ချွေးမဖြစ်သူ မင်းသမီးအက်ရှ်ဝါယာရိုင်းအပါအဝင် အမီတာဘဂျမ်းတို့မိသားစု COVID-19 ကူးစက်ခံရ

ချွေးမဖြစ်သူ မင်းသမီးအက်ရှ်ဝါယာရိုင်းအပါအဝင် အမီတာဘဂျမ်းတို့မိသားစု COVID-19 ကူးစက်ခံရ - Property News in Myanmar from iMyanmarHouse.com
13 Jul 2020 12:14 pm တွင် တင်ခဲ့သည်
2487 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘောလိဝုဒ်အကျော်ဇေယျမင်းသမီးနှင့် Miss World အလှမယ်ဟောင်း အက်ရှ်ဝါယာရိုင်းဘဂျမ်းနှင့် သူမ၏ အသက်ရှစ်နှစ်အရွယ်သမီးဖြစ်သူတို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အိန္ဒိယတာဝန်ရှိသူများက ဇူလိုင် ၁၂ တွင် အတည်ပြုခဲ့သည်။

ထိုသတင်းသည် သူမ၏‌ယောက္ခမ မင်းသားကြီးအမီတာဘဂျမ်းနှင့် သူမ၏ခင်ပွန်း မင်းသား အဘီရှက်တို့ ၎င်းဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆေးရုံတင်ထားရကြောင်း ဇူလိုင် ၁၁ တွင် ထုတ်ပြန်ခဲ့ပြီးနောက် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။

အသက် ၇၇ နှစ်ရှိ မင်းသားကြီးအမီတာဘဂျမ်းသည် ဆေးရုံတင်ထားရသော်လည်း အပျော့စားရောဂါလက္ခဏာများဖြင့် အခြေအနေတည်ငြိမ်လျက်ရှိကြောင်း မဟာရက်ရှ်ထရာပြည်နယ်ကျန်းမာရေးဝန်ကြီး ရာဂျက်ရှ်တိုပီက တွစ်တာမှတစ်ဆင့် ဇူလိုင် ၁၂ တွင် ကြေညာခဲ့သည်။

မင်းသားကြီးအမီတာဘဂျမ်း၏ ဇနီး ဂျာယာမှာမူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိကြောင်း ရိုက်တာသတင်းဌာနက အစီရင်ခံတင်ပြခဲ့သည်။

၁၉၇၀ ပြည့်လွန်အစောပိုင်းနှစ်များကတည်းကစတင်ကာ အိန္ဒိယရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်လာခဲ့သည့် မင်းသားကြီးအမီတာဘဂျမ်းက သူ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းကို ဇူလိုင် ၁၁ က တွစ်တာမှတစ်ဆင့် အသိပေးခဲ့သည်။

မင်းသားကြီးက “ကျွန်တော့်မှာ ကိုဗစ်ကူးစက်ခံထားရပါတယ်၊ ဆေးရုံတက်ရောက်နေပါပြီ။ သက်ဆိုင်ရာကို အကြောင်းကြားထားပြီး မိသားစုဝင်တွေနဲ့ ဝန်ထမ်းတွေကို စစ်ဆေးထားပါတယ်။ ဓာတ်ခွဲရလဒ်တွေကို စောင့်နေပါတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ကျွန်တော်နဲ့ထိတွေ့နီးကပ်မှုရှိခဲ့သူတွေအားလုံး စစ်ဆေးမှုခံယူကြဖို့ တောင်းဆိုလိုက်ပါတယ်။” ဟု တွစ်တာတွင် ရေးသားခဲ့သည်။

ထို့နောက်များမကြာမီတွင် သူ၏သားဖြစ်သူ နာမည်ကျော်မင်းသားအဘီရှက်ကလည်း အလားတူစာတိုတစ်ခုကို တွစ်တာတွင် ရေးသားခဲ့သည်။

“ကျွန်တော်နဲ့ကျွန်တော့်အဖေမှာ COVID-19 ကူးစက်ခံထားရကြောင်း ဒီကနေ့မနက်အစောပိုင်းကပဲ သိခဲ့ရပါတယ်။ ကျွန်တော်တို့သားအဖနှစ်ယောက်စလုံးမှာ ရောဂါလက္ခဏာအပျော့စားလေးတွေပဲပြပြီး ဆေးရုံတက်ရောက်နေပါတယ်။ လိုအပ်တဲ့သက်ဆိုင်ရာအာဏာပိုင်အားလုံးကို ကျွန်တော်တို့အကြောင်းကြားထားပြီး ကျွန်တော်တို့မိသားစုနဲ့ဝန်ထမ်းတွေအကုန်လုံးကို စစ်ဆေးနေပါတယ်။ အားလုံးပဲ ထိတ်လန့်မသွားကြဘဲ တည်တည်ငြိမ်ငြိမ်နေပေးဖို့ တောင်းဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။” ဟူ၍ ဖြစ်သည်။

