Covid-19 ရှိသူ စက္ကန့် ၆၀ စီးသွားသော ဓာတ်လှေကားမှတဆင့် ၇၁ ဦး ရောဂါကူးစက်ခံရ

Covid-19 ရှိသူ စက္ကန့် ၆၀ စီးသွားသော ဓာတ်လှေကားမှတဆင့် ၇၁ ဦး ရောဂါကူးစက်ခံရ - Property News in Myanmar from iMyanmarHouse.com
14 Jul 2020 1:01 pm တွင် တင်ခဲ့သည်
21921 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာမပြဘဲ ရောဂါရှိနေသူနှင့် စက္ကန့် ၆၀ ခန့် ဓာတ်လှေကား အတူစီးခဲ့မိသူ ၇၁ ဦး ရောဂါကူးစက်ခံရမှု ဖြစ်ပွားခဲ့မှု ပေါ်ပေါက်လာသည်။

အဆိုပါဖြစ်ရပ်ကို အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန (CDC) ၏ လေ့လာချက်တစ်ရပ်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ရောဂါရှိနေသူ အမျိုးသမီးသည် တရုတ်နိုင်ငံ၊ ဟိုင်လောင်ကျန်းပြည်နယ်ရှိ သူ၏နေအိမ်သို့ အမေရိကန်ပြည်ထောင်စုမှ မတ်လ ၁၉ ရက်တွင် ပြန်လာခဲ့ခြင်းဖြစ်ကြောင်း CDC ၏ လေ့လာချက်တွင် ဖော်ပြသည်။

အမေရိကန်မှ ပြန်လာချိန် သူမတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ ပြသခဲ့ခြင်းမရှိသော်လည်း သူ၏တိုက်ခန်းတွင် quarantine ဝင်နေခဲ့ပြီး အနီးဝန်းကျင်တွင် နေထိုင်သူတို့နှင့် အနီးကပ်ထိတွေ့မှုကို ရှောင်ကြဉ်ခဲ့သည်။

နောက်ပိုင်း ဆေးစစ်ချက်ရလဒ်များ ပေါ်ပေါက်မှုအရ ရောဂါလက္ခဏာမပြသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ပေါ်ပေါက်သည်။

ယင်းနောက် ရက်သတ္တ ၃ ပတ်အကြာတွင် သူ၏ အိမ်နီးချင်းတစ်ဦးနှင့် အဆိုပါအိမ်နီးချင်းနှင့် အနီးကပ်ထိတွေ့ခဲ့သူ ၄ ဦးတို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိလာသည်။

အိမ်နီးချင်း ၂ ဦးသည် အချင်းချင်း တွေ့ဆုံမိခြင်းမရှိသော်လည်း ရောဂါရှိသူစီးခဲ့သော ဓာတ်လှေကားတစ်ခုတည်းကို မတူညီသော အချိန်များတွင် စီးခဲ့ဖူးသည်။

CDC ၏လေ့လာချက်အရ ရောဂါလက္ခဏာမပြသူ စီးခဲ့သော အဆိုပါအဆောက်အအုံရှိ ဓာတ်လှေကားကို အသုံးပြုခဲ့ရာမှ ကူးစက်ခံခဲ့ရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

CDC က သုံးသပ်ရာတွင် အိမ်နီးချင်းသည် ဓာတ်လှေကားတွင်းရှိ မျက်နှာပြင်များနှင့် ခလုတ်တို့ကို ထိခဲ့ရာမှတဆင့် ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

အဆိုပါအဆောက်အအုံတွင် နေထိုင်သော ကျန်ရှိသည့်အခြားသူများ၌ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခြင်းမရှိချေ။

သို့သော် ကူးစက်ခံလိုက်ရသည့် အိမ်နီးချင်းထံမှတဆင့် ပြန်လည်ကူးစက်သွားသူ ၇၁ ဦးအထိ ရှိသည်။

သိပ္ပံပညာရှင်များက ပြောကြားရာတွင် ဓာတ်လှေကားများသည် ကိုရိုနာဗိုင်းရပ်စ်ပေါက်ဖွားရန် နေရာကောင်းသဖွယ်ဖြစ်နေကြောင်း၊ ကျဉ်းမြောင်းသည့်နေရာဖြစ်သည့်အပြင် ပိတ်လှောင်နေသည့်နေရာများလည်း ဖြစ်ကြောင်း ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ရောဂါရှိသူတစ်ဦး ချောင်းဆိုး၊ နှာချေ၊ စကားပြောရာမှတဆင့် ထွက်ရှိလာခြင်းဖြစ်ရာ ဓာတ်လှေကားကဲ့သို့ ပိတ်လှောင်ကျဉ်းမြောင်းသော နေရာများမှာ ရောဂါကူးစက်ရန် အခွင့်အလမ်းအလွန်များပြားသည့် အခြေအနေရှိသည်။

ယခင်လေ့လာချက်များအရ တွေ့ရှိခဲ့သည်မှာ covid-19 သည် အချို့သောမျက်နှာပြင်များပေါ်တွင် ရက်အတန်ကြာရှင်သန်နေနိုင်ပြီး အထူးသဖြင့် စတီးနှင့် ပလတ်စတစ်တို့ပေါ်တွင်ဖြစ်ကြောင်း တွေ့ရှိခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus superspreader ‘infected 71 people with 60 SECOND lift journey’ at her home despite no symptoms herself (The Sun)

 

[Zawgyi]

Covid-19 ရွိသူ စကၠန္႔ ၆၀ စီးသြားေသာ ဓာတ္ေလွကားမွတဆင့္ ၇၁ ဦး ေရာဂါကူးစက္ခံရ

တရုတ္ႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာမျပဘဲ ေရာဂါရွိေနသူႏွင့္ စကၠန္႔ ၆၀ ခန္႔ ဓာတ္ေလွကား အတူစီးခဲ့မိသူ ၇၁ ဦး ေရာဂါကူးစက္ခံရမႈ ျဖစ္ပြားခဲ့မႈ ေပၚေပါက္လာသည္။

