ကိုရိုနာဗိုင်းရပ်စ်ဟူသည် လိမ်ညာသည့်လှည့်ကွက်တစ်ခုသာဖြစ်သည်ဟုဆိုကာ Covid ပါတီပွဲ တက်ရောက်သူ covid-19 ဖြင့် သေဆုံး

ကိုရိုနာဗိုင်းရပ်စ်ဟူသည် လိမ်ညာသည့်လှည့်ကွက်တစ်ခုသာဖြစ်သည်ဟုဆိုကာ Covid ပါတီပွဲ တက်ရောက်သူ covid-19 ဖြင့် သေဆုံး - Property News in Myanmar from iMyanmarHouse.com
13 Jul 2020 12:59 pm တွင် တင်ခဲ့သည်
7401 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်တွင် Covid ပါတီပွဲသို့ တက်ရောက်ခဲ့သူ အမျိုးသားတစ်ဦးသည် နာမကျန်းခံစားရကာ သေဆုံးသွား ခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ်ဆိုတာ လိမ်ညာမှုတစ်ခုလို့ပဲ ကျွန်တော်ယူဆခဲ့ပါတယ်” ဟု အသက် ၃၀ ကျော်အရွယ်ရှိ အဆိုပါလူနာက မကွယ်လွန်မီတွင် သူနာပြုကို ပြောကြားခဲ့သည်။

ဆန်အန်တိုနီယိုမြို့၊ Methodist Healthcare မှ အကြီးအကဲ ဒေါက်တာ ဂျိန်း အက်ပဲလ်ဘီက ဒေသတွင်း သတင်းဌာန NBC သို့ ပြောကြားရာတွင် “ဒီပါတီပွဲက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ စစ်ဆေးတွေ့ရှိသူတစ်ဦးက ကျင်းပခဲ့တာဖြစ်ပြီး ဗိုင်းရပ်စ် တကယ်ရှိလား၊ တခြားသူကို ကူးစက်နိုင်လားဆိုတာ ကြည့်ဖို့ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်” ဟု ပြောကြားသည်။

Covid ပါတီဟူသည်မှာ လူငယ်များက ကျင်းပလေ့ရှိပြီး တမင်ရောဂါကူးစက်ခံကာ ရောဂါကာကွယ်သော ပဋိဇီဝပစ္စည်းများ ခန္ဓာကိုယ်က ထုတ်လုပ်လာနိုင်ရန် ရည်ရွယ်ကြခြင်း ဖြစ်သည်။

မူလက ယူဆခဲ့ကြသည်မှာ covid-19 သည် အသက်ကြီးသူများနှင့် ရောဂါအခံရှိသူများသာ သေဆုံးကြသည်ဟု ယူဆခဲ့သော်လည်း နောက်ပိုင်းတွင် ကျန်းမာရေးကောင်းသူ လူငယ်များမှာ ဆေးရုံများနှင့် ရေခဲတိုက်များတွင် ပြည့်နှက်လာသည်။

“လူနာက မသေဆုံးမီမှာ သူ့ရဲ့ သူနာပြုကို ကြည့်ပြီး ပြောခဲ့တာက….ကျွန်တော်တော့ အမှားလုပ်ခဲ့မိပြီထင်တယ်။ ဒါက လှည့်ကွက်တစ်ခုလို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့် လှည့်ကွက်မဟုတ်ဘူး” ဟု ပြောကြားခဲ့ကြောင်း ဒေါက်တာဂျိန်းက NBC သို့ ပြောကြားသည်။

တက္ကဆပ်ပြည်နယ်တစ်လွှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ အလွန်မြင့်မားနေပြီး လက်ရှိတွင် ဆန်အန်တိုနီယိုမြို့၌ ရောဂါကူးစက်ခံရသူ ၁၈၀၀၀ ခန့်ရှိကာ ဆေးရုံများတွင် လူနာ ၁၂၀၀ ခန့်ရှိနေသည်။

“ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက လူသူမခွဲခြားပါဘူး။ ဘယ်သူမှ ရောဂါမပြီးပါဘူး။ ကျွန်မက အထိတ်တလန့်ဖြစ်အောင် လုပ်တဲ့သူ တစ်ယောက်မဖြစ်ချင်ပါဘူး။ တကယ်လက်တွေ့ကမ္ဘာမှာဖြစ်နေတဲ့ အမှန်တရားတွေကို မျှဝေဖို့၊ ဒီဗိုင်းရပ်စ်ဟာ ပြင်းထန်ပြီး အလွယ်တကူ ကူးစက်နိုင်ပါလားဆိုတာ ကျွန်မတို့အသိုက်အဝန်းက ဆင်ခြင်သတိပြုမိလာစေဖို့သာ ကျွန်တော်တို့ ကြိုးစားနေတာ ဖြစ်ပါတယ် ” ဟု ဒေါက်တာ ဂျိန်းက ပြောကြားသည်။

ပါတီပွဲကို မည်သည့်အချိန်က ကျင်းပခဲ့သည်၊ လူမည်မျှတက်ရောက်ခဲ့သည်၊ ပါတီပွဲကျင်းပပြီး ရက်မည်မျှအကြာတွင် covid-19 ဖြင့် ဆေးရုံတက်ခဲ့ရသည် အစရှိသည်တို့ကိုမူ သူမက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။ သေဆုံးသူအမျိုးသား မည်သူဖြစ်သည်ကိုလည်း အများပြည်သူသို့ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Texas millennial dies after attending ‘COVID party’ thinking virus was a ‘hoax’ (New York Post, New York Times)

 

