ခေါင်းကိုက်ခြင်းက COVID-19 ရောဂါလက္ခဏာတစ်ခုလား
ခေါင်းကိုက်ခြင်းက COVID-19 ရောဂါလက္ခဏာတစ်ခုလား - Property News in Myanmar from iMyanmarHouse.com
10 Jul 2020 12:26 pm တွင် တင်ခဲ့သည်
1235 ကြိမ် ကြည့်ရှု့ပြီး
[Unicode] ခေါင်းကိုက်ခြင်းက COVID-19 ရောဂါလက္ခဏာတစ်ခုဆိုတာ သေချာပေမဲ့လည်း အခြား ၁၁ သန်းခန့်သော ကျန်းမာရေးအခြေအနေတွေရဲ့လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာတွေအပေါ်ပဲ အခြေခံပြီး ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစစ်ဆေးဖို့ ကြိုးစားဖို့ရာမှာ ပြဿနာရှိပါတယ်။ ဘယ်ရောဂါလက္ခဏာကမှ ဒါဆိုရင်တော့ COVID-19 ပဲလို့ ခိုင်မာသေချာစွာမပြနိုင်ပါဘူး။ ဒါကြောင့် သင့်မှာရောဂါကူးစက်ခံရခြင်း ဟုတ်မဟုတ်ကို COVID-19 စစ်‌ဆေးမှုကနေပဲ သိရှိနိုင်တာပါ။
အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနကတော့
* ဖျားခြင်း သို့မဟုတ် ချမ်းစိမ့်ခြင်း
* ချောင်းဆိုးခြင်း
* အသက်ရှူမှုတိုတောင်းခြင်း သို့မဟုတ် အသက်ရှူရခက်ခြင်း
* ပင်ပန်းနွမ်းလျခြင်း
* ကြွက်သား သို့မဟုတ် ခန္ဓာကိုယ်ကိုက်ခဲခြင်း
* ခေါင်းကိုက်ခြင်း
* အနံ့အရသာခံ၍မရခြင်း
* လည်ချောင်းနာခြင်း
* ဝမ်းချုပ်ခြင်း သို့မဟုတ် နှာရည်ယိုခြင်း
* (ပျို့ချင်အန်ချင်) မအီမသာဖြစ်ခြင်း သို့မဟုတ် အန်ခြင်း
* ဝမ်းလျှောခြင်း
ဆိုပြီး COVID-19 လက္ခဏာ ၁၁ မျိုးကို အသိအမှတ်ပြုထုတ်ပြန်ထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အထက်ပါရောဂါလက္ခဏာတွေကို အဖြစ်အများဆုံး COVID-19 ‌ရောဂါလက္ခဏာတွေအဖြစ် ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း အပေါ်မှာဖော်ပြခဲ့သလိုပဲ ပြဿနာကတော့ မြောက်မြားစွာသောကျန်းမာရေးအခြေအနေတွေ ကလည်း အလားတူလက္ခဏာတွေကို ဖြစ်စေနိုင်နေတာပဲဖြစ်ပါတယ်။
ဥပမာ - တုပ်ကွေးကလည်း ဖျားခြင်း သို့မဟုတ် ချမ်းစိမ့်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုမှုတိုတောင်းခြင်း၊ ပင်ပန်းနွမ်းလျခြင်းနဲ့ ခန္ဓာကိုယ်ကိုက်ခဲခြင်းတွေကို ဖြစ်စေပါတယ်။
ဒီတော့ အကယ်၍ သင့်မှာ အဲဒီရောဂါလက္ခဏာတွေပေါ်ပေါက်လာရင် COVID-19 လို့မယူဆဘဲ တုပ်ကွေးလို့ပဲ ယူဆသင့်လား?
အဖြေကတော့ - သင့်မှာ COVID-19 ကူးစက်ခံထားရပြီလို့ကို သဘောထားပြီး ဉာဏ်ကြီးစွာနဲ့ ပြုမူဆောင်ရွက်သင့်တယ်ဆိုတာပါပဲ။
ထိတ်လန့်နေဖို့မသင့်ဘဲ သင်နဲ့သင့်မိသားစုကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အောက်ပါအဆင့်တွေကို ဆောင်ရွက်သင့်ပါတယ်။
* အထက်ဖော်ပြပါရောဂါလက္ခဏာစာရင်းထဲက ဘယ်ရောဂါလက္ခဏာမဆို သင့်မှာဖြစ်တယ်ဆိုရင် အခြားသူတွေနဲ့မပတ်သက်ဘဲ တစ်‌ယောက်တည်းသီးခြားခွဲနေပါ။
* သက်ဆိုင်ရာကို သတင်းပို့ပြီး သက်ဆိုင်ရာမှ လိုအပ်၍ ညွှန်ကြားပါက COVID-19 စစ်ဆေးမှုခံယူပါ။
* စစ်ဆေးမှုခံယူဖို့ အပြင်ထွက်စဉ် နှာခေါင်းစည်း (Mask) တပ်ပြီး အခြားသူတွေနဲ့ (အနည်းဆုံး ၆ ‌ပေခွာ၍) ခပ်ခွာခွာနေပါ။
အကယ်၍ သင်က ခေါင်းပဲကိုက်တာ ဒါမှမဟုတ် အထက်ပါရောဂါလက္ခဏာတွေထဲက တစ်ခုတည်းကိုပဲ ခံစားရတာဆိုရင်တော့ စောင့်ကြည့်တဲ့နည်းလမ်းကို အသုံးချပါ။ ဥပမာ - ‌ခေါင်းကိုက်တာဆိုရင် နာရီအနည်းငယ်အကြာမှာ ခေါင်းကိုက်ပျောက်သွားတယ်ဆိုရင် COVID-19 လက္ခဏာမဟုတ်နိုင်ပါဘူး ဒါမှမဟုတ် ဝမ်းလျှောတာဆိုရင်လည်း အခြားလက္ခဏာနဲ့မတွဲဘဲ သူချည်းသက်သက်ဆိုရင်လည်း အစားအသောက်တစ်ခုခုမှားလို့လျှောတာပါ။
အဲဒီလိုမဟုတ်ဘဲ COVID-19 လက္ခဏာဖြစ်နိုင်တယ်ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့အဆင့်တွေအတိုင်း ဆောင်ရွက်ပါလို့ အကြံပြုလိုက်ရပါတယ်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Is Headache a Symptom of COVID-19? (webmd)
[Zawgyi]
* ချောင်းဆိုးခြင်း
* ပင်ပန်းနွမ်းလျခြင်း
* ခေါင်းကိုက်ခြင်း
* အနံ့အရသာခံ၍မရခြင်း
* လည်ချောင်းနာခြင်း
* ဝမ်းလျှောခြင်း
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service