ဘယ်လ်ဂျီယမ်နိုင်ငံသားများ covid-19 ကာလအတွင်း သစ်ပင်များပေါ်တွင် အပန်းဖြေလျက်ရှိ

ဘယ်လ်ဂျီယမ်နိုင်ငံသားများ covid-19 ကာလအတွင်း သစ်ပင်များပေါ်တွင် အပန်းဖြေလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
10 Jul 2020 12:58 pm တွင် တင်ခဲ့သည်
1232 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဘယ်လ်ဂျီယံနိုင်ငံသားများသည် နွေရာသီအားလပ်ရက်ကာလ (ဘယ်လ်ဂျီယံတွင် နွေရာသီအချိန်ဖြစ်) အတွင်း ပြည်ပသို့ ခရီးထွက်အပန်းမဖြေဘဲ အချို့သော ဘယ်လ်ဂျီယမ် နိုင်ငံသားတို့သည် မိမိတို့နေအိမ်ခြံဝန်းအတွင်းတွင်ပင် ဆန်းပြားသောနည်းလမ်းဖြင့် အပန်းဖြေလျက်ရှိကြသည်။

ခြံဝန်းအတွင်း သစ်ပင်များပေါ်တွင် ဘဲဥသဏ္ဍာန် ရွက်ဖျင်တဲအိမ်များကို တွဲလောင်းဆွဲကာ ညအချိန်များတွင် နေထိုင်ဖြတ်သန်းလျက်ရှိသည်။

အဆိုပါ တွဲလောင်းဆွဲ အိမ်များကို နယ်သာလန် အနုပညာရှင် Dre Wapenaar က တီထွင်ထုတ်လုပ်တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ ယင်းရွက်ဖျင်တဲနေအိမ်များကို သမားရိုးကျ စီးပွားဖြစ်ရောင်းချသည့် အိမ်မျိုးဟူသည်ထက် အနုပညာလက်ရာတစ်ခုအဖြစ် ရှုမြင်ကြသည်။

“ဒီ တွဲလောင်းဆွဲအိမ်တွေမှာ နေထိုင်တည်းခိုဖို့ နွေရာသီရောက်တိုင်း စာရင်းပေးတဲ့သူ အပြည့်ရှိပါတယ်။ ဒီနှစ်မှာတော့ စာရင်းပေးသွင်း လာမှုတွေက ပိုမြန်လာကြတယ်။ ကျွန်မတို့မှာ ရွက်ဖျင်တဲအိမ်တွေ ရှိဦးမယ်ဆိုရင် ဇူလိုင်၊ သြဂုတ်လတွေရဲ့ နေ့ရက်တိုင်း နေထိုင်ကြဖို့ ရှိနေတယ်” ဟု ဘယ်လ်ဂျီယမ်နိုင်ငံ အရှေ့ပိုင်း Borgloon မြို့မှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အကြီးအကဲ Katrien Houbey က ပြောကြားသည်။

အဆိုပါမြို့ကလေး၏ သစ်ပင်များ တန်းစီပေါက်ရောက်နေရာကွင်းပြင်တစ်ခုတွင် တွဲလောင်းဆွဲနေအိမ် ၄ လုံးကို ၂၀၁၁ ခုနှစ်ကတည်းက စတင်ထားရှိခဲ့ခြင်း ဖြစ်သည်။

“ဒီလို တွဲလောင်းဆွဲနေအိမ်တွေမှာ နေထိုင်လိုသူများလာတာဟာ ကိုယ့်နယ်အတွင်းမှာပဲ သွားလာနေထိုင်ဖို့ အစိုးရရဲ့လမ်းညွှန်ချက်တွေကြောင့်ဖြစ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ လူတွေဟာ အလှည့်အပြောင်းနေရာတွေမှာ အပန်းဖြေဖို့ ရှာဖွေလာနေကြပါပြီ”ဟု သူမက ပြောကြားသည်။

တွဲလောင်းဆွဲနေအိမ်များတွင် လူ ၂ ဦး အိပ်စက်နိုင်ပြီး ရေချိုးခန်းနှင့် အကင်နေရာများ အသုံးပြုခွင့်လည်း ပါဝင်ကာ တည်းခိုခမှာ တစ်ညလျှင် ယူရို ၇၀ (ကန်ဒေါ်လာ ၇၉) ဖြစ်သည်။

သစ်ပင်များ ခုတ်လှဲနေခြင်းကို တားဆီးရန် ကြိုးပမ်းနေကြသည့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတက်ကြွလှုပ်ရှားသူများကို အားပေးသည့်အနေဖြင့် တွဲလောင်းဆွဲနေအိမ်များကို ၁၉၉၀ ပြည့်လွန်ကာလများတွင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွဲလောင်းဆွဲနေအိမ်များကို နယူးယောက်နှင့် ဥရောပတစ်လွှားရှိ မြို့ကြီးများတွင် လှည့်လည်ပြသခဲ့ပြီးလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Belgians holiday in trees as COVID-19 prompts staycations (Reuter)

 

 

[Zawgyi]