 [Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ဟူသည္ လိမ္ညာသည့္လွည့္ကြက္တစ္ခုသာျဖစ္သည္ဟုဆိုကာ Covid ပါတီပြဲ တက္ေရာက္သူ covid-19 ျဖင့္ ေသဆံုး

အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္တြင္ Covid ပါတီပြဲသို႔ တက္ေရာက္ခဲ့သူ အမ်ဳိးသားတစ္ဦးသည္ နာမက်န္းခံစားရကာ ေသဆံုးသြား ခဲ့သည္။

“ကိုရိုနာဗိုင္းရပ္စ္ဆိုတာ လိမ္ညာမႈတစ္ခုလို႔ပဲ ကၽြန္ေတာ္ယူဆခဲ့ပါတယ္” ဟု အသက္ ၃၀ ေက်ာ္အရြယ္ရွိ အဆိုပါလူနာက မကြယ္လြန္မီတြင္ သူနာျပဳကို ေျပာၾကားခဲ့သည္။

ဆန္အန္တိုနီယိုျမိဳ ႔၊ Methodist Healthcare မွ အၾကီးအကဲ ေဒါက္တာ ဂ်ိန္း အက္ပဲလ္ဘီက ေဒသတြင္း သတင္းဌာန NBC သုိ႔ ေျပာၾကားရာတြင္ “ဒီပါတီပြဲက ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရတယ္လို႔ စစ္ေဆးေတြ႔ရွိသူတစ္ဦးက က်င္းပခဲ့တာျဖစ္ျပီး ဗိုင္းရပ္စ္ တကယ္ရွိလား၊ တျခားသူကို ကူးစက္ႏိုင္လားဆိုတာ ၾကည့္ဖုိ႔ က်င္းပခဲ့တယ္လို႔ ဆိုပါတယ္” ဟု ေျပာၾကားသည္။ Covid ပါတီဟူသည္မွာ လူငယ္မ်ားက က်င္းပေလ့ရွိျပီး တမင္ေရာဂါကူးစက္ခံကာ ေရာဂါကာကြယ္ေသာ ပဋိဇီဝပစၥည္းမ်ား ခႏၶာကိုယ္က ထုတ္လုပ္လာႏိုင္ရန္ ရည္ရြယ္ၾကျခင္း ျဖစ္သည္။

မူလက ယူဆခဲ့ၾကသည္မွာ covid-19 သည္ အသက္ၾကီးသူမ်ားႏွင့္ ေရာဂါအခံရွိသူမ်ားသာ ေသဆံုးၾကသည္ဟု ယူဆခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ က်န္းမာေရးေကာင္းသူ လူငယ္မ်ားမွာ ေဆးရံုမ်ားႏွင့္ ေရခဲတိုက္မ်ားတြင္ ျပည့္ႏွက္လာသည္။

“လူနာက မေသဆံုးမီမွာ သူ႔ရဲ ႔ သူနာျပဳကို ၾကည့္ျပီး ေျပာခဲ့တာက….ကၽြန္ေတာ္ေတာ့ အမွားလုပ္ခဲ့မိျပီထင္တယ္။ ဒါက လွည့္ကြက္တစ္ခုလို႔ပဲ ထင္ခဲ့တာ။ ဒါေပမယ့္ လွည့္ကြက္မဟုတ္ဘူး” ဟု ေျပာၾကားခဲ့ေၾကာင္း ေဒါက္တာဂ်ိန္းက NBC သို႔ ေျပာၾကားသည္။

တကၠဆပ္ျပည္နယ္တစ္လႊားတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူမ်ား အလြန္ျမင့္မားေနျပီး လက္ရွိတြင္ ဆန္အန္တိုနီယိုျမိဳ ႔၌ ေရာဂါကူးစက္ခံရသူ ၁၈၀၀၀ ခန္႔ရွိကာ ေဆးရံုမ်ားတြင္ လူနာ ၁၂၀၀ ခန္႔ရွိေနသည္။

“ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈက လူသူမခြဲျခားပါဘူး။ ဘယ္သူမွ ေရာဂါမျပီးပါဘူး။ ကၽြန္မက အထိတ္တလန္႔ျဖစ္ေအာင္ လုပ္တဲ့သူ တစ္ေယာက္မျဖစ္ခ်င္ပါဘူး။ တကယ္လက္ေတြ႔ကမၻာမွာျဖစ္ေနတဲ့ အမွန္တရားေတြကို မွ်ေဝဖို႔၊ ဒီဗိုင္းရပ္စ္ဟာ ျပင္းထန္ျပီး အလြယ္တကူ ကူးစက္ႏိုင္ပါလားဆိုတာ ကၽြန္မတို႔အသိုက္အဝန္းက ဆင္ျခင္သတိျပဳမိလာေစဖို႔သာ ကၽြန္ေတာ္တို႔ ၾကိဳးစားေနတာ ျဖစ္ပါတယ္ ” ဟု ေဒါက္တာ ဂ်ိန္းက ေျပာၾကားသည္။

ပါတီပြဲကို မည္သည့္အခ်ိန္က က်င္းပခဲ့သည္၊ လူမည္မွ်တက္ေရာက္ခဲ့သည္၊ ပါတီပြဲက်င္းပျပီး ရက္မည္မွ်အၾကာတြင္ covid-19 ျဖင့္ ေဆးရံုတက္ခဲ့ရသည္ အစရွိသည္တို႔ကုိမူ သူမက ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း မရွိေခ်။ ေသဆံုးသူအမ်ဳိးသား မည္သူျဖစ္သည္ကိုလည္း အမ်ားျပည္သူသို႔ ထုတ္ျပန္ခဲ့ျခင္းမရွိေပ။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Texas millennial dies after attending ‘COVID party’ thinking virus was a ‘hoax’ (New York Post, New York Times)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service