ကိုရိုနာဗိုင်းရပ်စ်သည် လေ၏ဆောင်ယူဖြန့်ကြဲခံရကြောင်း သက်သေကို လက်ခံသော်လည်း မခိုင်မာဟု WHO ထုတ်ပြန်
ကိုရိုနာဗိုင်းရပ်စ်သည် လေ၏ဆောင်ယူဖြန့်ကြဲခံရကြောင်း သက်သေကို လက်ခံသော်လည်း မခိုင်မာဟု WHO ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
9 Jul 2020 10:28 am တွင် တင်ခဲ့သည်
585 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
COVID-19 (Coronavirus Disease-2019) ခေါ် ကိုရိုနာဗိုင်းရပ်စ်‌သည် လေ၏ဆောင်ယူဖြန့်ကြဲခံရသဖြင့် ၎င်းပါဝင်သည့် ပိုမိုသေးငယ်သောအမှုန်များသည် လေထုထဲတွင် သက်ဆိုးရှည်နေပြီး လူများအား ရောဂါကူးစက်စေနိုင်ကြောင်း အထောက်အထားရှိသည်ဟုဆိုကာ ထောက်ခံအကြံပြုချက်များကို ပြန်လည်ပြင်ဆင်ရန် သိပ္ပံပညာရှင်ရာနှင့်ချီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အား တောင်းဆိုထားခဲ့သည်။
၎င်းကိုရိုနာဗိုင်းရပ်စ်ကူးစက်‌ရောဂါသည် အရင်းခံအားဖြင့် ရောဂါပိုးရှိသူတစ်ဦး ချောင်ဆိုး၊ နှာချေ၊ စကားပြောသောအခါ နှာခေါင်း သို့မဟုတ် ပါးစပ်မှ ထုတ်ပစ်သည့် အရည်စက်ကလေးများမှတစ်ဆင့် လူအချင်းချင်းကူးစက်ပျံ့နှံ့ခြင်းဖြစ်သည်ဟု WHO က ကြေညာထားသည်။
သို့သော်လည်း ပြီးခဲ့သည့်သီတင်းပတ်တွင် အဆိုပါသိပ္ပံပညာရှင်များက (ယခုသီတင်းပတ်၌ သိပ္ပံဂျာနယ်တစ်စောင်တွင် ထုတ်ပြန်ရန် စီစဉ်ထားသည့်) WHO သို့ အိတ်ဖွင့်ပေးစာ၌ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ သိပ္ပံပညာရှင် ၂၃၉ ဦးက မျောလွင့်နေသောထိုဗိုင်းရပ်စ်အမှုန်များသည် အသက်ရှူသွင်းလိုက်သည့်လူများကို ‌ရောဂါကူးစက်စေနိုင်ကြောင်း သက်သေကို တင်ပြခဲ့သည်။
အရည်စက်အရွယ်အစားကြီးကြီးမှ သယ်ဆောင်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်စေ များစွာပို၍သေးငယ်သောအရည်စက်ကလေးမှ သယ်ဆောင်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်စေ လေ၏ဆောင်ယူဖြန့်ကြဲခံရကာ လူတို့အသက်ရှူသွင်းသောအခါ ကူးစက်စေနိုင်ကြောင်း ထိုသိပ္ပံပညာရှင်များက ဆိုထားကြခြင်းဖြစ်သည်။
အိတ်ဖွင့်ပေးစာတွင် ပါဝင်သော တင်ပြချက်များအား WHO ၏ နည်းပညာဆိုင်ရာကျွမ်းကျင်သူများက စစ်ဆေးသုံးသပ်ခဲ့ကြပြီးနောက် ယမန်နေ့ (ဇူလိုင် ၇) တွင် ထိုစာပါသက်သေအထောက်အထားအား အသိအမှတ်ပြုလက်ခံခဲ့ကြခြင်းဖြစ်သည်။
ဂျီနီဗာတွင် ယမန်နေ့ (ဇူလိုင် ၇) က ပြုလုပ်သည့် ရှင်းလင်းပွဲ၌ WHO ၏ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်မှုနည်းပညာဆိုင်ရာ ခေါင်းဆောင် ဒေါက်တာဘန်းနက်ဒက်တာအလက်ဂ်ရန်ဇီက ကိုရိုနာဗိုင်းရပ်စ် လေ၏ဆောင်ယူဖြန့်ကြဲခံရပြီး ကူးစက်သည့် သက်သေထွက်ပေါ်လာကြောင်း၊ သို့သော်လည်း မခိုင်မာကြောင်း ပြောကြားခဲ့သည်။
“လူထူထပ်တဲ့နေရာ၊ အလုံပိတ်နေရာလိုမျိုး လေဝင်လေထွက်မကောင်းတဲ့နေရာမျိုးတွေမှာ လေရဲ့ဆောင်ယူဖြန့်ကြဲခံရပြီး ကူးစက်နိုင်ခြေကို ထည့်မတွက်လို့မရပါဘူး။ ဒါပေမဲ့လည်း သက်သေအထောက်အထား စု‌ဆောင်းဖို့လိုပါသေးတယ်။ အဲဒီဖြစ်နိုင်ခြေကို သက်သေထူဖို့ ကျွန်တ်တေို့ဆက်လက်လုပ်ဆောင်မှာပါ” ဟုလည်း သူမက ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: WHO acknowledges 'evidence emerging' of airborne spread of COVID-19 (Reuters)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service