ရန်ကုန်ရဲ့ အိမ်ရာလိုအပ်ချက်ပမာဏကကြီးမားနေဆဲ

ရန်ကုန်ရဲ့ အိမ်ရာလိုအပ်ချက်ပမာဏကကြီးမားနေဆဲ - Property News in Myanmar from iMyanmarHouse.com
13 Jul 2020 11:05 am တွင် တင်ခဲ့သည်
915 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိမ်ရာကဏ္ဍအတွက် အခန်းလိုအပ်ချက်များပြားနေသောကြောင့် တည်ဆောက်ပြီးသမျှ တန်ဖိုးနည်း အိမ်ရာများကို အစိုးရအနေဖြင့် အမြန်ဆုံးရောင်းချသင့်ကြောင်း မြို့ပြဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းအစိုးရထံခွဲဝေပြီး ရောင်းချခွင့်ပေးထားသော အိမ်ရာများမှာ အချိန် နောက်ကျမှသာရောင်းချနိုင်သောကြောင့် မြို့ပြပညာရှင်များကဝေဖန်လိုက်ခြင်းဖြစ်သည်။

အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခင်ဆောက်လုပ်ပြီးစီးခဲ့တဲ့ အိမ်ခန်းများအနက် ၃၀ ရာခိုင်နှုန်းကို ခွဲတမ်းဖြစ်သည့် အခန်း ၂၀၀၀ ကျော်ကို ရန်ကုန်တိုင်း အစိုးရအားပေးအပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တိုင်းအစိုးရအဖွဲ့က အဆိုပါအခန်းများကိုရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ရောင်းချနိုင်ရန်အတွက် လျှောက်လွှာများကို လည်းသက်ဆိုင်ရာမြို့နယ်များတွင်ရယူပြီးလျှောက်ထားကြရာတွင် အရေအတွက်အမြောက်အမြားရရှိခဲ့ကြောင်းထုတ်ပြန်ထားသည်။

“ အိမ်ရာကို ခွဲတမ်းစနစ်နဲ့ ရောင်းချခြင်းဟာ မဆလခေတ်က အိမ်ထောင်စုကော်မတီခွဲတမ်းကို ပြန်ပြီးသတိရစေပါတယ်။ နောက်ပြီး ယခင်အစိုးရလက်ထက်မှာပင် ရောင်းချရမယ့် အိမ်ခန်းတွေကိုဝယ်ယူလိုတဲ့ ပြည်သူတွေ များစွာရှိနေပါလျက် နှစ်ကြာမှ ထုတ်ရောင်းပေးနိုင်တာ လုံးဝမဖြစ်သင့်ပါဘူး” ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာတွင် လက်ရှိ အကြံပေးဆောင်ရွက်နေသော ဦးမြင့်မိုရ်ဆွေက ပြောသည်။

ရန်ကုန်တွင် တန်ဖိုးနည်း တန်ဖိုးသင့် အဌားအိမ်ရာများကိုမြို့ပြနှင့် အိမ်ရာဖွံံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များမှဖော်ဆောင်လျှက်ရှိတာပါ။

အိမ်ရာစီမံကိန်းအချို့ကိုလည်း အစိုးရနဲ့ပုဂ္ဂလိကကုမ္ပဏီတို့ပူးပေါင်းပြီးအကောင်အထည်ဖော်ဆောင်ရွက်နေမှုများလည်းရှိပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် တန်ဖိုးနည်းအိမ်ရာများအပါအဝင် ရန်ကုန်တွင် ငါးနှစ်အတွင်း အခန်းရှစ်ထောင်ကျော်ပါဝင်သော အိမ်ရာများ ဖော်ထုတ်နိုင်ရန် ရည်ရွယ်ထားသည်။

အခန်းအရေအတွက်များစွာ တည်ဆောက်ရန်ရည်ရွယ်သော်လည်းရောင်းချမယ့်ဈေးနှုန်းကို သိန် း၁၀၀အောက်အထိလျှော့ချဖို့အခက်အခက်တွေလည်းရှိနေတာပါ။

တည်ဆောက်မှုကုန်ကျစရိတ်ကို ပုံစံအမျိုးမျိုးဖြင့်စမ်းသပ်မှုများပြုလုပ်ခဲ့သော်လည်း သိန်း၁၀၀ ထက်လျော့နည်းသည့်တန်ဖိုးဖြင့် မကိုက်သဖြင့် သိန်း ၁၀၀ နှင့် ၁၅၀ ဝန်းကျင်ကြားတည်ဆောက်မှသာ အဆင်ပြေနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ PAE စနစ်နဲ့ဆောက်ရင်တောင်သိန်း ၈၀ နဲ့၇၀ ကြားကဆောက်လုပ်မှုကုန်ကျစရိတ်ရှိတယ် “ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

အစိုးရမှလည်းသိန်း၁၀၀အောက်ဖြင့်ရောင်းချနိုင်ရန် နေပြည်တော်တွင် စမ်းသပ်တည်ဆောက်မှုများပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုနည်းပါးခဲ့တာပါ။

ပြည်တွင်းမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ အခန်းတန်ဖိုးကိုသိန်း ၁၀၀အောက်ဖြင့်လျော့ချရောင်းချနိုင်ပါက အခန်းအရည်အသွေးမှာမူ အားနည်းနိုင်ကြောင်းလုပ်ငန်းရှင်များကဆိုသည်။

လုပ်ငန်းရှင်အများစုကမြေဈေးကြီးမြင့်နေမှုကို အကြောင်းပြနေပြီး အစိုးရမှ မြေနေရာချထားပေးပါက သိန်း ၁၀၀ ဝန်းကျင်ဖြင့်ရောင်းချနိုင်ရန် လုပ်ဆောင်ပေးမည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များကဆိုသည်။

ပြီးခဲ့သည့်အစိုးရလက်ထပ်က တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီမှ သိန်း၆၀ ဝန်းကျင်ဖြင့်တည်ဆောက်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများတည်ဆောက်ပေးမည်ဟု ကမ်းလှမ်းခဲ့ဖူးသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]







ရန်ကုန်တွင် တန်ဖိုးနည်း တန်ဖိုးသင့် အဌားအိမ်ရာများကိုမြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ များမှဖော်ဆောင်လျှက်ရှိတာပါ။












နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service