ကွန်ဒိုခန်းအသစ် တစ်သောင်းခွဲလောက် ထပ်ထွက်လာမယ်
ကွန်ဒိုခန်းအသစ် တစ်သောင်းခွဲလောက် ထပ်ထွက်လာမယ် - Property News in Myanmar from iMyanmarHouse.com
13 Jul 2020 1:32 pm တွင် တင်ခဲ့သည်
946 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ရန်ကုန်မှာဆောက်လုပ်ဆဲ ကွန်ဒိုတိုက်ခန်းတွေထဲကနေ အခန်းအရေအတွက် ၁၅၀၀၀လောက်ထွက်ပေါ်လာဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းထံမှသိရပါတယ်။
ဒီထဲက အခန်းရေ ၆၀၀၀လောက်ကို နိုင်ငံခြားသားတွေကိုရောင်းချနိုင်ဖို့ရည်ရွယ်ထားတာလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌ ဦးရှိန်ဝင်းကပြောပါတယ်။
တစ်ခန်းကို မြန်မာကျပ်ငွေသိန်း၂၅၀၀လောက်နဲ့ ရောင်းချနိုင်ခဲ့ရင်အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ နိုင်ငံခြားငွေရရှိနိုင်တာကြောင့် နိုင်ငံတော်ရဲ့စီးပွားရေးလည်ပတ်မှုကိုအထောက်အကူဖြစ်စေနိုင်မယ်လို့ ၎င်းကဆိုပါတယ်။
ကွန်ဒိုတိုက်ခန်းတွေရောင်းချဖို့နိုင်ငံတကာမှာတော့ အစိုးရကိုယ်တိုင်ပါဝင်ကူညီဆောင်ရွက်ပေးနေတာလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌ ဦးရှိန်ဝင်းကဆိုပါတယ်။
လက်ရှိမှာ လုပ်ငန်းရှင်တွေအတွက်တံဆိပ်ခေါင်းခွန်လျှော့ချတာ ၊ သက်သာတဲ့ Mortage Loan ပေးတာတွေ၊ 10 Yeras Multi Visa ထုတ်ပေးတာတွေ၊ Second Home ပေးခြင်းတွေပြုလုပ်ပေးသင့်တယ်လို့ဆိုပါတယ်။ ဒါမျိူးတွေဖြေလျှော့ပေးလိုက်တဲ့အခါ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိမှာဖြစ်ပါတယ်။
လက်ရှိမှာ ကွန်ဒိုဥပဒေပြဌာန်းပြီးဖြစ်တာကြောင့် နိုင်ငံခြားသားလုပ်ငန်းရှင်တွေကိုရောင်းချဖို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကမျှော်လင့်နေတာပါ။
“ဆောက်လုပ်ရေးကဏ္ဍရဲ့ အရည်အသွေးမြင့်မားရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အဆင့်အတန်းများ တိုးတက်ရေးအတွက် ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီများနဲ့ အဖွဲ့အစည်းများအားလုံးကို ပူးပေါင်း ဆောင်ရွက်ပေးကြရင် ရောင်းချရေးပိုင်းတွေမှာပါ အဆင်ပြေလွယ်ကူသွားမှာဖြစ်ပါတယ် "ဟုဦးရှိန်ဝင်းကပြောပါတယ်။
မြန်မာနိုင်ငံတွင် ကွန်ဒိုမီနီယံဥပဒေကို ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်က နည်းဥပဒေပေါ်ထွက်လာခဲ့တာပါ။ မြန်မာနိုင်ငံ အမျိုးသားအိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့် မြို့ပြမူဝါဒကိုပြဋ္ဌာန်းရန်လည်း လုပ်ဆောင်နေတာပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဆောက်အအုံဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ထုတ်ပြန်နိုင်ရေးအတွက်လည်း လုပ်ငန်းရှင်တွေကမျှော်လင့်နေတာပါ။
ကွန်ဒိုတစ်လုံးမှာပါဝင်တဲ့အခန်းအရေအတွက် ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားရောင်းချခွင့် ပြုထားတာ ဖြစ်ပါတယ်။
ကိုဗစ်ကြောင့် ရန်ကုန်မြို့ကဆောက်လုပ်ရေးလုပ်ငန်းအများစုဟာ ဧပြီနဲ့မေလတွေမှာ အများစုရပ်နားခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန်လကစပြီးတော့ တည်ဆောက်ရေးလုပ်ငန်းတွေ ရာနှုန်းပြည့်ပြန်လည် လည်ပတ်နေပြီဖြစ်ပါတယ်။
အခန်းရောင်းချမှုတွေကိုတော့ လက်ရှိမှာအွန်လိုင်းကနေပြန်လည်ရောင်းချတဲ့ဈေးကွက်ကကောင်းမွန်နေတယ်လို့လုပ်ငန်းရှင်တွေကဆိုပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service