနှင့် ပန်းဥယျာဉ်များ အာဏာပိုင်အဖွဲ့ (INPA) က လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေနေသည့် သတင်းစကားဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာလ လူမှုအလှမ်းခွာ (social-distancing) စည်းမျဉ်းများကြောင့် သီးခြားနေထိုင်ရမှုများကို ပြည်သူများ ကျော်လွှားနိုင်ရေး အကူအညီပေးရန် ကြိုးစားခြင်းလည်း ဖြစ်သည်။

“ဒီလို မနှစ်မြို့ဖွယ် ကိုရိုနာကာလကြီးမှာ ကျွန်တော်တို့အနေနဲ့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေကို တိုက်တွန်းလိုတာက သဘာဝတရားကြီးဆီ အပြင်ကိုထွက်လိုက်ပါ။ အသက်ကို ဝအောင်ရှူပါ။ သစ်ပင်တစ်ပင်ကို ဖက်လိုက်ပါ။ သင့်ရဲ့မေတ္တာတရားကို ဖော်ပြပြီး မေတ္တာတရားတွေလည်း ခံယူလိုက်ပါ” ဟု INPA ၏ ဈေးကွက်ဒါရိုက်တာ အိုရစ် စတိန်းဖက်ဒ်က အပိုလိုနီယာ အမျိုးသားဥယျာဉ် (Apollonia National Park ) အတွင်း ပြောကြားလိုက်သည်။

အစ္စရေးနိုင်ငံ၏မြို့တော်၊ တဲလ်အဗစ်၏မြောက်ဘက် ၉ မိုင်အကွာတွင်ရှိသော အဆိုပါ ဥယျာဉ်အတွင်း INPA က ကမကထပြုလုပ် ကျင်းပခဲ့သော ပွဲတွင် ESRA magazine အယ်ဒီတာ၊ ဘာဘရာဂရန့်ထ်ပါဝင်သော သစ်ပင်ဖက်သူများ တက်ရောက်ခဲ့ကြသည်။

“လူသားတွေရဲ့ အခြေခံအကျဆုံးလိုအပ်ချက်က ဆက်သွယ်ဖို့၊ ပွေ့ဖက်ဖို့နဲ့ ထိတွေ့ဖို့ဖြစ်ပါတယ်” ဟု သူမက ပြောကြားသည်။ ဝမ်းနည်းစရာထုတ်ဖော်ပြောကြားခဲ့သည်မှာ ကျန်းမာရေးကြိုတင်ကာကွယ်မှုအရ မြေးဖြစ်သူများကို သူမအနေဖြင့် ပွေ့ဖက်ခွင့်မရဟု ဆိုသည်။

ပန်းဥယျာဉ်အတွင်းလာရောက်ခဲ့သူတစ်ဦးဖြစ်သော မိုရှေ ဟာဇန်က ပြောကြားရာတွင် မိမိ၏ ပွေ့ဖက်မှုကို လက်တွဲဖော်ကို ပွေ့ဖက်ခြင်းထက် နယ်ပယ်ပိုမိုချဲ့ထွင်လိုကြောင်း ပြောကြားသည်။ အဆိုပါသစ်ပင်ဖက်ပွဲသို့ မိုရှေ ဟာဇန်၏ ဇနီးဖြစ်သူ ပက်ထ် အာသာလည်း လိုက်ပါခဲ့သည်။

“ဒီကာလတွေမှာ ကျွန်တော်တို့ဟာ လူအများကြီးကို မပွေ့ဖက်နိုင်ကြဘူး။ ကျွန်တော်တို့ရဲ့ ကလေးငယ်တွေ၊ မြေးမြစ်တွေကို ပွေ့ဖက်ခွင့် မရကြပါဘူး။ ဒါကြောင့် သစ်ပင်တစ်ပင်ကို ပွေ့ဖက်တာက အတော်ကောင်းတဲ့အရာပါ” ဟု ဟာဇန်က ပြောကြားသည်။

