အိမ်ယာစီမံကိန်းနှင့် အခြေခံဆောက်လုပ်ရေးကဏ္ဍတွင် အသုံးပြုငွေ နှစ်စဉ် ဒေါ်လာ ၅ ဘီလီယံကျော်ဖိုးရှိ

အိမ်ယာစီမံကိန်းနှင့် အခြေခံဆောက်လုပ်ရေးကဏ္ဍတွင် အသုံးပြုငွေ နှစ်စဉ် ဒေါ်လာ ၅ ဘီလီယံကျော်ဖိုးရှိ - Property News in Myanmar from iMyanmarHouse.com
8 Jul 2020 11:44 am တွင် တင်ခဲ့သည်
600 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိမ်ယာစီမံကိန်းနှင့် အခြေခံဆောက်လုပ်ရေးကဏ္ဍတွင် ပြည်တွင်း၊ပြည်ပသုံးငွေ နှစ်စဉ် ကျပ် ဘီလီယံ ၇၀၀၀ကျော်(ဒေါ်လာ ၅ ဘီလီယံကျော်) ရှိသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

ပြည်တွင်းသုံးငွေဖြင့် ငွေလုံးငွေရင်း ကဏ္ဍ ရင်းနှီးမြှုပ်နှံခြင်းလုပ်ငန်းနှင့် နိုင်ငံတကာချေးငွေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဟူ၍ ၂ မျိုးရှိပြီး ပြည်တွင်းလုပ်ငန်းများမှာ တန်ဖိုးသည်ကျပ် ဘီလီယံ ၅၀၀၀နှင့် နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများမှာ နှစ်စဉ်ငွေကျပ် ဘီလီယံ ၂ဝဝဝ ကျော်ရှိသည်ဟု ဝန်ကြီးကဆိုသည်။

ပြည်တွင်လုပ်ငန်းများကို ဝန်ကြီးဌာနများ၏ ဘတ်ဂျတ်ကဆောင်ရွက်ခြင်းဖြစ်သည်။ ပြည်တွင်းသုံးဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများသည် ကိုဗစ်-၁၉ စတင်သည့် မတ်လကုန်ပိုင်းမှစ၍ ဧပြီလတစ်လလုံး ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့သည်ဟုဒုဝန်ကြီးကဆိုသည်။

သို့သော်လည်း မေလပထမပတ်မှစ၍ ပြည်တွင်းသုံးငွေဖြင့် ဘတ်ဂျက်ချမှတ်သည့် လုပ်ငန်းအားလုံးနီးပါး ပြန်လည်စတင်နေသည်ဟု ၎င်းကဆိုသည်။ ယခုအခါ နိုင်ငံတော်၏ ပြည်တွင်းသုံးငွေနှင့် ဆောင်ရွက်သည့် လုပ်ငန်းအားလုံးနီးပါး ပုံမှန်အခြေအနေအတိုင်း ပြန်လည်ဆောင်ရွက်နေပြီ ဖြစ်သည်ဟု ဒုဝန်ကြီးကဆိုသည်။

အခက်အခဲများရှိသော်လည်း လုပ်ငန်းအများစုသည် ပုံမှန်အတိုင်း စက်တင်ဘာလကုန်တွင် ပြီးစီးမည်ဖြစ်သည်။ သို့သော်လည်း လုပ်ငန်းအနည်းစုသည် ကိုဗစ်-၁၉ ကြောင့် အချိန် ကာလနောက်ကျခြင်းနှင့် လက်ရှိမိုးရာသီ ရောက်ရှိနေခြင်းကြောင့် ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၃ လကို ထပ်တိုးဆောင်ရွက်ခွင့် တောင်းခံထားသည်။

နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးစီမံကိန်းများအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှု ပိုမိုရှိသည်ဟု ဒုဝန်ကြီးကဆိုသည်။ ပြည်ပမှ စက်ယာဉ်ယန္တရားနှင့် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းမှု နောက်ကျခြင်းနှင့် နိုင်ငံခြားသား ပညာရှင်များလာရောက်ရန် အခက်အခဲများကြောင့် အဓိက ထိခိုက်ရခြင်း ဖြစ်သည်ဟု ဝန်ကြီးကဆိုသည်။

ထိုလုပ်ငန်းများကို ကူညီထောက်ပံ့ရန် နိုင်ငံတကာချေးငွေအနေဖြင့် ADB, World Bank, JICA တို့မှ ထပ်မံ ကမ်းလှမ်းထားမှုများရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ နှင့် ပြည်ထောင်စုလွှတ်တော်မှ သဘောတူ ခွင့်ပြုပါက အဆိုပါ Project များ ၂ဝ၂၁ ခုနှစ်တွင် စတင်နိုင်မည် ဖြစ်သည်ဟုဆိုသည်။

ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ အနေဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်လုပ်ငန်းအတွက် တည်ဆောက်ခြင်း၊ သာသနာရေးဆိုင်ရာ အဆောက်အဦ တည်ဆောက်ခြင်းနှင့် Developer များဟူ၍ ၃ ပိုင်း ရှိသည်ဟုဆိုသည်။

ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်လုပ်ငန်းအတွက် တည်ဆောက်သူများနှင့်သာသနာရေးဆိုင်ရာ အဆောက်အဦတည်ဆောက်သူများသည် ကိုဗစ်-၁၉ စတင်သည့် မတ်လ၊ ဧပြီလများတွင် လုပ်ငန်းများ ရပ်ဆိုင်းသွားသော်လည်း မေလမှ စတင်၍ ပြန်လည် ဆောင်ရွက်နေကြပြီ ဖြစ်သည်ဟု ၎င်းကဆိုသည်။

သို့သော် ပုံမှန်အခြေအနေအောက် ၄ဝ ရာခိုင်နှုန်းခန့် လျော့နည်းနေဆဲဟု ဦးကျော်လင်းကဆိုသည်။

အဓိကအထိနာသည့် အပိုင်းမှာ Developer များက ရင်းနှီးမြှုပ်နှံသည့် အပိုင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အိမ်ရာအရောင်းအဝယ်သည် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် စတင်အေးစက်နေပြီး ၂ဝ၂ဝ ပြည့်နှစ် ကိုဗစ်-၁၉ ကာလအတွင်း ရပ်ဆိုင်းသလိုဖြစ်သွား၍ ဘဏ်ချေးငွေဖြင့် ဆောင်ရွက်နေသည့် Developer များအတွက် သက်ရောက်မှု ကြီးမားခဲ့သည်ဟုဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ယာစီမံကိန္းႏွင့္ အေျခခံေဆာက္လုပ္ေရးက႑တြင္ အသုံးျပဳေငြ ႏွစ္စဥ္ ေဒၚလာ ၅ ဘီလီယံေက်ာ္ဖိုးရွိ

အိမ္ယာစီမံကိန္းႏွင့္ အေျခခံေဆာက္လုပ္ေရးက႑တြင္ ျပည္တြင္း၊ျပည္ပသုံးေငြ ႏွစ္စဥ္ က်ပ္ ဘီလီယံ ၇၀၀၀ေက်ာ္(ေဒၚလာ ၅ ဘီလီယံေက်ာ္) ရွိသည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက ေျပာသည္။

ျပည္တြင္းသုံးေငြျဖင့္ ေငြလုံးေငြရင္း က႑ ရင္းႏွီးျမႇဳပ္ႏွံျခင္းလုပ္ငန္းႏွင့္ ႏိုင္ငံတကာေခ်းေငြျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းဟူ၍ ၂ မ်ိဳးရွိၿပီး ျပည္တြင္းလုပ္ငန္းမ်ားမွာ တန္ဖိုးသည္က်ပ္ ဘီလီယံ ၅၀၀၀ႏွင့္ ႏိုင္ငံတကာေခ်းေငြျဖင့္ ေဆာင္႐ြက္သည့္လုပ္ငန္းမ်ားမွာ ႏွစ္စဥ္ေငြက်ပ္ ဘီလီယံ ၂ဝဝဝ ေက်ာ္ရွိသည္ဟု ဝန္ႀကီးကဆိုသည္။

ျပည္တြင္လုပ္ငန္းမ်ားကို ဝန္ႀကီးဌာနမ်ား၏ ဘတ္ဂ်တ္ကေဆာင္႐ြက္ျခင္းျဖစ္သည္။ ျပည္တြင္းသုံးဘတ္ဂ်က္ျဖင့္ ေဆာင္႐ြက္သည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားသည္ ကိုဗစ္-၁၉ စတင္သည့္ မတ္လကုန္ပိုင္းမွစ၍ ဧၿပီလတစ္လလုံး ေဆာက္လုပ္ေရး လုပ္ငန္းမ်ားအားလုံးနီးပါး ရပ္ဆိုင္းသြားခဲ့သည္ဟုဒုဝန္ႀကီးကဆိုသည္။

သို႔ေသာ္လည္း ေမလပထမပတ္မွစ၍ ျပည္တြင္းသုံးေငြျဖင့္ ဘတ္ဂ်က္ခ်မွတ္သည့္ လုပ္ငန္းအားလုံးနီးပါး ျပန္လည္စတင္ေနသည္ဟု ၎ကဆိုသည္။ ယခုအခါ ႏိုင္ငံေတာ္၏ ျပည္တြင္းသုံးေငြႏွင့္ ေဆာင္႐ြက္သည့္ လုပ္ငန္းအားလုံးနီးပါး ပုံမွန္အေျခအေနအတိုင္း ျပန္လည္ေဆာင္႐ြက္ေနၿပီ ျဖစ္သည္ဟု ဒုဝန္ႀကီးကဆိုသည္။

