Covid-19 ကာလအတွင်း လက်သန့်ဆေးရည် ထုတ်လုပ်ရောင်းချပြီး ၁၂ ပတ်အတွင်း ပေါင် သန်း ၃၀ ရရှိအောင် စွမ်းဆောင်နိုင်သည့် အင်္ဂလန်က အိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံ

Covid-19 ကာလအတွင်း လက်သန့်ဆေးရည် ထုတ်လုပ်ရောင်းချပြီး ၁၂ ပတ်အတွင်း ပေါင် သန်း ၃၀ ရရှိအောင် စွမ်းဆောင်နိုင်သည့် အင်္ဂလန်က အိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံ - Property News in Myanmar from iMyanmarHouse.com
7 Jul 2020 12:29 pm တွင် တင်ခဲ့သည်
745 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စကော့တလန်နိုင်ငံတွင် အင်ဒရူးနှင့် ရေချယ် မွန်တေ့တို့ ဇနီးမောင်နှံသည် လွန်ခဲ့သော ၁၂ ပတ်ခန့်က လက်သန့်ဆေးရည် ရောင်းချသည့် လုပ်ငန်းတစ်ခု စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ပေါင် သန်း ၃၀ ခန့် ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီ ဖြစ်သည်။

၎င်းတို့ ဇနီးမောင်နှံသည် ClearWater Hygiene အမည်ရှိ ကုမ္ပဏီလုပ်ငန်းတစ်ခု ထူထောင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် အများပြည်သူတို့အတွက် အရည်အသွေးမြင့် လက်သန့်ဆေးရည်ကို ထုတ်လုပ်ရောင်းချခဲ့သည်။

စကော့တလန်နိုင်ငံ၊ အဘာဒင်းပြည်နယ်၊ ဘန်ချိုရီမြို့ရှိ Deeside Gin Distillery စက်ရုံတွင် လက်သန့်ဆေးရည်များ မှာယူထုတ်လုပ်ပြီး လန်ကက်ရှိုင်းယားပြည်နယ်၊ ပရက်စ်တန်တွင် ဘူးသွတ်ခဲ့ခြင်း ဖြစ်သည်။

လက်သန့်ဆေးရည်တွင် အီသနော ၈၀ ရာခိုင်နှုန်းပါဝင်ရာ ဆေးရုံများ၊ ဘိုးဘွားဂေဟာများနှင့် အခြားသော ပြည်သူ့ကျန်းမာရေး ဌာနများတွင် အသုံးပြုရန် သင့်လျော်စေသည်။

၎င်းတို့၏ ကုမ္ပဏီသည် စာတိုက်ကြီး၊ JD plc ၊ O2 Retail ၊ BP နှင့် Aldi အစရှိသော လုပ်ငန်းကြီးများနှင့် လက်သန့် ဆေးဘူးများစွာ ရောင်းချပေးရန် ကန်ထရိုက်စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကာ အချို့မှာ နှစ်ရှည်စာချုပ်ဖြစ်ရာ စုစုပေါင်း စာချုပ်တန်ဖိုးမှာ ပေါင် သန်း ၃၀ ဖိုး ရှိသည်။

၎င်းတို့ဇနီးမောင်နှံသည် မတ်လအတွင်း လုပ်ငန်းစတင်တည်ထောင်ချိန်မှစပြီး ယနေ့ကာလအထိ လက်ငင်းဝင်ငွေ ပေါင် ၃ သန်းကျော် ရရှိထားပြီးဖြစ်ကာ လက်သန့်ဆေးရည် ထုတ်ကုန်အများအပြားကို အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဌာနသို့ လှူဒါန်းခဲ့ပြီးလည်း ဖြစ်သည်။

လက်ရှိအားဖြင့် အချိန်ပြည့်ဝန်ထမ်း ၁၂ ဦးနှင့် ကာလအပိုင်းအခြားတစ်ခုအထိ စာချုပ်ချုပ်ငှားရမ်းထားသည့် ဝန်ထမ်း ၆ ဦးရှိသည်။

ClearWater Hygiene ကုမ္ပဏီကို စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဂျ်မြို့မြောက်ပိုင်း Leith အရပ်တွင် ရုံးချုပ်စိုက်ပြီး စကော့တလန်နှင့် ဗြိတိန်နိုင်ငံတဝန်း နေရာအများအပြားတွင် ရုံးခွဲများရှိသည်။

