ဟောလိဝုဒ်သရုပ်ဆောင်များ ဗြိတိန်၏ COVID-19 quarantine စည်းမျဉ်းများမှ ကင်းလွတ်ခွင့်ရ
ဟောလိဝုဒ်သရုပ်ဆောင်များ ဗြိတိန်၏ COVID-19 quarantine စည်းမျဉ်းများမှ ကင်းလွတ်ခွင့်ရ - Property News in Myanmar from iMyanmarHouse.com
8 Jul 2020 10:57 am တွင် တင်ခဲ့သည်
858 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်တွင် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုဆက်လက်လည်ပတ်နိုင်ရန် ဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်းအဖြစ် တွမ်ခရုစ်အပါအဝင် ဟောလိဝုဒ်သရုပ်ဆောင်အကျော်အမော်များအား quarantine စည်းမျဉ်းစည်းကမ်းများမှ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ကြေညာလိုက်သည်။
ယဉ်ကျေးမှုဝန်ကြီး အိုလီဗာဒေါင်ဒင်ကြေညာခဲ့သည့် အဆိုပါကြေညာချက်က Mission Impossible 7 ကဲ့သို့သော ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုနှင့် British Grand Prix ကဲ့သို့သော အားကစားပွဲတို့၏ အဓိကပုဂ္ဂိုလ်များအား ဆိုက်ရောက်သည်နှင့် ၁၄ ရက်ကြာ quarantine ဝင်စရာမလိုဘဲ ဗြိတိန်သို့ ဝင်ရောက်ခွင့်ရှိစေသည်။
ဒေါင်ဒင်က သူသည် Mission Impossible 7 နှင့် 8 တို့နှင့်ပတ်သက်၍ ခရုစ်နှင့် စကားပြောပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
Mission Impossible 7 ဇာတ်ကားအတွက် ရိုက်ကူးမှုများကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီလတွင် ရပ်နားထားခဲ့ပြီးနောက် လာမည့်စက်တင်ဘာတွင် ပြန်လည်စတင်ရန် စီစဉ်ထားသည်။
Paramount ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးသည့်၊ လူကြိုက်များသော Mission Impossible ဇာတ်လမ်းတွဲ၏ ၇ ကားမြောက် Mission Impossible 7 ကို ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ရုံတင်နိုင်ရန် မျှော်မှန်းထားပြီး ၈ ကားမြောက် Mission Impossible 8 အား ၂၀၂၂ ခုနှစ်အတွင်း ပြသနိုင်ရန် ရည်မှန်းထားခြင်းဖြစ်သည်။
“ရုပ်ရှင်လုပ်ငန်းကို ပြန်လည်ဦးမော့လာစေချင်ပါတယ်။ မဖြစ်မနေလိုအပ်တဲ့ သရုပ်ဆောင်နဲ့ ရိုက်ကူးရေးအဖွဲ့သားအနည်းငယ်ကို quarantine ကင်းလွတ်ခွင့်ပေးတာဟာ ရုပ်ရှင်လုပ်ငန်းဘေးကင်းကင်းနဲ့ ပြန်လည်လည်ပတ်စေဖို့ ကျွန်တော်တို့ရဲ့ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။” ဟုလည်း ဒေါင်ဒင်က ဖြည့်စွက်ပြောကြားခဲ့သည်။
COVID-19 ကြောင့် ရုပ်ရှင်လုပ်ငန်းရပ်တန့်သွားမှုတွင် ပိတ်မိသွားခဲ့သည့် ဇာတ်ကားထုတ်လုပ်မှုများတွင် Batman ၊ Fantastic Beasts 3 နှင့် Netflix စီးရီးဖြစ်သည့် The Witcher တို့ပါဝင်သည်။
ဗြတိန်ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်ချုပ် ဘန်ရောဘတ်က “ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလုပ်ငန်းဟာ ဗြတိန်စီးပွားရေးမှာ ပေါင် ၉ ဒသမ ၉ ဘီလီယံတန်ကြေးရှိပြီး ထုတ်လုပ်မှုတွေအမြန်ဆုံးပြန်လည်လည်ပတ်နိုင်အောင်ဆောင်ရွက်တာက ကျွန်တော်တို့ရဲ့လုပ်ငန်းကို ကူညီရာရောက်ပါတယ်။” ဟု ပြောကြားလျက် အဆိုပါသတင်းအား ကြိုဆိုခဲ့သည်။
ဗြိတိန်ရုပ်ရှင်ကော်မရှင်၏ အမှုဆောင်ချုပ် အာဒရီယံဝူတန်၏ ပြောကြားချက်အရလည်း ပြင်ပရိုက်ကူးထုတ်လုပ်မှုများသည် ၂၀၁၉ ခုနှစ်တွင် ပေါင် ၃ ဘီလီယံတန်ဖိုးရှိခဲ့ကြောင်း သိရသည်။
ရုပ်ရုင်နှင့်ရုပ်မြင်သံကြားရိုက်ကူးထုတ်လုပ်မှုများကို social distancing ၊ ဘေးကင်းလုံခြုံမှုလေ့ကျင့်သင်ကြားရေးနှင့် ကိုယ်အပူချိန်တိုင်းတာမှု စသည့် COVID-19 အစီအမံများဖြင့် ဆောင်ရွက်သွားရန်ကိုလည်း ကြေညာထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Hollywood stars to be exempt from UK's coronavirus quarantine rules (theguardian)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service