မေလအတွင်း အစ္စရေးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျှော့ချနိုင်ခဲ့သော်လည်း လွန်ခဲ့သော ရက်သတ္တပတ်များတွင်မူ ကူးစက်မှုခံရသူများ မြင့်တက်လာမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

အပြင်သို့ သွားလာလျှင် မဖြစ်မနေ mask တပ်ဆင်ရန် အမိန့်ထုတ်ထားပြီး သက်ကြီးရွယ်အိုများနှင့် ကိုယ်ထိလက်ရောက် အနီးကပ်ထိတွေ့မှုများ ရှောင်ကြဉ်ရန် အစ္စရေးပြည်သူများကို လမ်းညွှန်ထားသည်။

ပြီးခဲ့သော ဧပြီလအတွင်း အိုက်စ်လန်နိုင်ငံ သစ်တောဌာနက ပြုလုပ်ခဲ့သော သစ်ပင်ဖက်ပွဲအပြီး အစ္စရေးတွင်လည်း ယခုကဲ့သို့ စီစဉ်ကျင်းပလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hugging a tree in Israel to beat the coronavirus blues (reuters)

 

[Zawgyi]

အစၥေရးတြင္ သစ္ပင္ဖက္ပြဲက်င္းပကာ ကိုရိုနာဗိုင္းရပ္စ္ေဘးကို ရင္ဆိုင္ႏိုင္ရန္ ျပင္ဆင္

 

ကိုရိုနာဗိုင္းရပ္စ္ကာလၾကီးတြင္ မိတ္ေဆြမ်ားႏွင့္ မိသားစုဝင္မ်ားကို ေပြ႔ဖက္ႏိုင္ျခင္းမရွိေတာ့သည့္အခ်ိန္မ်ဳိးတြင္ သစ္ပင္တစ္ပင္ကို ေပြ႔ဖက္လိုက္ပါ။

ဤသည္ကား အစၥေရး သဘာဝႏွင့္ ပန္းဥယ်ာဥ္မ်ား အာဏာပိုင္အဖြဲ႔ (INPA) က လူမႈကြန္ရက္ေပၚတြင္ ျဖန္႔ေဝေနသည့္ သတင္းစကားျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္ကာလ လူမႈအလွမ္းခြာ (social-distancing) စည္းမ်ဥ္းမ်ားေၾကာင့္ သီးျခားေနထိုင္ရမႈမ်ားကို ျပည္သူမ်ား ေက်ာ္လႊားႏိုင္ေရး အကူအညီေပးရန္ ၾကိဳးစားျခင္းလည္း ျဖစ္သည္။

“ဒီလို မႏွစ္ျမိဳ႕ဖြယ္ ကိုရိုနာကာလၾကီးမွာ ကၽြန္ေတာ္တို႔အေနနဲ႔ ကမၻာတစ္ဝန္းက ျပည္သူေတြကို တိုက္တြန္းလိုတာက သဘာဝတရားၾကီးဆီ အျပင္ကိုထြက္လိုက္ပါ။ အသက္ကို ဝေအာင္ရွဴပါ။ သစ္ပင္တစ္ပင္ကို ဖက္လိုက္ပါ။ သင့္ရဲ႕ေမတၱာတရားကို ေဖာ္ျပျပီး ေမတၱာတရားေတြလည္း ခံယူလိုက္ပါ” ဟု INPA ၏ ေစ်းကြက္ဒါရိုက္တာ အိုရစ္ စတိန္းဖက္ဒ္က အပိုလိုနီယာ အမ်ဳိးသားဥယ်ာဥ္ (Apollonia National Park ) အတြင္း ေျပာၾကားလိုက္သည္။

