အဆောက်အဦးနှင့်အိမ်ရာများ အရည်အသွေးမြင့်မားပြီး အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရန် ဝန်ကြီးတိုက်တွန်း

အဆောက်အဦးနှင့်အိမ်ရာများ အရည်အသွေးမြင့်မားပြီး အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ရန် ဝန်ကြီးတိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
8 Jul 2020 11:10 am တွင် တင်ခဲ့သည်
665 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အဆောက်အဦးနှင့်အိမ်ရာများ အရည်အသွေး မြင့်မားပြီး၊ အန္တရာယ်ကင်းရှင်းစွာ၊ ပြည်သူနေနိုင်ရေး အမြဲကြိုးစားရန် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ World Federation of Engineering Organizations(WFEO), Federation of Engineering Institutions of Asia and Pacific (FEIAP) တို့နှင့် ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသော အသင်းအဖွဲ့များ၊ ပညာရှင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာ အကြောင်းအရာများ ကို Online မှတဆင့် Webinar ဖြင့် ဟောပြောပို့ချခြင်းအခမ်းအနားတွင် ဝန်ကြီးကပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဇူလိုင် ၇ ရက်တွင် ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဆောက်လုပ်ရေးကဏ္ဍ၏ အရည်အသွေးမြင့်မားရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အဆင့်အတန်းများ တိုးတက်ရေးအတွက် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးကြပါရန်လိုအပ်သည်ဟုဆိုသည်။ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အခြေခံအဆောက်အအုံများနှင့် အများပြည်သူသုံး အဆောက်အအုံများ အကောင်အထည် ဖော်နိုင်ကြမည်ဟု ဝန်ကြီးကပြောသည်။

ဆောင်လုပ်ရေးကဏ္ဍ၏ လုပ်ဆောင်ချက်များကို လမ်းကြောင်းမှန်ရောက်ရေး ထိန်းကျောင်းရန် အဖွဲ့အစည်းတစ်ရပ်ကို မဖြစ်မနေဖွဲ့စည်းသွားမည်ဟုလည်းဆိုသည်။ ဝန်ကြီးက ပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ပေးမည့် အဖွဲ့အစည်း တစ်ရပ်ကို ဖွဲ့စည်းပြီး ဆောက်လုပ်ရေးကဏ္ဍလုပ်ဆောင်ချက်များကို သေချာစွာ ထိန်းကျောင်းသွားမည်ဟုဆိုသည်။ ထိုသို့ထိန်းကြောင်းခြင်းဖြင့် တိုးတက်ကောင်းမွန်သည့် လမ်းကြောင်းပေါ်သို့ရောက်ရှိနေရန် ဆောင်ရွက်ရမည်ဟု ဝန်ကြီးကဆိုသည်။

ထို့ပြင် ဝန်ကြီးက ဆောက်လုပ်ရေးကဏ္ဍများတွင် ဘေးအန္တရာယ် နှင့် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးသည် အရေးကြီးသည်ဟုဆိုသည်။ အဆောက်အဦးပြိုကျပျက်စီးခြင်းနှင့်လုပ်ငန်ခွင် ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းသည် တနေ့ထက်တနေ့များပြားလာသည်ဟုဆိုသည်။ ထိုကြောင့် အခြေခံစံနှုန်းများကို မြှင့်တင့်၍ ထိန်းချုပ်ရမည်ဟုဆိုသည်။ ဆောက်လုပ်ရေးစီမံကိန်းများ၌ ဒီဇိုင်းရေးဆွဲခြင်း၊ တင်ဒါ ခေါ်ယူခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်း စသည်တို့ကိုလည်း ထိန်းချုပ်ရမည် ဖြစ်သည်ဟုလည်းဆိုသည်။

အစိုးရအဖွဲ့အနေဖြင့် တာဝန်ယူမူ၊တာဝန်ခံမှုကို မြှင့်တင်ရေး ဝင်ရောက်ဖြေရှင်းပေးခြင်းဖြင့် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဟု ဝန်ကြီးကဆိုသည်။

ဆောက်လုပ်ရေးကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများကို တည်ဆောက်ပေးခြင်းဖြစ်သည်။ ထိုကြောင့် နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှု ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းကို ဆောက်လုပ်ရေး ကဏ္ဍတွင် အသုံးပြုနေသည်ဟုဝန်ကြီးက ဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက အဆောက်အအုံဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ထုတ်ပြန်နိုင်ရေးအတွက် ကြိုးစားနေသည်ဟု ဝန်ကြီးကဆိုသည်။မြန်မာနိုင်ငံအမျိုးသား အဆောက်အအုံဆိုင်ရာလမ်းညွှန်ချက်များကိုလည်း ၂၀၂၀ ခုနှစ်အတွင်း ထုတ်ပြန်မည်ဟုဝန်ကြီးက ဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service