ပြည်သူများ အိမ်မှာနေရန် မေတ္တာရပ်ခံခြင်း၊ နှာခေါင်းစည်းများတပ်ဆင်ကြရေး ကြော်ငြာများ ရိုက်ကူးခြင်း စသည့် ထိုကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုရပ်တန့်စေရေးနိုင်ငံ့လှုပ်ရှားမှုတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားလာခဲ့သည့် အထင်ကရပုဂ္ဂိုလ်အကျော်အမော်တစ်ဦးဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် ကမ္ဘာ့အတင်းကျပ်ဆုံး lockdown များအနက် တစ်ခုကို ချမှတ်ခဲ့သော်လည်း အိန္ဒိယ၏ COVID-19 ကူးစက်မှုများမှာ မြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၂၇,၀၀၀ နှင့် သေဆုံးမှုအသစ် ၅၀၀ ကျော်ရှိကြောင်း သိရသည်။

ကူးစက်ခံရသူဦးရေ ၈၅၀,၀၀၀ နီးပါးဖြင့် အိန္ဒိယသည် အမေရိကန်နှင့် ဘရာဇီးတို့ပြီးလျှင် ကမ္ဘာ့ COVID-19 ကူးစက်မှုတတိယအများဆုံးနိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bollywood Stars Amitabh, Aishwarya Rai Bachchan Test Positive for COVID (VOA)

 

[Zawgyi]

ေခြၽးမျဖစ္သူ မင္းသမီးအက္ရွ္ဝါယာ႐ိုင္းအပါအဝင္ အမီတာဘဂ်မ္းတို႔မိသားစု COVID-19 ကူးစက္ခံရ

ေဘာလိဝုဒ္အေက်ာ္ေဇယ်မင္းသမီးႏွင့္ Miss World အလွမယ္ေဟာင္း အက္ရွ္ဝါယာ႐ိုင္းဘဂ်မ္းႏွင့္ သူမ၏ အသက္ရွစ္ႏွစ္အ႐ြယ္သမီးျဖစ္သူတို႔သည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း အိႏၵိယတာဝန္ရွိသူမ်ားက ဇူလိုင္ ၁၂ တြင္ အတည္ျပဳခဲ့သည္။

ထိုသတင္းသည္ သူမ၏‌ေယာကၡမ မင္းသားႀကီးအမီတာဘဂ်မ္းႏွင့္ သူမ၏ခင္ပြန္း မင္းသား အဘီရွက္တို႔ ၎ဗိုင္းရပ္စ္ကူးစက္ခံရၿပီး ေဆး႐ုံတင္ထားရေၾကာင္း ဇူလိုင္ ၁၁ တြင္ ထုတ္ျပန္ခဲ့ၿပီးေနာက္ ထြက္ရွိလာခဲ့ျခင္းျဖစ္သည္။

အသက္ ၇၇ ႏွစ္ရွိ မင္းသားႀကီးအမီတာဘဂ်မ္းသည္ ေဆး႐ုံတင္ထားရေသာ္လည္း အေပ်ာ့စားေရာဂါလကၡဏာမ်ားျဖင့္ အေျခအေနတည္ၿငိမ္လ်က္ရွိေၾကာင္း မဟာရက္ရွ္ထရာျပည္နယ္က်န္းမာေရးဝန္ႀကီး ရာဂ်က္ရွ္တိုပီက တြစ္တာမွတစ္ဆင့္ ဇူလိုင္ ၁၂ တြင္ ေၾကညာခဲ့သည္။

မင္းသားႀကီးအမီတာဘဂ်မ္း၏ ဇနီး ဂ်ာယာမွာမူ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရျခင္းမရွိေၾကာင္း ႐ိုက္တာသတင္းဌာနက အစီရင္ခံတင္ျပခဲ့သည္။

၁၉၇၀ ျပည့္လြန္အေစာပိုင္းႏွစ္မ်ားကတည္းကစတင္ကာ အိႏၵိယ႐ုပ္ရွင္ဇာတ္ကားေပါင္း ၂၀၀ ေက်ာ္တြင္ ပါဝင္သ႐ုပ္ေဆာင္လာခဲ့သည့္ မင္းသားႀကီးအမီတာဘဂ်မ္းက သူ႔တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္းကို ဇူလိုင္ ၁၁ က တြစ္တာမွတစ္ဆင့္ အသိေပးခဲ့သည္။