အိမ်ခြံမြေ developer တစ်ဦးလည်းဖြစ်သူ အင်ဒရူးက ပြောကြားရာတွင် “မတ်လမှာ lockdown စတင်ကြေညာတဲ့အချိန်မှာ သွင်းကုန် တွေအပေါ် မှီခိုနေရတာတွေ လျှော့ချနိုင်ဖို့ အရေးကြီးမှုနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ထုတ်ကုန်တွေ ကို မျှတတဲ့ဈေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေအတွက် ရနိုင်ဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ ချက်ချင်းသတိပြု တွေ့မြင်ခဲ့ပါတယ်” ဟု ပြောကြားသည်။

“အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ခဲ့တဲ့နည်းတူ covid-19 ကို ရင်ဆိုင်ရတဲ့တိုက်ပွဲမှာ များစွာလိုအပ်တဲ့ ထုတ်ကုန်တွေကို အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုထံ လှူဒါန်းနိုင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တ ၁၂ ပတ်က လုပ်ငန်းစတင်ခဲ့ပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံတဝန်းမှာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေ ဝယ်လိုအား အရမ်းများလာတာ တွေ့ခဲ့ရတယ်” ဟု အင်ဒရူးက ပြောကြားခဲ့ပြီး ရက်သတ္တပတ်လျှင် လက်သန့်ဆေးရည် ၉၀၀၀၀၀ လီတာ ထုတ်လုပ်ပေးနေကြောင်းလည်း ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Couple who set up hand sanitiser business 12 weeks ago set to make £30 million (Metro)

 

[Zawgyi]

 

Covid-19 ကာလအတြင္း လက္သန္႔ေဆးရည္ ထုတ္လုပ္ေရာင္းခ်ျပီး ၁၂ ပတ္အတြင္း ေပါင္ သန္း ၃၀ ရရွိေအာင္ စြမ္းေဆာင္ႏိုင္သည့္ အဂၤလန္က အိမ္ျခံေျမလုပ္ငန္းရွင္ ဇနီးေမာင္ႏွံ

စေကာ့တလန္ႏိုင္ငံတြင္ အင္ဒရူးႏွင့္ ေရခ်ယ္ မြန္ေတ့တို႔ ဇနီးေမာင္ႏွံသည္ လြန္ခဲ့ေသာ ၁၂ ပတ္ခန္႔က လက္သန္႔ေဆးရည္ ေရာင္းခ်သည့္ လုပ္ငန္းတစ္ခု စတင္တည္ေထာင္ခဲ့ျပီး ယခုအခါ ေပါင္ သန္း ၃၀ ခန္႔ ရရွိေအာင္ စြမ္းေဆာင္ထားႏိုင္ျပီ ျဖစ္သည္။

၎တို႔ ဇနီးေမာင္ႏွံသည္ ClearWater Hygiene အမည္ရွိ ကုမၸဏီလုပ္ငန္းတစ္ခု ထူေထာင္ခဲ့ျပီး က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ အမ်ားျပည္သူတို႔အတြက္ အရည္အေသြးျမင့္ လက္သန္႔ေဆးရည္ကို ထုတ္လုပ္ေရာင္းခ်ခဲ့သည္။

စေကာ့တလန္ႏိုင္ငံ၊ အဘာဒင္းျပည္နယ္၊ ဘန္ခ်ဳိရီျမိဳ႕ရွိ Deeside Gin Distillery စက္ရံုတြင္ လက္သန္႔ေဆးရည္မ်ား မွာယူထုတ္လုပ္ျပီး လန္ကက္ရႈိင္းယားျပည္နယ္၊ ပရက္စ္တန္တြင္ ဘူးသြတ္ခဲ့ျခင္း ျဖစ္သည္။

လက္သန္႔ေဆးရည္တြင္ အီသေနာ ၈၀ ရာခိုင္ႏႈန္းပါဝင္ရာ ေဆးရံုမ်ား၊ ဘိုးဘြားေဂဟာမ်ားႏွင့္ အျခားေသာ ျပည္သူ႔က်န္းမာေရး ဌာနမ်ားတြင္ အသံုးျပဳရန္ သင့္ေလ်ာ္ေစသည္။

၎တို႔၏ ကုမၸဏီသည္ စာတိုက္ၾကီး၊ JD plc ၊ O2 Retail ၊ BP ႏွင့္ Aldi အစရွိေသာ လုပ္ငန္းၾကီးမ်ားႏွင့္ လက္သန္႔ ေဆးဘူးမ်ားစြာ ေရာင္းခ်ေပးရန္ ကန္ထရိုက္စာခ်ဳပ္မ်ား ခ်ဳပ္ဆိုႏိုင္ခဲ့ကာ အခ်ဳိ ႔မွာ ႏွစ္ရွည္စာခ်ဳပ္ျဖစ္ရာ စုစုေပါင္း စာခ်ဳပ္တန္ဖိုးမွာ ေပါင္ သန္း ၃၀ ဖိုး ရိွသည္။

