ကိုရိုနာဗိုင်းရပ်စ်သည် လေ၏ဆောင်ယူဖြန့်ကြဲခံရသည်ဟုဆိုကာ အကြံပြုချက်ကိုပြင်ဆင်ရန် WHO အား သိပ္ပံပညာရှင်များ တောင်းဆို

ကိုရိုနာဗိုင်းရပ်စ်သည် လေ၏ဆောင်ယူဖြန့်ကြဲခံရသည်ဟုဆိုကာ အကြံပြုချက်ကိုပြင်ဆင်ရန် WHO အား သိပ္ပံပညာရှင်များ တောင်းဆို - Property News in Myanmar from iMyanmarHouse.com
7 Jul 2020 12:11 pm တွင် တင်ခဲ့သည်
641 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လေထဲရှိ ပိုမိုသေးငယ်သောအမှုန်များရှိ (COVID-19 ရောဂါဖြစ်စေနိုင်သော) ကိုရိုနာဗိုင်းရပ်စ်သည် လူများအား ရောဂါကူးစက်စေနိုင်ကြောင်း အထောက်အထားရှိသည်ဟု သိပ္ပံပညာရှင်ရာနှင့်ချီက ပြောကြားလိုက်ပြီး ထောက်ခံအကြံပြုချက်များကို ပြန်လည်ပြင်ဆင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အား တောင်းဆိုလိုက်ကြောင်း နယူး‌ယောက်တိုင်းမ်စ်သတင်းဌာနက ဇူလိုင် ၄ တွင် ဖော်ပြခဲ့သည်။

၎င်းကိုရိုနာဗိုင်းရပ်စ်ကူးစက်‌ရောဂါသည် အရင်းခံအားဖြင့် ရောဂါပိုးရှိသူတစ်ဦး ချောင်ဆိုး၊ နှာချေ၊ စကားပြောသောအခါ နှာခေါင်း သို့မဟုတ် ပါးစပ်မှ ထုတ်ပစ်သည့် အရည်စက်ကလေးများမှတစ်ဆင့် လူအချင်းချင်းကူးစက်ပျံ့နှံ့ခြင်းဖြစ်သည်ဟု WHO က ကြေညာထားသည်။

ယခုအခါ အဆိုပါပညာရှင်များက လာမည့်သီတင်းပတ်တွင် သိပ္ပံဂျာနယ်တစ်စောင်၌ ထုတ်ပြန်ရန် စီစဉ်ထားသည့် (WHO သို့) အိတ်ဖွင့်ပေးစာတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ သိပ္ပံပညာရှင် ၂၃၉ ဦးက ပိုမိုသေးငယ်သောအမှုန်များသည် လူများကို ‌ရောဂါကူးစက်စေနိုင်ကြောင်း သက်သေကို ထင်ရှားစေခဲ့သည်ဟု နယူးယောက်တိုင်းမ်စ်က ဖော်ပြခဲ့သည်။

“အဲ့ဒီစာမှာပါတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့နည်းပညာဆိုင်ရာကျွမ်းကျင်သူတွေက စစ်ဆေးသုံးသပ်နေကြပါတယ်။” ဟု ရိုက်တာသတင်းဌာန၏ မေးမြန်းချက်တစ်ခုအား WHO ပြောခွင့်ရပုဂ္ဂိုလ် တာရစ်ဂျာဆာရာဗစ်” က ပြန်လည်ဖြေကြားခဲ့သည်။

အရည်စက်အရွယ်အစားကြီးကြီးမှ သယ်ဆောင်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်စေ များစွာပို၍သေးငယ်သောအရည်စက်ကလေးမှ သယ်ဆောင်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်စေ လေ၏ဆောင်ယူဖြန့်ကြဲခံရကာ လူတို့အသက်ရှူသွင်းသောအခါ ကူးစက်စေနိုင်ကြောင်း ထိုသိပ္ပံပညာရှင်များက ဆိုသည်ဟု နယူးယောက်တိုင်းမ်စ်တွင် ဖော်ပြထားသည်။

သို့သော်လည်း WHO ကမူ ကိုရိုနာဗိုင်းရပ်စ်သည် လေ‌၏ဆောင်ယူဖြန့်ကြဲခံရသည်ဟူသော ထိုသက်သေအထောက်အထားမှာ ယုံကြည်ဘဝင်ကျလောက်စရာမဟုတ်ဟု ဆိုခဲ့ကြောင်းလည်း နယူးယောက်တိုင်းမ်စ်က ဖော်ပြထားသည်။

“အထူးသဖြင့် ပြီးခဲ့တဲ့၂ လလောက်က ဖြစ်ပါတယ်။ အဲဒီလိုမျိုးလေရဲ့‌ဆောင်ယူဖြန့်ကြဲခံရနိုင်လားဆိုပြီး သုံးသပ်နေကြောင်း ကျွန်တော်တို့အကြိမ်ပေါင်းမြောက်မြားစွာ ထုတ်ပြောလာခဲ့ပေမဲ့ ကျိန်းသေပေါက် ခိုင်မာထင်ရှားတဲ့သက်သေမရှိပါဘူး။” ဟု WHO ၏ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်မှုနည်းပညာဆိုင်ရာ ခေါင်းဆောင် ဒေါက်တာဘန်းနက်ဒက်တာအလက်ဂ်ရန်ဇီက ပြောကြားခဲ့ကြောင်းလည်း နယူးယောက်တိုင်းမ်စ်၏ ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Scientists say coronavirus is airborne, ask WHO to revise recommendations (Reuters)