မင္းသားႀကီးက “ကြၽန္ေတာ့္မွာ ကိုဗစ္ကူးစက္ခံထားရပါတယ္၊ ေဆး႐ုံတက္ေရာက္ေနပါၿပီ။ သက္ဆိုင္ရာကို အေၾကာင္းၾကားထားၿပီး မိသားစုဝင္ေတြနဲ႔ ဝန္ထမ္းေတြကို စစ္ေဆးထားပါတယ္။ ဓာတ္ခြဲရလဒ္ေတြကို ေစာင့္ေနပါတယ္။ ၿပီးခဲ့တဲ့ ၁၀ ရက္အတြင္း ကြၽန္ေတာ္နဲ႔ထိေတြ႕နီးကပ္မႈရွိခဲ့သူေတြအားလုံး စစ္ေဆးမႈခံယူၾကဖို႔ ေတာင္းဆိုလိုက္ပါတယ္။” ဟု တြစ္တာတြင္ ေရးသားခဲ့သည္။

ထို႔ေနာက္မ်ားမၾကာမီတြင္ သူ၏သားျဖစ္သူ နာမည္ေက်ာ္မင္းသားအဘီရွက္ကလည္း အလားတူစာတိုတစ္ခုကို တြစ္တာတြင္ ေရးသားခဲ့သည္။

“ကြၽန္ေတာ္နဲ႔ကြၽန္ေတာ့္အေဖမွာ COVID-19 ကူးစက္ခံထားရေၾကာင္း ဒီကေန႔မနက္အေစာပိုင္းကပဲ သိခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔သားအဖႏွစ္ေယာက္စလုံးမွာ ေရာဂါလကၡဏာအေပ်ာ့စားေလးေတြပဲျပၿပီး ေဆး႐ုံတက္ေရာက္ေနပါတယ္။ လိုအပ္တဲ့သက္ဆိုင္ရာအာဏာပိုင္အားလုံးကို ကြၽန္ေတာ္တို႔အေၾကာင္းၾကားထားၿပီး ကြၽန္ေတာ္တို႔မိသားစုနဲ႔ဝန္ထမ္းေတြအကုန္လုံးကို စစ္ေဆးေနပါတယ္။ အားလုံးပဲ ထိတ္လန႔္မသြားၾကဘဲ တည္တည္ၿငိမ္ၿငိမ္ေနေပးဖို႔ ေတာင္းဆိုပါတယ္။ ေက်းဇူးတင္ပါတယ္။” ဟူ၍ ျဖစ္သည္။

ျပည္သူမ်ား အိမ္မွာေနရန္ ေမတၱာရပ္ခံျခင္း၊ ႏွာေခါင္းစည္းမ်ားတပ္ဆင္ၾကေရး ေၾကာ္ျငာမ်ား ႐ိုက္ကူးျခင္း စသည့္ ထိုကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈရပ္တန႔္ေစေရးႏိုင္ငံ့လႈပ္ရွားမႈတြင္ တက္တက္ႂကြႂကြပါဝင္လႈပ္ရွားလာခဲ့သည့္ အထင္ကရပုဂၢိဳလ္အေက်ာ္အေမာ္တစ္ဦးျဖစ္သည္။

ယခုႏွစ္အေစာပိုင္းတြင္ ကမာၻ႔အတင္းက်ပ္ဆုံး lockdown မ်ားအနက္ တစ္ခုကို ခ်မွတ္ခဲ့ေသာ္လည္း အိႏၵိယ၏ COVID-19 ကူးစက္မႈမ်ားမွာ ျမင့္တက္လ်က္ရွိသည္။

ၿပီးခဲ့သည့္ ၂၄ နာရီအတြင္း ကူးစက္မႈအသစ္ ၂၇,၀၀၀ ႏွင့္ ေသဆုံးမႈအသစ္ ၅၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။

ကူးစက္ခံရသူဦးေရ ၈၅၀,၀၀၀ နီးပါးျဖင့္ အိႏၵိယသည္ အေမရိကန္ႏွင့္ ဘရာဇီးတို႔ၿပီးလွ်င္ ကမာၻ႔ COVID-19 ကူးစက္မႈတတိယအမ်ားဆုံးႏိုင္ငံျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bollywood Stars Amitabh, Aishwarya Rai Bachchan Test Positive for COVID (VOA)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service