အစၥေရးႏိုင္ငံ၏ျမိဳ႕ေတာ္၊ တဲလ္အဗစ္၏ေျမာက္ဘက္ ၉ မိုင္အကြာတြင္ရွိေသာ အဆိုပါ ဥယ်ာဥ္အတြင္း INPA က ကမကထျပဳလုပ္ က်င္းပခဲ့ေသာ ပြဲတြင္ ESRA magazine အယ္ဒီတာ၊ ဘာဘရာဂရန္႔ထ္ပါဝင္ေသာ သစ္ပင္ဖက္သူမ်ား တက္ေရာက္ခဲ့ၾကသည္။

“လူသားေတြရဲ႕ အေျခခံအက်ဆံုးလိုအပ္ခ်က္က ဆက္သြယ္ဖို႔၊ ေပြ႔ဖက္ဖို႔နဲ႔ ထိေတြ႔ဖို႔ျဖစ္ပါတယ္” ဟု သူမက ေျပာၾကားသည္။ ဝမ္းနည္းစရာထုတ္ေဖာ္ေျပာၾကားခဲ့သည္မွာ က်န္းမာေရးၾကိဳတင္ကာကြယ္မႈအရ ေျမးျဖစ္သူမ်ားကို သူမအေနျဖင့္ ေပြ႔ဖက္ခြင့္မရဟု ဆိုသည္။

ပန္းဥယ်ာဥ္အတြင္းလာေရာက္ခဲ့သူတစ္ဦးျဖစ္ေသာ မိုေရွ ဟာဇန္က ေျပာၾကားရာတြင္ မိမိ၏ ေပြ႔ဖက္မႈကို လက္တြဲေဖာ္ကို ေပြ႔ဖက္ျခင္းထက္ နယ္ပယ္ပိုမိုခ်ဲ႕ထြင္လိုေၾကာင္း ေျပာၾကားသည္။ အဆိုပါသစ္ပင္ဖက္ပြဲသုိ႔ မိုေရွ ဟာဇန္၏ ဇနီးျဖစ္သူ ပက္ထ္ အာသာလည္း လိုက္ပါခဲ့သည္။

“ဒီကာလေတြမွာ ကၽြန္ေတာ္တို႔ဟာ လူအမ်ားၾကီးကို မေပြ႔ဖက္ႏိုင္ၾကဘူး။ ကၽြန္ေတာ္တို႔ရဲ႕ ကေလးငယ္ေတြ၊ ေျမးျမစ္ေတြကို ေပြ႔ဖက္ခြင့္ မရၾကပါဘူး။ ဒါေၾကာင့္ သစ္ပင္တစ္ပင္ကို ေပြ႔ဖက္တာက အေတာ္ေကာင္းတဲ့အရာပါ” ဟု ဟာဇန္က ေျပာၾကားသည္။

ေမလအတြင္း အစၥေရးတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ေလွ်ာ့ခ်ႏိုင္ခဲ့ေသာ္လည္း လြန္ခဲ့ေသာ ရက္သတၱပတ္မ်ားတြင္မူ ကူးစက္မႈခံရသူမ်ား ျမင့္တက္လာမႈႏွင့္ ရင္ဆိုင္ခဲ့ရသည္။

အျပင္သို႔ သြားလာလွ်င္ မျဖစ္မေန mask တပ္ဆင္ရန္ အမိန္႔ထုတ္ထားျပီး သက္ၾကီးရြယ္အိုမ်ားႏွင့္ ကိုယ္ထိလက္ေရာက္ အနီးကပ္ထိေတြ႔မႈမ်ား ေရွာင္ၾကဥ္ရန္ အစၥေရးျပည္သူမ်ားကို လမ္းညႊန္ထားသည္။

ျပီးခဲ့ေသာ ဧျပီလအတြင္း အိုက္စ္လန္ႏိုင္ငံ သစ္ေတာဌာနက ျပဳလုပ္ခဲ့ေသာ သစ္ပင္ဖက္ပြဲအျပီး အစၥေရးတြင္လည္း ယခုကဲ့သို႔ စီစဥ္က်င္းပလာျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hugging a tree in Israel to beat the coronavirus blues (reuters)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service