၎တို႔ဇနီးေမာင္ႏွံသည္ မတ္လအတြင္း လုပ္ငန္းစတင္တည္ေထာင္ခ်ိန္မွစျပီး ယေန႔ကာလအထိ လက္ငင္းဝင္ေငြ ေပါင္ ၃ သန္းေက်ာ္ ရရွိထားျပီးျဖစ္ကာ လက္သန္႔ေဆးရည္ ထုတ္ကုန္အမ်ားအျပားကို အမ်ဳိးသားက်န္းမာေရးေစာင့္ေရွာက္မႈဌာနသို႔ လွဴဒါန္းခဲ့ျပီးလည္း ျဖစ္သည္။

လက္ရွိအားျဖင့္ အခ်ိန္ျပည့္ဝန္ထမ္း ၁၂ ဦးႏွင့္ ကာလအပိုင္းအျခားတစ္ခုအထိ စာခ်ဳပ္ခ်ဳပ္ငွားရမ္းထားသည့္ ဝန္ထမ္း ၆ ဦးရွိသည္။

ClearWater Hygiene ကုမၸဏီကို စေကာ့တလန္ႏိုင္ငံ၊ အီဒင္ဘာ့ဂ်္ျမိဳ႕ေျမာက္ပိုင္း Leith အရပ္တြင္ ရံုးခ်ဳပ္စိုက္ျပီး စေကာ့တလန္ႏွင့္ ျဗိတိန္ႏိုင္ငံတဝန္း ေနရာအမ်ားအျပားတြင္ ရံုးခြဲမ်ားရွိသည္။

အိမ္ျခံေျမ developer တစ္ဦးလည္းျဖစ္သူ အင္ဒရူးက ေျပာၾကားရာတြင္ “မတ္လမွာ lockdown စတင္ေၾကညာတဲ့အခ်ိန္မွာ သြင္းကုန္ ေတြအေပၚ မွီခိုေနရတာေတြ ေလွ်ာ့ခ်ႏိုင္ဖို႔ အေရးၾကီးမႈနဲ႔ ကိုရိုနာဗိုင္းရပ္စ္ကို ရင္ဆိုင္ရာမွာ မရွိမျဖစ္လိုအပ္တဲ့ ထုတ္ကုန္ေတြ ကို မွ်တတဲ့ေစ်းနဲ႔ က်န္းမာေရးဝန္ထမ္းေတြ၊ ပုဂၢလိကလုပ္ငန္းေတြအတြက္ ရႏိုင္ဖို႔ အေရးၾကီးတယ္ဆိုတာ ကၽြန္ေတာ္တို႔ ခ်က္ခ်င္းသတိျပဳ ေတြ႔ျမင္ခဲ့ပါတယ္” ဟု ေျပာၾကားသည္။

“ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းတစ္ခုကို တည္ေထာင္ႏိုင္ခဲ့တဲ့နည္းတူ covid-19 ကို ရင္ဆိုင္ရတဲ့တိုက္ပြဲမွာ မ်ားစြာလိုအပ္တဲ့ ထုတ္ကုန္ေတြကို အမ်ဳိးသားက်န္းမာေရးေစာင့္ေရွာက္မႈထံ လွဴဒါန္းႏိုင္ခဲ့တဲ့အတြက္ မ်ားစြာဂုဏ္ယူမိပါတယ္။

လြန္ခဲ့တဲ့ ရက္သတၱ ၁၂ ပတ္က လုပ္ငန္းစတင္ခဲ့ျပီးေနာက္ပိုင္း ျဗိတိန္ႏိုင္ငံတဝန္းမွာ ကၽြန္ေတာ္တို႔ရဲ ႔ ထုတ္ကုန္ေတြ ဝယ္လိုအား အရမ္းမ်ားလာတာ ေတြ႔ခဲ့ရတယ္” ဟု အင္ဒရူးက ေျပာၾကားခဲ့ျပီး ရက္သတၱပတ္လွ်င္ လက္သန္႔ေဆးရည္ ၉၀၀၀၀၀ လီတာ ထုတ္လုပ္ေပးေနေၾကာင္းလည္း ျဖည့္စြက္ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Couple who set up hand sanitiser business 12 weeks ago set to make £30 million (Metro)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service