စပိန်နိုင်ငံသူနှင့် တိတ်တဆိတ်ချိန်းတွေ့ရန် ပေါ်တူဂီဘုရင်ဆောက်လုပ်ခဲ့သော နန်းတော်ကြီး ရောင်းချမည်ဟုဆို

စပိန်နိုင်ငံသူနှင့် တိတ်တဆိတ်ချိန်းတွေ့ရန် ပေါ်တူဂီဘုရင်ဆောက်လုပ်ခဲ့သော နန်းတော်ကြီး ရောင်းချမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
12 Jul 2020 11:37 am တွင် တင်ခဲ့သည်
827 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

[တနေ့တာ အကြိုက်ဆုံး အရောင်းကြော်ငြာ]

တည်နေရာ- ပေါ်တူဂီနိုင်ငံ၊ Portalegre ၊ Elvas

ဈေးနှုန်း- ယူရို ၁၂ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၁၄ ဒသမ ၀၈ သန်း)

ပေါ်တူဂီဘုရင် မန်ညူရယ် (၃) သည် စပိန်နိုင်ငံသူ ချစ်သူနှင့် လျှို့ဝှက်စွာချိန်းတွေ့နိုင်ရန် ဆောက်လုပ်ခဲ့သော နန်းတော်ကြီး အရောင်းဈေးကွက်ဝင်လာသည်။

ခမ်းနားလှသော ပြင်သစ်ဗိသုကာဟန် နန်းတော်ကြီးကို ၁၉ ရာစုအတွင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သမိုင်းဝင်ဖြစ်ရပ်များ ပြည့်နှက်နေသည့် နန်းတော်ကြီးဖြစ်သည်။

အိမ်ခြံမြေအကျိုးဆောင် ဆန်ဒရာ ဗီဆန်တီ၏ ပြောကြားချက်အရ ပေါ်တူဂီဘုရင် မန်ညူရယ် (၃) သည် သူ၏ စပိန်ချစ်သူနှင့် တွေ့ဆုံရန် ယခုနန်းတော်ကြီးကို ဆောက်လုပ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထီးနန်းဓလေ့များနှင့် အလှမ်းဝေးသည့် ဤနေရာတွင် လျှို့ဝှက် တွေ့ဆုံခဲ့ ကြခြင်းဖြစ်ကြောင်း ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် နန်းတော်တစ်ခုလုံး မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ထိုသို့မွမ်းမံရာတွင် ရှေးမူလက်ရာများ မပျက်စီးအောင် အထူးဂရုပြု ထိန်းသိမ်းမွမ်းမံခဲ့သည်။

မူရင်းလက်ရာများတွင် များစွာအလှဆင်ထားသည့် မျက်နှာကြက် ကောနစ်လိုင်းများ၊ သစ်မာသားကြမ်းခင်းနှင့် ရောင်စုံဆေးရေး မှန်ပြတင်းများ ပါဝင်သည်။

မြေအကျယ်အဝန်းမှာ ၉ ဟက်တာ (၂၂ ဧက) ရှိပြီး ယင်းအနက် ၅ ဟက်တာတွင် ပြင်သစ်ဟန် ရုက္ခဗေဒဥယျာဉ်အဖြစ် စိုက်ပျိုးထားပြီး ရင်သပ်ရှုမောဖွယ်ခမ်းနားသော ရေကန်နေရာအလှဆင်မှုများ ပါဝင်သည်။

ပန်းဥယျာဉ်နေရာများကို နာမည်ကျော် ပြင်သစ်မြေယာအလှပြင်ဆင်ရေးဗိသုကာပညာရှင် ယန်းကလော့ဒ် နီကိုလပ်စ် ဖော်ရက်စ်တီယာက ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

ဖော်ရက်စ်တီယာသည် စပိန်နိုင်ငံ၊ ဆီဗီးလ်မြို့ရှိ မာရီယာလူဝီဆာပန်းခြံနှင့် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၊ အီဖဲလ်မျှော်စင်အောက်ရှိ ရွှန်းဒမား ပန်းဥယျာဉ်တို့ကို ဒီဇိုင်းရေးဆွဲပေးခဲ့သူလည်း ဖြစ်သည်။

ပင်မစံအိမ်တော်မှာ စတုရန်းပေ ၃၆၃၈၁ ရှိပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်းး ၇ ခန်း ပါဝင်သည်။

ပင်မစံအိမ်တော်အပြင် ဧည့်ဂေဟာတစ်ခုလည်း ပါဝင်ပြီး အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၁ ခန်း ပါဝင်သည်။

နန်းတော်ဝန်းအတွင်း အသုံးမပြုတော့သော ဟိုတယ်တစ်ခုလည်း ပါဝင်သေးပြီး အခန်းပေါင်း ၃၃ ခန်းနှင့် စားသောက်ဆိုင် ၂ ခု ပါဝင်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: An Opulent Portuguese Mansion, Whispered to Have Royal Connections (Mansion Global)

 

[Zawgyi]

စပိန္ႏိုင္ငံသူႏွင့္ တိတ္တဆိတ္ခ်ိန္းေတြ႔ရန္ ေပၚတူဂီဘုရင္ေဆာက္လုပ္ခဲ့ေသာ နန္းေတာ္ၾကီး ေရာင္းခ်မည္ဟုဆို