ဘယ္လ္ဂ်ီယမ္ႏိုင္ငံသားမ်ား covid-19 ကာလအတြင္း သစ္ပင္မ်ားေပၚတြင္ အပန္းေျဖလ်က္ရွိ

ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း ဘယ္လ္ဂ်ီယံႏိုင္ငံသားမ်ားသည္ ေႏြရာသီအားလပ္ရက္ကာလ (ဘယ္လ္ဂ်ီယံတြင္ ေႏြရာသီအခ်ိန္ျဖစ္) အတြင္း ျပည္ပသို႔ ခရီးထြက္အပန္းမေျဖဘဲ အခ်ဳိ ႔ေသာ ဘယ္လ္ဂ်ီယမ္ ႏိုင္ငံသားတို႔သည္ မိမိတို႔ေနအိမ္ျခံဝန္းအတြင္းတြင္ပင္ ဆန္းျပားေသာနည္းလမ္းျဖင့္ အပန္းေျဖလ်က္ရွိၾကသည္။

ျခံဝန္းအတြင္း သစ္ပင္မ်ားေပၚတြင္ ဘဲဥသ႑ာန္ ရြက္ဖ်င္တဲအိမ္မ်ားကို တြဲေလာင္းဆြဲကာ ညအခ်ိန္မ်ားတြင္ ေနထိုင္ျဖတ္သန္းလ်က္ရွိသည္။

အဆိုပါ တြဲေလာင္းဆြဲ အိမ္မ်ားကို နယ္သာလန္ အႏုပညာရွင္ Dre Wapenaar က တီထြင္ထုတ္လုပ္တပ္ဆင္ခဲ့ျခင္းျဖစ္သည္။ ယင္းရြက္ဖ်င္တဲေနအိမ္မ်ားကို သမားရိုးက် စီးပြားျဖစ္ေရာင္းခ်သည့္ အိမ္မ်ဳိးဟူသည္ထက္ အႏုပညာလက္ရာတစ္ခုအျဖစ္ ရႈျမင္ၾကသည္။

“ဒီ တြဲေလာင္းဆြဲအိမ္ေတြမွာ ေနထိုင္တည္းခိုဖို႔ ေႏြရာသီေရာက္တိုင္း စာရင္းေပးတဲ့သူ အျပည့္ရွိပါတယ္။ ဒီႏွစ္မွာေတာ့ စာရင္းေပးသြင္း လာမႈေတြက ပိုျမန္လာၾကတယ္။ ကၽြန္မတို႔မွာ ရြက္ဖ်င္တဲအိမ္ေတြ ရွိဦးမယ္ဆိုရင္ ဇူလိုင္၊ ၾသဂုတ္လေတြရဲ ႔ ေန႔ရက္တိုင္း ေနထုိင္ၾကဖို႔ ရွိေနတယ္” ဟု ဘယ္လ္ဂ်ီယမ္ႏိုင္ငံ အေရွ ႔ပိုင္း Borgloon ျမိဳ ႔မွ ကမၻာလွည့္ခရီးသြားလုပ္ငန္း အၾကီးအကဲ Katrien Houbey က ေျပာၾကားသည္။

အဆိုပါျမိဳ ႔ကေလး၏ သစ္ပင္မ်ား တန္းစီေပါက္ေရာက္ေနရာကြင္းျပင္တစ္ခုတြင္ တြဲေလာင္းဆြဲေနအိမ္ ၄ လံုးကို ၂၀၁၁ ခုႏွစ္ကတည္းက စတင္ထားရွိခဲ့ျခင္း ျဖစ္သည္။

“ဒီလို တြဲေလာင္းဆြဲေနအိမ္ေတြမွာ ေနထိုင္လိုသူမ်ားလာတာဟာ ကိုယ့္နယ္အတြင္းမွာပဲ သြားလာေနထိုင္ဖို႔ အစိုးရရဲ ႔လမ္းညႊန္ခ်က္ေတြေၾကာင့္ျဖစ္တယ္လို႔ ကၽြန္မယံုၾကည္ပါတယ္။ လူေတြဟာ အလွည့္အေျပာင္းေနရာေတြမွာ အပန္းေျဖဖို႔ ရွာေဖြလာေနၾကပါျပီ”ဟု သူမက ေျပာၾကားသည္။

တြဲေလာင္းဆြဲေနအိမ္မ်ားတြင္ လူ ၂ ဦး အိပ္စက္ႏိုင္ျပီး ေရခ်ဳိးခန္းႏွင့္ အကင္ေနရာမ်ား အသံုးျပဳခြင့္လည္း ပါဝင္ကာ တည္းခိုခမွာ တစ္ညလွ်င္ ယူရို ၇၀ (ကန္ေဒၚလာ ၇၉) ျဖစ္သည္။

သစ္ပင္မ်ား ခုတ္လွဲေနျခင္းကို တားဆီးရန္ ၾကိဳးပမ္းေနၾကသည့္ သဘာဝပတ္ဝန္းက်င္ ကာကြယ္ေရးတက္ၾကြလႈပ္ရွားသူမ်ားကို အားေပးသည့္အေနျဖင့္ တြဲေလာင္းဆြဲေနအိမ္မ်ားကို ၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ ဒီဇိုင္းေရးဆြဲ ထုတ္လုပ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ တြဲေလာင္းဆြဲေနအိမ္မ်ားကို နယူးေယာက္ႏွင့္ ဥေရာပတစ္လႊားရွိ ျမိဳ ႔ၾကီးမ်ားတြင္ လွည့္လည္ျပသခဲ့ျပီးလည္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Belgians holiday in trees as COVID-19 prompts staycations (Reuter)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service