ဧက ၆၀၀ ကျယ်သည့် မြင်းခြံသံမဏိစက်ရုံလုပ်ကိုင်ခွင့်အတွက် ကုမ္ပဏီ ၅ခု ပမာဏစာရင်းအောင်မြင်

ဧက ၆၀၀ ကျယ်သည့် မြင်းခြံသံမဏိစက်ရုံလုပ်ကိုင်ခွင့်အတွက် ကုမ္ပဏီ ၅ခု ပမာဏစာရင်းအောင်မြင် - Property News in Myanmar from iMyanmarHouse.com
9 Jul 2020 10:55 am တွင် တင်ခဲ့သည်
1120 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အရှုံးပေါ်၍ ရပ်ဆိုင်းထားသည့် မြင်းခြံသံမဏိ စက်ရုံ လည်ပတ်လုပ်ကိုင်ခွင့်အတွက် တရုတ်၊ အိန္ဒိယ၊ ထိုင်းကုမ္ပဏီများပါဝင်သည့် ကုမ္ပဏီ ၅ ခုကို ပမာဏ စာရင်းအောင်မြင်‌ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဇူလိုင် ၇ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

မြေဧက ၆၀၀ ခန့် ကျယ်ဝန်းသည် သံမဏိစက်ရုံ(မြင်းခြံ)ကို ပုဂ္ဂလိက ကုမ္မဏီများ အကျိုးတူပူးပေါင်းနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၀ ဇန်နဝါ ရီ ၁၆ ရက်တွင် စတင်ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ထိုစက်ရုံလုပ်ကိုင်ခွင့်ကို တရုတ်ကုမ္ပဏီ Sinostell Equipment Engineering ကုမ္ပဏီ၊ အိန္ဒိယ IMR Resources India Privatedကုမ္ပဏီ၊ ထိုင်းကုမ္ပဏီ Millcon Steel ကုမ္ပဏီ၊ ဖက်စပ်ကုမ္ပဏီ Go Excellent နှင့် Direct Investment ကုမ္ပဏီတို့ဖြစ်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုကုမ္ပဏီ ၅ ခုသည် တင်ဒါတင်ပြရန်အတွက် စက်ရုံလည်ပတ်ရေး စီမံချက်နှင့် မြန်မာဝန်ထမ်းများကို လစာအမြင့်နှုန်းပေးမည့် နှုန်းထားများ ပြင်ဆင်ထားရမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ စက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ဆားခါးကျေးရွာအနီး မြေဧက ၆၀၀ ခန့်တွင် တည်ရှပြီး တစ်နှစ်လျှင် တန်ချိန် ၁ ဒသမ ၈ သန်း ထုတ်လုပ်နိုင်သည့် စွမ်းအားရှိသည်ဟု ဝန်ကြီးဌာနကဆိုသည်။

ဝန်ကြီးဌာနက စိတ်ဝင်စားမှုတင်ပြလွှာ ဖိတ်ခေါ်ရာတွင်စိတ်ဝင်စားသည့် ကုမ္ပဏီများသည် သံမဏိစက်ရုံလုပ်ငန်းလည်ပတ်ခြင်းနှင့် ကော်မရှင်ဆောင်ရွက်နိုင်သည့် အတွေ့အကြုံရှိရမည်ဟု ဆိုသည်။

မြင်းခြံသံမဏိစက်ရုံသည် ဒီချုပ်အစိုးရလက်ထက်တွင် အရှုံးပေါ်နေ၍ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့်ရပ်ဆိုင်းခဲ့သော စီမံကိန်း ၂၄ ခုအနက် တစ်ခုဖြစ်သည်။

ထိုသံမဏိစက်ရုံ စီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် အီတလီကုမ္ပဏီ Danienli တို့ ၂၀၀၄ နိုဝင်ဘာတွင် စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ နိုဝင်ဘာတွင် စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်းက လွှဲပြောင်းရယူခဲ့သည်။

ထိုစက်ရုံတွင် ရင်းနှီးမြှုပ်နှံထားမှု ကျပ်ဘီလီယံ ၅၅၀ ကျော်ရှိသည်ဟု ယခင် စက်မှုဝန်ကြီးဟောင်း ဦးခင်မောင်ချိုက ၂၀၁၈ မတ်လတွင် လွှတ်တော်၌ ပြောကြားသည်။

ယာယီ ရပ်နားလိုက်ခြင်း၊ ဘတ်ဂျက် ခွင့်ပြုချက် မရမီ လုပ်ငန်းများ ကြိုတင် ဆောင်ရွက်ခဲ့ ခြင်းတို့ကြောင့် နစ်နာ ရသည့် လုပ်ငန်းရှင်များလည်း ရှိနေခဲ့ဖူးသည်။ ယင်းစက်ရုံ စီမံကိန်းကို တင်ဒါအောင်မြင်ပြီး ဆောင်ရွက်ခွင့်ရသော ကုမ္ပဏီများ ဖြစ်သည့် အေးရှား ဝေါကုမ္ပဏီ၊ မြန်မာ မဟာထွန်း ကုမ္ပဏီ၊ Myanmar Chemical & Machinery ကုမ္ပဏီ၊ KTK ကုမ္ပဏီနှင့် Asia Metal ကုမ္ပဏီတို့သည် အစိုးရဆီမှ ကျပ် ၉ ဘီလီယံ ကျော်ကို ၂၀၁၆ ခုနှစ် ကတည်းက ရရန် ရှိနေသည်။

မြင်းခြံ သံမဏိစက်ရုံ စီမံကိန်းအတွက် ကုမ္ပဏီများသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ လုပ်ငန်းများ စတင်ခဲ့ခြင်း ဖြစ်ပြီး ယခင် အစိုးရလက်ထက်က ငွေကြေးများရရှိခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်ကာ ယခုလို ပြဿနာ ပေါ်ပေါက် လာရခြင်း ဖြစ်ကြောင်း၊ ကုမ္ပဏီ တချို့မှာ ယင်းငွေ ပြန်မရသဖြင့် ချေးငွေကို လည်း ပြန်မဆပ်နိုင်ဘဲ ဖြစ်နေကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service