နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာတွင် ရောင်းချရန် အခန်း ၁၂၀၀ သာကျန်တော့ဟု ဒုမြို့တော်ဝန်ပြော
နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာတွင် ရောင်းချရန် အခန်း ၁၂၀၀ သာကျန်တော့ဟု ဒုမြို့တော်ဝန်ပြော - Property News in Myanmar from iMyanmarHouse.com
13 Jul 2020 12:00 pm တွင် တင်ခဲ့သည်
3831 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
နေပြည်တော်ရှိနိုင်ငံဝန်ထမ်းအိမ်ယာတွင် ရောင်းချရန် အခန်းပေါင်း ၁၂၀၀ သာကျန်ရှိနေဟု နေပြည်တော် ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးကပြောသည်။
နေပြည်တော်တွင် တည်ဆောက်နေသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာနှစ်ခုအနက်မှတစ်ခုဖြစ်ပြီး လက်ရှိတွင်တာဝန်ထမ်းဆောင်ဆဲ နိုင်ငံဝန်ထမ်းများကို ရောင်းချပေးနေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
"အခန်းပေါင်း ၁၂၀၀ လောက်ပဲ ကျန်ပါတော့တယ်။ ဒုတိယထပ်နဲ့ တတိယထပ်တွေပါ။အဲဒီနေရာမှာ နောက်ထပ်ပြီး အိမ်ခန်းတွေ ဆောက်ဖို့အစီအစဉ် မရှိသေးတာမို့လို့ အမြန်ဆုံးပြေးဝယ်ထားမှ စိတ်ချရပါမယ်။"ဟု ဒုမြို့တော်ဝန်က၎င်းလူမူကွန်ယက်တွင်ရေးထားသည်။
ထိုစီမံကိန်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကြီးကြပ်တည်ဆောက်နေပြီး အခန်း ၃၀၀၀ ရရန် တည်ဆောက်နေသည်ဟုဆိုသည်။ ၆၅၀ စတုရန်းပေ ကျယ်ပြီး အိပ်ခန်း နှစ်ခန်းပါသည်။
တည်ဆောက်မှုတွင် အစိုးရဘတ်ဂျက်မပါဝင်ဘဲ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာလိုင်စင်ရကန်ထရိုက်တာများအသင်းတို့က ၎င်းတို့၏ အသင်းဝင်ကုမ္ပဏီများဖြင့် တာဝန်ယူတည်ဆောက်ကြခြင်းဖြစ်သည်။ နေပြည်တော်စည်ပင်က တာဝန်ယူရောင်းချပေးပြီး အရည်အသွေး ကြီးကြပ်ပေးသည်ဟု ဦးရဲမင်းဦးကဆိုသည်။
ထိုအိမ်ယာမှ အခန်းများကို ဇွန်လ တစ်လလုံး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေကို လာရောက်ဝယ်ယူနိုင်ကြောင်း လျှောက်လွှာခေါ်ယူခဲ့သည်ဟု ဒုမြို့တော်ဝန်ကဆိုသည်။
ဇွန်လအတွင်း၌ အငြိမ်းစားဝန်ထမ်း ၁၆၁၄ ဦးက ဝယ်ယူလိုကြောင်း လျှောက်လွှာတင်ခဲ့သည်ဟု ၎င်းကဆိုသည်။
"ကျွန်တော်တို့ရောင်းချတဲ့စနစ်က အငြိမ်းစားဝန်ထမ်း မည်သူမဆို လျှောက်လွှာတင်နိုင်ပြီး ကြိုက်နှစ်သက်ရာ အထပ်အမြင့်ကို ရွေးချယ်နိုင်ပါတယ်။ အခန်းအရေအတွက် ရှိသလောက် အကုန်ရောင်းချပေးပါတယ်။ အခန်းကုန်သွားရင် အဲဒီအထပ်အတွက် လက်မခံတော့ပါဘူး။ ကျန်အထပ်ကို လျှောက်ထားကြရမှာ ဖြစ်ပါတယ်။" ဟု ၎င်းကဆိုသည်။
ရောင်းချရာတွင် မြေညီထပ် ကျပ်သိန်း ၂၅၀နှင့် ပထမထပ် ကျပ်သိန်း ၂၄၀ တန်တို့သည် ဇွန်လထဲ၌ အကုန် ရောင်းချလိုက်ရသည်ဟု ၎င်းကဆိုသည်။
ဇူလိုင်လတွင် အငြိမ်းစားဝန်ထမ်းတွေအပြင် လက်ရှိနိုင်ငံ့ဝန်ထမ်းများကိုလည်း ဝယ်ယူခွင့် ပြုလိုက်သည်ဟု ၎င်းကပြောသည်။ လာရောက်လျှောက်ထားသူ ၁၈၀ ကျော်ရှိသည်ဟု ဆိုသည်။
"သိပ်မကြာခင်မှာ ဒီအိမ်ရာအနီးမှာ ကုန်တိုက်ကြီးတွေ စီးပွားရေးအဆောက်အအုံတွေ ထပ်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဖွင့်လှစ်လို့ လာရောက်လျှောက်ထားသူတွေ ရှိနေပါပြီ"ဟု ဦးရဲမင်းဦးကပြောသည်။
ဇူလိုင်လ တစ်လလုံး ဆက်လက်ရောင်းချပေးမှာ ဖြစ်သည်ဟု ၎င်းကဆိုသည်။ ဒုတိယအထပ်အတွက် ကျပ် သိန်း ၂၃၀ နှင့် တတိယအထက်အတွက် ကျပ် သိန်း ၂၂၀ ဖြစ်သည်။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service