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္သည္ ေလ၏ေဆာင္ယူျဖန႔္ႀကဲခံရသည္ဟုဆိုကာ အႀကံျပဳခ်က္ကိုျပင္ဆင္ရန္ WHO အား သိပၸံပညာရွင္မ်ား ေတာင္းဆို

ေလထဲရွိ ပိုမိုေသးငယ္ေသာအမႈန္မ်ားရွိ (COVID-19 ေရာဂါျဖစ္ေစႏိုင္ေသာ) ကို႐ိုနာဗိုင္းရပ္စ္သည္ လူမ်ားအား ေရာဂါကူးစက္ေစႏိုင္ေၾကာင္း အေထာက္အထားရွိသည္ဟု သိပၸံပညာရွင္ရာႏွင့္ခ်ီက ေျပာၾကားလိုက္ၿပီး ေထာက္ခံအႀကံျပဳခ်က္မ်ားကို ျပန္လည္ျပင္ဆင္ရန္ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) အား ေတာင္းဆိုလိုက္ေၾကာင္း နယူး‌ေယာက္တိုင္းမ္စ္သတင္းဌာနက ဇူလိုင္ ၄ တြင္ ေဖာ္ျပခဲ့သည္။

၎ကို႐ိုနာဗိုင္းရပ္စ္ကူးစက္‌ေရာဂါသည္ အရင္းခံအားျဖင့္ ေရာဂါပိုးရွိသူတစ္ဦး ေခ်ာင္ဆိုး၊ ႏွာေခ်၊ စကားေျပာေသာအခါ ႏွာေခါင္း သို႔မဟုတ္ ပါးစပ္မွ ထုတ္ပစ္သည့္ အရည္စက္ကေလးမ်ားမွတစ္ဆင့္ လူအခ်င္းခ်င္းကူးစက္ပ်ံ႕ႏွံ႔ျခင္းျဖစ္သည္ဟု WHO က ေၾကညာထားသည္။

ယခုအခါ အဆိုပါပညာရွင္မ်ားက လာမည့္သီတင္းပတ္တြင္ သိပၸံဂ်ာနယ္တစ္ေစာင္၌ ထုတ္ျပန္ရန္ စီစဥ္ထားသည့္ (WHO သို႔) အိတ္ဖြင့္ေပးစာတြင္ ႏိုင္ငံေပါင္း ၃၂ ႏိုင္ငံမွ သိပၸံပညာရွင္ ၂၃၉ ဦးက ပိုမိုေသးငယ္ေသာအမႈန္မ်ားသည္ လူမ်ားကို ‌ေရာဂါကူးစက္ေစႏိုင္ေၾကာင္း သက္ေသကို ထင္ရွားေစခဲ့သည္ဟု နယူးေယာက္တိုင္းမ္စ္က ေဖာ္ျပခဲ့သည္။

“အဲ့ဒီစာမွာပါတဲ့ အေၾကာင္းအရာေတြကို ကြၽန္ေတာ္တို႔နည္းပညာဆိုင္ရာကြၽမ္းက်င္သူေတြက စစ္ေဆးသုံးသပ္ေနၾကပါတယ္။” ဟု ႐ိုက္တာသတင္းဌာန၏ ေမးျမန္းခ်က္တစ္ခုအား WHO ေျပာခြင့္ရပုဂၢိဳလ္ တာရစ္ဂ်ာဆာရာဗစ္” က ျပန္လည္ေျဖၾကားခဲ့သည္။

အရည္စက္အ႐ြယ္အစားႀကီးႀကီးမွ သယ္ေဆာင္ထားသည့္ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ေစ မ်ားစြာပို၍ေသးငယ္ေသာအရည္စက္ကေလးမွ သယ္ေဆာင္ထားသည့္ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ေစ ေလ၏ေဆာင္ယူျဖန႔္ႀကဲခံရကာ လူတို႔အသက္ရႉသြင္းေသာအခါ ကူးစက္ေစႏိုင္ေၾကာင္း ထိုသိပၸံပညာရွင္မ်ားက ဆိုသည္ဟု နယူးေယာက္တိုင္းမ္စ္တြင္ ေဖာ္ျပထားသည္။

သို႔ေသာ္လည္း WHO ကမူ ကို႐ိုနာဗိုင္းရပ္စ္သည္ ေလ‌၏ေဆာင္ယူျဖန႔္ႀကဲခံရသည္ဟူေသာ ထိုသက္ေသအေထာက္အထားမွာ ယုံၾကည္ဘဝင္က်ေလာက္စရာမဟုတ္ဟု ဆိုခဲ့ေၾကာင္းလည္း နယူးေယာက္တိုင္းမ္စ္က ေဖာ္ျပထားသည္။

“အထူးသျဖင့္ ၿပီးခဲ့တဲ့၂ လေလာက္က ျဖစ္ပါတယ္။ အဲဒီလိုမ်ိဳးေလရဲ႕‌ေဆာင္ယူျဖန႔္ႀကဲခံရႏိုင္လားဆိုၿပီး သုံးသပ္ေနေၾကာင္း ကြၽန္ေတာ္တို႔အႀကိမ္ေပါင္းေျမာက္ျမားစြာ ထုတ္ေျပာလာခဲ့ေပမဲ့ က်ိန္းေသေပါက္ ခိုင္မာထင္ရွားတဲ့သက္ေသမရွိပါဘူး။” ဟု WHO ၏ ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္မႈနည္းပညာဆိုင္ရာ ေခါင္းေဆာင္ ေဒါက္တာဘန္းနက္ဒက္တာအလက္ဂ္ရန္ဇီက ေျပာၾကားခဲ့ေၾကာင္းလည္း နယူးေယာက္တိုင္းမ္စ္၏ ေဖာ္ျပခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Scientists say coronavirus is airborne, ask WHO to revise recommendations (Reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service