အဆိုပါျဖစ္ရပ္ကို အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးဌာန (CDC) ၏ ေလ့လာခ်က္တစ္ရပ္တြင္ ေဖာ္ျပခဲ့ျခင္း ျဖစ္သည္။

ေရာဂါရွိေနသူ အမ်ဳိးသမီးသည္ တရုတ္ႏိုင္ငံ၊ ဟိုင္ေလာင္က်န္းျပည္နယ္ရွိ သူ၏ေနအိမ္သို႔ အေမရိကန္ျပည္ေထာင္စုမွ မတ္လ ၁၉ ရက္တြင္ ျပန္လာခဲ့ျခင္းျဖစ္ေၾကာင္း CDC ၏ ေလ့လာခ်က္တြင္ ေဖာ္ျပသည္။

အေမရိကန္မွ ျပန္လာခ်ိန္ သူမတြင္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာမ်ား ျပသခဲ့ျခင္းမရွိေသာ္လည္း သူ၏တိုက္ခန္းတြင္ quarantine ဝင္ေနခဲ့ျပီး အနီးဝန္းက်င္တြင္ ေနထိုင္သူတို႔ႏွင့္ အနီးကပ္ထိေတြ႔မႈကို ေရွာင္ၾကဥ္ခဲ့သည္။

ေနာက္ပိုင္း ေဆးစစ္ခ်က္ရလဒ္မ်ား ေပၚေပါက္မႈအရ ေရာဂါလကၡဏာမျပေသာ္လည္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း ေပၚေပါက္သည္။

ယင္းေနာက္ ရက္သတၱ ၃ ပတ္အၾကာတြင္ သူ၏ အိမ္နီးခ်င္းတစ္ဦးႏွင့္ အဆိုပါအိမ္နီးခ်င္းႏွင့္ အနီးကပ္ထိေတြ႔ခဲ့သူ ၄ ဦးတို႔ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရွိလာသည္။

အိမ္နီးခ်င္း ၂ ဦးသည္ အခ်င္းခ်င္း ေတြ႔ဆံုမိျခင္းမရွိေသာ္လည္း ေရာဂါရွိသူစီးခဲ့ေသာ ဓာတ္ေလွကားတစ္ခုတည္းကို မတူညီေသာ အခ်ိန္မ်ားတြင္ စီးခဲ့ဖူးသည္။

CDC ၏ေလ့လာခ်က္အရ ေရာဂါလကၡဏာမျပသူ စီးခဲ့ေသာ အဆိုပါအေဆာက္အအံုရွိ ဓာတ္ေလွကားကို အသံုးျပဳခဲ့ရာမွ ကူးစက္ခံခဲ့ရျခင္း ျဖစ္ႏိုင္ေၾကာင္း သံုးသပ္သည္။

CDC က သံုးသပ္ရာတြင္ အိမ္နီးခ်င္းသည္ ဓာတ္ေလွကားတြင္းရွိ မ်က္ႏွာျပင္မ်ားႏွင့္ ခလုတ္တို႔ကို ထိခဲ့ရာမွတဆင့္ ကူးစက္ခဲ့ျခင္းျဖစ္ေၾကာင္း သံုးသပ္ခဲ့သည္။

အဆိုပါအေဆာက္အအံုတြင္ ေနထိုင္ေသာ က်န္ရွိသည့္အျခားသူမ်ား၌ ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးေတြ႔ရွိျခင္းမရွိေခ်။

သို႔ေသာ္ ကူးစက္ခံလိုက္ရသည့္ အိမ္နီးခ်င္းထံမွတဆင့္ ျပန္လည္ကူးစက္သြားသူ ၇၁ ဦးအထိ ရွိသည္။

သိပၸံပညာရွင္မ်ားက ေျပာၾကားရာတြင္ ဓာတ္ေလွကားမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ေပါက္ဖြားရန္ ေနရာေကာင္းသဖြယ္ျဖစ္ေနေၾကာင္း၊ က်ဥ္းေျမာင္းသည့္ေနရာျဖစ္သည့္အျပင္ ပိတ္ေလွာင္ေနသည့္ေနရာမ်ားလည္း ျဖစ္ေၾကာင္း ေျပာၾကားသည္။

ကိုရိုနာဗိုင္းရပ္စ္သည္ ေရာဂါရွိသူတစ္ဦး ေခ်ာင္းဆိုး၊ ႏွာေခ်၊ စကားေျပာရာမွတဆင့္ ထြက္ရွိလာျခင္းျဖစ္ရာ ဓာတ္ေလွကားကဲ့သို႔ ပိတ္ေလွာင္က်ဥ္းေျမာင္းေသာ ေနရာမ်ားမွာ ေရာဂါကူးစက္ရန္ အခြင့္အလမ္းအလြန္မ်ားျပားသည့္ အေျခအေနရွိသည္။

ယခင္ေလ့လာခ်က္မ်ားအရ ေတြ႔ရွိခဲ့သည္မွာ covid-19 သည္ အခ်ဳိ ႔ေသာမ်က္ႏွာျပင္မ်ားေပၚတြင္ ရက္အတန္ၾကာရွင္သန္ေနႏိုင္ျပီး အထူးသျဖင့္ စတီးႏွင့္ ပလတ္စတစ္တို႔ေပၚတြင္ျဖစ္ေၾကာင္း ေတြ႔ရွိခဲ့ျပီးျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus superspreader ‘infected 71 people with 60 SECOND lift journey’ at her home despite no symptoms herself (The Sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service