[တေန႔တာ အၾကိဳက္ဆံုး အေရာင္းေၾကာ္ျငာ]

တည္ေနရာ- ေပၚတူဂီႏိုင္ငံ၊ Portalegre ၊ Elvas

ေစ်းႏႈန္း- ယူရို ၁၂ ဒသမ ၆ သန္း (ကန္ေဒၚလာ ၁၄ ဒသမ ၀၈ သန္း)

ေပၚတူဂီဘုရင္ မန္ညဴရယ္ (၃) သည္ စပိန္ႏိုင္ငံသူ ခ်စ္သူႏွင့္ လွ်ိဳ ႔ဝွက္စြာခ်ိန္းေတြ႔ႏိုင္ရန္ ေဆာက္လုပ္ခဲ့ေသာ နန္းေတာ္ၾကီး အေရာင္းေစ်းကြက္ဝင္လာသည္။

ခမ္းနားလွေသာ ျပင္သစ္ဗိသုကာဟန္ နန္းေတာ္ၾကီးကို ၁၉ ရာစုအတြင္းက ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး သမိုင္းဝင္ျဖစ္ရပ္မ်ား ျပည့္ႏွက္ေနသည့္ နန္းေတာ္ၾကီးျဖစ္သည္။

အိမ္ျခံေျမအက်ဳိးေဆာင္ ဆန္ဒရာ ဗီဆန္တီ၏ ေျပာၾကားခ်က္အရ ေပၚတူဂီဘုရင္ မန္ညဴရယ္ (၃) သည္ သူ၏ စပိန္ခ်စ္သူႏွင့္ ေတြ႔ဆံုရန္ ယခုနန္းေတာ္ၾကီးကို ေဆာက္လုပ္ရန္ အမိန္႔ေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ ထီးနန္းဓေလ့မ်ားႏွင့္ အလွမ္းေဝးသည့္ ဤေနရာတြင္ လွ်ိဳ ႔ဝွက္ ေတြ႔ဆံုခဲ့ ၾကျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

၂၀၁၅ ခုႏွစ္တြင္ နန္းေတာ္တစ္ခုလံုး မြမ္းမံျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့ျပီး ထိုသို႔မြမ္းမံရာတြင္ ေရွးမူလက္ရာမ်ား မပ်က္စီးေအာင္ အထူးဂရုျပဳ ထိန္းသိမ္းမြမ္းမံခဲ့သည္။

မူရင္းလက္ရာမ်ားတြင္ မ်ားစြာအလွဆင္ထားသည့္ မ်က္ႏွာၾကက္ ေကာနစ္လိုင္းမ်ား၊ သစ္မာသားၾကမ္းခင္းႏွင့္ ေရာင္စံုေဆးေရး မွန္ျပတင္းမ်ား ပါဝင္သည္။

ေျမအက်ယ္အဝန္းမွာ ၉ ဟက္တာ (၂၂ ဧက) ရွိျပီး ယင္းအနက္ ၅ ဟက္တာတြင္ ျပင္သစ္ဟန္ ရုကၡေဗဒဥယ်ာဥ္အျဖစ္ စိုက္ပ်ဳိးထားျပီး ရင္သပ္ရႈေမာဖြယ္ခမ္းနားေသာ ေရကန္ေနရာအလွဆင္မႈမ်ား ပါဝင္သည္။

ပန္းဥယ်ာဥ္ေနရာမ်ားကို နာမည္ေက်ာ္ ျပင္သစ္ေျမယာအလွျပင္ဆင္ေရးဗိသုကာပညာရွင္ ယန္းကေလာ့ဒ္ နီကိုလပ္စ္ ေဖာ္ရက္စ္တီယာက ဒီဇိုင္းေရးဆြဲေပးခဲ့ျခင္း ျဖစ္သည္။

ေဖာ္ရက္စ္တီယာသည္ စပိန္ႏိုင္ငံ၊ ဆီဗီးလ္ျမိဳ ႔ရွိ မာရီယာလူဝီဆာပန္းျခံႏွင့္ ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ျမိဳ ႔၊ အီဖဲလ္ေမွ်ာ္စင္ေအာက္ရွိ ရႊန္းဒမား ပန္းဥယ်ာဥ္တို႔ကို ဒီဇိုင္းေရးဆြဲေပးခဲ့သူလည္း ျဖစ္သည္။

ပင္မစံအိမ္ေတာ္မွာ စတုရန္းေပ ၃၆၃၈၁ ရွိျပီး အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္းး ၇ ခန္း ပါဝင္သည္။

ပင္မစံအိမ္ေတာ္အျပင္ ဧည့္ေဂဟာတစ္ခုလည္း ပါဝင္ျပီး အိပ္ခန္း ၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၁ ခန္း ပါဝင္သည္။

နန္းေတာ္ဝန္းအတြင္း အသံုးမျပဳေတာ့ေသာ ဟိုတယ္တစ္ခုလည္း ပါဝင္ေသးျပီး အခန္းေပါင္း ၃၃ ခန္းႏွင့္ စားေသာက္ဆိုင္ ၂ ခု ပါဝင္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: An Opulent Portuguese Mansion, Whispered to Have Royal Connections (Mansion Global)

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service