အခက္အခဲမ်ားရွိေသာ္လည္း လုပ္ငန္းအမ်ားစုသည္ ပုံမွန္အတိုင္း စက္တင္ဘာလကုန္တြင္ ၿပီးစီးမည္ျဖစ္သည္။ သို႔ေသာ္လည္း လုပ္ငန္းအနည္းစုသည္ ကိုဗစ္-၁၉ ေၾကာင့္ အခ်ိန္ ကာလေနာက္က်ျခင္းႏွင့္ လက္ရွိမိုးရာသီ ေရာက္ရွိေနျခင္းေၾကာင့္ ၂ဝ၂ဝ ျပည့္ႏွစ္ ေအာက္တိုဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာ ၃ လကို ထပ္တိုးေဆာင္႐ြက္ခြင့္ ေတာင္းခံထားသည္။

ႏိုင္ငံတကာေခ်းေငြျဖင့္ ေဆာင္႐ြက္သည့္ ေဆာက္လုပ္ေရးစီမံကိန္းမ်ားအေနျဖင့္ ကိုဗစ္-၁၉ ေၾကာင့္ ထိခိုက္မႈ ပိုမိုရွိသည္ဟု ဒုဝန္ႀကီးကဆိုသည္။ ျပည္ပမွ စက္ယာဥ္ယႏၲရားႏွင့္ ေဆာက္လုပ္ေရးပစၥည္းမ်ား တင္သြင္းမႈ ေနာက္က်ျခင္းႏွင့္ ႏိုင္ငံျခားသား ပညာရွင္မ်ားလာေရာက္ရန္ အခက္အခဲမ်ားေၾကာင့္ အဓိက ထိခိုက္ရျခင္း ျဖစ္သည္ဟု ဝန္ႀကီးကဆိုသည္။

ထိုလုပ္ငန္းမ်ားကို ကူညီေထာက္ပံ့ရန္ ႏိုင္ငံတကာေခ်းေငြအေနျဖင့္ ADB, World Bank, JICA တို႔မွ ထပ္မံ ကမ္းလွမ္းထားမႈမ်ားရွိၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕ ႏွင့္ ျပည္ေထာင္စုလႊတ္ေတာ္မွ သေဘာတူ ခြင့္ျပဳပါက အဆိုပါ Project မ်ား ၂ဝ၂၁ ခုႏွစ္တြင္ စတင္ႏိုင္မည္ ျဖစ္သည္ဟုဆိုသည္။

ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျဖင့္ ေဆာင္႐ြက္သည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား အေနျဖင့္ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈအပိုင္းတြင္ ကိုယ္ပိုင္အိမ္၊ ကိုယ္ပိုင္လုပ္ငန္းအတြက္ တည္ေဆာက္ျခင္း၊ သာသနာေရးဆိုင္ရာ အေဆာက္အဦ တည္ေဆာက္ျခင္းႏွင့္ Developer မ်ားဟူ၍ ၃ ပိုင္း ရွိသည္ဟုဆိုသည္။

ကိုယ္ပိုင္အိမ္၊ ကိုယ္ပိုင္လုပ္ငန္းအတြက္ တည္ေဆာက္သူမ်ားႏွင့္သာသနာေရးဆိုင္ရာ အေဆာက္အဦတည္ေဆာက္သူမ်ားသည္ ကိုဗစ္-၁၉ စတင္သည့္ မတ္လ၊ ဧၿပီလမ်ားတြင္ လုပ္ငန္းမ်ား ရပ္ဆိုင္းသြားေသာ္လည္း ေမလမွ စတင္၍ ျပန္လည္ ေဆာင္႐ြက္ေနၾကၿပီ ျဖစ္သည္ဟု ၎ကဆိုသည္။

သို႔ေသာ္ ပုံမွန္အေျခအေနေအာက္ ၄ဝ ရာခိုင္ႏႈန္းခန႔္ ေလ်ာ့နည္းေနဆဲဟု ဦးေက်ာ္လင္းကဆိုသည္။

အဓိကအထိနာသည့္ အပိုင္းမွာ Developer မ်ားက ရင္းႏွီးျမႇဳပ္ႏွံသည့္ အပိုင္းျဖစ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ အိမ္ရာအေရာင္းအဝယ္သည္ ၂ဝ၁၈-၂ဝ၁၉ ခုႏွစ္တြင္ စတင္ေအးစက္ေနၿပီး ၂ဝ၂ဝ ျပည့္ႏွစ္ ကိုဗစ္-၁၉ ကာလအတြင္း ရပ္ဆိုင္းသလိုျဖစ္သြား၍ ဘဏ္ေခ်းေငြျဖင့္ ေဆာင္႐ြက္ေနသည့္ Developer မ်ားအတြက္ သက္ေရာက္မႈ ႀကီးမားခဲ့သည္ဟုဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service